Pages - Menu

12 Nov 2012

နာနတ်သီး ရဲ့ အကျိုးကျေးဇူးများ

ဟာဝိုင်အီကျွန်း အကြောင်း တွေးတောမိ လျှင် နာနတ်သီးကို ကျေး ဇူးတင်ရမှာ ဖြစ်ပါသတဲ့။ ဘာဖြစ်
လို့လဲဆို တော့ ဟာဝိုင်အီ ကျွန်းဆိုတာ ကမ္ဘာ့နာ နတ်သီး ထုတ် လုပ်သော
နေရာများအနက် တစ်ခုအပါအဝင်ဖြစ်လို့ပါ။ သို့သော် စိတ်ဝင်စား စရာ
ကောင်းတာကတော့ ခရစ်နှစ် ၁၇၀ဝပြည့်နှစ်များတိုင်အောင် နာနတ်သီးကို
ဟာဝိုင်အီကျွန်းမှာမစိုက် ပျိုးရသေးပါဘူး။ နာနတ်သီးအစ မူရင်းနေရာကတော့ ယခု
ဘရာဇီးလ်နှင့် ပါရာဂွေး နိုင်ငံများရှိတဲ့တောင်အမေရိက ဧရိယာတစ်ဝိုက်မှ
ဖြစ်ပါ တယ်။

 ထိုနေရာများမှ နာနတ် ပင်များကို ၁၉၄၃ ခုနှစ်မှာကိုလံဘတ်စ်တွေ့ရှိခဲ့တဲ့
ကာရစ်ဘီယံကျွန်းများသို့ယူဆောင်စိုက်ပျိုးခဲ့ကြခြင်းဖြစ်တယ်။ ကိုလံဘတ်စ်ဟာ
နာနတ်သီးများကို ဥရောပသို့ ယူဆောင်ခဲ့တယ်။ ထိုဒေသများမှာ နာနတ်သီးရဲ့
ကောင်းမွန်လှတဲ့ အရသာနဲ့ အနံ့ကိုရအောင် စိုက်ပျိုးခဲ့ကြတယ်။


အင်္ဂလိပ်လူမျိုးတွေ က pineapple လို့ ခေါ်ကြရခြင်းမှာ နာနတ်သီးအခွံဟာ
ထင်းရှူးသီးအတွဲနှင့် တူတဲ့အတွက် ဖြစ်တယ်။ သို့သော်
ဥရောပတိုက်သားအများစုကတော့ ဒေသရင်းခံ ရက်အင်ဒီးယန်းတို့ခေါ်ကြတဲ့Anana
အန်နာနာအမည်ကိုသာအသုံးပြုကြပါတယ်။ ထိုဒေသများကိုသင်အလည်အပတ်
ရောက်ခဲ့ရင်တော့ အန်နာနာလို့ သုံးပါ။ နာနတ်သီးဟာ အရသာချိုမွှေးအေးမြတဲ့
အတွက် လူအများနှစ်သက်စွာ စားသုံးကြ သလို ကျန်းမာရေးအတွက်လည်း တကယ့်ကို
အကျိုးထူးပေးပါတယ်။

 ရှေးရှေးတုန်း က ရောဂါအမျိုးမျိုးအတွက် ဆေးမြီးတိုအဖြစ်
နာနတ်သီးကိုသုံးကြပါတယ်။ အထူးသဖြင့် အစာကြေအောင် စားလေ့ရှိကြတယ်။
ခေတ်သစ်သုတေသနများအရ နာနတ်သီးမှာ ဘရိုမယ်လိန်းပင်စည်နှင့် သစ်သီးများတွင်
တွေ့ရလေ့ရှိသော အင်ဇိုင်းတစ်မျိုးတို့ပါရှိပြီး အစာကြေလွယ်စေပါတယ်။
ထို့ပြင် ဗီတာမင် C နဲ့ မဂ္ဂနီးစ်ဓါတ်တို့လည်း အပြည့်အဝပါဝင်ပါတယ်။

