Pages - Menu

11 Nov 2012

ဟင်းလျာများကို ကျန်းမာရေးနှင့် ညီညွတ်စေအောင်

မိမိချက်မဲ့ ဟင်းလျာများကို ကျန်းမာရေးနှင့် ပိုညီညွတ်စေအောင်


ဟင်းလျာတွေ ချက်ပြုတ်ပြင်ဆင်တဲ့အခါ ပါဝင်ပစ္စည်းတချို့ကို ပြောင်းလဲလိုက်ခြင်းအားဖြင့် အဆီနဲ့ ကယ်လိုရီကို လျှော့ချနိုင်ပြီး အမျှင်ဓာတ်များများ ရရှိမှာပါ။



ကြက်ဥ၊ ဘဲဥ အလုံးလိုက်သုံးမယ့်အစားဒါကိုသုံးပါ 

- ဟင်းထဲမှာ ကြက်ဥ၊ ဘဲဥအလုံးလိုက်မသုံးဘဲ ကြက်ဥ၊ ဘဲဥအကာနှစ်လုံး ဒါမှမဟုတ် ကြက်ဥ၊ ဘဲဥကို ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံခန့်သာ ထည့်သုံးပါ။
 ဒီနည်းအားဖြင့် ဟင်းလျာထဲမှာ ကယ်လိုရီနဲ့ ကိုလက်စထရောပါဝင်မှုကို လျှော့ချနိုင်မှာပါ။

အီတလီခေါက်ဆွဲအစားဒါကိုသုံးပါ 

- ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ ခေါက်ဆွဲညို (Whole Wheat Pastas) ကို အသုံးပြုပါ။
 ဒီအမျိုးအစားမှာ အိုမီဂါသရီး ဖက်တီးအက်စစ်ပါဝင်တဲ့ အတွက် နှလုံးကျန်းမာစေပါတယ်။

ဆန်ဖြူအစားဒါကိုသုံးပါ 

- ဆန်လုံးညိုဟာ ဆန်ဖြူထက် အမျှင်ဓာတ်နဲ့ အာဟာရဓာတ်ပိုမို ပါဝင်ပါတယ်။
 ဆန်လုံးညိုမှာ အမျှင်ဓာတ်ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်း ကင်းဝေးစေပါတယ်။

ရိုးရိုးဒိန်ခဲအစားဒါကိုသုံးပါ

- အဆီထုတ်ထားတဲ့ ဒိန်ခဲတွေကို ဒီနေ့ခေတ်မှာ အလွယ်တကူဝယ်ယူ ရရှိနေပါပြီ။
 အဆီအပြည့်ပါတဲ့ ဒိန်ခဲအစား အဆီထုတ်ထားတဲ့ ဒိန်ခဲကိုသုံးရင် ဟင်းလျာအရသာမပျက်ဘဲ ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းနိုင်မှာပါ။

ဆားအစားဒါကိုသုံးပါ 

- ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ရောထားတဲ့ ဆားအမျိုးအစားကို သုံးပါ။ တကယ်လို့ အဲဒီဆားမရနိုင်ရင် ဆားလျှော့ထည့်ပြီး ဟင်းခတ်အမွှေးအကြိုင်များများသုံးပေးပါ။

စားအုန်းဆီအစားဒါကိုသုံးပါ 

- နေကြာဆီ၊ ပြောင်းဆီ၊ သံလွင်ဆီ၊ ကနိုလာဆီစတဲ့ မပြည့်ဝဆီတွေဟာ နှလုံးကျန်းမာရေးနဲ့ ညီညွတ်တဲ့အတွက် အသုံးပြုနိုင်ပါတယ်။

TIPS!
 
ဟင်းလျာနဲ့ သရေစာမုန့်ကနေ ကယ်လိုရီပမာဏ လျှော့ချနိုင်တာဟာ ကိုယ်အလေးချိန်ကို ထိန်းနိုင်ပါတယ်။ 
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် ရှိရင် ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါစတဲ့ နာတာရှည်ရောဂါတွေ ဖြစ်နှုန်း နည်းစေပါတယ်။

အမျှင်ဓာတ်ပိုရလေ ကြာကြာဗိုက်ပြည့်လေပါ။ 
အမျှင်ဓာတ်ဟာ နှလုံးနဲ့ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။

ဟင်းလျာထဲမှာ ဆားလျှော့ထည့်ရင် သွေးတိုးနိုင်ခြေ လျော့ကျစေပါတယ်။

Ref: Good Health


 

Twitter Delicious Facebook Digg Stumbleupon Favorites More