Pages - Menu

29 Nov 2012

အငန်၊အဆီ၊အချို၊ စားချင်စိတ် ပြင်းပြနေရင်

အငန်ပါဝင်တဲ့ အစာတွေကို စားချင်စိတ် ပြင်းပြနေရင် သွပ်ဓာတ်မှီဝဲပါ

အာလူးကြော်လိုမျိုး ငန်၊ စပ်တဲ့ အစာတွေကို စားချင်စိတ် ပြင်းပြနေရင် သင့်လျှာမှ အရသာခံတဲ့ အဖုတွေ မကောင်းလို့ပါ။ သွပ်ဓာတ် ပါဝင်တဲ့ အစာတွေ စားပေးပါ။ သွပ်ဓာတ်ဟာ အရသာခံ လျှာဖုတွေ ထိထိရောက်ရောက် အလုပ်လုပ်နိုင်ရုံ သာမက အရသာခံ လျှာဖုအသစ်တွေ ထွက်လာအောင်လည်း လှုံ့ဆော်နိုင်တယ်လို့ မကြာခင်က လေ့လာမှုအရ သိရပါတယ်။ ပုစွန်၊ အမဲသားနဲ့ ကဏန်းလိုမျိုး သွပ်ဓာတ်ကြွယ်ဝတဲ့ အစာတွေကို နေ့စဉ်စားပေးပါ။


Tips


ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာကြောင့် ခန္ဓာကိုယ်မှ သွပ်ဓာတ်စုဆောင်းမှုကို လျော့ကျစေနိုင်တဲ့အတွက် ဆေးလိပ်သောက်သူတွေဟာ အစပ်များများပါတဲ့ အဆာပြေစာတွေကို စားချင်စိတ် ပြင်းပြနေရတာလို့ ဆိုပါတယ်။

အဆီပါဝင်တဲ့ အစာတွေကို စားချင်စိတ် ပြင်းပြနေရင် ဗီတာမင်ဘီ မှီဝဲပါ

ပီဇာ၊ ဒိန်ခဲနဲ့ လက်ဖက် အကြော်စုံလိုမျိုး အဆီစာတွေ စားချင်စိတ် ပြင်းပြတာဟာ စိတ်ဖိစီးမှု များလို့ပါ။ အဆီပါဝင်တဲ့ အစာတွေဟာ စိတ်ဖိစီးမှု ဟော်မုန်းတွေကို ပိတ်ပင်နိုင်တာကြောင့်လို့ ဆိုပါတယ်။ ဖိစီးမှုတွေ လျော့ကျအောင်နဲ့ စိုးရိမ်စိတ်နည်းအောင် ဗီတာမင်ဘီကို နေ့စဉ် မှီဝဲပါ။ ဗီတာမင်ဘီဟာ ဦးနှောက်အတွင်း အာရုံကြောအချင်းချင်း ဆက်သွယ်မှု ကောင်းစေတာကြောင့် ပျော်ရွှင်မှု ရရှိစေပြီး စိတ်အေးချမ်းမှုပါ ရရှိစေနိုင်တယ်လို့ သုတေသီတွေက ရှင်းပြပါတယ်။

Tips


မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုလည်း ပိုကောင်းစေပါတယ်

ဗီတာမင်ဘီဟာ ဦးနှောက်အတွင်း ဆဲလ်တွေ ပျောက်ဆုံးမှု မရှိအောင် ကာကွယ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဖော်ထုတ်ထားပါတယ်။

အချိုပါဝင်တဲ့ အစာတွေကို စားချင်စိတ် ပြင်းပြနေရင် ငှက်ပျောသီးစားပါ

သကြားလုံး၊ ကိတ်မုန့်၊ ကွတ်ကီးလိုမျိုး အချိုစာတွေကို စားချင်ရတာဟာ ဦးနှောက် ပင်ပန်းတာကြောင့်ပါလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ သွေးတွင်းမှာ ဂလူးကို့စ် လျော့နည်းတာကြောင့် ဦးနှောက် ပင်ပန်းတတ်ပါတယ်။ ဂလူးကို့စ်ဟာ ဦးနှောက်အတွက် အဓိက လောင်စာဖြစ်လို့ပါ။ အချိုစာတွေ စားမယ့်အစား ငှက်ပျောသီး စားလိုက်ပါ။ ငှက်ပျောသီးမှာ ဂလူးကို့စ်တွေ ပါဝင်တဲ့ အတွက် ပြန်လည် လန်းဆန်းနိုင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီး တစ်လုံးမှာ ကယ်လိုရီ ၁၀၀ သာ ပါဝင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်တွေက မောပန်းတာကိုလည်း ပြေပျောက်စေပါတယ်။

Tips

ပီကေဝါးနိုင်ပါတယ်

သကြားမပါတဲ့ပီကေ ဝါးတာကြောင့် အချိုစာ တပ်မက်မှု လျော့ကျသွားနိုင်ပါတယ်။ ပီကေဟာ ဦးနှောက်အတွင်း သင့်ကို တက်ကြွမှု ဖြစ်စေနိုင်တဲ့ နေရာက နှိုးဆွနိုင်လို့ပါ။

By Good Health

Twitter Delicious Facebook Digg Stumbleupon Favorites More