Pages - Menu

9 Nov 2012

ခေါက်ဆွဲကြော်လေး ကြော်ကြမယ်





ပါဝင်သော ပစ္စည်းများ


၁။ ခေါက်ဆွဲ (၅၀သားခန့်)
၂။ဂေါ်ဖီထုပ် အနည်းငယ်
၃။ရွှေပဲသီး အနည်းငယ်
၎။ပဲပင်ပေါက် အနည်းငယ်
၅။မုန်လာဥနီ (၁)ဥခန့်
၆။ပြောင်းဖူးအနု (၆)ခု
၇။ကြက်သွန်နီဥကြီး (၂)ဥ
၈။ကြက်ဥ(သို့) ဘဲဥ (၃)လုံး
၉။ပဲဆီ (ပဲငံပြာရည်အနောက်) စားပွဲတင်ဇွန်း (၂)ဇွန်း
၁၀။ သကြား စားပွဲတင်ဇွန်း(၁)ဇွန်း
၁၁။ခရုဆီ စားပွဲတင်ဇွန်း (၂)ဇွန်း
၁၂။ ဆား (သို့) ပဲငံပြာရည်အကြည် သင့်တင့်ယုံမျှ
၁၃။ကြက်သား (သို့) ဝက်သား
၁၄။ အကြော်ကြော်ရန်ဆီ
အချိုမုန့် ထည့်ဝင်လိုပါက မိမိစားသုံးသင့်သော အတိုင်းအတာ

အသီးအရွက်တွေကို လျှော့ထည့်ချင်လဲရပါတယ်။
အမျိုးအရေတွက် လျှော့နည်းစေချင်ရင်လဲရပါတယ်။
 ဂေါ်ဖီနဲ့ ပဲပင်ပေါက်  ၊ကြက်သွန် စသည်ဖြစ်ပဲ ထည့်ချင်တယ်ဆိုရင်လဲ အဆင်ပြပါတယ်။
 မေက အသီးအရွက်တွေကို နှစ်သက်ခုံမင်လို့ အမျိုးအမည်များများနဲ့ ပိုထည့်လိုက်တာပါ။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ အသီးအရွက်များကို ပုံတွင်ပြထားသည့်အတိုင်း မိမိစိတ်ကြိုက် အနေအထားအတိုင်း လှီးဖြတ်ပေးပါ။

၂။ ခေါက်ဆွဲများကို ပဲဆီ ၊ခရုဆီ(သုံးစွဲပါက) စသည်ဖြစ် နယ်ထားပေးပါ။
ပဲဆီ ခရုဆီကို ကြိုတင်မနယ်ဘဲ အသီးအရွက်ကြော်တဲ့အထဲ ထည့်လိုက်ရင်လဲ ရပါတယ်။
 ဒါပေမဲ့ အဲ့ဒီလိုထည့်လိုက်ရင် အသီးအရွက်များမှာ ပဲဆီအရောင်ကြောင့် အစိမ်းရောင်ပျောက်ပြီး မဲသွားလို့ ခေါက်ဆွဲထဲသာ ကြိုတင်နယ်ထားလိုက်တာပါ။

၃။ကြက်ဥကို အိုးပြားပြားလေးထဲ ပါးပါးလေး ဖြစ်အောင် ဟိုဘက်ဒီဘက်လှိမ့်ကာ ကြော်ပေးပါ။
 ခေါက်ဆွဲကျက်မှ ထည့်လိုလျှင်လဲ ရပါ၏။ အဲ့လိုထည့်ရင်ကြက်ဥများကြောင့် ခေါက်ဆွဲများ တစ်စုတစ်ဝေးထဲ စုစည်းနေကာ စီးကပ်နေခြင်းကို မေ မနှစ်သက်သောကြောင့် ကြိုတင်ကြော်ထားလိုက်ပါသည်။










ထို့နောက် ထိုကြက်ဥ အပြားလိုက်ကို အိုးထဲတွင်ပင် လှိမ့်ယူလိုက်ပါသည်။ လှိမ့်ယူထားသော ကြက်ဥများကို အမျှင်ပါးပါးလှီးထားလိုက်ပါသည်။



၎။ အားလုံးအဆင်သင့် ဖြစ်ပြီးဆိုလျှင် မီးဖိုးပေါ်သို့ ဒယ်အိုးတင် ၊အိုးထဲသို့ အကြော်ကြော်ရန် သင့်တင့်သော ဆီထည့် ထားလိုက်ပါ။
ဆီများ အရှိန်ပြင်းပြင်းနှင့် ပူလာလျှင် ကြက်သွန်နီကို ထည့်ကာ နွမ်းသွားယုံမျှ ကြော်ပေးလိုက်ပါ။
ထို့နောက် အသားထည့်ကြော် ။
 အသားများ ကျက်လောက်သည့်အခါတွင် အသီးအနှံများကို ထည့်ကြော်ပါလေ။

ပဲပင်ပေါက်နှင့်ကြက်ဥများကို မထည့်သေးပဲ ချန်လှပ်ထားပါ။



Twitter Delicious Facebook Digg Stumbleupon Favorites More