Pages - Menu

19 Nov 2012

ဆံကေသာအတွက် အစားအစားများ



ဆံပင်စတိုင်နဲ့ ဆံကေသာ ကျန်းမာ လှပမှုဟာ လူတစ်ယောက်ကို ကြည့် အကောင်းဆုံး ဖြစ်အောင် ပံ့ပိုးပေးနိုင်စွမ်း ရှိပါတယ်။ သန်စွမ်း ကျန်းမာတဲ့ ဆံပင်ပုံ ရှိဖို့ဆိုရင် သင်ခေါင်းလျှော်တဲ့ ပုံစံ၊ ဆံပင်သား လှပအောင် ကွန်ဒီရှင်နာ လိမ်းတဲ့ ပုံစံအပေါ်မှာလည်း မူတည်နေသလို စားသောက်တဲ့ အာဟာရ အပေါ်မှာလည်း မူတည်နေပါတယ်။ သင်ရဲ့ ဆံကေသာ ကျန်းမာ လှပစေဖို့ အဓိက စားသင့်တဲ့ ထိပ်တန်း အာဟာရ ဓာတ်တွေကို အကြံပြုလိုက်ပါတယ်။

၁)နို့နှင့် နို့ထွက်ပစ္စည်း
အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း တွေဟာ ကိုယ်အလေးချိန်ကို မမြင့်တက် စေဘဲ ဆံကေသာ ကျန်းမာရေးကို ကောင်း မွန်အောင် ပံ့ပိုးပေးနိုင်စွမ်း ရှိပါတယ်။ ဒိန်ချဉ်နဲ့ ဒိန်ခဲလို နို့နဲ့ နို့ထွက်ပစ္စည်း တွေမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်တွေဟာ ဆံကေသာကို သန်စွမ်းကျန်းမာစေပါ တယ်။

၂) ငါး
ဆယ်လ်မွန်နဲ့ မက်ကရယ်လို အဆီ များများ ပါဝင်တဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တာကြောင့် ဆံ ပင်ကျွတ်နှုန်းနှေးစေပါတယ်။ ငါးမှာ သံ ဓာတ်နဲ့ ဗီတာမင်B12 တို့ ပါဝင်တဲ့အ တွက် ဆံကေသာနဲ့ အသားအရေကို လှ ပကျန်းမာစေပါတယ်။ ဆံခြည်မျှင်အိတ် ထဲမှာ သံဓာတ်တွေကို သိုလှောင်ထား ပြီး ဆံပင်ထိခိုက်မှုဖြစ်လာရင် ပြန်လည် အသုံးပြုနိုင်တာကြောင့်ပါ။

၃) အခွံချွတ်မထားသော ကောက်နှံတို့ဖြင့် လုပ်ထားသည့်အစာ
ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတွေမှာ ဆံကေသာအတွက် အရေး ပါတဲ့ သွပ်(ဇင့်)ဓာတ်၊ ဗီတာမင် ဘီအုပ် စုနဲ့ သံဓာတ်တို့ ပါဝင်နေပါတယ်။ သွပ် ဓာတ်ဟာ ဆံကေသာကြီးထွားသန်စွမ်း ထူထဲမှုတို့ကို တိုက်ရိုက်သက်ရောက်မှု ရှိ စေတဲ့ ဟော်မုန်းတွေကို ဟန်ချက်ညီမျှ စေပါတယ်။ စားတဲ့ အစားအသောက် ထဲမှာ သွပ်ဓာတ်ကို အလုံအလောက် ထည့်စားပေးတာက ဆံကေသာကို ကျန်း မာစေပါတယ်။

၎) အခွံမာသီး
သီဟိုဠ်စေ့၊ မြေပဲနဲ့ သစ်ကြားသီး တွေမှာ သွပ်(ဇင့်)ဓာတ်များစွာ ပါဝင်တာ ကြောင့် ဆံပင်ကျွတ်တာနဲ့ ဆံပင်ကျဲပါး တာကို နှေးစေပါတယ်။ သစ်ကြားသီးထဲ မှာ ဆီလီနီယမ်ဓာတ်လည်း ပါဝင်ပြီး အဲ ဒီဓာတ်ဟာ ဦးရေပြားကျန်းမာရေးအ တွက် အရေးပါတဲ့ သတ္တုဓာတ်ပါ။ ဒါ့အ ပြင် ဗောက်ထတာကိုလည်း လျော့ပါး စေပါတယ်။ နေ့စဉ် အခွံမာသီးကို လက် တစ်ဆုပ်စာပမာဏ စားပေးသင့်ပါတယ်။

