Pages - Menu

21 Nov 2012

ဂျင်းသည် ဆီးချိုရောဂါကို ကာကွယ်

ဂျင်း (ချင်း) သည် ဆီးချိုရောဂါကို ကာကွယ်နိုင်ကြောင်း ဆေးပညာရှင်များ က လေ့လာ တွေ့ရှိထားသည်။

နာတာရှည် ဆီးချိုရောဂါဖြစ်နေသူများလည်း ဂျင်းစိမ်းပြုတ်ရည် ပုံမှန် သောက်သုံးပါက ရောဂါပျောက်ကင်းကြောင်း စမ်းသပ်အောင်မြင် ထားသည်။ 

ဂျင်းသည် ခန္ဓာကိုယ်တွင်း သကြားဓာတ်၊ ဂလူးကို့စ် ဓာတ်ကို ထိန်းချုပ်ပေးပြီး အလိုအပိုမရှိအောင် စီမံခန့်ခွဲပေးသည်။

ထို့ကြောင့် ဂျင်းသည် ဆီးချိုရောဂါကာကွယ်ရန် အကောင်းဆုံး ဆေးဝါးများ ထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။
---
Via:medicfacts



ဂျင်း (Ginger) အသုံးဝင်ပုံ




(ပေါ့ပေါ့ပါးနဲ့  အလွန်အသုံးတဲ့သည် မီးဖိုချောင်းသုံးလေးပါ အားလုံးလည်း သိပြီးသားတွေပါ ဗဟုသုတဆိုသည့်မှာ ပိုတယ်ဆိုတာ မရှိဘူး ထင်လို့ ပါ ဗျာ ...Mg Mandalay )

ဥအတက်ကိုသာ များသော အားဖြင့် အစား အသောက်တွင် လည်းကောင်း၊ ဆေးဝါးများ အဖြစ် သော်လည်းကောင်း အသုံးပြု တက်ပါသည်။
၎င်းဂျင်း အတက်များကို မြန်မာပြည် အပါအ၀င် နိုင်ငံ တော်တော် များများတွင် ဟင်းလျာ များ၌ လည်းကောင်း၊ စားစရာ အဖြစ် လည်းကောင်း၊ ငရုတ်သီး အစားထိုး ပစ္စည်း အဖြစ် လည်းကောင်း အသုံးပြု ကြသည်။


 အသံဝင်ခြင်း၊ အသံပျက်ခြင်း၊ လည်ချောင်း နာခြင်း များအတွက် ဂျင်းပါးပါး ၇ လွှာအား ထန်းလျက် ၃ လုံးထည့်၍ ရေသုံးခွက် တစ်ခွက်တင် ကျိုပြီး သောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေနိုင်ပါသည်။ ရာသီ အပြောင်းအလဲကြောင့် ဖြစ်ပေါ်တက်သော တုပ်ကွေး ဖျားခြင်း၊ ချမ်းစိမ့်စိမ့် ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ ချောင်းဆိုးခြင်း စသော ရောဂါများတွင်လည်း ဂျင်းနှင့် ထန်းလျက်ကို အထက်ပါ အတိုင်း နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် သောက်သုံးခြင်း၊ ဟင်းလျာ များတွင် ယခင်ကထက် အနည်းငယ် ပိုထည့်၍ ချက်ပြုတ် စားသောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေပါသည်။ 

အနောက်တိုင်း သုတေသီ တချို့မှ ဂျင်းကို စားသုံးခြင်းဖြင့် virus များကြောင့် ဖြစ်သည့် အချို့ရောဂါ တော်တော် များများ ပျောက်ကင်းနိုင်ကြောင်း တွေ့ရှိထားပါသည်။

ဂျင်း၊ ဖန်ခါးသီးနှင့် ထောပတ်ကို ရောချက်၍ သက်ရှည် တေဆေး အဖြစ်လည်း အသုံးပြု နိုင်ကြပါသည်။

သွားကိုက် ရောဂါတွင် ဂျင်းကို ပါးပါးလှီး၍ အုံပေးခြင်းဖြင့် သွားကိုက် ရောဂါ ပျောက်ကင်း စေပါသည်။

နားကိုက် ရောဂါတွင် ဂျင်းစိမ်း သတ္တုရည် နွေးနွေးအား နားတွင် ခတ်ပေးခြင်းဖြင့် နားကိုက်ရောဂါ ပျောက်စေပါသည်။ ဇက်ကြော တက်သူများ အတွက် ဂျင်းပါးပါး လှီးပြီး မီး အနည်းငယ် ပြပါ။

ပြီးလျှင် ဇက်ကြောတက်သည့် နေရာ၌ ကပ်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်း စေပါသည်။ သွေးကြောပိတ်၍ ဖြစ်ပေါ်တက်သော အချို့ခြေထိပ်နာများ၊ ခြေဖျား အေးခြင်းများကို ဂျင်းစိမ်း ၂ ကျပ်ခွဲသားအား သေးသေးလှီးပြီး အရက် တစ်ပုလင်းတွင် စိမ်ပါ။

 နံနက် တစ်ဇွန်း ည တစ်ဇွန်း တိုက်ပေးပါ။ အနာ ပေါ်သို့လည်း လောင်းထည့်ပေးပါ။

 ဤသို့ဖြင့် သွေးကြော ကျဉ်းခြင်းများ၊ ပိတ်ခြင်းများ ဖွင့်ခါ သက်သာ ပျောက်ကင်း စေနိုင်ပါသည်။

အမျိုးသမီးများ မီးဖွားပြီး သားအိမ် မကျက်ဘဲ ဖျားနာခြင်း များအတွက် ထန်းလျက် ၂ ကျပ်သား၊ ဂျင်း ၁ ကျပ်သားအား ရေ တစ်ပိဿာတွင် တစ်ဝက်ခန့် ဖြစ်အောင် ကျိုပါ။

 ပြီးလျှင် တစ်ခါသောက် ၂ အောင်စ သောက်ခြင်းဖြင့် ၎င်းရောဂါကို ပျောက်ကင်းစေ ပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More