ပါဝင်ပစ္စည်းများ
----------------
၁။ ကြက် - တစ်ခြမ်း(အနေတော်အတုံးလေးများတုံးပါ)
၂။ အသီးအရွက် ဆီ - စားပွဲဇွန်း ၄ဇွန်း
၃။ ငရုတ်သီးစိမ်း - အတောင့် ၂၀ (ပါးပါး လှီးပါ) (အစပ်မကြိုက်သူများအတွက် လျှော့ထည့်ပါ)
၎။ ခရမ်းချဉ်သီး - ၅ လုံး ( အစေ့ထုတ် ပြီး အတုံးလေးတွေလှီးပါ)
၅။ ချင်း - လက်တစ်ဆစ်(ထောင်းပါ)
၆။ ကြက်သွန်နီ - ၂ လုံး(ထောင်းပါ)
၇။ ကြက်သွန်ဖြူ - ၄ မြွာ(ထောင်းပါ)
၈။ ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
၉။ နံနံပင် - ၂ ပင် (လက်နှစ်ဆစ်လောက်ေ>ခပေးပါ)
၁၀။ နံနံပင် - ၁ပင် (အလှဆင်ရန်)
၁၁။ ငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
၁၂။ ဆား - အနည်းငယ်
၁၃။ ကြက်သားမှုန့် - အနည်းငယ်
၁၄။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
ချက်ပြုတ်နည်း
----------------
၁။ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊
နံနံပင် အမြစ်တို့ကို ထောင်းပါ။
၂။ ကြက်သား ရေဆေးပြီးလျှင်ကို
လိုရာအရွယ်လေးတွေ တုံးပေးပါ။
၃။ ကြက်သားတုံးလေးများကို ဆားဖြင့် နယ်ထားပါ။
၎။ အိုးထဲ သို့ ဆီထည့်ပါ။ ဆီဆူလျှင် နနွင်းမှုန့်ကိုထည့်ပါ။
ပြီးလျှင် ထောင်းထားသော ပစ္စည်းများကို ထည့်ပြီးမွှေပေးပါ။
၅။ မွှေးလာလျှင် ငရုတ်သီးမှုန့်၊ ငံပြာရည်နှင့်
ပါးပါးလှီးထားသောငရုတ်သီးစိမ်းကို ထည့်ပြီးဆီသတ်ပါ။
၆။ အစေ့ထုတ်ပြ်ီးလှီးထားသော ခရမ်းချဉ်သီးကို ထည့်ပြီး
အနည်းငယ် ပျော်တဲ့အထိ မွှေပါ။
၇။ ကြက်သားတုံးလေးများကို ထည့်ပြီး
ဖြည်းဖြည်းချင်း မွှေပေး ပါ ။ အတုံးပုံ မပျက်အောင်ပါ။
၈။ ရေကို နည်းနည်းချင်း ထည့်ပေးပါ။
အသားနူးတဲ့အထိပါ။ ပြီးလျှင် နံနံပင် ထည့်ပြီး
အသင့်စားသုံးလို့ ရပါပြီ။
• Syi Foodsgarden