၅) ပဲအမျိုးမျိုး
ပဲနီလေးအပါအဝင် ပဲအမျိုးမျိုးဟာ ဆံပင်သားအတွက် အရေးကြီးတဲ့ အာ ဟာရဖြစ်ပါတယ်။ ပဲအမျိုးမျိုးမှာ သံ ဓာတ်၊ သွပ်(ဇင့်)ဓာတ်အများအပြားပါ ဝင်ရုံသာမက ပရိုတင်းဓာတ်လည်း များ စွာပါဝင်နေတာကြောင့် ဆံကေသာ ကြီး ထွားသန်စွမ်းစေပါတယ်။ ဒါ့အပြင် ပဲအ မျိုးမျိုးမှာ ဗီတာမင်ဘီဖြစ်တဲ့ ဘိုင်အိုတင် လည်း ပါဝင်တာကြောင့် ဆံပင်ပြတ် ထွက်တာတွေမဖြစ်စေဘဲ ဆံပင်သားကို သန်စွမ်းကျန်းမာစေပါတယ်။

၆) မုန်လာဥနီ
မျက်စိကျန်းမာရေးနဲ့ အမြင်အား ကောင်းစေရေးအတွက် အရေးပါတဲ့ မုန် လာဥနီဟာ ဆံပင်သားကိုလည်း ကျန်း မာသန်စွမ်းစေပါတယ်။ ဗီတာမင်အေပါ ဝင်တဲ့ မုန်လာဥနီဟာ ဆံပင်သားမှာ သ ဘာဝအဆီရှိစေပြီး ဦးရေပြားကို ကျန်း မာစေတာကြောင့် ဆံကေသာကို သန် စွမ်းတောက်ပစေပါတယ်။

၇) ဥအမျိုးမျိုး
ဆံပင်သားတည်ဆောက်မှုမှာ ပရို တင်းက အရေးပါတဲ့ အာဟာရဓာတ်ပါ။ ပရိုတင်းဓာတ်ကို အလုံအလောက်မစား ဖြစ်ရင် ဆံကေသာကို ထိခိုက်စေနိုင်ပါ တယ်။ သင်စားတဲ့အစာထဲမှာ ဥအမျိုးမျိုး နဲ့ ပြင်ဆင်ထားတဲ့ ဟင်းလျာတစ်ခွက်ကို တော့ ထည့်သင့်ပါတယ်။ ဥအမျိုးမျိုးမှာ ဘိုင်အိုတင်နဲ့ ဗီတာမင်B12 ပါဝင်တာ ကြောင့် ဆံပင်သားကို ကျန်းမာစေပါ တယ်။

၈) အစိမ်းရောင် ဟင်းသီးဟင်းရွက်
ရောင်စုံအစားအစာတွေက သင့် ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက ဆံကေသာကိုလည်း သန်စွမ်းလှပစေပါ တယ်။ ဟင်းနုနယ်ရွက်နဲ့ ပန်းဂေါ်ဖီစိမ်း တို့လို အစိမ်းရောင်ဟင်းရွက်တွေမှာ ဆံ ပင်အတွက် အရေးပါတဲ့ သံဓာတ်နဲ့ ကယ်လ်စီယမ်တို့ ပါဝင်ပါတယ်။ အစိမ်း ရောင် ဟင်းသီးဟင်းရွက်တွေမှာ ဆီကြည် လို သဘာဝအဆီထုတ်လုပ်မှုကို တိုးစေ တဲ့ ဗီတာမင် အေနဲ့စီ အများအပြားပါဝင် နေတာကြောင့် ဆံပင်သားကို စိုပြည်စေ ပါတယ်။

