Pages - Menu

16 Nov 2012

တစောင်းလက်ပတ်၏ စွမ်းရည်.. ဆေးစွမ်းထက်မြက် ရှားစောင်းလက်ပပ်

တစောင်းလက်ပတ်သည် ချဉ်ဆီကို တိုးပွားစေသည်။ အဆိပ်ကို ပယ်၏။ အရေပြားအနာကို ပျောက်စေသည်။ ဆီးသက်စေ၏။ ကိုယ်အရေပြားရောဂါကို ကာကွယ်စေသည်။ ဦးနှောက်ပူခြင်းကို အေးစေနိုင်သည်.။ ရေယုန်နာ ယားနာတို့ကို ပျောက်စေနိုင်သည်။ မျက်စိရောဂါ အမျိုးမျိုးကိုလည်းပျောက်စေသည်။ အနာကိုကျက်စေသည်။ သွေးထွက်ခြင်းကို အမြန်တိတ်စေသည်။ ဆီးပူ၊ဆီးအောင့်ခြင်းကို ပျောက်စေသည်။ မီးယက်ရောဂါကို အကျိုးပြု သည်။ နားနာ နားကိုက်ခြင်းကို ပျောက်စေသည်။ အဖုအကြိတ်များကို ပျောက်စေသည်။ တစောင်းလက်ပတ်နှင့် မိမိခန္ဓာကိုယ် သန့်စင်စေရန်လှပစေရန် အောက်ပါအတိုင်း အသုံးပြုနိုင်ပါသည်။

တစောင်းဘက်ပတ် အနှစ်ကို လက်ချားအနည်းငယ်ထည့်ပြိး ခေါင်းလျှော်ပေးခြင်းဖြင့် ဥိးခေါင်းတွင်ရှီသော ဘောက်ကို သေစေနိုင်သည်။ ချေးများကို ပြောင်စေသည်။ ဥိးရေကို အေးစေသည်။ ထို့ကြောင့် တချို့ ခေါင်းလျှော်ရည်များတွင် တစောင်းလက်ပတ် ထည့်သွင်းထားခြင်းဖြစ်သည်။


တစောင်းလက်ပတ်အစေးကို ညအိပ်ရာဝင်တိုင်း မိတ်ကပ်လိမ်းသကဲ့သို့ မှန်မှန်သူတ်လိမ်းပါက မှဲ့ခြောက်၊ တင်းတိတ်၊ ၀တ်ခြံများကို သိသိသာသာ ပျောက်ကင်းစေနိုင်သည်။
တစောင်းလက်ပတ်မှ ရရှိသော အစေးကို ကျိုချက်ခြင်းဖြင့် မုတ်ခါး ကို ရရှိနိုင်သည်။ ယင်းမုတ်ခါးသည် ခန္ဓာကိုယ် အဆီကျစေသည်။


တစောင်းလက်ပတ်ဖြင့် မျက်နှာပေါင်းတင်ခြင်း



မျက်နှာပေါ်တွင် အဖုအပိန့် များပေါက်ခြင်း၊ မျက်နှာအ၇ည်ပြားကြမ်းတမ်းခြင်း၊ မျက်နှာအဆိပြန်ခြင်း၊ မျက်နှာနေလောင်ပြိး ညိုမဲခြင်း၊ နိရဲခြင်းတို့ကို အောက်ပါနည်းအတိုင်း တစောင်းလက်ပတ်ပါဝင်သော တိုင်းရင်းဆေးစစ်စစ်ဖြင့် အန္တာရယ်ကင်းစွာ မျက်နှာကို ပေါင်းတင်ပေးနိုင်သည်။

ပါဝင်သော ပစ္စည်းများ
(၁) တစောင်းလက်ပတ်ကို ဇွန်းဖြင့်ုခြစ်ပြိး ရသောအနှစ်
(၂) ကြက်ဥအကာ
(၃) ပျားရည်
(၄) အသားချောဆေး (တိုင်းရင်းဆေး)
ကြက်ဥအကာတစ်လုံး၊ပျားရည်တဇွန်း(ဟင်းစားဇွန်း)၊ တစောင်းလက်ပတ်ခြစ်ပြိးအနှစ်၊ ဟင်းစားဇွန်း(၂)ဇွန်း ယင်းတို့ကို ရောစပ်လိုက်ပါ။ ပြီးလျှင် အသားချောဆေးအမှုန့်ကို အနည်းငယ်စီ ထပ်ထပ်ထည့်ပြီး သန့်စင်သောလက်ဖြင့် သမအောင်နယ်ပါ။ အမှုန့်ကို ချိန်ထည့်ရင်း လက်မှာတွဲလာသည်အထိ နယ်ပါ။


