Pages - Menu

19 Nov 2012

ဆံသား ထိန်းသိမ်း စောင့်ရှောက် နည်း

ဆံသား ထိန်းသိမ်း စောင့်ရှောက် နည်း ၁၅ နည်း

မိန်းကလေး တိုင်းက လှပတဲ့ ဆံသား ကို ပိုင်ဆိုင် လိုကြပါတယ်။ ဆံသား လှပဖို့ အတွက် သင့်အနေ နဲ့ ဆံသား ကို ထိန်းသိမ်း စောင့်ရှောက်မှုတွေ ရှိရပါမယ်။ ဆံသားကို ဂရုတစိုက်မရှိဘဲ ဆံသားလှပချင်လို့တော့ မရပါဘူး။ ဆံသားလှပလိုသူတွေအတွက် ဆံသားထိန်းသိမ်းစောင့်ရှောက်နည်း ၁၅ နည်းကို ရေးသားလိုက်ပါတယ်။
၁။ညအိပ်ရာမဝင်ခင် ဆံပင်ကို ပုံမှန်ဖြီး ပေးပါ။
၂။ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော် ပါ။ ခေါင်းလျှော်ရည်ကို သင့်ဆံပင်၂ နဲ့ လုံလောက်မှုရှိရုံ ပမာဏသာ အသုံးပြု ပါ။ သင့်ဆံသားကို ထိန်းသိမ်းဖို့ ခေါင်း လျှော်ပြီးတဲ့အခါ ဆံပင်ပေါင်းဆေး အ သုံးပြုပါ။
၃။ဆံပင်တွေကို ရေစိုနေချိန်မှာ မဖြီးပါနဲ့။ ဆံသားတွေကို ဆွဲဆန့်သလိုဖြစ်စေ၃ ပြီး ဆံပင်တွေ ပြတ်စေပါတယ်။
၎။ရေစိုနေတဲ့ ဆံပင်ကို လေမှုတ်စက်နဲ့ အခြောက်ခံမယ့်အစား သဘာဝအ တိုင်း အခြောက်ခံပါ။ အစိုဓာတ်တွေကို ဖယ်ရှားပြီး ဆံပင်သားကို ကြမ်းစေနိုင်တာ ကြောင့်ပါ။
၅။ဆံပင်ကို ပေါင်းတင်တာ၊ ဒန်းပင်မှ ရတဲ့ ဆိုးဆေးအသုံးပြုတာတွေမှ အပ ဓာတုဆိုးဆေး ဆိုးတာတွေကို ရှောင် ရှားပါ။
၆။တစ်နေ့ကို နွားနို့နှစ်ခွက်သောက်ပါ၊ ဒါမှမဟုတ် ကယ်လ်စီယမ် မလုံ လောက်ပါက ဖြည့်စွက်သောက်သုံးပါ။
၇။ဆံပင်ကောက်ပြီးတဲ့အခါ ဘရပ်ရှ် နဲ့ ဖြီးမယ့်အစား ဘီးနဲ့ပဲ ညင်သာစွာ ဖြီးပါ။
၈။ဆံပင်ကို နောက်မှာတင်းတင်းကျပ် ကျပ် စည်းနှောင်တာကိုလည်း ရှောင် ရှားပါ။
၉။သားရေကွင်းနဲ့ စည်းနှောင်တာက ဆံပင်တွေကို ဆွဲထားသလိုဖြစ်ပြီး ဆံပင်ပျက်စီးနိုင်တာကြောင့် အသုံးမပြု သင့်ပါ။
၁၀။နေပူထဲကို သွားလာတဲ့အခါ ဆံ သားပေါ်ကို နေရောင်ခြည်တိုက် ရိုက်မကျရောက်စေဖို့ ထီး၊ ဦးထုပ်ဆောင်း သွားပါ။
၁၁။ဦးရေပြားကို ဗီတာမင်အီး လိမ်းပေး ပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။
၁၂။ဖိစီးမှုနည်းအောင် အနားယူပေးပါ။ စိတ်ဖိစီးမှုများတာက ဆံပင်ကျွတ် စေနိုင်တာကြောင့်ပါ။
၁၃။ဗီတာမင် ဘီ၊ စီ၊ အီးြွကယ်ဝတဲ့ အစားအစာတွေကို စားသုံးပါ။
၁၄။သင်စားတဲ့အစားအသောက်ထဲ မှာ သံဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင် အောင် စားပေးပါ။
၁၅။သင့်ဆံသားက အဆီပြန်တဲ့ဆံသား ဖြစ်ပါက အဆီများတဲ့အစားအစာ တွေနဲ့ ဆီကြော်စာတွေကို ရှောင်ရှားပါ။ ရေများများသောက်ပါ။
************************************************************

