အမျိုးသမီးတွေ ၄၀ နှစ်ဝန်းကျင် ရောက် လာတဲ့ အချိန်ကို သွေးမဆုံးခင် အစောပိုင်း အချိန်တွေလို့ ဆိုလိုပါတယ်။
ဒီအချိန်မှာ အမျိုးသမီး တစ်ယောက်ရဲ့ သားဥတွေ ကလည်း အသက်ကြီးလာပြီး သားဥကြွေရာမှာ ကူညီပေးနေတဲ့ အီစထရိုဂျင်ဟော်မုန်း ပမာဏကလည်း စတင်ပြီး နည်းစပြုလာပါပြီ။
ဓမ္မတာ သွေးဆင်းတဲ့ ဖြစ်စဉ်ကလည်း အရင်လို ပုံမှန် မဟုတ်တော့ဘဲ ရက်စောတာ၊ နောက်ကျတာ၊ ရာသီသွေးနည်းတာ၊ များတာတွေ ကြုံတွေ့လာရ ပါတယ်။
ဒါ့အပြင် တစ်ကိုယ်လုံးပူတာ၊ အေးတာတွေလည်း ခံစားရနိုင်ပါတယ်။
ဒီလိုလက္ခဏာရပ်တွေ ဖြစ်ပေါ်နေတာကြောင့် သင်ကကိုယ်ဝန် မဆောင်နိုင်တော့ဘူး၊
ကလေးမရနိုင်တော့ဘူး လို့တော့ မယူဆလိုက်ပါနဲ့။ သင်ကလေး ရနိုင် ပါသေးတယ်လို့
Dr.Greene က ပြောပါတယ်။ သွေးမဆုံးမီ အစောဆုံး လက္ခဏာတွေ ပြနေချိန်မှာ
သင့်အနေနဲ့ သားသမီးလိုချင်သေးရင် သင့်မှာ ကြိုးစားဖို့ အခွင့်အရေးတွေ
ရှိနေပါသေးတယ်။ သင့်အနေနဲ့ ကြိုးစားကြည့်လို့မှ မအောင်မြင်ခဲ့ရင်တော့
သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီး တိတိကျကျ လိုက်နာဖို့
လိုပါတယ်။ သင်ရဲ့ ဓမ္မတာလာတဲ့ ဖြစ်စဉ်တွေကို ဆရာဝန်က မေးမြန်းတဲ့အခါ
တိတိကျကျ ပြောပြပါ။
သားဥဖြစ်ပေါ်အောင် အားပေးတဲ့ FSH
ဟော်မုန်းပမာဏကို စစ်ဆေးပါမယ်။ အီစထရိုဂျင် ဟော်မုန်းနဲ့ ပရိုဂျက်
စထရုန်းဟော်မုန်း ပမာဏတွေကို စစ်ဆေးပါမယ် (ဓမ္မတာလာပြီး နှစ်ရက်မြောက်(သို့)
သုံးရက်မြောက်နေ့မှာ စစ်ရင် ပိုမိုတိကျတဲ့အဖြေကို ရနိုင်ပါတယ်။)
ဆီးချိုသွေးချိုရောဂါ၊ သိုင်းရွိုက်ဟော်မုန်း လျော့နည်းတဲ့ ရောဂါတွေ ရှိ၊
မရှိ စစ်ဆေးပါမယ်။ သင်ရဲ့ သားဥကြွေရာနဲ့ သားမွေးလမ်း တစ်လျှောက် အလုံး၊
အကျိတ်၊ အဖုတွေရှိ၊ မရှိ စစ်ဆေးပါမယ်။ သင့်မှာ ကလေးမရနိုင်အောင်
ပြောပလောက်တဲ့ အချက်ရှာမတွေ့ခဲ့ရင်တော့ သင့်အမျိုးသားရဲ့
သုက်ပိုးအရေအတွက်ကို စစ်ပါမယ်။ သင်လည်း သွေးဆုံးချိန် မရောက်သေးဘူး။
သင့်အမျိုးသားရဲ့ သုက်ကောင် အရေအတွက်ကလည်း ပုံမှန် ဖြစ်နေရင် တော့ ဆရာဝန်က
သင့်ကို ကုသမှုတွေ စတင်ပါလိမ့်မယ်။ စစ်ဆေးမှုတွေရဲ့ အဖြေပေါ် မူတည်ပြီး
တစ်ဦးနဲ့တစ်ဦး ကုသမှုခံယူရတဲ့ အပိုင်းတွေ မတူညီနိုင်ပါ။
31 Oct 2013
အသက်ကြီးမှ အိမ်ထောင်ကျလို့ သားသမီး မရနိုင် တော့ဘူးလား
Thursday, October 31, 2013
Taunzalat