Pages - Menu

8 Nov 2012

ထိုင်းစတိုင်လ် ထမင်းလက်သုပ်

ပါဝင်သောပစ္စည်းများ

ဆန် နို့ဆီဘူး(၁) လုံး

ငရုပ်သီးအပု (၂)တောင့်

ကြက်သွန်နီဥကြီး (၂) ဥ

ဆီ လက်ဖက်ရည်ဇွန်း(၁)ဇွန်း

အာလူး (၁၂) အောင်စ (ပြုတ်၍ အတုံးကလေးများ လှီးထားရန်)

ကြက်ဥခေါက်ဆွဲ (၄) အောင်စ

ဆန်ကြာဇံ (၄)အောင်စ (ရေထဲတွင် ဆယ်မိနစ်ခန့်စိမ်၍ ရေစစ်ပြီးထားရန်)

ပဲကြာဇံ (၂)အောင်စ (ရေထဲတွင် ဆယ်မိနစ်ခန့် စိမ်၍ ရေစစ်ပြီးထားရန်)

ဟင်းနုနယ်ရွက် (၈)အောင်စ

ပဲပင်ပေါက် (၆) အောင်စ

မန်ကျည်းသီးအနှစ် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို ရေနွေး(၂၀၀) မီလီနှင့်ဖျော်ထားရန်
ဆား အနည်းငယ်

တွဲဖက်စားသုံးရန် ပစ္စည်းများ
ကြက်သွန်နီဥကြီး (၁) လုံးကို ပါးပါးလှီး၍ ကြော်ထားရန်

ကြက်သွန်မြိတ်(၃)ပင်ကို အရှည်လိုက်လှီး၍ ခွာထားရန်

ကြက်သွန်နီဥကြီး (၁)လုံးကို ပါးပါးလှီးထားရန်

ပဲကြာဇံ(၂)အောင်စကို ကြွပ်အောင် ကြော်ထားရန်

ပဲမှုန့်အကျက် လက်ဖက်ရည်ဇွန်း(၃)ဇွန်း

ငရုပ်သီး အကျက်မှုန့် လက်ဖက်ရည်ဇွန်း(၂) ဇွန်း

နံနံပင် အနည်းငယ်

(၁) ငရုပ်သီးအပုနှင့် ကြက်သွန်နီကို ညက်အောင်ထောင်းပါ။ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်၍ နှစ်မိနစ်၊ သုံးမိနစ်ခန့် ဆီသတ်ပါ။ ကြက်သွန်အနှစ်ကို ထမင်းထဲသို့ ထည့်၍ နယ်ပါ။

(၂) ဟင်းနုနယ်ရွက်နှင့် ပဲပင်ပေါက်တို့ကို ရေဆေးပြီး၊ နူးသွားအောင် ရေနွေးဖြောပါ။

(၃) အာလူး၊ ခေါက်ဆွဲ၊ ကြာဇံ၊ ဟင်းနုနယ်၊ ပဲပင်ပေါက်တို့ကို ဆားအနည်းငယ်ထည့်၍ သီးခြားစီနယ်ထားပါ။
(၄)ထို့နောက် ဆီသတ်၍ နယ်ထားသော ထမင်း၊ အာလူး၊ ခေါက်ဆွဲ၊ ဆန်ကြာဇံ၊ ပဲကြာဇံ၊ ဟင်းနုနယ်နှင့် ပဲပင်ပေါက်တို့ကို ဗန်းထဲတွင် တစ်ပုံစီပုံထားပါ။

(၅)စားသုံးသူတစ်ဦးချင်းစီအတွက် နှစ်သက်ရာ ပမာဏနှင့် အမျိုးအစားအလိုက် ထည့်ပြီး မန်းကျည်းနှစ်၊ ပဲမှုန့် ငရုပ်သီးမှုန့်တို့ကို လိုအပ်သလို ထည့်၍ နယ်ပြီး သုံးဆောင်နိုင်ပါသည်။

Ref: Internet






Twitter Delicious Facebook Digg Stumbleupon Favorites More