ဆံပင်ကျဲခြင်းနှင့် ဝဖြိုးခြင်း အန္တာရယ်

 ဆံပင်ကျဲခြင်းနှင့် ဝဖြိုးခြင်း အန္တာရယ်


ဆံပင်ကျဲပြီး ပါးတာ၊ ထိပ်ပြောင်နေတာဟာ  အမျိုးသားတွေမှာသာ အဖြစ်များကြောင်း
သိကြပါတယ်။အမျိုးသမီးအများစုမှာတော့ ထိပ်ပြောင်နေတဲ့ အထိ ဆံပင်မပေါက်ခြင်းဟာ
ရှားပါးတဲ့ အဖြစ်ပါ။

ဒါပေမယ့် ဆံပင်တွေကျဲပြီး ပါးတာကိုတော့  အဝလွန်တဲ့ အမျိုးသမီးတွေမှာ အတွေ့ရများတာ
သတိပြုမိကြပါလိမ့်မယ်။

ကိုယ်အလေးချိန် တိုးလာတာနဲ့ အမျှ ဆံပင်တွေကျွတ်ပြီး ကျဲကျဲလိုက်လာတာ သတိပြုမိသူ
ရှားပါတယ်။ကိုယ်ခန္ဓာဝဖြိုးမလာအောင် အစာတွေ ဘယ်လောက်ပဲလျှော့စားစား၊ဆံပင်ပါးလာမှုက
မလျော့သွားနိုင်တာ တွေ့ရပါတယ်။

ဦးခေါင်းမှာ ဆံပင်ပိုးစားလို့ အကွက်လိုက် ကျွတ်ထွက်သွားတာက ရောဂါပိုးကြောင့် ဖြစ်ရတာပါ။
အချို့ကျတော့ သိုင်းရွိုက် ဂလင်း(လည်ပင်းရှေ့တွင် ရှိသည်)မှာ တစ်စုံတစ်ရာချွတ်ယွင်းနေလို့ ဆံပင်
ကျိုးတိုးကျဲတဲ ဖြစ်သွားရတာလဲ ရှိပါတယ်။

ဆံပင် ပိုးစားတာကြောင့်လဲ မဟုတ်၊သိုင်းရွိုက်ဂလင်း  ပြဿနာကြောင့်လည်းမဟုတ်ဘဲ  ဆံပင်တွေ
ကျဲပြီး ပါးလာရင် ဖြစ်နိုင်တဲ့ အကြောင်းတစ်ခုကတော့ အီစကြိုဂျင်ဟော်မုန်းကြောင့် ဖြစ်နိုင်ပါတယ်။
  အမျိုးသမီးတွေမှာ ထိန်းချုပ်ထားတဲ့ မ,ဟော်မုန်းလို့ခေါ်တဲ့ အီစကြိုဂျင်ဓာတ်များလာတဲ့ အခါ ပရိုဂျက်
စတုန်းလို့ခေါ်တဲ့ မ,ဟော်မုန်း နောက်တစ်မျိုးလျော့နည်းနေတတ်ပါတယ်။

အီစကြိုဂျင်ဓာတ်ရဲ့ သဘာဝက စားလိုက်တဲ့ အစားအစာတွေကို အဆီဓာတ်အနေနဲ့ ခန္ဓာကိုယ်တွင်း နေရာ
အနှံမှာ စုဝေးပြီး ထားစေတဲ့ အာနိသင်ရှိပါတယ်။ စုပြီးသားရှိနေတဲ့ အဆီတွေကိုလဲ စွမ်းအင်းရရှိအောင်
မသုံးဖို့လည်း သူက ဟန့်တားထားပါသေးတယ်။

ဒါကြောင့် အီစာကြိုဂျင်ဓာတ် လိုအပ်တာထက် များလေလေ ၊အဆီဓာတ်စုဝေးပြီး ခန္ဓာ ကိုယ်ဝဖြိုးလာလေလေဖြစ်ပါတယ်။

