သမိုင်းကြောင်းကို
လေ့လာကြည့်ရာ၌ တို့ ဟူးကို တရုတ်ပြည်တွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀
ကျော်ကတည်းက စတင် စားသုံးလာခဲ့ ကြပါသည်။ ထိုအချိန်က တရုတ်ပြည်တွင် တို့ 
ဟူး ကို daufu ဟု ခေါ်ဆိုကြပါသည်။
တို့ ဟူးနှင့်ပတ်သက်၍ ဒဏ္ဍာရီတစ်ပုဒ်က ဤသို့ ဆိုခဲ့ပြန်ပါသည်။ တစ်နေ့ သော အခါ၊ တရုတ်လူမျိုး စာဖိုမှူးတစ်ယောက်သည် ပင်လယ်ရေညှိကျောက်ပွင့်ကို ပဲပုပ်ပဲနို့ ရည် အိုးထဲသို့  အမှတ်မထင်ရောထဲ့ခဲ့ရာမှ၊ ထိုပဲနို့ ရည်သည် ပျစ်ခဲသွားကာ တို့  ဟူး ဖြစ်သွာြးေ ကာင်း ဒဏ္ဍာရီတစ်ပုဒ် အဖြစ် မှတ်သားရပါသည်။
တို့ ဟူးနှင့်ပတ်သက်၍ ဂျပန်ရာဇ၀င်များတွင် ယခုလို ဖော်ပြထားပါသည်။ ဘီစီ ၁၇၉-၁၂၂ တွင် တရုတ်ပြည်၏ လျုအန်း ဘုရင် လက်ထပ် ၌ တရုတ်ပြည်ဖြစ် တို့ ဟူးကို ဂျန်ပန် နှင့် ကိုရီး ယား နိုင်ငံ များသို့  စတင်မိတ်ဆက်ခဲ့ကြောင်း၊ Nara သက္ကရာဇ် ၇၁၀-၇၉၄ ကာလများတွင် ဂျပ န်နိုင်ငံမှ Kento ဘုန်းကြီးများသည် ဗုဒ္ဓ၀ါဒ ကို လေ့လာဆည်းပူးရန်အတွက် တရုတ်ပြည်သို့ြ ကွချီ လာခဲ့ကြကြောင်း၊ သက်သက်လွတ်ကိုသာ သုံးဆောင်ကြရသော ဘုန်းကြီးများသည် ပရိုတင်းခွန်အားရရှိစေရန်အတွက် တို့ ဟူး ကို အဓိက ဟင်းလျာ အဖြစ် ဘုန်းပေးခဲ့ကြကြောင်း၊ သာသနာပြုပြီးနောက် ဂျပန်ပြည်သို့ ပြန်ကြွကြသောအခါ တို့ ဟူး ကိုသယ်ဆောင်သွာြး ကကြောင်း၊ ထို ကာလမှစ၍ တို့ ဟူး ပြုလုပ်ပုံကို ဂျပန်နိုင်ငံတွင်စတင် မိတ်ဆက်လာခဲ့ကြောင်း၊ ထိုကာလများ၌ ဂျပန်ပြည်တွင် တို့ ဟူး သည် ဘာသာရေး အထွတ်အထိပ်အတွက်သာ တင်မြှောက်ပသရသော အစားအစာတစ်ခုဖြစ်နေသေးကြောင်း၊ ထို့ နောက် ၁၄၈၉ ခုနှစ်တွင် တို့ ဟူး ကို မှူးမျိုးမတ်နွယ်နှင့် ဆာမူရိုင်း (ခေါ်) ဂျပန်စစ်သည် သူရဲကောင်းမျိုးနွယ်ဝင်များသာ အခွင့်ထူးခံအဖြစ်စားသုံးခဲ့ကြရကြောင်း၊ Edo သက္ကရာဇ် ၁၆၀၃ ကာလမှသာ ဂျပန်ပြည်ရှိ သာမန်လူတန်းစားများ စားသုံးခွင့်ရခဲ့ကြောင်း၊ ၁၇၈၂ ခုနှစ်တွင် Tofu Hyakuchin ဟု အမည် ရသော ဟင်းချက်ပြုတ်နည်းစာအုပ် ထုတ်ဝေပြီးနောက်ပိုင်းမှစ၍ ဂျပန်ပြည်ရှိ ဟင်းလျားများတွင် တို့ ဟူး က ရေပန်းစားလာ ခဲ့ကြောင်း၊ ဂျပန်ပြည်သို့ တို့ ဟူး စတင် ရောက်ရှိချိန် ၈--ရာစုနှစ် မှစ၍ ၁၅-ရာစုနှစ် တိုင်သည်အထိတောင် "တို့ ဟူး" ဟု