ပါဝင်ပစ္စည်းများ
-----------------
၁။ ပုစွန်စပ်ထုပ် - ၆-၇ကောင်
၂။ ပဲပင်ပေါက် - ၁၅၀ ဂရမ် (၁၀ ကျပ်သား)
၃။ ကြက်သွန်နီ - ၁လုံး
၎။ အကြော်မှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
၅။ ပဲမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ နနွင်းမှုန့် - ဇွန်းဖျားစာ
၇။ ရေနွေးနွေး - စားပွဲဇွန်း ၅ဇွန်း
၈။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၉။ ဆီ
ကြော်နည်း
-------------
၁။ ပုစွန်ကို ခေါင်းချွတ်၊ ကျောက ချေးချောင်းများထုတ်ကာ သန့်စင်လိုက်ပါ။
၂။ အကြော်မှုန့်နဲ့ ပဲမှုန့်ကို ရေနွေးနွေးနဲ့ရောပြီးဖျော်လ
နနွင်းထည့်မွှေပြီး ပဲပင်ပေါက်၊ ကြက်သွန်လှီးပြီးသားပါးပါးတ
၃။ ဆီကို မီးအနေတော်ဖြင့်ထားပြီး ပန်းကန်တစ်ချပ်ထဲတွင် ပဲပင်ပေါက်အရောအနည်းငယ်၊ ပုစွန်၁ကောင်(သို့) ၂ကောင်ရောပြီး ဆီအိုးထဲဖြေးဖြေး လျှောချပြီး
တစ်ဖက်စီ ရွှေဝါရောင်သမ်းပြီး ကြွပ်လာသည်အထိထားပြီး ကြော်ပေးပါ။
မန်ကျည်းသီးချဉ်ဖြင့်တွဲစား