Pages - Menu

17 Feb 2014

ဗူးသီးကြော်



ကျွန်တော်တို.ဇာတိ (မိုးကုတ် ) မှာဗူးသီးကြော်ရင်..ဂျူးမြစ်လေးထည့်ကြော်
တတ်ပါတယ်..အခြားဒေသတွေကလို..ဗူးသီးချောင်းကြီးကြီးရှည်ရှည်လည်း
မဟုတ်ပဲ..လက်ညှိုးလောက်ဗူးသီးချောင်း(၅) ချောင်းလောက်ကို..ဂျူးမြစ်နဲ.
ရောယှက်ပြီး..ကြော်တတ်တာကြောင့်.....

မိုးကုတ်ဗူးသီးကြော်
************

ဗူးသီးအလတ်................... ၁စိတ်
ဂျူးမြစ်..........................၁ ထုံး
ရွှေလိပ်ပြာအကြော်မှုန်. ......၁ ထုပ်
ချင်းသေးသေး..................၁ တက်(ညှက်အောင်ထောင်းပါ)
ငရုတ်ကောင်းမှုန်. ............အနည်းငယ်
ရေကြက်သီးနွေး...............လက်ဖက်ရည်၁ ပန်းကန်လုံးခန်.

ဗူးသီးနုရင်အခွံခွာစရာမလိုသလို..အတွင်းအူတိုင်တွေလည်းထုတ်ဖို.မလိုအပ်
ပါဘူး..။

အနည်းငယ်ရင့်ရင်တော့..အခွံခွါ ၊အစေ့ထုတ်ပြီး..လက်သန်းအရွယ်အချောင်း
လေးများလှီးဖြတ်ပါ။
(မှတ်ချက်..မလှီးဖြတ်ခင်ရေဆေးပါ။လှီးဖြတ်ပြီးမှရေမဆေးရ )

ဂျူးမြစ်တွေကိုလည်း...မတိုမရှည်လေးတွေဖြတ်ပြီး..သဲစင်အောင်ရေဆေးစစ်
ထားပါ

ရွှေလိပ်ပြာအကြော်မှုန်.ကို ဇလုံခပ်ကြီးကြီးထဲမှာဖောက်ထည့်ပြီး၊ ငရုတ်ကောင်းမှုန်.၊ ထောင်းထားသောချင်း၊ ပာင်းခတ်မှုန်. ၊ ရေတိုနဲ.
မပျစ်မကျဲအနေအထားရအောင်ဖျော်ပေးပါ
(ဆားမထည့်ရ။ ဆားထည့်ပါကလျင်မြန်စွာပျော့တတ်သည်)

ဗူးသီးချောင်ေးလများနှင့်ဂျူးမြစ်ထည့်ပေါင်းပြီးအပျစ်အကျဲချိန်ဆပါ။
စေးထန်းနေလျှင်ရေအနည်းငယ်ပြန်စွက်နိုင်ပြီးကျဲနေရင်တော့..အကြော်မှုန်.လေးထပ်ပေါင်းပေးပါ။

လက်ဖက်ရည်အောက်ခံပန်းကန်ပြားလေးကိုအသုံးပြုပြီးဗူးသီးချောင်း ၄-၅
ချောင်းကိုမိမိလိုအပ်သလိုပုံဖော်ပြီး..ပူနေတဲ့ဆီအိုးအတွင်းကိုလက်နဲ.အသာ
လျှောချထည့်ပါ။

ရွှေအိုရောင်ရလာရင်..ဆယ်ယူစစ်ထားပြီး၊ မန်ကျည်သီးမှည့်ရည်၊ငံပြာရည်၊
ပာင်းခတ်မှုန်.၊ ကြက်သွန်နီ၊ ပူဒီနံ၊ငရုတ်စိမ်းအကြမ်းမှုန်.တို.နှင့်စပ်ထား
သောအချဉ်ရည်လေးနှင့်တွဲဖက်သုံးဆောင်ပါ။

မှတ်ချက် ။။ ဆန်မှုန်.ကိုယ်တိုင်စပ်မယ်ဆိုရင်တော့..ဆန်မှုန်.(၂) ဆ ပဲစိမ်း
မှုန်.(၁) ဆ ရောစပ်နိုင်ပါတယ်..။

ပာင်းချက်နည်းများ
 
ဗူးသီးကြော်

ဆန်မှုန့် ၂ ဆ၊ ကောက်ညှင်းမှုန့် ၁ဆ၊

 ဆားနည်းနည်း ဆော်ဒါနည်းနည်းကို ပြစ်ပြစ်ဖျော်ပါ။ 

ဗူးသီးက အရည်ထွက်လာတတ်ပါတယ်။ 

ဗူးသီးတွေ အကုန်လုံးကို မုန့်နှစ်နဲ့ မနည်ပါဘူး။

 တစ်ခုဆီ မုန့်နှစ်ထဲကို နှစ်နှစ်ပြီး ကြော်ရပါတယ်။ 

ဆီများများနဲ့ ကြော်ရင် မုန့်ပိုရွပါတယ်တဲ့.
 

Twitter Delicious Facebook Digg Stumbleupon Favorites More