Pages - Menu

18 Oct 2013

မုန့်လက်ကောက်


ပါဝင်ပစ္စည်းများ
.......................
• ကောက်ညှင်းဆန် - စားပွဲဇွန်း ၁၀ ဇွန်း
• ရိုးရိုးဆန်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ရေ - စားပွဲဇွန်း ၅ ဇွန်း
• ဆိုဒါမှုန့် - ပါရုံမျှ
• ပျစ်အောင်ကျိုထားသော - ထန်းလျက်

ကြော်နည်း
...............
၁။ အားလုံးကိုရောမွှေပြီး မုန့်သားနပ်အောင် နာရီဝက်ခန့်ထားပါ။
၂။ မုန့်သားအနည်းငယ်ကိုယူကာ အကွင်းလေးဖြစ်အောင်လုပ်ပြီး ဆီများများနှင့် ကြော်ပေးပါ။
၃။ မီးနည်းနည်းနှင့် ကြွပ်နေအောင် ကြော်ရပါမယ်။
၎။ ကျန်မုန့်သားများကိုလည်း ထိုနည်းအတိုင်း ဆက်လုပ်သွားပါ။
၅။ ထန်းလျက်ရည်ဆမ်းကာ သုံးဆောင်နိုင်ပါပြီ။

......................
Evy's Kitchen
......................
http://evyfoodlover.com/

Twitter Delicious Facebook Digg Stumbleupon Favorites More