Pages - Menu

26 Jan 2014

မုန့်ညှင်းချဉ်သည်နည်း




နယ်ပြီး ဗူးနဲ့ ဒီလိုထည့်ထားတယ်။၂ ရက်ကြာသောအခါ


လိုအပ်သောအရာ

မုန့်ညှင်းစိမ်း
ထမင်း လက်တဆုပ်
ဆား



မုန့်ညှင်းချဉ်တည်ပုံ

မုန့်ညှင်းစိမ်းကို ရေဆေးပြီး အနေတော်အပိုင်းလှီးဖြတ်ပါ။ ပြီးရင် မုန့်ညှင်းကိုရေစစ်ထားပါ။
 နယ်မယ့် ဇလုံထဲသို့ ထမင်း လက်တဆုပ်ထည့်၊ ဆားထည့်(ပုံမှန်ထက် ၂ ဆထည့်) ပြီးအရင်နယ်ပါ။ ဆားနည်းလွန်းရင်လဲ စားလို့မကောင်းပါ။ ထမင်းနဲ့ဆားရောသွားအောင်နယ်ပေးပါ။
 ပြီးရင် မုန့်ညှင်းကိုထည့်ပြီးနယ်ပေးပါ။ တချို့ကတော့ဂျင်းစိမ်းလေးကိုပါးပါးလှီးပြီးထည့်တည်တတ်ကြပါတယ်။
 ကျွန်မကတော့ သုပ်စားတဲ့အခါမှသာ ထည့်တာကိုပိုကြိုက်လို့ပါ။
 အယ်.........နယ်ပြီးရင်တော့ ဗူးသန့်သန့်လေးထဲမှာထည့်ပါ။ ရာသီဥတုပူရင်တော့ ၂ ရက်ဆိုရပါပြီ။ ရာသီဥတုအေးရင်တော့ ၃ ရက်၊ ၄ ရက်လောက်ထားပေးပါ။
အချဉ်ရရင်တော့ ပိုပြီးမချဉ်သွားစေရန် ရေခဲသေတ္တာထဲထည့်ထားပေးပါ။
 စားချင်တဲ့အခါထုတ်စားနိုင်ပါပြီ။ သုပ်စား၊ အသားနဲ့ကြော်စားလို့ရပါတယ်။ ကဲ မုန့်ညှင်းချဉ်လုပ်နည်း မလွယ်ဘူးလားလေ။


ပဲတီချဉ်လုပ်နည်း၊ မုန်လာဥအချဉ်လုပ်နည်းကလဲ ဒီနည်းအတိုင်းပါပဲနော်................


(အထူးသတိ။ ။ တချို့သူတွေရဲ့လက်တွေက လက်ပူတယ်၊ လက်အေးတယ် ဆိုပြီးရှိတတ်ကြတယ်လို့အိမ်ကအမေတို့က ပြောတယ်။ လက်ပူတဲ့သူများဒီတိုင်းတည်ရင် အချဉ်တွေက ပုပ်သွားတတ်ပါတယ်။ လက်ပူတဲ့သူများဆိုရင်တော့ အချဉ်တည်ကြရင် လက်အိတ်လေးစွတ်ပြီးတည်ပေးပါ။ ကျွန်မရဲ့လက်ကလည်း လက်ပူလား၊ လက်အေးလားလို့ မသိလို့ ပထမဆုံးအကြိမ်တည်တုံးက လက်အိတ်စွတ်ပြီးတည်ပါတယ်။ နောက်တကြိမ်မှာတော့လက်အိတ်မစွတ်ဘဲ တည်ကြည့်ပါတယ်။
 အဟီး ကံကောင်းတယ်ပြောရမယ် နှစ်ခါစလုံး အချဉ်ဖြစ်ပါတယ်။ ကျွန်မလို အချဉ်ကြိုက်သူများ လုပ်စားနိုင်ပါစေ။)
http://mogaungthu.blogspot.com

Twitter Delicious Facebook Digg Stumbleupon Favorites More