Pages - Menu

19 Nov 2012

ဖက်ရှင်ကျလိုသူများအတွက်

စတိုင်လ်မိအောင် ၀တ်နိုင်တဲ့ သူဆိုတာ ၂၄ နာရီ ရက်သတ္တ ပတ်လုံး ပြောင်းလဲနေတဲ့ ဖက်ရှင် ရေစီးကြောင်းကို အမီ လိုက်နေတဲ့ သူတွေဆိုတာထက် ကိုယ်နဲ့ လိုက်ဖက်မဲ့ စတိုင်လ်ကို သိထားသူ တွေပါ။
တကယ်တော့ အဲဒီလို သိဖို့ဆိုတာ လွယ်လွယ်လေးပါ။ ကိုယ့်ရဲ့ခန္ဓာကိုယ် ပုံသဏ္ဌာန်ကို နည်းနည်း လေ့လာကြည့်ရုံနဲ့ အိုကေပါတယ်။ မိန်းကလေးတွေ အတွက်ကတော့ ခန္ဓာကိုယ်ပုံ သဏ္ဌာန်ကို ငါးမျိုး ခွဲလိုက်ကြတာပေါ့။ ဆိုပါတော့ ပန်းသီးပုံ သဏ္ဌာန် ကိုယ်လုံးရှိတဲ့သူ။ သစ်တော်သီး ပုံသဏ္ဌာန် ကိုယ်လုံး ရှိတဲ့သူ။ သဲနာရီလို ပုံသဏ္ဌာန်၊ ကန်တော့ချွန်လို ပုံသဏ္ဌာန်နဲ့ လေးထောင့်ဆန်တဲ့ ကိုယ်လုံးမျိုးပေါ့။ ယောက်ျားလေးတွေ အတွက်ကတော့ ပိန်ပိန်ရှည်ရှည် ကိုယ်ခန္ဓာလား၊ နည်းနည်း တုတ်ခိုင်ပြီး ပုတယ်လို့ ထင်ရတဲ့ ကိုယ်လုံးမျိုးလား ဆိုတာပါပဲ။
ကဲ-ဘယ်လို ခန္ဓာကိုယ်ပုံ သဏ္ဌာန်နဲ့ ဘယ်လို စတိုင်လ်မျိုး လိုက်ဖက်တယ်ဆိုတာ ပြောပြလိုက် မယ်နော်။

ပန်းသီးပုံစံ
-သင့်ခန္ဓာကိုယ် အလယ်ပိုင်း သိသိသာသာ ပြည့်ဖြိုးနေတာပေါ့။ အဲဒီတော့
-သင့်ခါးကို ပိုမိုပေါ်လွင်စေမဲ့ အ၀တ်မျိုးကိုသာ ရွေးချယ်ပါ။

-စတိုင်လ်ကျတဲ့ ဂျာကင် ဒါမှမဟုတ် ချည်ထိုး ဂျာကင်တွေကို ရွေးချယ်ဝယ်ယူပါ။

-အောက်ရှူး ဂျင်းဘောင်းဘီမျိုး ၀တ်မဲ့အစား ခြေကျင်းဝတ် နေရာမှာ ကျပ်မနေတဲ့ ဂျင်းဘောင်းဘီမျိုးကို ၀တ်ဆင်ပါ။

-သင့်ခန္ဓာကိုယ် အလယ်ပိုင်းကို အာရုံ မရောက်စေဖို့ သင့်အ၀တ်အစား ဒီဇိုင်းနဲ့ လိုက်ဖက်တဲ့ ဆွဲကြိုး ဒါမှမဟုတ် နားဆွဲကို ၀တ်ဆင်ပါ။

 
သစ်တော်သီးပုံစံ
-သင့်ခါးက သိမ်ပြီး တင်ပါးနည်းနည်း ကားနေတာမျိုးပေါ့။
-သင့်ခါး အောက်ပိုင်းကို အာရုံစိုက်မိစေမဲ့ ဂျင်းဘောင်းဘီနောက်ဘက်မှာ အိတ်ကပ်ကြီးကြီး ပါတာမျိုး၊ ချိန်းကြိုးတွေ ပါတာမျိုး မရွေးချယ်ဘဲ ရိုးရှင်းတဲ့ ဘောင်းဘီပုံစံကိုသာ ရွေးချယ်ပါ။

-စတိုင်လ်ကျပြီး ခပ်လန်းလန်းအင်္ကျီပုံစံများ ကို ရွေးချယ်ပါ။

-ဗွီပုံစံလည်ပင်းနဲ့ အင်္ကျီမျိုးကိုဝတ်ဆင်ပါ။ အဲဒါက သင့်လည်တိုင်ကို ကြော့ရှင်းတယ် ထင်စေပြီး သင့်ခါးအလှကိုပေါ်လွင်စေမှာပါ။

