သွားဆိုတာဟာ လူတစ်ယောက်အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်.. အစာစားတဲ့အခါမှာ သွားတွေ ကောင်းမွန်နေဖို့ လိုအပ်သလို လူတွေရှေ့မှာ ရဲရဲရင့်ရင့် ပြုံးနိုင်ဖို့၊ စကားဆိုနိုင်ဖို့ရင် သွားကလေးတွေ ဖြူစင်လှပ သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်။
တကယ်လို့ မိမိရဲ့ သွားကလေးတွေမှာ ပိုးပေါက်ကလေးတွေ ရှိနေရင် မညီမညာ ရွဲ့စောင်းနေတဲ့ သွားတွေ၊ ကျိုးနေတဲ့ရှေ့သွားတွေ၊ ၀ါညစ်ညစ် အရောင်ဖြစ်နေတဲ့ သွားတွေ ရှိနေခဲ့ရင် လူတွေရှေ့မှာ ဟက်ဟက်ပက်ပက် ရယ်မောဖို့ မိမိကိုယ်ကို ယုံကြည်မှုမရှိသလို ဖြစ်နေတတ်ပြီး အရှက်အကြောက်ကြီးလို့ ပါးစပ်ကို ကျယ်ကျယ် မဟရဲသလိုလို၊ ရယ်ဖို့ပဲ မေ့နေသလို၊ အပြုံးကလေးက ငါးခူလေးပြုံးနေသလို ရှိနေတတ်ကြပါတယ်။
မိမိရဲ့ သွားကလေးတွေ သဘာဝကျကျ ဖြူစင်သန့်ရှင်းနေပြီး လှလှကလေး ပြုံးနိုင်ဖို့ ဘယ်လိုများ လုပ်ကြရမလဲဆိုတာ စဉ်းစားကြည့်ကြပါစို့နော်။ သွားတွေ ဖြူဖွေးလှပဖို့ ထိရောက်တဲ့ နည်းလမ်းများစွာ ရှိပေမဲ့ အချို့နည်းလမ်းတွေက ငွေကြေး အကုန်အကျများတာကြောင့် ငွေကုန်ကြေးကျ မများဘဲ မိမိအိမ်မှာသာ လုပ်ဆောင်နိုင်တဲ့ နည်းလေးများကို ဝေမျှ ပါဦးမယ်။
လိုအပ်တဲ့ပစ္စည်းတွေက၁. အအေးသောက် ပိုက်တစ်ချောင်း
၂. သွားတိုက်တံတစ်ချောင်း
၃. သံပုရာရည်
၎. ဆား
၆. မုန့်ဖုတ် ဆော်ဒါ
၇. စတော်ဘယ်ရီ စတာတွေ ဖြစ်ပါတယ်။
အဆင့်(၁)
အဆင့် (၁) အနေနဲ့ လုပ်ရမှာက သင့်သွားတွေကို ၀ါစေတဲ့ စားစရာ သောက်စရာတွေကို အကန့်အသတ်ထားပြီး စားသောက်ပါ။ သွားကို ၀ါစေတဲ့ အရာတွေထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ၀ိုင်အနီ၊ ဆေးလိပ်သောက်ခြင်း စတာတွေ ပါဝင်တာကြောင့် ၄င်းတို့ကို ဖြတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်.. ( ကော်ဖီကြိုက်တဲ့သူကို ကော်ဖီ ဖြတ်ခိုင်းနေပြန်ပြီ ) တကယ်လို့ မဖြတ်နိုင်ခဲ့ရင် အဲဒီအရာတွေကို သွားနဲ့ တိုက်ရိုက် မထိတွေ့စေနိုင်ရန် ကော်ဖီ အချိုရည် စသည်တို့ကို သင့်တင့်ရုံမျှ ပိုက်တစ်ချောင်းနဲ့ စုပ်သောက်ပါ လို့ အကြံပေးထားပါတယ်.. ( ဆိုင်မှာ ကော်ဖီနဲ့ လက်ဖက်ရည်ကို ပိုက်နဲ့ စုပ်သောက်ရင် ရူးနေပြီထင်တယ်လို့များ ပြောကြလေမလား မသိနော် :) )
အဆင့်(၂)