မျက်နှာပေါင်းတင်မည့်သူသည် ပက်လက်အနေအထားရှိရမည်။ ဆံပင်များကို ရှင်းလင်းစွာ အနောက်သို့ လှန်ထားရမည်။ ဆေးမလိမ်းခင် မျက်နှာအား သန့်စင်စွာ ဆေးကြောပြီး နူးညံ့သော အ၀တ်စဖြင့် သုတ်ထားရမည်။ ဆေးကို မျက်နှာပေါ်ရှိ မျက်လုံး၊ မျက်ခုံး၊ နှာခေါင်းပေါက်၊ နုတ်ခမ်းတို့ကို ချန်လှပ်ပြီး မထူမပါး၊ မျက်နှာအပြည့် မံလိုက်ပါ။ တဖြည်းဖြည်း အနည်းငယ်စီ ခြောက်သွေ့သွားပါလိမ့်မည်။ 


အိပ်ရာမ၀င်ခင် ပြုလုပ်ပြိး နံနက်အိပ်ရာထချိန်တွင် တဖြည်းဖြည်းခြင်းခွာပြီး မျက်နှာအား ရေနွေးဖြင့် ဆေးကြောပြိး နူးညံ့သော အ၀တ်ဖြင့် အသာယာ သုတ်ပေးပါ။ ထိုနည်းဖြင့် မကြာခဏ ပေါင်းတင်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်.။။ 