မခေါ်ဝေါ် ကြသေးဘဲ၊ "Okabe" ဟု သာ ခေါ်ဆိုကြကြောင်း၊ Nakaomi ဟုအမည်ရသော Shinto ဘုန်းကြီးတစ်ပါးက ဒိုင်ရာရီတွင် "Tofu တို့ ဟူး" ဟု စတင်ခေါ်ဆိုခဲ့ကြောင်း၊ ၁၇-ရာစု နှောင်းပိုင်းမှသာ ဂျပန်နိုင်ငံတွင် တို့ ဟူး ကို ရိုးရာ ဟင်းလျာအဖြစ် ကျယ်ကျယ်ပြန့် ပြန့်  စားသုံးလာခဲ့ကြကြောင်း၊ လေ့လာ မှတ်သား ခဲ့ရပါသည်။
တို့ ဟူးသည့် သွင်းကုန်ုအစားအစာတစ်ခုအနေဖြင့် "အာရှ၏ ဟင်းသီးဟင်းရွက်ချိစ်" အဖြစ် ဥရောပတိုက်ထဲရှိ စပိန်နိုင်ငံသို့ ၁၆၀၃ ခုနှစ် ခန့် တွင် ပထမဦးစွာ ရောက်ရှိလာခဲ့ပါသည်။ ထို့ နောက် အင်္ဂလန် သို့ ၁၇၀၄ ခုနှစ်ခန့်  ၊ ပြင်သစ်နိုင်ငံသို့ ၁၈၈၀ ခုနှစ်များ အတွင်း ရောက်ရှိ ခဲ့ပါသည်။ ထို့ ကြောင့် ၁၈ ရာစုနှောင်းပိုင်း၌ ကမ္ဘာ့အနောက်ဘက်ခြမ်းတွင် တို့ ဟူးစားသုံး မှု မြှင်မားလာခဲ့ရာမှ၊ နောက်ပိုင်း တွင် တို့ ဟူး ကို သွင်းကုန် အစားအစာအဖြစ်မတင် သွင်းေ တာ့ဘဲ မိမိတို့ ဘာသာထုတ်လုပ်နိုင်ရန် ကြိုးစားလာခဲ့ကြပါသည်။ နည်းအမျိုးမျိုး ဖြင့် ကြိုးစား လာခဲ့ကြရာမှ နောက်ဆုံးတွင် ၁၉၂၉ ခုနှစ်၌၊ ကာလီဖိုးနီးယားရှိ La Sierra Industries မှ တို့ ဟူုး ကို စီးပွားဖြစ်စတင် ထုတ်လုပ် ရောင်းချ လာနိုင်ခဲ့ပါသည်။
၁၉၆၀၌ အနောက်နိုင်ငံများ တွင်၊ တို့ ဟူး ကို သုတေသနပြုလုပ်ကြည့်ရာ၌၊ ပဲပိစပ်တွင် ပါရှိေ သာ အပင်ဓာတု ပစ္စည်း တစ်မျိုး ဖြစ်သည့် Isoflavone သည် လူ့ ခန္ဓာကိုယ်၏ အရိုး များအ ပါ အ၀င်၊ အထူးသဖြင့် ကျောရိုး ကို ခိုင်မာစေခြင်း၊ မီးယပ် သွေးဆုံးကိုင်သော အမျိုးသမီး များ၏ မျက်နှာနှင့် လည်ပင်းတို့ တွင် သွေးရောင်ဖြန်းကာ ပူလိုက်/အေးလိုက် ဖြစ်ခြင်းကို သက်သာေ စခြင်း၊ ကိုလက်စထရောပမာဏနှိပ်ချပေးခြင်း၊ ခန္ဓာကိုယ်အတွက် အကျိုးပြုစေသော သတ္တုဓာ တ်နှ င့် ဆန့် ကျင်ဓာတ်တိုးပစ္စည်းများ ပေါကြွယ်ဝ ခြင်း၊ အူမကင်ဆာရောဂါ အပါအ၀င် ကင် ဆာေ ရာဂါအမျိုးမျိုးတို့ မဖြစ်ပေါ်စေရန် ကို ကြိုတင်ကာကွယ်ဟန့် တားပေးနိုင်ခြင်း၊ ကိုယ် အ လေး ချိန် ကို ကျစေနိုင်ခြင်း၊ ကြွက်သားများကိုသန်မာစေခြင်း ..စသည်. လူသားတို့ ကျန်း မာေ ရးအတွက် များစွာအကျိုးရှိစေကြောင်း သိရှိလာခဲ့ကြ ပါသည်။ ထိုသုတေသန ပြုပြီးသည့်ေ နာက်ပိုင်း ၁၉၆၀ မှစ၍ အနောက်နိုင်ငံများတွင် တို့ ဟူးဈေးကွက် သည် ရေပန်းစား လာပြီး၊ ၀ယ်လိုအားလည်း တရှိန်ထိုး တိုးတက်လာခဲ့ပါသည်။