အစာစားပြီးတိုင်း၊ ကော်ဖီ၊ အချိုရည် သောက်ပြီးတိုင်း သွားတိုက်နိုင်အောင် ကြိုးစားပါ။ သွားတိုက်ဖို့ အခက်အခဲရှိပါက ရေများများဖြင့် ပလုတ်ကျင်းပါ။ အရောင်ရင့်သော အစားအသောက်များသည် သွားကို စွန်းထင်းစေနိုင်ပါတယ်။ ဥပမာ- ဘလူးဘယ်ရီသီး
အဆင့်(၃)
မကြာခဏ စတော်ဘယ်ရီသီးဖြင့် သွားတွေကို ပွတ်တိုက်ပေးပါ။ စတော်ဘယ်ရီသီးတွင် ပါဝင်သော အင်ဇိုင်းများမှာ သွားများကို ဖြူစေသော ပစ္စည်းပါဝင်သောကြောင့် ၄င်း အသီးဖြင့် ပွတ်တိုက်ပေးသင့်ကြောင်း အကြံပြုပါတယ်... စတော်ဘယ်ရီဖြင့် ပွတ်တိုက်ပြီးပါက သွားကို စင်ကြယ်အောင် ဆေးကြောသင့်ပါတယ်.. မဟုတ်ပါက အသီးမှာ ပါဝင်တဲ့ သဘာဝ သကြားဓာတ်နဲ့ အက်ဆစ်ဓာတ်များ ကြွင်းကျန်ခဲ့မှာ ဖြစ်ပါတယ်.. ရှောက်သီးစိတ်၊ သံပုရာသီးစိတ်တို့ကိုလည်း အသုံးပြုနိုင်ပါတယ်။
အဆင့်(၄)
ကျွတ်ဆတ်သော သစ်သီးဝလံ အစိမ်းကို များများစားပါ။ ( ဥပမာ- မုန်လာဥနီ၊ တရုတ်နံနံ၊ ပန်းမုန်လာစိမ်း( Broccoli)၊ ပန်းသီး၊ သရက်သီးစိမ်း၊ မာလကာသီး )။ ၄င်း အသီးအနှံများကို များများစားပေးခြင်းအားဖြင့် သွားတွင် ကပ်ညှိနေသော သွားချိုးများကို ပွတ်တိုက်ပြီး ပြောင်စင်သွားစေနိုင်ပါသည်။ (သွားချိုးတွေက အစာနဲ့အတူ ဗိုက်ထဲဝင်ကုန်ရော :) )
အဆင့်(၅)
သွားတိုက်တံကို မုန့်ဖုတ်ဆော်ဒါ (စားဆော်ဒါ) အမှုန့်အနည်းငယ် ထည့်ကာ သွားကိုတိုက်ပေးခြင်းအားဖြင့်
အဆင့်(၆)
ရေမရောထားသော သံပုရာရည်ကို ဆားတစ်ဇွန်းဖြင့် ရောကာ သွားတိုက်ဆေးကဲ့သို့ အသုံးပြုပါ။ သွားတိုက်ပြီး ရေစင်အောင်ဆေးပေးပါ။ အမြဲပြုလုပ်ပေးပါက သွားများ ဖြူဖွေးလှပါလာစေနိုင်ပါတယ်။
အဆင့်(၇)
Hydrogen Peroxide ကို သွားတိုက်တံတွင် အနည်းငယ်ဆွတ်ကာ သွားများကို တိုက်ပေးပါ။ ပြီးလျှင်း ရေဖြင့်စင်ကြယ်အောင် ဆေးပစ်ပါ။ သို့သော် ၄င်းအရည်များကို မျိုမချမိစေရန် အထူးသတိပြုပါ။
အထက်ပါ အချက်အားလုံးထဲမှာ Hydrogen Peroxide ကို အသုံးပြုတဲ့ အဆင့် (၇) ကိုတော့ ဗဟုသုတအဖြစ် သိရုံသာ သိစေချင်ပါတယ်.. မတော်တဆ မျိုချမိရင် သော်လည်းကောင်း၊ အသုံးမပြုတတ်ခဲ့ရင် သော်လည်းကောင်း အန္တရာယ်တစ်စုံတစ်ရာ ဖြစ်စေနိုင်တာကြောင့် ၄င်း အချက်ကို ချန်လှပ်ပြီး ကျန်တဲ့ အန္တရာယ်လဲ မရှိ လွယ်ကူ သက်သာတဲ့ နည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင်ပြုံးတိုင်းလှ
ဖြစ်လာနိုင်ပါတယ်လို့...