၉) ကြက်၊ ဝက်
သင်စားတဲ့ အစားအစာထဲမှာ ပရို တင်းဓာတ် ပါဝင်မှုလျော့နည်းတာက ဆံ ပင်သားအတွက် ပြဿနာတစ်ရပ်ပဲ ဖြစ် ပါတယ်။ ပရိုတင်းဓာတ် လျော့နည်းမှု ကြောင့် ဆံပင်သား ကြွပ်ဆတ်တာကို ဖြစ်စေပြီး ဆံပင်အရောင်ကိုလည်း မှိန် ဖျော့စေပါတယ်။ ကြက်သားမှာ ဆံပင် သားကျန်းမာစေမယ့် ပရိုတင်းဓာတ်အ လုံအလောက်ပါဝင်နေပါတယ်။ အမဲ၊ ဝက်၊ ဘဲ စတဲ့ အသားတွေမှာ သံဓာတ် များစွာ ပါဝင်တာကြောင့် ဆံခြည်မျှင် အိတ်တွေ အားကောင်းရေးမှာ အရေးပါ နေပါတယ်။

၁ဝ) ကမာ
ပင်လယ်စာ ကမာမှာ ဓာတ်တိုးဆန့် ကျင်ဂုဏ်သတ္တိရှိတဲ့ သွပ်ဓာတ်များစွာပါ ဝင်တာကြောင့် ဆံကေသာကျန်းမာရေး ကို ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။ အ မဲသားနဲ့ သိုးသား ကနေလည်း ဒီလို အာ နိသင်မျိုးကို ရရှိနိုင်ပါတယ်။

၁၁) ငှက်ပျောသီး
သင်စားတဲ့ အစာမှ ဗီတာမင် B6 မရရှိတာကြောင့် ဆံပင်ကျဲပါးတာနဲ့ ဆံ ပင်ကျွတ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အရေးကြီးတဲ့ ဗီတာမင် B6 ဟာ ခန္ဓာ ကိုယ်မှ အာဟာရ ဓာတ်တွေ စုပ်ယူရာမှာ ပါဝင် ကူညီပေးပါတယ်။ သွေးနီဥ ထုတ်လုပ်မှုမှာလည်း အရေးပါတဲ့ ဗီတာမင် B6 ဟာ ဆံခြည်မျှင်အိတ်တွေကို အားကောင်းစေပြီး ဆံပင်သားကို တောက်ပ သန်စွမ်းစေပါတယ်။

၁၂) ဆန်လုံးညို
ပရိုတင်းဓာတ်ဟာ ကာဗိုဟိုက်ဒ ရိတ်မှ စွမ်းအင်ထွက်ရှိလာရေးအတွက် ပါ ဝင်ကူညီနေပါတယ်။ အဲဒီထွက်လာတဲ့ စွမ်းအင်ဟာ ဆံပင်သားကို သန်စွမ်းကျန်း မာစေပါတယ်။ ဆန်လုံးညိုမှာ ဗီတာမင် ဘီအုပ်စုအပြည့်ပါဝင်တဲ့အပြင် စွမ်းအင် ကိုလည်း ထွက်ရှိစေတာကြောင့် ဆံပင် သားသန်စွမ်းကျန်းမာရေးအတွက် အရေး ပါနေပါတယ်။

*********************************
ဆံကေသာအလှအတွက် ၀င်းလက်စေတဲ့ အစာ(၁၀)မျိုး
 (၁)အဆီမပါသော အနီရောင်အသား

သံဓာတ်အားကြီးရင်ရွှေခေါင်းပြောင်ဖြစ်လိမ့်မယ်လို့ Cleveland andClinicမှာ လုပ်တဲ့
သုတေသနတွေ့ ရှိချက်က ဆိုထားတယ်။သံဓာတ်ချို့တဲ့မှုကို ကုသလိုက်ရင်ဆံပင်ပြန်ပေါက်ဖို့ အထောက်အကူဖြစ်မှာသေချာတယ်။ “ဆံပင်ကျွတ်တာနဲ့ ဆံပင်မပေါက်တဲ့ပြဿနာ ရှိတဲ့လူတွေကို လေ့လာလိုက်ရင်၊အထူးသဖြင့်အမျိုးသမီးတွေမှာသံဓာတ်ချို့တဲ့နေတာတွေ့ ရတယ်ဗျ”
Calif ဒေသ Vallejoမြို့မှာဆေးကုနေတဲ့ အရေပြားရောဂါအထူးကုPARADI MIRMI-RANI ပြောပြတယ်။
သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေထဲမှာကြက်ဆင်သား၊ ကြက်ဥအနှစ်၊ ဆန်လုံးညိုလိုပကတိအစေ့အဆံ၊ သစ်သီးခြောက်နဲ့ပဲခြောက်တို့ပါပါတယ်။ (ပဲခြောက်ကိုတော့ရေစိမ်ပြီး စားရမှာဖြစ်တယ်)

