Pages - Menu

6 Dec 2012

ဆန်လုံးညို စားသုံးပါက သွေးတိုး နှလုံး လေဖြန်းရောဂါ ကာကွယ်နိုင်

မကြာခင်က သုတေသန ဆေးသိပ္ပံပညာရှင်များသည် ဆန်လုံးညို စားသုံးခြင်းဖြင့် သွေးတိုးနှင့် နှလုံး၊ လေဖြန်းရောဂါ ဖြစ်ပွားမှုကို လျှော့ချနိုင်မည်-ဟု ပြောကြားလိုက်သည်။

ဆန်လုံးညိုသည် ဆန်ဖြူထက် အမျှင်ဓာတ် ပိုမိုများပြီး သွေးအဆီ တိုးခြင်းကို တိုက်ထုတ်နိုင်သည်။ ဆန်လုံးညိုတွင် နှလုံးကို ကာကွယ်ရန်အတွက် ပရိုတင်းဓာတ်တမျိုး ပါရှိသည်။ ယင်းဓာတ်သည် ဆန်ကို ဖြူအောင် ဖွပ်လိုက်သောအခါ ပါသွားနိုင်သည့်အတွက် ဆန်လုံးညိုကို စားသုံးကြရန် ဆေးသိပ္ပံပညာရှင် များက တိုက်တွန်းခဲ့ကြသည်။

အမေရိကန်ပြည် ဖယ်လာဒယ်(လ်) ဖီးယားပြည်နယ်၊ တန်ပယ်ယူနီဗာစီတီမှ ပရော်ဖက်ဆာ ဆာတိုရုအီဂူချီက ဆန်လုံးညိုဟာ ဆန်ဖြူထက် အားသာချက်တွေ ရှိပါတယ်။ သွေးတိုးနဲ့ သွေးကြောထူပိတ်လာခြင်း (သွေးကြောတွေ မာတောင့်လာခြင်း)ကို ကာကွယ်နိုင်ပါတယ်။ ဆန်မှာ Sublager လို့ ခေါ်တဲ့ ပရိုတိန်းအလွှာဓာတ် တမျိုးပါဝင်ပါတယ်။ ယင်းအလွှာဟာ သွေးတိုးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်-ဟု ပြောကြားခဲ့သည်။
အကိုး။ ။ True News ဂျာနယ် (၁၈-၅-၂၀၁၀) 
မင်းစောထက်  

Twitter Delicious Facebook Digg Stumbleupon Favorites More