Pages - Menu

15 Sept 2014

အညာပဲရေပွမွှမွှကြော်

ဒီဟင်းပွဲမျိုးကို စစ်ကိုင်းတိုင်းရွှေဘိုဖက်ကအစားများတယ်လို့ သိရပေမယ့်..တစ်ချို့ 
အညာဒေသသားတွေကတော့..သူတို့ ဆီမှာမရှိဘူးလို့ ပြောဆိုကြပါတယ်..။
ဘာပဲဖြစ်ဖြစ်..ရွှေဘိုဒေသဇာတိသူဖြစ်တဲ့အမေက..မြင်းခြံသားဖြစ်တဲ့အဖေ့
အတွက်စီစဉ်ပေးနေကျဟင်းတစ်ပွဲဆိုလည်းမမှားပါဘူး...။

ပဲရေပွပဲဆိုတာက..ပုဂံပဲဖြူ ဖြူ လိုပုံစံမျိုး လေးဖြစ်ပြီးအရောင်ကတော့မြေတောင့်ပဲ
ရောင်ဖြစ်ပါတယ်..။

ပဲ.....တစ်ခွက်( ကြိုက်နှစ်သက်ရာခွက်)
ကြက်သွန်ဖြူ ...၅ တက်
ဆီ....... ၂-၃ ဇွန်း( ထမင်းစားဇွန်း)
ဆား+ဟင်းခတ်မှုန့် ..အနည်းငယ်စီ

ပဲကိုသန့်စင်ပြီး..မြေအိုးထဲထည့်ကာ မီးအေးအေးမှာ မွှေးပြီး ရွှေနီရောင်ရအောင်
လှော်ပေးပါ။မီးမပြင်းစေဖို့ အထူးသတိထားရပါမယ်။

ပဲလှော်ချိန်ပြည့်ဝပြီဆို..လှော်တဲ့အိုးထဲမှာပဲရေထည့်ပြီး..ပြုတ်ပေးရပါမယ်..။

ပဲက၃ ပုံ ၂ပုံလောက်နှူးအိပြီဆိုရင်..ရေတွေကိုဇကာတစ်ခုနှင့်စစ်ထားပါ။

ဆီကိုအပူပေးပြီး အခွံပါရောပြီးဓါးပြားရိုက်ထားတဲ့ကြက်သွန်ဖြူ ကိုမွှေးအောင်ဆီ
သတ်ပြီး..စစ်ထားတဲ့ပဲတွေထည့်ကြော်လိုက်ရင်..အခွံတွေကွဲအက်ပြီး..
ကြွပ်ကြွပ်မွှမွှလေးဖြစ်ပေါ်လာပါမယ်..။

လိုအပ်တဲ့ဆား ၊ ဟင်းခတ်မှုန့် အရသာလေးဖြည့်စွက်ပြီးမကြာခင်အချိန်အတွင်းသုံးဆောင်ပါ
(အချိန်အနည်းငယ်ကြာပြီးအေးသွားတဲ့အခါမာဆတ်ဆတ်ဖြစ်သွားတတ်ပါတယ်)


credit ပာင်းချက်နည်းများ face book
 

Twitter Delicious Facebook Digg Stumbleupon Favorites More