တို့ ဟူးကို မိမိဘာသာ အိမ်တွင်ကျိုချက်လုပ်ယူနိုင်ပါသည်။ တို့ ဟူး ပြုလုပ်ပုံသည် မခက်ခဲလှေ သာ် လဲဘဲ အတန်ငယ်လက်ဝင်ပါသည်။ အမှန်တကယ်တော့ "တို့ ဟူး" ဆိုသည်မှာ ပဲနို့ ၏ အနှစ်ခဲဖြစ်ပါသည်။ မြန်မာပြည်တွင် ပဲပုပ်ပဲ (ခေါ်) ပဲပိစပ် အမှုန့် ဖြင့် တို့ ဟူးကြိုချက် ကြသလို၊ ပဲပုပ်ပဲရှားပါးသော မြန်မာပြည် အောက်ဘက်ပိုင်းဒေသများတွင်တော့ အလွယ်တကူရရှိနိုင် သည့် ကုလားပဲ အမှုန့် ဖြင့် တို့ ဟူး ကြိုချက်ကြပါသည်။ တို့  ဟူး ပြုလုပ်ရန်အတွက် ရှေးဦးစွာ ပဲပုပ်ပဲ(ခေါ်)ပဲပိစပ် အစိမ်းမှုန့်  (သို့ မဟုတ်) ကုလားပဲအစိမ်းမှုန့် ၁-ဆ လျှင် ရေ ၄-ဆ ရော၍ ပဲများ ပွလာစေရန် တစ်နေ့ နှင့်တစ်ည စိမ်ထားရပါသည်။ နောက်တစ်နေ့ တွင် အနယ်ထိုင်ေ နသော ထိုပဲရည်ထဲသို့  နနွင်းနှင့် ဆားအနဲငယ်ထဲ့၍ သမအောင် မွှေပေးရပါသည်။ ကုလားပဲ၏ ပင်ကိုယ်သဘာဝအရောင်မှာ အ၀ါရောင်ဖြစ်သည့်အတွက် ကုလားပဲမှုန့် နှင့် တို့ ဟူးကျိုပါလျှင် အထူးတလည် နနွင်းးမှုန့် ထဲ့စရာမလိုပါ။ ထို့ နောက်ပဲရည်ကျိုချက်ရန်အတွက် အိုးတစ် လုံြး ဖင့် ရေနွေးတည်ထားပြီး၊ ရေနွေးများ ပွက်ပွက် ဆူလာပါက၊ ပဲရည်ကို အိုးထဲသို့ လောင်း ထဲ့ရ ပါသည်။ ပဲလုံးဝကျက်သွားစေရန်အတွက် မိနစ် ၄၀ ခန့် ကြာအောင် ကျိုပေးရပါမည်။ ပဲသည် အိုးကပ်တတ်သဖြင့် ပဲကျိုနေစဉ် သစ်သားယောက်ချိုဖြင့် မွှေပေးဖို့ လိုအပ်ပါသည်။ အိုး ကပ် သွားလျှင် အရသာမှာလည်း ပြောင်းလဲသွားစေနိုင်သဖြင့် အထူးသတိပြုပေးရပါမည်။ ပဲစိမ်း နံ့ မ ထွက်ဘဲမွှေးလာပြီဆိုပါလျှင် ပဲကျက်လာပြီ ဖြစ်ပါသည်။ ထိုအချိန်တွင် ရေများလည်း တဖြည်းဖြည်းခမ်းလာပြီး၊ ပဲနှစ်ရည်များစေးထန်းလာသည်အထိ သတိပြု၍ အဆက်မပြတ်
သစ်သားေ ယာက်ချို ဖြင့် မွှေပေး ရပါမည်။
ဥပမာ ပုန်းရည်ကြီးကဲ့သို့ အနှစ်များပျစ်ခဲလာပါလျှင် ၄င်းသည် တို့ ဟူး ဖြစ်လာပါပြီ။
ထိုအခါ မီးဖိုပေါ်မှချ၍ အအေးခံထား ရပါမည်။
မြန်မာနိုင်ငံတွင် အိမ်တွင်းလုပ် အ၀ါရောင်တို့ ဟူးများကို အမြို့ မြို့ အနယ်နယ်တိုင်းရှိ ဈေးဆိုင် တန်းများတွင် ထောင့်မှန်စတုဂံပုံသဏ္ဍာန် လေးထောင့်အတုံးများတုံး၍ တစ်နှစ်ပတ်လုံးေ ရာင်း ချ