source>>> http://konaing999.blogspot.com/2011/06/blog-post_30.html


ဆေးစွမ်းထက်မြက် ရှားစောင်းလက်ပပ်
---------------------------------------------
ရှားစောင်းလက်ပပ်သည် အလွန်အသုံးဝင်သော ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။ နိုင်ငံအသီးသီးတို့တွင် ရှားစောင်းဖြင့် ပြုလုပ်ထားသော သောက်ဆေးများ၊ အသားအရေအတွက် အလှကုန်များ၊ ဆံပင်အတွက် လိမ်းဆေးများ၊ ကျန်းမာရေးအတွက် ဖျော်ရည်များကို တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်ထားကြပါသည်။ မြန်မာ့ဆေးဖက်ဝင်အပင်များစာရင်းမှာလည်း ရှားစောင်းအပင်သည် ပါဝင်နေပါသည်။
၁။ အသားအရေလှပခြင်းအတွက်
ရှားစောင်း၏ အနှစ်ကို မျက်နှာပေါ်ကို အုပ်ပြီးလိမ်းပေးပါက ရှားစောင်းတွင်ပါဝင်သော အောက်ဆီဂျင်ဓါတ်ကြောင့် အရေပြားပေါ်မှ ဆဲလ်များကို ပိုမိုသန့်စင်စေပြီး ချောမွတ်လှပစေပါသည်။ ၀က်ခြံ၊ တင်းတိပ်များကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို နူးညံ့လှပစေပါသည်။ ထို့ကြောင့် ရှားစောင်းကို ကျန်းမာရေးနှင့် အလှအပဆေးအမျိုးမျိုးတို့ကို ထုတ်လုပ်သုံးစွဲနေကြပါသည်။
၂။ အမျိုးသမီးများအတွက်
ရှားစောင်းလက်ပပ်ကို ပါးပါးလှီး၍ ချက်စားပါက အမျိုးသမီးများ ဓမ္မတာကို မှန်စေပါသည်။ မီးယပ်ပျောက်ကင်းစေပါသည်။
၃။ အနာအမျိုးမျိုးအတွက်
ရှားစောင်းကိုကြိတ်၍ အနှစ်ကို သွေးစုနာ၊ အဖုနာ၊ အကြိတ်နာပေါ်ကို သုတ်လိမ်ပေးပါ။ အကြိတ်ကိုလည်း ကြေစေသလို ပြည်ကိုလည်း အမြန်ပေါက်စေကာ ငန်းမန်းကိုလည်း ကြေစေပါသည်။
၎။ နားကိုက်၊ နားနာအတွက်
ရှားစောင်း၏ အတွင်းအသားကို အရည်ညစ်ယူပါ။ မီးခပ်ပြင်းပြင်းဖြင့် ပြုတ်ပါ။ ပြီးလျှင် နားထဲကို အနည်းငယ်စီ ခတ်ပေးပါက နားနာ၊ နားကိုက်၊ နားယားတို့ကို ပျောက်ကင်းစေပါသည်။
၅။ ဆီး၊ ၀မ်းရောဂါများအတွက်
ရှားစောင်း၏ အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်ဖြင့်စိမ်ထားကာ သကြားရည်ထည့်သောက်ပေးပါက ဆီး၊ ၀မ်း၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးကိုက်ရောဂါများကို ပျောက်ကင်းစေပါသည်။
၆။ မျက်စိနာအတွက်
မျက်စိနာနေလျှင် ရှားစောင်းကို ကြိတ်၍ အနှစ်ကို မျက်စိပေါ်ကို အုံပေးပါ။ မျက်စိနာခြင်း၊ မျက်စိကိုက်ခြင်း၊ မျက်စိပူစပ်ခြင်းနှင့် မျက်စိယားယံခြင်းတို့ကို ပျောက်ကင်းစေပါသည်။
၇။ အရေပြားရောဂါအမျိုးမျိုးအတွက်
ရှားစောင်လက်ပပ်၏ အသား(အနှစ်)ကို လိမ်းပေးပါက မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင်ဒဏ်ရာ စသည်တို့ကို ရှားစောင်းတွင်ပါဝင်သော အောက်ဆီဂျင်ဓါတ်တစ်မျိုးကြောင့် အရေပြားပေါ်မှ ဆဲလ်များကို အလိုလို ပြုပြင်ပေးစွမ်းနိုင်ပါသည်။
၈။ အသည်း၊ နှလုံး၊ အဆုပ်၊ အူနှင့် ကင်ဆာများအတွက်
ရှားစောင်း၏အရည်ကို ညစ်ယူ၍ ဖျော်ရည်အဖြစ် သောက်သုံးပေးပါက ခန္ဓာကိုယ်တွင်းရှိ အသည်း၊ နှလုံး၊ အဆုပ်၊ အူနှင့် ကင်ဆာများအတွက် အထူးကောင်းမွန်သည့် ဆေးတစ်မျိုးဖြစ်ပါသည်။
၉။ အရက်နာကျသူများအတွက်
ရှားစောင်းလက်ပပ်ကို အစိမ်းလိုက် ၀ါးစားပေးပါက အရက်နာရောဂါကို ပျောက်ကင်းစေပါသည်။ လူကို ပုံမှန်အတိုင်း ပြန်လည်လန်းဆန်းလာစေနိုင်ပါသည်။
၁၀။ လူ့ခန္ဓာတစ်ခုလုံးအတွက် အကျိုးပြုပေးနိုင်
ဆံပင်၊ မျက်စိ၊ မျက်နှာ၊ နား၊ သွားကျန်းမာရေး၊ အရေပြား၊ အတွင်းကလီစာများ စသည့် လူခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးပြုပေးနိုင်သည့်အတွက် ရှားစောင်းဖြင့် ပြုလုပ်ထားသော စားဆေးများ၊ သောက်ဆေးများ၊ လိမ်းဆေးများ၊ ကိုယ်လက်သန့်စင်ဆေးရည်များ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ခေါင်းလိမ်းဆီ စသည့် ဆေးအမျိုးမျိုးနှင့် အသုံးအဆောင်မျိုးမျိုးတို့ကို ရှားစောင်းမှ ထုတ်လုပ်နေကြခြင်း ဖြစ်ပါသည်။
စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။
Ref: Benefits of Aloe Vera.
ကျန်းမာရေးသတင်းများ
www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

ဆီးပူ ဆီးအောင့်ခြင်းအတွက် ရှားစောင်းလက်လပ်
အသုံးပြုပုံကတော့
ရှားစောင်းလက်ပပ်မှ အနှစ်သားများကို ခြစ်ယူလိုက်ပါ။ ထို့နောက် ဆန်ဆေးရည် များဖြင့် စိမ်လိုက်ပါ။ ထိုစိမ်ထားသော အရည်များ ထဲသို့ သကြားထည့်သောက်ပါက ရောဂါ ကိုပျောက်ကင်းစေနိုင် ပါတယ်။ ထည့်ရမည့် ပမာဏတွေ ကတော့ အတိအကျ မရှိသည့် အတွက် အဆင်ပြေသလို အသုံးပြုနိုင် ပါတယ်။
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

Twitter Delicious Facebook Digg Stumbleupon Favorites More