Pages - Menu

1 Feb 2012

ခုခံအားကောင်းအောင် ဒီအစာတွေစားပါ

၁.လက်ဖက်ရည် ကျွန်မတို့ ခန္ဓာကိုယ်မှ ရောဂါကို ခုခံနိုင်တဲ့ အစွမ်းထက် ဓာတုပစ္စည်းတစ်ခုကို Interferon လို့ခေါ်ပါတယ်။ သူ့ရဲ့ အလုပ်ဟာ ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်စ်တွေ တိုးပွားလာတာကို ရပ်ဆိုင်းအောင်လုပ်ဖို့ပါ။ ဒီလိုလုပ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်လာတဲ့ ရောဂါမှန်သမျှကို ရပ်ဆိုင်းသွားစေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်တွင်း ပိုများလာတိုင်း လက်ဖက်ရည်မှာပါဝင်တဲ့ L-theonineဟာ ခုခံအားစနစ်မှ Interferonကို ပုံမှန်ထက် ငါးဆ ပိုထုတ်ပေးနိုင်ပါတယ်။ လက်ဖက်ခြောက် အမည်း၊ အဖြူ နဲ့ အစိမ်းရောင် အားလုံးမှာ L-theonine ပါဝင်ပါတယ်။

၂. မှို

မှိုမှာ ခုခံအားစနစ်ကောင်းစေတဲ့ ဗီတာမင်ဒီ ပါဝင်ရုံမက ခုခံအားစနစ်အတွက် လိုအပ်တဲ့ polysaccharides တွေလည်း ပါဝင်ပါတယ်။ Polysaccharides တွေဟာ ရောဂါပိုးတွေကို သဘာဝအလျောက် သေစေနိုင်တဲ့ Cells တွေကို ၅၀ ရာခိုင်နှုန်းထိ တိုးပွားစေနိုင်ပါတယ်။ ဒါ့ပြင် မှိုဟာ ဘက်တီးရီးယားကို သေစေနိုင်တဲ့ defensins ခေါ် antimicrobial peptides ကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။ ရောဂါပိုးကို တွန်းလှန်နိုင်ဖို့ မှိုကိုအများကြီး စားစရာ မလိုပါဘူး။ ခွက်တစ်ဝက်စာ ၆၀ ဂရမ်လောက်ဆို လုံလောက်ပါတယ်။




၃.ဆီးသီး

ဆီးသီးဟာ blueberry သီးလိုမျိုး ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်မှု အများဆုံးအစာပါ။ ဆီးသီးတစ်လုံးမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းပမာဏဟာ လက်တစ်ဆုပ်စာ blueberryသီး နဲ့ ပမာဏချင်း တူညီပါတယ်။

Ref: Good Health

Twitter Delicious Facebook Digg Stumbleupon Favorites More