ြ ကပါသည်။ နနွင်းမှုန့် လုံးဝမထဲ့ထားသော အဖြူရောင်တို့ ဟူးများကိုလည်း ရံဖန်ရံခါ တွေ့ ရ တတ်ပါသည်။ အိမ်တွင်းလုပ် တို့ ဟူး၏ အသားမှာ အနည်းငယ်တောင့်တင်းပါသည်။ ယနေ့ြ မန်မာပြည်ဈေးကွက်တွင် တရုတ်(သို့  မဟုတ်)ဂျပန်မှ တင်သွင်းလာသော ပလပ်စတစ်အိတ်ြ ဖင့် ထုပ်ပိုးထားသည့် ကြက်ဥနှစ်ရောင် တို့ ဟူးအနှစ်အပျော့များ နှင့် နိုင်ငံခြားဖြစ် ကရင်မ်ရောင် တို့ ဟူး ပူတင်းများ ကို စူပါမားကတ်ဆိုင်ကြီး များတွင် တွေ့ ရပါသည်။
တို့ ဟူး၏ မူလသဘာဝ အရသာမှာ စိမ့်၍ အသားမှာခပ်ဖွယ်ဖွယ်ဖြစ်ပါသည်။ သို့ သော်၎င်းကို ဟင်းခတ်အမွှေးအကြိုင်အနှစ်များဖြင့် မွမ်းမံပြင်ဆင်ချက်ပြုတ် လိုက်သည့် အခါတွင်တော့၊ အရ သာရှိသည့် စားမြိန်ဖွယ်ဟင်းလျာ ဖြစ်လာပါသည်။ မြန်မာပြည်တွင် အနဲငယ် တောင့်တင်းေ သာ အိမ်တွင်းလုပ် တို့ ဟူး များကို အစိမ်းလိုက်အသုပ်သုပ်၍သော်လည်းကောင်း၊
တို့  ဟူး ကြော်သုပ်အဖြစ်လည်းကောင်း၊ နှစ်သက်ရာသား/ငါး/ပုစွန် တို့ ဖြင့်ရောနှောကာ ချိုချဉ်ကြော် အဖြစ်လည်းကောင်း၊ အသီးအရွက်တို ဖြင့် ရောနှောကာ သက်သက်လွတ် အစိမ်းကြော်
အြ ဖစ်လည်းကောင်း ချက်ပြုတ်စားသောက်ကြပါသည်။ ထို့ ပြင် တို့ ဟူး ကို မိမိနှစ်သက်သလို အကြွပ်ကြော် (သို့ မဟုတ်) အပျော့ကြော်ကာ အချဉ်ရည်ဖြင့် တို့ ၍ သွားရည်စာအဖြစ် စားေ သာက်လေ့ ရှိကြပါသည်။ ဟိုးယခင်ကာလများ၌ ရှမ်းပြည်တွင်သာ စားရသော တို့ ဟူးနွေး ကို ယခုအခါ မြန်မာနိုင်ငံ၏ နေရာဒေသမရွေး၊ လူမျိုးဘာသာမရွေး၊ နှုတ်မြိန်ဖွယ် အာဟာရအဖြစ် စားသုံးနိုင် ကြပါပြီ။ စူပါမားကတ် တွင် တွေ့ ရသော ကြက်ဥနှစ်ရောင် တို့ ဟူးအပျော့များကို Hot Pot ၊ ခေါက်ဆွဲ/ကြာဇံပြုတ်၊ နှင့် ချဉ်စပ် ဟင်းရည် များတွင် စားသုံးကြပါသည်။ နိုင်ငြံ ခားဖြစ် ကရင်မ်ရောင် တို့ ဟူး ပူတင်းများကို ရာသက်ပန်သက်သက်လွတ် စားသုံးများအတွက် ကြက်ဥ ပူတင်း/နို့ ပူတင်း အစားထိုး အာဟာရအဖြစ် စားသုံးနိုင်ပါသည်။ ထို့ ပြင် ကလေးငယ် များနှင့် သက်ကြီးရွယ်အို များကို အာဟာရပြည့်ဝ သော သွားရည်စာအဖြစ် ကျွေးမွေးနို င်ပါ သည်။ သို့ သော် နိုင်ငံခြားဖြစ် ပစ္စည်းများကို ရွေးချယ်ဝယ်ယူရာတွင် သက်တမ်းလွန်ပစ္စည်းများ မဖြစ်စေရန် အထူးသတိပြုစစ်ဆေးဖို့ လိုပါသည်။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)