(၂)ကြက်ဥ၊ ဘဲဥများ

ကြက်ဥ၊ ဘဲဥ စတဲ့ဥတွေမှာ ဆံပင်ကိုသန်စေတဲ့ ဘိုင်အိုတင်ဓာတ် (Biotin) အပြည့်ပါတယ်။ ဘိုင်အိုတင်ဆိုတာ ဆံပင်ပေါက်စေတဲ့အပြင် ဆံပင်နဲ့ ဦးရေခွံကျန်းမာစေတဲ့ ဗိုက်တာမင်Bအုပ်စုထဲမှာ ပါတဲ့
ဓာတ်ဖြစ်ပါတယ်။
ဥတွေအပြင် ဘိုင်အိုတင်အများကြီးပါတဲ့အစားအစာတွေကတော့မြေပဲ၊ မက်မန်းသီး၊မက်မွန်သီး၊ဂျုံ၊ ဖွဲနု၊ ပင်လယ်ငါးသလောက်၊အဆီနည်းသော ဒိန်ခဲနဲ့ ထောပတ်သီးတွေ ဖြစ်ပါတယ်။

(၃)ငှက်ပျောသီး၊ဘီယာ၊ အုတ်စပါးနှင့် စပျစ်သီးခြောက်


ဒီအစားအစာတွေမှာ ဆံပင်ရဲ့ အလုံးအရည်အသွေးကို တိုးတက်စေတဲ့ ဆီလီကာ (Silica)ကြွယ်ဝတဲ့ အစားအစာတွေဟာဆံပင်ကို ပိုမိုသန်မာစေတဲ့အပြင် ပိုမိုသက်တမ်းရှည်စေပါတယ်။
(ဘီယာမှာဆီလီကာ (Silica) များများပါတာမှန်ပေမယ့်ချင့်ချိန်သောက်တာ ဆင်ခြင်တုံတရား ရှိရာကျပါတယ်။အမျိုးသမီးများအတွက် တစ်နေ့တစ်ခွက်၊အမျိုးသားများအတွက် တစ်နေ့နှစ်ခွက်ထက် မပိုသင့်ပါဘူး)
(၄)အစိမ်းရင့်ရောင်ဟင်းရွက်များ
ဒေါက်ခွ(Spinach)၊ ပန်းဂေါ်ဖီစိမ်းနဲ့ဆွစ်ဟင်းရွက် (Swiss Chard)တို့ ကိုများများစားဖို့လိုပါတယ်။ အဲဒီဟင်းရွက်တွေမှာဗိုက်တာမင်Aနဲ့ C ပါတဲ့အတွက်၊ဦးရေပြားအဆီ (Sebum)ထွက်အောင်
အထောက်အကူပေးတယ်။ဦးရေပြားဆီဟာ ဆံပင်ကို နက်မှောင်တောက်ပြောင်စေတဲ့ သဘာဝကွန်ဒီရှင်နာဖြစ်ပါတယ်။