နာနတ်သီးကပေးသောကျန်းမာရေး ၂ မျိုး
(၁) အရိုးကို သန်မာစေသည်လတ်ဆတ်တဲ့ နာနတ်သီးလက်ဖက်ရည်တစ်ပန်းကန်စာစားလျှင်
မဂ္ဂနီးစ်သတ္တုဓာတ်ဆားသင့်ခန္ဓာကိုယ် တစ်နေ့တာလိုအပ်ချက်ရဲ့ ၇၃
ရာခိုင်နှုန်းတောင် ရရှိနိုင်တယ်။ မဂ္ဂနီးစ်ဓါတ်ဟာ
ကယ်လ်စီယမ်ကဲ့သို့အရေးပါလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ယင်းသတ္တုဓါတ်ဆားဟာ
အရိုးနဲ့ တွယ်ဆက်တစ်သျှူးများသန်စွမ်းရေးကို အထူးဆောင်
ရွက်ပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

 မကြာသေးမီက လေ့လာချက်များအရ ဂလူးကိုဆမင်း၊ ကွန်ဒရွိုက်တင်ဆာလဖိတ်နဲ့
မဂ္ဂနီးစ်တို့ ပေါင်းစပ်ခြင်းဟာ ဒူးအဆစ်ရောင်ရောဂါ လူနာများ (ဒူးနာ)
အတွက်သက်သာကောင်းမွန်စေတယ်လို့တွေ့ရတဲ့အတွက် ဖြစ်ပါတယ်။

(၂) အအေးမိချောင်းဆိုးခြင်းများကို သိုသိပ်သိသာလျော့ပါးစေသည် သင်အအေးမိပြီး နှာရည်ယိုလာရင် လိမ္မော်ရည်
တစ်ဖန်ခွက်သောက်သလိုပဲ နာနတ်သီးမှည့်လေးကို ဖျော်ရည် တစ်ဖန်ခွက်
လုပ်သောက်ပါ။ နာနတ်သီးမှာပါတဲ့ ဗီတာမင် C ဓါတ်ဟာလိမ္မော်သီးနဲ့
ညီအစ်ကိုဝမ်းကွဲတော်သလို ပါဝင်ပါသတဲ့။ဗီတာမင် C က ချောင်းဆိုးခြင်းများကို
သက်သာစေတယ်။ နှာရည်ယိုခြင်းကို လျော့ပါးစေတယ်။
လေ့လာချက်များအရအသက်ရှူလမ်းကြောင်း ဆိုင်ရာအခြေအနေများနဲ့
လတ်တလောနှာခေါင်းရိုးတွင်းလိုဏ်ခေါင်းများရောင်ရမ်းခြင်းကို သက်သာစေကြောင်း
တွေ့ရှိခဲ့ပါတယ်။ သင်အအေးမိပါက နာနတ်သီးဖျော်ရည် ၈ အောင်စကို
ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာနဲ့ ရောမွှေလိုက်ပြီး သောက်ပေးနိုင်ပါတယ်။

ကြွက်နို့သတ်ခြင်း
သိပ္ပံနည်းမကျလှသော်လည်း လတ်လတ်ဆတ်ဆတ်နာနတ်သီးအရည်ကို ဝါဂွမ်းလုံးပေါ်ညှစ်ချပြီး ဝါဂွမ်းလုံးကိုကြွက်နို့ပေါ်အုပ်ပေးပါက ကြွက်နို့သတ်တာကို အမြန်ပျောက်အောင်ကူညီ
နိုင်တယ်လို့ဆိုပါတယ်။ ဈေးဝယ်လမ်းညွှန်နာနတ်သီးဟာ အလွန်မှည့်လွယ်၊ ပုပ်လွယ်ပါတယ်။
အခြားသစ်သီးများနဲ့မတူဘဲ မှည့်မမှည့်ကိုအခွံရဲ့အရောင်ကိုကြည့်ပြီးဆုံးဖြတ်ရန် ခက်ခဲတတ်ပါတယ်။
မှည့်လျှင်မွှေးရနံ့လေးတသင်းသင်းထွက်နေပြီး အခွံမှဝါရွှေရောင်သမ်းလာပါတယ်။
နာနတ်သီးဟာ စည်သွတ်ဘူးများရှိပေမယ့် လတ်လတ်ဆတ်ဆတ်စားရခြင်းက
အကောင်းဆုံးအရသာနဲ့ကျန်းမာရေးအကျိုးကျေးဇူးကို ရရှိမှာဖြစ်ပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More