-ထူထဲတဲ့ အေပၚထပ္အက်ႌမ်ဳိးကုိ၀တ္ဆင္ပါ။

သဲနာရီပံုစံ
-ကောက်ကြောင်းပေါ်လွင်တဲ့ ခန္ဓာကိုယ်မျိုးပေါ့။
-လည်ပင်းပိတ် အင်္ကျီမျိုးရွေးမဲ့အစား

ဗွီပုံစံလည်ပင်းနဲ့ အင်္ကျီမျိုးကသာ သင့်ရဲ့လည်တိုင်ကြော့ရှင်းပြီး

သင့်ရင်သားဖွံ့ဖြိုးတာကိုမသိသာေ
စမှာပါ။
-ကိုယ့်ခန္ဓာကိုယ်ကောက်ကြောင်းကိ
ု ပေါ်လွင်စေမဲ့ ၀တ်စုံမျိုးကို ရွေးချယ်ပါ။
အဲဒီအတွက်လည်း ရှက်မနေပါနဲ့။

-ခါးပတ်တွေကို တွဲဖက်ပြီးဝတ်တဲ့ စတိုင်လ်ကလည်း သင့်ရဲ့ ခန္ဓာကိုယ် အချိုးအဆက်ကိုပေါ်လွင်စေမှာပါ။

 
ကန်တော့ချွန်ပုံစံ
-သင့်ပခုံးကျယ်ပြီး သွယ်လှတဲ့ပေါင်တံ ရှိတာမျိုးပေါ့။
-ခပ်ကျဲကျဲ အစင်းကြောင်းပါတဲ့ ရှပ်အင်္ကျီလက်တိုမျိုးကိုရွေးပါ။ အဲဒါက သင့်ပခုံးကျယ်တာကို မသိသာစေမှာပါ။

-ခြေကျင်းဝတ်မှာ ကျပ်မနေတဲ့ ဂျင်းဘောင်းဘီမျိုးကို ၀တ်တာ အလိုက်ဖကဆုံးပေါ့။ တခြားဟာတွေဝတ်လည်း

သိပ်တော့ကိစ္စ မရှိပါဘူး။

 
လေးထောင့်ဆန်တဲ့ပုံစံ
-သင်ဘာဝတ်ဝတ် အဆင်ပြေမှာမို့ အ၀တ်အစား ရွေးရတာ အလွယ်ဆုံးပါပဲ။
-ဒါပေမဲ့ မိန်းကလေးဆိုတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုမိုပေါ်လွင်ဖို့ အထပ်လိုက်လေး တွဲကျနေတဲ့ ဒူးလောက်စကတ်တိုမျိုးကို ရွေးချယ်ပါ။

-လည်ပင်းဟိုက်တဲ့ အင်္ကျီမျိုးဝတ်မဲ့ အစား သင့်နောက်ကျောကို ပေါ်လွင်စေတဲ့ အ၀တ်မျိုးကို ရွေးချယ်ပါ။

 
တုတ်ခိုင်တဲ့ ကိုယ်ခန္ဓာ
-ကန့်လန့်စင်းပါတဲ့ အင်္ကျီမျိုးကို မ၀တ်မိပါစေနဲ့။
-ကိုယ့်ခန္ဒာကိုယ်နဲ့ ကွက်တိနီးပါးလည်း ကျတဲ့၊ သက်သောင့်သက်သာလည်း ရှိတဲ့ အင်္ကျီမျိုးကိုသာ ရွေးချယ်ပါ။

-လည်ပင်းကို ပိုရှည်တယ်လို့ အမြင် ရောက်စေဖို့တော့ ဗွီပုံစံ လည်ပင်းနဲ့ အင်္ကျီမျိုးကို ရွေးချယ်ပါ။ နောက်ပြီး အင်္ကျီအောက်နားလောက်မှာပဲ ကြယ်သီးနှစ်လုံးလောက် ပါတဲ့ ခပ်မိုက်မိုက် ဂျာကင်လိုမျိုးကလည်း အဆင်ပြေတာပါပဲ။

 
ပိန်ပိန်ရှည်ရှည် ကိုယ်ခန္ဓာ
-အ၀တ်အစား ဒီဇိုင်းထက် အ၀တ်အစား အမျိုးအစားကို ဂရုစိုက်ပါ။ဆိုလိုတာက ပေါ့ပေါ့ပါးပါး ချည်ထည်မျိုးလား၊ ထူထူထဲထဲရှိတဲ့သိုးမွေး အင်္ကျီမျိုးလား ဆိုတာပေါ့။
-သင့်ခန္ဓာကိုယ်ကို ဆွဲဆောင်မှုရှိတယ် ထင်ရဖို့ကတော့ ထူထူထဲထဲရှိတဲ့ လည်သာဂျာကင်လိုမျိုး သိုးမွေးအင်္ကျီလိုမျိုးကိုသာ ရွေးချယ်ပါ။

-ကန့်လန့်စင်းပါတဲ့ အင်္ကျီမျိုးကလည်း သင်နဲ့လိုက်ဖက်တယ်လေ။

 
ဂျွန်ရို့စ်
The Read: Dress For Success

Twitter Delicious Facebook Digg Stumbleupon Favorites More