(၅)ယောက်သွားခေါ် ကနုကမာကောင်
ယောက်သွားမှာ သွပ်ဓာတ် (Zinc)ကြွယ်ဝစွာပါတယ်၊ သွပ်ဓာတ်က အန်ဒရိုဂျင်တွေ(Androgens) ပုံမှန်ထွက်အောင် လုပ်ပေးပါတယ်။အန်ဒရိုဂျင်ပမာဏသိပ်နည်းရင်ဆံပင်ကျွတ်စေပါတယ်။ အင်ဒရိုဂျင်နည်းတဲ့လူတွေဟာဆံပင်အပေါက်နှေးတဲ့ ဝေဒနာခံစားရတဲ့အပြင်၊ဗောက်တွေ၊ ဒက်တွေလည်း ပွားလာပါတယ်။
ဒီတော့ အန်ဒရိုဂျင်ထုတ်ပေးတဲ့သွပ်ဓာတ်ကြွယ်ဝတဲ့ယောက်သွားတွေအပြင်ကဏန်းတွေ၊ ခုံးကောင်တွေ၊ အသည်း တွေ၊အဆီမပါတဲ့ အမဲသားတွေ စားရပါမယ်။ပြီးတော့ ဂျုံစေ့ကိုလည်း မှီဝဲရပါမယ်။
အဲဒါတွေကို စားပေးရင်ဆံပင်ကျွတ်တာပျောက်တဲ့အပြင်၊ ဆံပင်တောက်ပြောင် လန်းဆန်း ကျန်းမာ လာ မှာ ဖြစ်ပါတယ်။

(၆)ကန်စွန်းဥ

ကန်စွန်းဥမှာဘီတာကာရိုတင်းဓာတ်(Beta-carotene) ပေါတယ်။အဲဒီဓာတ်ဟာ ခန္ဓာ ကိုယ်ထဲ   ရောက်သွားတဲ့အခါခန္ဓာကိုယ်က ဗိုက်တာမင်-A အဖြစ်ပြောင်းပေးလိုက်တယ်။
သိကြတဲ့အတိုင်းပဲ ဗိုက်တာမင်-A ဟာဆံပင်နဲ့အရေပြားကို အာဟာရပြည့်ဝအောင်လုပ်ပေးတဲ့အတွက်၊ ဆံပင်မွဲမွဲခြောက်ခြောက်မဖြစ်အောင်နဲ့ အရေပြားမခြောက်သွေ့အောင်ကာကွယ်ပေးပါတယ်။
ပြီးတော့ ဦးရေပြားခြောက်တော့ဗောက်ဖြစ်ပြန်ရော။ဒါကြောင့် ဗိုက်တာမင်-A က ဗောက်မထအောင်လည်း
ကာကွယ်ပေးပါတယ်။
တောက်ပြောင်တဲ့ ဆံပင်နဲ့ ၀င်းပစိုပြည်တဲ့အရေပြားတို့ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်ကန်စွန်းဥအပြင်၊ မုန်လာဥနီ၊ ကိုက်လန်၊ထောပတ်သီးဖျော်ရည်၊ ကညွတ်နဲ့ရွှေဖရုံသီး တို့ကိုလည်း စားနိုင်ပါတယ်။

(၇)ပဲတောင့်မျိုး

ဗိုလ်စားပဲနဲ့ ပဲနီကလေးတို့လိုပဲတောင့်ရှည်တွေဟာ သံဓာတ်ကြွယ်ဝတဲ့ ပရိုတိန်း ဇာစ်မြစ်ကောင်းတွေ  ဖြစ် တယ်။ပဲနီကလေးဟာ ဆံပင်ကြံ့ခိုင်ရေးနှင့်သန်စွမ်းရေးအတွက်အထူးကောင်းမွန်တဲ့အာဟာရဖြစ်ပါတယ်။

(၈)သစ်သီးများနှင့်ဟင်းသီးဟင်းရွက်များ

ခန္ဓာကိုယ်က သံဓာတ်ကိုကောင်းကောင်းစုပ်ယူနိုင်အောင်ပံ့ပိုးပေးတာဗိုက်တာမင်-C ဖြစ်ပြီး၊သစ်သီးများနှင့်
ဟင်းသီးဟင်းရွက်တွေဟာ ဗိုက်တာမင်-Cကြွယ်ဝတဲ့အာဟာရဓာတ်စာတွေဖြစ်တယ်။
ဗိုက်တာမင် -C နည်းနေရင် ဆံပင်ခြောက်သွေ့မယ်၊ဆံပင်မသန်စွမ်းနိုင်ဘူး။ ဗိုက်တာမင်-C ကြွယ်ဝတဲ့
အကောင်းဆုံး ဇာစ်မြစ်တွေကတော့ဂေါ်ဖီပန်းစိမ်း၊ အရွက်များသောအစိမ်းရောင်ဟင်းရွက်များ၊ ငရုတ်ပွစိမ်း၊အချဉ်သီးများနဲ့ စတော်ဘယ်ရီသီးများဖြစ်တယ်။

