Pages - Menu

21 Oct 2013

အာလူးပဲပုပ်နှပ်

ပါဝင်ပစ္စည်းများ
.......................
• အာလူးအရွယ်လတ်လတ် - ၄ လုံး (ရှစ်စိတ်တုံးထားပါ)
• မုန်လာဥနီ - ၁ လုံး (အ၀ိုင်းပုံစံမထူမပါးလှီးထားပါ)
• ပဲငါးပိ - စားပွဲဇွန်း ၂ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြူ - ၂ တတ် (နုပ်နုပ်စဉ်းထားပါ)
• ဆီ - စားပွဲဇွန်း ၂ ဇွန်း
• ရေ - 250 ml

• တရုတ်မဆလာ - အနည်းငယ်
• ဆား - လိုအပ်လျှင်သုံးရန် အနည်းငယ်

ချက်ပြုတ်ပုံ
..................
၁။ ဆီစားပွဲဇွန်း ၂ ဇွန်းကို ဟင်းချက်မည့်အိုးတွင် အပူပေးပါ။
၂။ ဆီဆူလာလျှင် သကြားများ အရောင်ညိုလာသည်အထိ ကြော်ပေးပါ။
၃။ တုံးထားသော အာလူးများထည့်ပြီး ဆီသတ်ပါ။
၎။ အာလူးများ အရောင်ညိုလာလျှင် ကြက်သွန်ဖြူထည့်ပြီး ကြက်သွန်ဖြူ
ခြောက်လာအောင် မွှေကြော်ပေးပါ။
၅။ မုန်လာဥနီထည့်ပါ။
၆။ မုန်လာဥနီနွမ်းလာလျှင် ပဲငါးပိနှင့်ရေကို ရှေ့နောက်ထည့်ပေးပါ။
၇။ ရေဆူပြီး ခန်းလာသည်အထိ အဖုံးအုပ်နှပ်ပေးပါ။
၈။ ရေခန်းလာပြီး အနည်းငယ်ကျန်ချိန်တွင် အရသာမြည်းကြည့်ပြီး လိုအပ်လျှင်
ဆားထပ်ထည့်ပေးပါ။ (ပဲပုပ်မှအငန်ဓာတ်ကို သတိပြုမိပါစေ)
၉။ အိုးချခါနီးမှ တရုတ်မဆလာဖြူးပေးပြီး အနည်းငယ်မွှေပေးပါ။
ထို့နောက်မှာတော့ စားသုံးရန် အသင့်ဖြစ်ပြီး ရနံ့မွှေးကြိုင်သော အာလူးပဲပုပ်နှပ်ကို ရရှိပါပြီ။


သစ်ထူး

FOOD Magazine

Twitter Delicious Facebook Digg Stumbleupon Favorites More