ကျွန်မတို့ စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ
ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. .
ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ
ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်..
၁။ ဆီးချို သွေးချိုရောဂါ
၂။ HIV ရောဂါ
၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်. .
ဆီးချို၊သွေးချိုရောဂါအတွက် ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့
အဖန်ဓာတ်တွေဟာ သွေးထဲမှာရှိတဲ့ Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့
သတ္တိရှိပါတယ်. . Glucose တွေဟာ သွေးထဲကို အများကြီးရောက်မလာလို့
ဆီးချိုသွေးချို ဝေဒနာတွေအတွက် အကျိုးရှိပါတယ်. ဒါကြောင့်
ဆီးချို၊သွေးချိုသမားတွေဟာ ကြက်ဟင်းခါသီးကိုစားရင် များစွာာ
အကျိုးရှိပါတယ်. . .
ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်အောင်စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး
တို့စရာလို လုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ်
အစိမ်းကြော် ကြော်သလိုမျိုး လုပ်မှ အာနိသင်ရမှာဖြစ်ပါတယ်. .
ဆီးချိုရောဂါဝေဒနာရှင်တွေက စားမယ်ဆိုရင်တော့ တစ်နေ့ကို ကြက်ဟင်းခါးသီး အနေတော် တစ်လုံးရဲ့ ¼ လောက် စားရင် လုံလောက်ပါတယ်.
HIV လူနာများကို Traditional Medicine အနေနဲ့ ကုသတဲ့ အခါမှာ
ကြက်ဟင်းခါးသီးကို အဓိကအသုံးပြုနိုင်ပါတယ် ကြက်ဟင်းခါးသီးထဲမှာ ပါတဲ့ MAP
30 ဟာ HIV-1 ဗိုင်းရပ်စ်များကို မ၀င်နိုင်အောင် ဟန့်တားနိုင်တဲ့ အပြင်
ကူးဆက်ပြီးသား ဆဲလ်တွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးပွားများ မှုကိုပါ
ဟန့်တားနိုင်စွမ်းရှိပါတယ်.
ကြက်ဟင်းခါးသီးကို စားတဲ့ အခါမှာ အကြောတွေ တက်စေပတယ်. . ကြက်ဟင်းခါးသီးရဲ့
အစေ့နဲ့ အစေ့ညာတိုင်တွေကို ဖယ်ပြီး အသားချည်းပဲ စားရင်တော့ တက်တာ Blood
Pressure တက်တာမျိုး မဖြစ်နိုင်ပါ. .
ကိုယ်ဝန်ဆောင်တွေကတော့ကြက်ဟင်းခါးသီးကို လုံးဝမစားသင့်ပါဘူး နည်းနည်းစားရင်
ပြသာနာမရှိပေမယ့် များများစားရင် ကိုယ်ဝန်ပျက်ကျတတ်ပါတယ်. . .
လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Immune System လို့ခေါ်တဲ့ ခုခံအားစနစ်ရှိပါတယ်. .
. အပြင်ကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ပစ္စည်းတွေရှိပါတယ်. . .ခုခံအားနဲက
ပတ်သက်တဲ့ ရောဂါတွေလျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီးကို
စားသုံးသင့်ပါတယ်..
ဒေါက်တာခင်မောင်လွင်
13 Sept 2013
ကြက်ဟင်းခါးသီးနှင့်ကျန်းမာရေး
Friday, September 13, 2013
Taunzalat