(၉)အိုမီဂါ -၃ဖက်တီးအက်ဆစ်များ

အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေဟာဆံပင်နဲ့ဦးရေခွံကျန်းမာရေးကိုဖြည့်ဆည်း ထောက်ပံ့ပေးပါသည်။
အဲဒီဓာတ်တွေချို့တဲ့ လို့ရှိရင် ဆံပင်နဲ့ဦးရေခွံခြောက်သွေ့တဲ့အပြင် ဆံပင်အရောင်ဟာ မွဲခြောက်ခြောက်ဖြစ်နေမယ်။
အဲဒီဓာတ်တွေကိုထုတ်ပေးတဲ့ ဇာစ်မြစ်ကောင်းတွေကတော့ ပင်လယ်ငါးသလောက်၊ ငါးသေတ္တာငါး၊
မြောက်အတ္တလန္တိတ် ငါးသလောက်မက်ကရယ်ငါး၊ နှမ်းကြတ်ပင်နဲ့ သစ်ကြားသီးတို့ဖြစ်ပါတယ်။

(၁၀)ကျန်းမာစေသောဆီများ

ခြောက်သွေ့ပြီး၊ ထိုင်းမှိုင်းတဲ့ ဆံပင်ကိုဘယ်သူမှ မလိုချင်ပါဘူး။ ဒါပေမယ့်စားသုံးတဲ့အာဟာရဓာတ်စာမှာ ဆီမပါရင်ရှင်သန်တဲ့ဆံပင်ကို ရမှာမဟုတ်ဘူး။ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ဆီတွေကတော့ သံလွင်ဆီ မြေပဲဆီ၊(Safflower)နဲ့နေကြာဆီတို့ဖြစ်ပြီး၊ ၎င်းတို့ကိုမှီဝဲရင်ဆံပင်တောက်ပြောင်မှာ ဖြစ်တယ်။
တစ်နေ့ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားသုံးပါက လုံလောက်ပါ တယ်။
  (မင်းသုတ)
**************************************************
ဆံနွယ်လေးတွေ ခွန်အားဖြည့်ပေးခြင်း (ဆံကေသာအတွက် အသုံးဝင်သော အစားအစာများ)

၁။ ဒိန်ချဉ်
ဒိန်ချဉ်တွင် ကြွယ်ဝသောဗီတာမင်များမှာ ပရိုတင်း၊ ကယ်စီယမ်၊ Vitamin B ၊ Mineral သတ္တုများ၊ ထိုအရာများမှ ဆံပင်သားအတွက် လိုအပ်သော ရေဓါတ်၊ စိုစွတ်မှုနှင့် သန်စွမ်းခိုင်ခံ့မှုတို့ကို အားဖြည့်စေပါသည်။ ဘတ်တီးရီးများအားကြောင့်ဖြစ်သော ဆံသားမှိုစွဲကပ်ခြင်း (သို့) ဗောက်ထခြင်း၊ ဆံပင်သားကျွတ်လွယ်ခြင်းတို့ကိုလဲ ကာကွယ်စေနိုင်ပါသည်။ ထု
ိ့ကြောင့် ဒိန်ချဉ် (flavor) နှစ်သက်ရာ တမျိုးမျိုးအား live food (အပျင်းပြေစားခြင်းမှ) ခန္ဓာကိုယ်အတွက်လိုအပ်ချက်များကို ဖြည့်ဆည်းခြင်း တမျိုးပင်ဖြစ်ပါသည်။


၂။ Salmon (ဆော်မွန်ငါး)

