တာဝေးအပြေးသမားတွေ နဲ့  အလေးမသမားတွေ လေ့ကျင့်ခဏ်းပြင်းပြင်း
လုပ်ပြီးနောက် တနေ့ ရောက်တဲ့အခါ တကိုယ်လုံးရိုက် ထားခံရသလို၊
နုံးချိနာကျင်စွာခံစားရလေ့ရှိပါတယ်။ အဲဒီနာကျင်မှုတွေကို ပြေပျောက်စေမယ့်
အကောင်းဆုံးသစ်သီးကတော့ အနီရောင် ဖရဲသီး စိပ်လေးတွေဖြစ်တယ်လို့ 
အမေရိကန်ထုတ် Journal of Agricultural and Food Chemistry မှာ ၂၀၁၃ ခုနှစ်
ဒီဇင်ဘာလက ဖော်ပြခဲ့ပါတယ်။
ဒီစမ်းသပ်ချက်ကို တာဝေးစက်ဘီးစီးသူ
အမျိုးသား ၇ ဦးနဲ့  ၃-ရက် တိတိ စမ်းသပ်ခဲ့ခြင်းဖြစ်ပါ တယ်။ ပထမ ၂-ရက်မှာ
တာဝေး စက်ဘီးမစီးခင် တနာရီကြိုတင်ပြီးတော့ ဖရဲသီးဖျော်ရည်ေ သာက်စေခဲ့ပါတယ်။
တတိယမြောက်နေ့ မှာတော့ placebo drink (ခေါ်)အရက်ပျော့နဲ့  နာ
နတ်သီးစိပ်ရောဖျော်ထားတဲ့ ဖျော်ရည်သောက်စေခဲ့ပါတယ်။ (အဲဒီ အယ်လ်ကိုဟောလ်
ပါဝင်မှု နည်းတဲ့  placebo drink ဖျော်ရည်က ကြွက်သားတွေနာကျင်မှုကိုသက်သာစေ
တဲ့ ဆေး ရည် အဖြစ် ယနေ့ အမေရိကန်မှာ အားကစား သမားတွေ/Gym
အားကစားလေ့ကျင့်ခန်းမေ တွမှာ ရေပန်းစားအကြိုက်တွေ့ နေကြပါတယ်)
စမ်းသပ်မှုရဲ့ ရလာဘ်အဖြေကတော့၊ placebo drink သောက်ပြီးနောက်တနေ့ မှာ ကြွက်
သားတွေနာကျင်ကိုက်ခဲ နေသေးပေ မယ့်၊ ဖရဲသီးဖျော်ရည်သောက်ပြီး နောက်နေ
့တွေမှာတော့ နာကျင်ကိုက်ခဲမှုတွေ သိသိသာသာ လျော့နည်းသွားတယ်လို့  အဲဒီ
အမျိုးသား ၇-ဦးစလုံးက အဖြေတူညီစွာ ထွက်ရှိလာပါတယ်။
ဘာကြောင့်ပါလဲ? ဖရဲသီးထဲမှာပါတဲ့ L-citrulline လို ခေါ့်တဲ့
အမိုင်နိုအက်ဆစ်တ မျိုးကြောင့် ပါဘဲ။ အဲဒီ အက်ဆစ်အစွမ်းက ခန္ဓာ
ကိုယ်ကြီးတခုလုံးအနှံ့  ကြွက်သားတွေထဲ ကို အောက်စီ ဂျင်အရောက် ပို
့ဆောင်ပေးတာကြောင့်၊ နာကျင်မှုဝေဒနာတွေကို အချိန် တိုအတွင်းမှာပင်
အလိုအလျောက် ကုသပေးနိုင်ခြင်းကြောင့် ဖြစ်ပါတယ်လို့ the Technical
University of Cartagena မှ အစားအစာဗေဒ ပညာရှင် လက်ထောက်ပရော်ဖက်ဆာဖြစ်သူ
ဒေါက်တာ Encarna Aguayo က ဆိုပါတယ်။
"အားကစားပြင်းပြင်း
လုပ်သူတွေတင်မကပါဘူး၊ ကာယအားကိုးပြီး စီးပွားရှာနေကြရတဲ့ ကုန် ထမ်း
သမားတွေ၊ နေပူစပ်ခါးသွားလာ လှုပ်ရှားနေရတဲ့ ခေါင်းရွက်ဖြတ်ထိုးဈေးသည်တွေပါ
ဖရဲသီးများများစားသင့်ပါတယ်။ ကြွက်သားတွေ မနာကျင်စေတဲ့ အပြင်
အပူရှပ်-ဖျားနာတာေ တွပါ မဖြစ်တော့ဘူးပေါ့ဗျာ၊ အဲ.. အမောပြေ
ရေငတ်လည်းပြေစေတော့ သက်လုံကောင်းေ စတာပေါ့" လို့  ဒေါက်တာ Encarna Aguayo က
ထပ်လောင်းအကြံပြုထားပါတယ်။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
(ကိုးကား…Women's Health on 9th Dec '13)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)
17 Jun 2014
လေကျင့်ခဏ်းပြင်းပြင်းလုပ်ပြီးနောက် ကြွက်သားများနာကျင်မှု ကို ပြေပျောက်စေ မယ့် ဖရဲသီးစိပ်လေးများ
Tuesday, June 17, 2014
Taunzalat