Pages - Menu

18 Oct 2013

ရွှေချီဆနွမ်းမကင်း

ရွှေချီဆနွင်းမကင်းကတော့ မြန်မာ့ရိုးရာမုန့်စစ်စစ်ဖြစ်ပြီး အလှူမင်္ဂလာပွဲများမှာ ရေပန်းစားတဲ့ မုန့်ဆိုရင်လည်း မမှားပါဘူး။ အဲလိုမုန့်မျိုးလေးကို အိမ်မှာစမ်းလုပ်ကြည့်ချင်သူများအတွက်
ကျွန်မစိတ်ကြိုက်အရသာအတိုင်းဖြစ်အောင် စပ်ထားတဲ့ ရွှေချီထိုးနည်းလေးကို မျှဝေပေးချင်ပါတယ်။ ရွှေချီထိုးနည်း အများစုကတော့ အုန်းနို့ကိုပဲ
သုံးကြတာများပါတယ်။ ကျွန်မကတော့ နို့စိမ်းကိုပါ ရောသုံးထားပါတယ်။

ပါဝင်ပစ္စည်းများ
......................
• ရွှေချီ - ၂၅၀ ဂရမ်
• အုန်းနို့ - ၄၀၀ ဂရမ်
• နို့စိမ်း - ၃၅၀ ဂရမ်
• သကြား - ၂၈၀ ဂရမ်
• ကြက်ဥ - ၁ လုံး
• ထောပတ် - ၉၀ ဂရမ်
• ဆား - လက်ဖက်ရည် ဇွန်း ထက်ဝက်
(အုန်းနို့၊ နို့စိမ်းနှင့် ကြက်ဥကိုရောခေါက်ထားပါ)

ပြုလုပ်နည်း
................
၁။ ပထမဆုံး ထောပတ်ကို အရည်ပျော်အောင်အပူပေးပြီး
ရွှေချီများကို အညိုရောင်သမ်းလာအောင် လှော်ပေးပါ။

၂။ သကြားနှင့် အုန်းနို့၊ နို့စိမ်းများ အရောများကိုထည့်ကာ အဆက်မပြတ် မွှေပေးပါ။

၃။ (ကြက်ဥပါတာကြောင့် အဆက်မပြတ်မွှေပေးရပါမယ်။
မဟုတ်ရင် ကြက်ဥကျက်သွားပြီး အဖတ်အဖတ်များဖြစ်တတ်လို့ပါ)

၎။ မုန့်သားဗန်းမှာ မကပ်တော့လျှင် မုန့်ဖုတ်ဗန်းထဲသို့ ပြောင်းထည့်ပြီး
ထောပတ်အနည်းငယ် ထပ်ဆမ်းပါ။

၅။ ဘိန်းစေ့ဖြူးကာ အုန်းနို့ဆမ်းပြီး ၁၈၀ ဒီဂရီအာဗင်မှာ နာရီဝက်ဖုတ်ပေးရင်ရပါပြီ။

......................
Evy's Kitchen
......................
http://evyfoodlover.com/

Twitter Delicious Facebook Digg Stumbleupon Favorites More