တိရစ္ဆာန် မွေးမြူးရေးသမားတွေဆိုရင် မွေးထားတဲ့ ကျွဲ၊နွား၊ကြက်၊ဘဲ စသည်တို့ကို အသားတိုးပြီး ဝဖြိုးလာအောင်အီစကြိုဂျင်ဟော်မုန်းတွေ သုံးလေ့ရှိကြပါတယ်။ဒါမှသာ ဈေးကွက်မှာ 
 အသားများများရောင်းရမှာဖြစ်ပြီး သူတို့အတွက် တွက်ခြေကိုက်မှာ ဖြစ်တာကိုး။

အီစကြိုဂျင်နဲ့ အလားတူ အမျိုးသမီးဟော်မုန်းတစ်မျိုးဖြစ်တဲ့  ပရိုဂျက်စကြုန်းကတော့ အဆီတွေ စုမနေရအောင်ရှိသမျှ အဆီတွေကို စွမ်းအင်ဖြစ်အောင် ထုတ်သုံးပေးရာမှာ အထောက် အကူပြု
 ဟော်မုန်းဖြစ်ပါတယ်။

ပုံမှန်ပမာဏ ရှိနေခဲ့ရင် ပရိုဂျက်စကြုန်းဟာ ခန္ဓာကိုယ် အတွက် စွမ်းအင်ပေးရုံသာမက ကိုယ်အလေးချိန်လျော့အောင်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အစားအစာ ဆင်ခြင်ခြင်းတို့ကို
 အားပေးတဲ့ဟော်မုန်းဖြစ်ပါတယ်။

စွမ်းအင်ထုတ်လုပ်ပေးတဲ့ ဟော်မုန်းဖြစ်တဲ့ အတွက် အမျိုးသမီးတွေ မျိုးဥလွတ်ချိန်ကို ခန့်မှန်းရာမှာ ကူညီပေးတဲ့ ဟော်မုန်းလဲဖြစ်ပါတယ်။
သာမန် ကိုယ်အပူချိန်ကို  မျိုးဥလွတ်ချိန်မှာ ၀.၆ ဒီဂရီ မှ  ၀.ရ ဒီဂရီ အထိ မြင့်တက်စေပါတယ်။ဒီအချက်ကို အခြေခံပြီး အမျိုးသမီးတွေ မျိုးဥလွတ်ချိန်ကို သိရတာဖြစ်ပါတယ်။

ပရိုဂျက်စကြုန်း ပမာဏ ပုံမှန်ရှိနေရင် သိုင်းရွိုက်ဟော်မုန်း တွေကလဲ သူတို့ရဲ့ တာဝန်ကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြပါတယ်။ တစ်ဦးနဲ့တစ်ဦး ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီပါပဲ။

ပရိုဂျက်စကြုန်း ပမာဏ နည်းနေတဲ့ အခါ သိုင်းရွိုက်ရဲ့ လုပ်ဆောင်မှုပုံမှန်ထက် လျော့နည်းသွားတဲ့
  ရောဂါလက္ခဏာတွေပြလာပါတယ်။

ဒီအချိန်မှာ သိုင်းရွိုက်ဟော်မုန်း ပမာဏကို တိုင်းကြည့်ရင် ပုံမှန်ဖြစ်နေပါလိမ့်မယ်။ဒါပေမယ့် ရောဂါ လက္ခဏာကHypothyroidism  ခေါ်တဲ့ သိုင်းရွိုက် လျော့နည်းတဲ့ လက္ခဏာဖြစ်လို ဆရာဝန်များ
 အနေနဲ့ သိုင်းရွိုက် ဟော်မုန်းတွေအစားဖြည့်ပေးပြီး ကုပေးမှာဖြစ်ပါတယ်။ ပရိုဂျက်စတုန်း ဟော်မုန်း
 ပေးဖို့တော့ စဉ်းစား မိကြမှာ မဟုတ်ပါဘူး။