Salmon ငါးကြောင့်ရရှိနိုင်သော ဗီတာမင်များမှာZinc ဟုခေါ်သောသံဓါတ်၊ Omega 3 (Essential Fatty Acid) တို့ဖြစ်ပြီး ၄င်းတို့မှ ခန္ဓာကိုယ်အတွက် လှပသောအသားအရေနှင့် သန်မာစေသော ဆံသားများအား ရရှိစေနိုင်ပါသည်။ Omega 3 ဟုခေါ်သော ခန္ဓာကိုယ်မှထွက်သော အက်ဆစ်တမျိုးမှ ဆံပင်များရှင်သန်ခြင်းနှင့်
ဆံပင်များကျွတ်ခြင်းမှကာကွယ်ပါသည်။ နောက်ထပ်ရနိုင်သော ဗီတာမင်မှာ Vitamin B3 အမျိုးအစား ဖြစ်သော Niacin ပဲဖြစ်ပြီး ဆံပင်ပါရှိသော ဦးရေပြားကို အားဖြည့်ပေးပါတယ်။ ဆော်မွန်ငါးရဲ့နောက်ထပ် အားဖြည့်ခြင်းတစ်ခုက အမဲသားကဲ့သို့ ဗီတာမင်အပြည့်အ၀ရှိစေသဖြင့် အမဲသားမစားသော မမလေးများအတွက် အသားအရေ စိုပြေခြင်းကို ဆော်မွန်ငါးမှရရှိစေနိုင်မှာဖြစ်ပါတယ်။

၃။ကြက်ဥ၏ အနှစ်

ကြက်ဥအနှစ်ကတော့ ဗီတာမင် Vitamin B7 အုပ်စုဖြစ်တဲ့ Biotin ၊ Vitamin B5 အုပ်စုဖြစ်တဲ့ Pentatonic Acid ၊ Vitamin B6 အုပ်စုဝင် Pyridoxine ၊ Vitamin B12 အုပ်စုဝင် Cobalamin နှင့် ဗီတာမင် Vitamin A တို့ပါဝင်ပါတယ်။ ဆံပင်များအား ကြက်ဥနှစ်ဖြင့်ပေါင်းတင်ပါက
မည်းနက်သန်စွမ်းစေပြီး ပျော့ပျောင်းစေတယ် လို့ရေးသားကြပါတယ်။ ထို့ကြောင့် အချိန်ကုန်ခံ ပေါင်းတင်မနေတော့ပဲ ကြက်ဥအနှစ်ကို ခပ်များများသာ စားလိုက်ကြစို့နော်။ ထို့ပြင်ကျိုးပဲ့ပျက်စီးခြင်း ဆံသားနှစ်ခွဖြစ်ခြင်းမှလဲကာကွယ်ပေးပါတယ်။

၎။Almond (သစ်စေ့တစ်ခုမှရသောအစေ့)

ဗီတာမင် Vitamin A ၊ Vitamin E ၊ Vitamin B1, B2, B6 ကြွယ်ဝသော Almond သစ်စေ့သီးများဟာ စိမ့်သက်သက်အရသာရှိပြီး ဆံပင်သားများကိုလဲခိုင်မာစေ
ပါတယ်။ ထို့ကြောင့် တီဗွီကြည့်ရင်းစားစား၊ ကျောင်းသွားရင်းပဲစားစား live food တစ်ခုအနေနဲ့ရွေးချယ်စေလိုကြောင်း။

၅။ Carrot (မုန်လာဥနီ)

မုန်လာဥနီမှာ Vitamin A အကြွယ်ဝဆုံးဖြစ်ပြီး ဦးရေပြားနှင့် ဆံသားတောက်ပမှုအတွက် အဓိကအထောက်အပံ့တစ်ခုဖြစ်ပါတ
ယ်။

၆။ Spinach (ဟင်းနုနွယ်ရွက်)

Vitamin C , Iron နှင့် Folic Acid ကြွယ်ဝသော ဟင်းနုနွယ်ရွက်မှ ဆံပင်များပျက်စီးခြင်းကို ကာကွယ်ပေးပြီး အသစ်ပြန်လည် မွေးဖွားခြင်းကိုလဲပြုလုပ် လုပ်ဆောင်ပါတယ်။ ထို့ကြောင့် သက်သက်လွတ်စားမယ်ဆိုရင်တော့
ဟင်းနုနွယ်ရွက်ကိုပဲအကြံပေးပါရစေ။ ဒါမှ ထိပ်ပြောင်သူများနဲ့ ဆံပင်ခပ်ထူထူလေးများလိုအပ်သော မမများအတွက် အကျိုးလဲရ သက်လဲသာတဲ့ ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ၀ယ်ယူစားသုံးကြပါစို့လို့ ။ 

Twitter Delicious Facebook Digg Stumbleupon Favorites More