Pages - Menu

2 Feb 2014

ရိုးရိုးလေး ရှမ်းမုန်ညင်းချဉ်

**... ရိုးရိုးလေး ရှမ်းမုန်ညင်းချဉ် လုပ်ဖို့ လိုအပ်တာလေးတွေ….
1. မုန်ညင်း – 600 g
2. ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
3. ထမင်းရည် နွေးနွေး (မုန်ညင်းမြှုပ်အောင် ထည့်ရပါမယ်။)
မုန်ညင်းများကို ရေဆေးပြီး အနည်းငယ်နွမ်းရုံ နေလှမ်းပေးပါ။ (အရမ်းမနွမ်းသွားပါစေနှင့်။)
ဆန် (rice cooker ခွက်တစ်ဝက်) ကို ရေ (rice cooker ၂ ခွက်) ထည့်ကာ ချက်ပြီး ၈ မိနစ်ခန့်ဆူခိုင်းထားပြီးလျှင် လိုအပ်သော ထမင်းရည်ရပါမည်။ (ထမင်းရည်ငှဲ့ မချက်သူများ အတွက်)
ပြီးလျှင် နေပူလှန်းထားသော မုန်ညင်းများကို လက်ဆစ်တစ်ဝက်အရှည်ခန့် လှီးကာ ဆားထည့်ပြီး နွမ်းသွားအောင် ခပ်ဖွဖွဆုပ်နယ်ပေးပါ။

နွမ်းသွားသောမုန်ညင်းနှင့် ထွက်လာသောအရည်များကို သန့်ပြန့်သော ပုလင်းထဲ သိပ်ထည့်ပြီး နွေးနေသော ထမင်းရည်ကို အပေါ်မှလောင်းထည့်ပေးပါ။
ပြီးနောက် လေလုံအောင်ဖုံးကာ အိမ်၏အနွေးဆုံးနေရာ (မီးဖို နှင့် နီးသောနေရာ)တွင် ၄၊၅ ရက်ခန့်ထားပါ။ ရာသီဥတု အပူ၊ အအေးပေါ် မူတည်ပြီး ရက်အတိုး၊ အလျှော့ ရှိပါတယ်။ (အမြန်ချဉ်လိုလျှင် နေတိုက်ရိုက်မပူသော အိမ်အပြင်ဖက်တွင် ထားပေးနိုင်ပါတယ်။)

၎၊၅ ရက်ကြာလျှင် ရိုးရိုးလေး ရှမ်းမုန်ညင်းချဉ် နည်းမျိုစုံဖြင့် အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
အနည်းငယ် စပြီး ချဉ်လာသော ဒုတိယမြောက်နေ့မှစပြီး မုန်ညင်းချဉ်အရည်များ အနည်းငယ်လျှံထွက်လာတတ်သဖြင့် ပုလင်းအောက်ဖက်တွင် ပန်းကန်တစ်ခု ခံပေးထားပါ။

Credit to Chaw Su's Food Friends

Twitter Delicious Facebook Digg Stumbleupon Favorites More