ပရိုဂျက်စကြုန်း နည်းနေတဲ့အခါ တခြား အင်ဒရိုဂျင်ခေါ်တဲ့ အမျိုးသားတွေမှာ ရှိတတ်တဲ့ ဟော်မုန်းမျိုး များလာတတ်ပါတယ်။
လျော့နည်းနေတဲ့ ပရိုဂျက်စကြုန်းကို  အစားဖြည့်ပေးဖို့ ခန္ဓာ ကိုယ်က အင်ဒရိုဂျင် ဟော်မုန်းတွေ ပိုပြီးထုတ်လုပ်ပေးဖို့ပါပဲ။
ဒီအခါမှာ အမျိုးသမီး တွေမှာ အမျိုးသားများ ဆံပင်ကျဲပါးပုံနည်းနဲ့  ထပ်တူဆံပင်များကျဲ လာ၊ ပါးလာ ရပါတယ်။အခန့်မသင့်ရင် ထိပ်ပါကွက်ပြီး ပြောင်လာတတ်ပါတယ်။
လျော့နည်းနေတဲ့ ပရိုဂျက်စကြုန်းကို ပုံမှန် ပမာဏာရောက်အောင်  ပြန်ဖြည့်ပေးနိုင်ရင်တော့  အင်ဒရိုဂျင် ဟော်မုန်းတွေပြန်လျော့သွားပြီး ဆံပင်တွေ (၆)လ အတွင်း မူလအတိုင်း ပြန်ပေါက်
လာနိုင်ပါတယ်။

ပရိုဂျက်စကြုန်း နည်းလွန်ရင်ဖြစ်စေ၊များလွန်ရင်ဖြစ်စေ ဦးခေါင်းမှာ ပွေးရောဂါလို ဆံပင်ပိုးတွယ်တတ်ပြီး  ဆံပင်များကျွတ်ထွက်သွားတဲ့ အထိ ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် ပရိုဂျက်စတုန်း ပမာဏ 
ပုံမှန်သဘာဝအတိုင်း ရှိနေဖို့အရေးကြီးလှပါတယ်။

အထက်ပါ အကြောင်းအချက်တွေကို ပြန်ပြီး စဉ်းစားကြည့်ရင် အီစကြိုဂျင်များပြီး ပရိုဂျက်စကြုန်း ပမာဏ
မလုံလောက်တဲ့ အခါ ဆံပင်တွေ ကျဲလာ၊ပါးလာမှာ အသေအချာ ဖြစ်နေပါပြီ။ ဒီအပြင် အဝလွန်ပြီး ခန္ဓာကိုယ်အပူချိန်ဟာ သာမန်ထက် လျော့ကျနေတတ်ပါသေးတယ်။

ကျွမ်းကျင်သူများအနေနဲ့ မီးယပ်သွေးဆုံးနေတဲ့ အမျိုးသမီးများကို  အီစကြိုဂျင်ဓာတ် ပိုပြီးပေးလေ့ မရှိပါဘူး။သူတို့ရဲ့ ခန္ဓာကိုယ်က လုံလောက်တဲ့ ပမာဏထုတ်ပေးတဲ့  ပမာဏထုတ်ပေးနေတဲ့ အတွက်  အီစကြိုဂျင်ဓာတ်တွေ ထပ်စားစရာလဲ မလိုကြောင်း သိရပါတယ်။

ဝဖြိုးပြီးသား အမျိုးသမီးတွေမှာ တော့ အဆီဓာတ် စုဝေးမှု လက်စရှိနေပြီး သူတို့ရဲ့ အဆီက တစ်ဖန် အီစကြိုဂျင်ဓာတ်ပိုထုတ်ပေးစေတဲ့ အတွက် ပိုပြီး ဝဖြိုးလာဖို့ ရှိနေပါတယ်တဲ့။

ပရိုဂျက်စတုန်းဓာတ်ကို လွယ်လွယ်ကူကူရအောင် အရေပြားလိမ်းဆေးအသွင်နဲ့ ထုတ်လုပ်ထားတာ ရှိပါတယ်။

သွေးမဆုံးသေးတဲ့ အမျိုးသမီးများ အတွက် တစ်နေ့ကို ပရိုဂျက်စကြုန်း ပမာဏ (၁၅)မီလီဂရမ်မှ (၂၀)မီလီဂရမ်  အသုံးပြုနိုင်ပါတယ်။ မီးယပ်သွေးစ ပေါ်ပြီး (၁၂)ရက် (၂၆)ရက် 
အတွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။

