Pages - Menu

24 Dec 2013

တလည်းသီးဟာ ဘာတွေအတွက် ကောင်းသလဲ/တလည်းသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

တလည်းသီးဟာ ဘာတွေအတွက် ကောင်းသလဲသဘာဝ၏ ဆေးကောင်း တစ်လက်လို့ ဆိုရလောက်တဲ့ တလည်းသီးဟာ လူတွေအတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ များစွာ ရရှိနိုင်ပါတယ်။
 ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်တယ်လို့ သိရပါတယ်။
(၁) တလည်းသီးဟာ အခြားသော အသီးများထက် ခွံအားဖြစ်နိုင်ပါတယ်။
(၂) သွေးတိုးရောဂါနှင့် ကိုလက်စရောဓာတ်ကို ညှိပေးပါတယ်။
(၃) အရိုးပျော့ ရောဂါအတွက်လည်း ကောင်းမွန်ပါတယ်။
(၄) သွားများကိုလည်း သန်မာစေပါတယ်။
(၅) ဆီးချိုရောဂါ အတွက်လည်း ကောင်းမွန်ပါတယ်။
(၆) အမြင်အာရုံကိုလည်း ကြည်လင်စေပါတယ်။
(၇) ဟင်းချက်ရာတွင်လည်း ထည့်ပြီး ချက်နိုင်တယ်လို့ သိရပါတယ်။
 

 ကျာ်လင်းနိုင် (ရိုးရာလေး)


တလည်းသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

(၁) ရင်သားကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း

တလည်းသီးကို မှီဝဲပေးမယ် ဆိုရင် ရင်သားကင်ဆာဖြစ်စေမယ့် ဆဲလ်များကို တိုက်ဖျက် ပေးနိုင်ပါတယ်။ အထူးသဖြင့်ကတော့ အမျိုးသမီးများ စားသင့် ပါတယ်။

(၂) အဆုတ်ကင်ဆာအတွက် ကောင်းမွန်ခြင်း

လေ့လာမူတွေအရ တလည်သီးမှာ ပါဝင်သော ဓာတ်သဘာဝများဟာ
အဆုတ်ကင် ဆာဖြစ်နိုင်ခြေကို လျော့ချနိုင်ပေးကြောင့် သိရပါတယ်။

(၃) အမျိုးသားလိင် ကင်ဆာအတွက် ကောင်းမွန်ခြင်း

အမျိုးသားများလည်း စားသင့်တဲ့ အသီးတစ်ခု ဖြစ်ပါတယ်။ တလည်းသီးဟာ လိင်ပိုင်း ဆိုင်ရာမှာ ဖြစ်စေတဲ့ ကင်ဆာအတွက်လည်း ကောင်းမွန်စေပါတယ်။

(၄) ကိုလက်စရောဓာတ်ကို သိသိသာသာ လျော့ချပေးနိုင်ခြင်း

အဝလွန်သူများ စားပေးသင့်ပါတယ်။ တလည်သီးဟာ ကိုလက်စရောဓာတ်ကို သိသိသာသာ လျော့ချပေးနိုင်ပါတယ်။

(၅) သွေးဖိအားကို ကျဆင်းစေခြင်း

လေ့လာမူတွေအရ တလည်သီးကို ဖျော်ရည်လုပ်ပြီး တစ်နေ့တစ်ခွက်
သောက်သူများဟာ သွေးဖိအားကို ကျဆင်းစေနိုင် ပါတယ်။

Ref - enhancegeneralknowledge
ကျော်လင်းနိုင် (ရိုးရာလေး)

Twitter Delicious Facebook Digg Stumbleupon Favorites More