Pages - Menu

14 Nov 2012

ခရမ်းချဉ်သီးက လေဖြတ်နိုင်ခြေကို လျှော့ချနိုင်

ခရမ်းချဉ်သီးက လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ခရမ်းချဉ်သီးဟာ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း
 လေ့လာမှု အသစ်အရ တွေ့ရှိခဲ့တာကို အာရုံကြောဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထား ပါတယ်။

 ခရမ်းချဉ်သီးမှာလိုင်ကိုပင်းခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ များစွာပါဝင်ပါတယ်။


လေ့လာမှုအရ သွေးအတွင်း လိုင်ကိုပင်းပမာဏ များစွာရရှိသူတွေဟာ လိုင်ကိုပင်းပမာဏ နည်းစွာရရှိသူတွေထက် လေဖြတ်နိုင်ခြေ၅၅ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။
 လေ့လာသူတွေက ဖင်လန်နိုင်ငံမှ အသက် ၄၆ နှစ် နဲ့ ၆၅ နှစ်ကြား အမျိုးသားပေါင်း ၁၀၃၁ ယောက်ကို ၁၂ နှစ်ကြာအောင် လေ့လာခဲ့ရာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
 တခြားဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ အယ်လ်ဖာကယ်ရိုတင်း၊ ဘီတာကယ်ရိုတင်း၊ အယ်လ်ဖာတိုကိုဖီရောနဲ့ ရက်တီနောတွေကိုလည်း လေ့လာမှုပြုခဲ့ပေမယ့် သူတို့တွေ ဟာ လေဖြတ်နိုင်ခြေနဲ့ ဆက်စပ်မှုမရှိကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

By Good Health 
***************************************************

သွေးကြောရောဂါများ ကာကွယ်တဲ့ ခရမ်းချဉ်သီး

 သွေးကြောရောဂါများ ကာကွယ်တဲ့ခရမ်းချဉ်သီးဂျပန် သုတေသီ များက သွေးကြော ရောဂါများ ဖြစ်ပွားခြင်း ကို ကာကွယ် နိုင်တဲ့ အာဟာရ ဓာတ်များ ခရမ်းချဉ်သီး ထဲတွင် ပါဝင်ကြောင်း တွေ့ရှိခဲ့ကြ သည်။
9-oxo-octade cadienoic အမည် ရှိ ပစ္စည်းတစ်မျိုးဟာ သွေးတွင်း အဆီဓာတ် ကမောက်ကမဖြစ်ခြင်းကို ကာကွယ်ပေးပြီး သွေးတွင်း၌ပုံမမှန် အဆီများ ဖြစ်ပေါ်မလာအောင် ကာကွယ်ပေးခြင်းဖြစ်သည်။
 ထို့ပြင် အဆီအက် စစ်တိုးခြင်းကို အားပေးပြီး အသည်းအတွင်းအဆီများ ဖြိုခွဲခြင်း လုပ်ငန်းကို ပုံမှန် အတိုင်း ဖြစ်စေသည်။

Ref: Natural Health,

Twitter Delicious Facebook Digg Stumbleupon Favorites More