သွေးဆုံးပြီး အမျိုးသမီးများ အတွက် တစ်နေ့တာ လိုအပ်တဲ့ ပမာဏကိုတော့  (၁၂)မီလီဂရမ်မှ (၁၅)မီလီဂရမ်  သတ်မှတ်ထားပြီး ပြက္ခဒိန်ရက် (၂၅)ရက် အထိ (တစ်လမှာ  ၂၅ရက်) သုံးစွဲဖို့ 
ညွန်ကြားထားတာပါ။

ဆံပင်တွေ မကျွတ်ရအောင် ပါးပြီးမကျဲရအောင် အီစကြိုဂျင်ဓာတ်များတဲ့ အစားအစာတွေ၊ အသားတွေ၊
နွားနို့တွေကို ရှောင်ဖို့ လဲညွန်ကြားထားထယ်။

အထူးစားသုံး ရမယ် အစားအစာတွေအဖြစ် လတ်ဆတ်တဲ့
အသီးနှံ၊ ဟင်းသီး ဟင်းရွက် ၊ ပဲအမျိုးမျိုး၊ အခွံမာသီးအမျိုးမျိုးကို အမြဲမှီဝဲပေးကြဖို့လဲ အကြံပြုထားပါတယ်။
ဒေါက်တာအောင်နိုင်
(ဆေးသုတေသန) 

***********************************************************

ဆံပင်ဆုံးရှုံးတဲ့ ပြဿနာအချို့အတွက် အကြံပေး ထားတဲ့ ကုသနိုင်တဲ့နည်းလမ်းများ

     အမျိုးသားတွေသာ ထိပ်ပြောင်ပြီး ဆံပင်ပါးနေ ကြတာ မဟုတ် ပါဘူး။ အမျိုးသမီး အများစု ဟာလည်း ဘဝရဲ့ တစ်ချိန်ချိန်မှာ ဆံပင်ပါး တတ်ကြ တာကြောင့် မိမိ ကိုယ် မိမိ စိတ်ပျက်နေတာ၊ ယုံကြည်ချက် မရှိတာ တွေ ဖြစ်နေ တတ်ကြပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုမိုထိပ်ပြောင်ကြတာဟာ အမျိုး သားတွေမှာ ပိုမိုပြီးမျိုးရိုးလိုက်တတ်တာကြောင့်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆံပင်အထူးကု ဆရာဝန်နဲ့ ပြသ နေတဲ့လူနာထဲက ၉၀ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ပါလို့ သိရပါတယ်။ အောက်ပါတို့ဟာ ဆံပင်ဆုံးရှုံးတဲ့ ပြဿနာအချို့ဖြစ်ပြီး ကျွမ်းကျင်သူတွေ အကြံပေး ထားတဲ့ ကုသနိုင်တဲ့နည်းလမ်းတွေပါ။

( )
ဆံပင်ပြဿနာ - မျိုးရိုးလိုက်ခြင်း

Androgenetic Alopecia
အမျိုးသားတွေမှာ ထိပ်ပြောင်တာဟာ မျိုးရိုး လိုက်တာကြောင့်လို့ လူတိုင်းသိနေကြပါတယ်။ အမျိုး သမီးတွေမှာလည်း မျိုးရိုးလိုက်တာကြောင့် ဦးခေါင်းရဲ့ အရှေ့နေရာနဲ့ ထိပ်ပိုင်းနေရာမှာ ဆံပင်ပါးနေတတ် ကြပါတယ်။ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်းမှာ အသက် ၆၀ အရွယ်ရောက်လာရင် မျိုးရိုးလိုက်တာကြောင့် ဆံပင်ပါးတဲ့ဝေဒနာကို ခံစားရတတ်ကြပါတယ်။ မျိုးရိုးလိုက်တာကြောင့် အမျိုးသမီးတွေမှာ ဆံပင် ပါးတာဟာ ပုံမှန်အားဖြင့် သွေးဆုံးချိန်တစ်ဝိုက် ဒါမှမ ဟုတ် သားအိမ်ကို ခွဲထုတ်အပြီး ဟော်မုန်းညီညွတ် မျှတမှုမရှိတာကို တုံ့ပြန်တာကြောင့်ဖြစ်ပေါ်တတ် ပါတယ်။ လိင်ဟော်မုန်းညီညွတ်မျှတတာတွေ ပြောင်း လဲသွားတာကြောင့် အမျိုးသားလိင်ဟော်မုန်းAndrogen တွေ ပိုမိုလွှမ်းမိုးလာပြီး ဆံပင်ပါး ရတာပါလို့ ဆံပင်ပညာရှင် David Salinger က ဆိုပါတယ်။ တစ်ခါတစ်ရံမှာ မျိုးရိုးလိုက်တာကြောင့် ဆံပင်ပါးတာ ဟာ ပါးစပ်မှသောက်ရတဲ့ သန္ဓေတားဆေးတွေ၊ ဟော် မုန်းအစားထိုးကုသမှု ဒါမှမဟုတ် ကိုယ်ဝန်ဆောင် တာကြောင့် ပိုဆိုးစေနိုင်ပါတယ်။
 အကောင်းဆုံးကုသနည်း
          မျိုးရိုးလိုက်တာကြောင့် ဆံပင်ပါးတာဟာ မီးယပ်သွေးဆုံးတာ ဒါမှမဟုတ် သားအိမ်ခွဲစိတ်ထုတ် ထားတာနဲ့ ဆက်စပ်မှုရှိနေရင် ဟော်မုန်းနဲ့ကုသမှု ခံယူနိုင်ပါတယ်။ ဒီကုသမှုမှာ အမျိုးသမီးလိင်ဟော် မုန်းဖြစ်တဲ့ အီစထရိုဂျင်ကို Anti-Androgen နဲ့ တွဲ ဖက်ပြီး အသုံးပြု တာကြောင့် Androgen တွေရဲ့ ဆံပင်အပေါ် လွှမ်းမိုးမှုကို ကာကွယ်နိုင်ပါတယ်လို့ Salinger က ဆိုပါတယ။် ဒီဟော်မုန်းကုသမှုကြောင့် ကိုယ်အလေးချိန် တိုးလာတာ၊ ပျို့တာ၊ ခေါင်းကိုက် တာနဲ့ လိင်စိတ်ကုန်ခမ်းတာ အစရှိတဲ့ ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။ Minoxidil ငါးရာခိုင်နှုန်းပါဝင်တဲ့ ဆံပင်လိမ်း ဆေးတစ်မျိုးလိမ်းပေးတာဟာလည်း ဆံပင်ကျွတ် တာကို ကာကွယ်နိုင်ပြီး ဆံပင်ပြန်ပေါက်နိုင်ပါတယ်။ ဒါပေမဲ့ Minoxidil ကို ကိုယ်ဝန်ဆောင် အမျိုးသမီး တွေ ဒါမှမဟုတ် နို့တိုက်မိခင်တွေ အသုံးပြုဖို့ မသင့် တော်ပါဘူး။

()
ဆံပင်ပြဿနာ - မိမိခန္ဓာကိုယ်မှ ဆဲလ်တွေကို မိမိဘာသာပြန်လည်တိုက်ခိုက်ခြင်း
 (Autoimmune Disorder) Alopecia Areata ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်တွေဟာ ခန္ဓာကိုယ်မှ ကျန်းမာတဲ့ဆဲလ်တွေကို မှားယွင်းပြီးတိုက်ခိုက်တာ ကြောင့် Autoimmune ပြဿနာတွေ ဖြစ်ပေါ် တတ်ပြီး ဆံပင်အရင်းမှာဖြစ်ရင် ဆံပင်ဆုံးရှုံးတတ် ပါတယ်။ လက္ခဏာတွေအနေနဲ့ စက်ဝိုင်းပုံထိပ်ကွက် နေတာ အလျင်အမြန် ဖြစ်ပေါ်တတ်ပါတယ်။ ဗိုင်း ရပ်စ်ရောဂါပိုးဝင်တာ၊ စိတ်ဖိစီးမှုအလွန်များတာနဲ့ ဦး ခေါင်းအရေပြား ထိခိုက်ဒဏ်ရာရတာကြောင့် ဒီပြဿနာ ဖြစ်အောင် လှုံ့ဆော်နိုင်ပါတယ်။
 အကောင်းဆုံးကုသနည်း
         Alopecia Areataကြောင့် ဆံပင်ပါးသူအ များစုဟာ ကုသမှုမခံယူဘဲ အလိုလိုဆံပင်ပြန်ပေါက် တတ်ပါတယ်လို့ Salinger က ဆိုပါတယ်။ သင်ဟာ အရေပြားပေါ်မှAutoimmune တုံ့ပြန်မှုကို လျှော့ ချဖို့ကုသချင်ရင်တော့ Steroid ပါတဲ့လိမ်းဆေး လိမ်းတာ ဒါမှမဟုတ် ဆေးဝါးသောက်သုံးတာတွေ ပြုလုပ်နိုင်ပါတယ်။

(
) ဆံပင်ပြဿနာ - စိတ်လှုပ်ရှားမှုကြောင့် ဆံပင် ဆွဲခြင်း။
 Trichotillomania Trichotillomania ဆိုတာဟာ အလုပ်တစ်ခု ကို ထပ်ကာ ထပ်ကာ ပြုမူ တတ်တဲ့ပြဿနာဖြစ်ပြီး မိမိဆံပင်ကို မိမိဆွဲတဲ့ ဒါမှမဟုတ် ကိုက်တဲ့သူတွေ မှာ ဖြစ်ပွားတတ်ပါတယ်။ ဒီရောဂါကြောင့် နာရီပိုင်း အတွင်း ကွက်ကျားကွက်ကျားဆံပင်ကျွတ်တာ ဒါမှမ ဟုတ် ရေရှည်နဲ့ ဆံပင်အများကြီး ကုန်စင်ပြီး ပြောင် သွားတာတွေ ဖြစ်တတ်ပါတယ်လို့ Salinger က ဆိုပါတယ်။ ဒီပြဿနာဟာ စိတ်ဖိစီးမှု ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ဆက်စပ်တတ်ပါ တယ်။ အသက်ကြီးသူအမျိုးသမီးတွေမှာ ပိုမိုတွေ့မြင် ရတတ်ပြီး သူတို့မှာ စိတ်ကျဝေဒနာ ဒါမှမဟုတ် စိတ် ပိုင်းဆိုင်ရာပြဿ နာတွေလည်း ဖြစ်ပေါ်တတ်တယ် လို့ဆိုပါတယ်။ ဆံပင်ကို တစ်ချိန်လုံးဆွဲနေတာကြောင့် ဆံပင်ကွက်ကျားပြောင်နေတတ်ပါတယ်။ များသော အားဖြင့် ဦးရေပြား၊ မျက်တောင်နဲ့ မျက်ခုံးလိုနေရာ မျိုးတွေမှာ အမွေးအမှင်ပါးနေတတ်ပါတယ်လို့ Salinger က ဆိုပါတယ်။
 အကောင်းဆုံးကုသနည်း
             စိတ်ရောဂါအထူးကုဆရာဝန်နဲ့ ကုသတာဟာ အကောင်းဆုံးနည်းလမ်းပါ။ စိတ်ပိုင်းဆိုင်ရာပြုပြင် တာနဲ့အတူ၊ စိတ်ကျဝေ ဒနာပျောက်ဆေးတွေ လိုမျိုး ဆေးဝါးတွေ အသုံးပြုဖို့လိုအပ်ပါတယ်။ မကြာခင်က အသုံးပြု သွားတဲ့ကုသနည်းမှာ စိတ်ကျလိုက်၊ စိတ် တက်လိုက် ဖြစ်တဲ့ဝေဒနာနဲ့ စိတ်ကစဥ့်ကလျားရောဂါ အတွက် အကျိုးရှိတဲ့N-acetyl- cysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်အားဖြည့်ဆေးတစ်ျိုးကို အသုံးပြု တာကြောင့် ဆံပင်ဆွဲတဲ့အကျင့် လျော့သွားနိုင်တယ် လို့ သိရပါတယ်။ အမေရိကန်မှာ ၁၂ပတ်အကြာ စမ်းသပ်ပြီး အသုံးပြုရာမှာ ဒီအမိုင်နိုအက်ဆစ်အသုံး ပြုသူ ၅၆ ရာခိုင်နှုန်းမှာ Trichotillomania ဝေဒနာ သက်သာသွားတယ်လို့ သိရပါတယ်။

()
ဆံပင်ပြဿနာ - ယာယီဆံပင်ကျွတ်ခြင်း။
 ယာယီဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းများစွာရှိ ပါတယ်လို့ Salinger က ဆိုပါတယ်။ ကလေးမွေး အပြီး၊ ခွဲစိတ်အပြီး၊ အဖျား ၃၉ ဒဿမ ၅ ဒီဂရီထက်ကျော် လွန်အပြီး၊ အစာလျှော့စားတာနဲ့ ကိုယ်အလေးချိန် လျော့အပြီး၊ သံဓာတ်ချို့တဲ့ခြင်း၊ အာဟာရပြည့်ဝ အောင် မစားသောက်ခြင်း၊ ဆေးဝါးအသုံးပြုခြင်း (ဥပမာ - ကင်ဆာဆေး အသုံးပြုရခြင်း၊ Steroid ဆေး၊ နှလုံးရောဂါအတွက် အသုံးပြုရတဲ့ဆေး၊ ပဋိသန္ဓေ တားဖို့သောက်ရတဲ့ဆေး၊ သွေးကျဲဆေး) အစရှိတာ တွေကြောင့် ယာယီဆံပင် ကျွတ်တတ်ပါတယ်။
 အကောင်းဆုံးကုသနည်း
          သင်ဟာ ကလေးမွေးပြီးတာ ဒါမှမဟုတ် ဖျား နာတာကြောင့် ဆံပင်ကျွတ်သွားရင် မစိုးရိမ်ပါနဲ့။ ဒီကျွတ်သွားတဲ့ ဆံပင်အများစုဟာ အချိန်တန်ရင် သူ့ဘာသာသူ ပြန်ပြည့်သွားတတ်ပါတယ်။ ဘာမှ ကုသစရာမလိုပါဘူးလို့ Salinger က ပြောပါတယ်။ ဆံပင်ကျွတ်တာဟာ နှစ်လမှ သုံးလအတွင်း ရပ်တန့် သွားတတ်ပြီး ခြောက်လအကြာမှာ ပုံမှန်အတိုင်း ပြန် ဖြစ်သွားတတ်ပါတယ်။ ဆံပင်ဟာ ခန္ဓာကိုယ်ရဲ့ ညီ ညွတ်မှုမျှ တမှုမရှိ တာကိုSensitive အလွန်ဖြစ် တတ်တာကြောင့် ခန္ဓာကိုယ်တွင်းအနည်းငယ်ပြောင်း လဲမှုရှိခဲ့ရင်တောင် ဆံပင်ကျွတ်တတ်ပါတယ်လို့ Salinger ပြောပါတယ်။

()
ဆံပင်ပြဿနာ - ဗောက်ထခြင်း။
 Tineacapitis ဦးရေပြားမှာ Fungus မှိုပိုးတွေကြောင့် ထိပ် ကွက်နေတာဟာ ကလေးငယ်တွေမှာ သာ တွေ့ရတာ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း ဖြစ်ပေါ်တတ်ပါ တယ်လို့ Salinger က ဆိုပါတယ်။ ကူးစက်တတ်တဲ့ အရေပြား မှိုပိုးရောဂါ တစ်မျိုးဖြစ်ပြီး စက်ဝိုင်းပုံသဏ္ဌာန် ဆံပင်တွေအကွက်လိုက် ကျိုးပြတ်နေတတ်ပါတယ်။ အရေပြားဟာ နီရဲနေပြီး ရောင်ရမ်းကာ ယားယံတတ် ပါတယ်။ ကြောင်၊ ခွေး၊ ငှက်နဲ့ လူမှတစ်ဆင့် မှိုပိုးတွေ ဝင်ရောက်တတ်ပါတယ်။
 အကောင်းဆုံးကုသနည်း
         Anti-fungus ဆေးဝါးတွေကို ပါးစပ်မှ သောက် သုံးရပါမယ်။ လေးပတ်မှ ရှစ်ပတ်ကြာအောင် ကုသရ မှာဖြစ်ပြီး တချို့ လူတွေ မှာ ပျောက်ကင်းဖို့ အချိန် ပို ယူရပါတယ်လို့ Salinger က ဆိုပါတယ်။ Selenium Sulphide ၂ဒသမ၅ ရာခိုင်နှုန်းပါဝင်တဲ့ ခေါင်း လျှော်ရည်ကို အသုံးပြုရင် မှိုပိုးထုတ်လုပ်မှု လျော့သွား နိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး
 

Twitter Delicious Facebook Digg Stumbleupon Favorites More