ပြုံးလိုက်တိုင်း လှချင်တယ်ဆိုရင်
by NANG KHA YEA on 19.10.2012
တချို့အစားအစာကို ပိုစားပါ
ပန်းသီး၊ မုန်လာဥနီ၊ ဟင်းသီးဟင်းရွက်၊ အရည်ရွှမ်းတဲ့ သစ်သီးနဲ့ ဘယ်ရီသီး အမျိုးမျိုးတွေက သဘာဝ သွားဖြူစေတဲ့ သစ်သီးတွေပဲ ဖြစ်တာကြောင့် အဲလိုသစ်သီးတွေကို ပိုစားပါ။
သောက်နေကျ အရည်တွေကို ဆန်းစစ်ပါ
အရမ်းအရောင်ရင့်တဲ့ ဖျော်ရည်တွေဖြစ်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဝိုင်နဲ့ ချောကလက် ဖျော်ရည်တွေကို သောက်ပြီးချိန်မှာ ရေအနည်းငယ်နဲ့ စက္ကန့် ၂၀ လောက် ငုံထားပြီး အာလုတ်ကျင်းပေးသင့်ပါတယ်။ အရောင့်ရင့် ဖျော်ရည်တွေကို အသောက်များတာကြောင့် သွားအရောင် မည်းလာတတ်ပြီး မလှတော့ပါဘူး။
အပြင်အဆင်နဲ့ လှည့်စားပါ
နှုတ်ခမ်းနီအရောင်ကို နှင်းဆီနီရောင်၊ ပန်းရောင်နဲ့ ဘယ်ရီရောင်တွေက သင့်အပြုံးကို ပိုပြီး သက်ဝင်လှပနေအောင် အထောက်အကူပြုစေတဲ့ နှုတ်ခမ်းနီအရောင်တွေပဲ ဖြစ်ပါတယ်။
သွေးရောင်လွှမ်းတဲ့ နှုတ်ခမ်းတစ်စုံက
သင့်ကို ပြည့်စုံတဲ့ အပြုံးပေးနိုင်ပါတယ်။
ပုံမှန် ခံတွင်းသန့်ရှင်းမှု ပြုလုပ်ပါ
တစ်နေ့နှစ်ကြိမ် သွားတိုက်တာမျိုး၊ ထမင်းစားပြီးချိန်တိုင်း သွားတိုက်တာမျိုး၊ သွားတိုက်တံကို သုံးလ၊ လေးလ တစ်ကြိမ်လောက် အသစ်လဲပေးတာမျိုး၊ သွားပွတ်ကြိုးကို နေ့စဉ်သုံးပေးတာမျိုး၊ သွားတိုက်ပြီးချိန် လျှာကိုပါ သန့်စင်ပေးတာမျိုး၊ သွားဆရာဝန်နဲ့ ခြောက်လတစ်ကြိမ် ပုံမှန် တွေ့ဆုံတာမျိုး ပြုလုပ်ပြီး သွားနဲ့ခံတွင်းကို ဂရုစိုက်ပါ။
သွားဖြူဆေး ကိုယ်တိုင်ဖန်တီးပါ
ဟိုက်ဒရိုဂျင်ပါ အောက်ဆိုက်အမှုန့် တစ်ဇွန်းနဲ့ ဆော်ဒါမှုန့်တစ်ဇွန်းကို ရေအနည်းငယ်နဲ့ ပျစ်နေအောင် ရောပြီး သွားတိုက်တံပေါ်မှာ သွားတိုက်ဆေးအဖြစ် သုံးပေးနိုင်ပါတယ်။ သွားကို ဖြူဝင်းစေပြီး အနံ့ဆိုးကင်းစေကာ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။
နှုတ်ခမ်းဘေးက အရေးကြောင်းတွေကို ဖယ်ရှားပါ
နှုတ်ခမ်းပေါ်နဲ့ နှုတ်ခမ်း ဘေးပတ်ပတ်လည်မှာ အရေးကြောင်းတွေ ရှိနေတာကလည်း သင့်အပြုံးကို လှပမှုကင်းစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တာကြောင့် ဖယ်ရှားပေးသင့်ပါတယ်။ နှုတ်ခမ်းဖူးဖူးလေး ဖြစ်ဖို့ ရေဓာတ်အပြည့်အဝ ပါဝင်တဲ့ နှုတ်ခမ်းဆိုးဆေးကို သုံးပြီး၊ နှုတ်ခမ်းဆိုးဆေး အဆီတစ်မျိုးကို အပြီးသတ်ဆိုးပေးပါ။ နှုတ်ခမ်းဘေးက အရေးကြောင်းတွေအတွက် ဘိုတောက် ဆေးထိုးနည်းက ကူညီနိုင်ပါတယ်။ အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသပေးနိုင်ပါတယ်။ ဆေးလိပ်သောက်တာကလည်း အရေပြားမှာ အရေးကြောင်းကို ဖြစ်စေတာကြောင့် ဆေးလိပ်သောက်တတ်သူ ဖြစ်ရင် ဆေးလိပ်သောက်တာကို ချက်ချင်း ရပ်တန့်ဖို့လိုပါတယ်။
သွားကို နည်းနည်းမှ အထိမခံပါနဲ့
သွားအနည်းငယ် ပဲ့ထွက်တာ၊ ကျိုးပဲ့တာမျိုးတွေနဲ့ မတော်တဆ ထိခိုက်မှုတွေကြောင့် သွားကျဉ်တာမျိုးတွေဖြစ်ရင် သွားဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သွားကို အလှပြုပြင်သူတွေ၊ သွားအရောင်ချွတ်ထားသူတွေ၊ သွားထဲမှာ စိန်ထည့်ထားသူတွေမှာ အစပိုင်း သွားကျင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ပုံမှန်မဟုတ်တဲ့ သွားကျဉ်တာမျိုးနဲ့ သွားကျဉ်တာက ရေသောက်လို့တောင် မရရင်တော့ သွားဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။
သွားကျဲတာက သင့်အပြုံးကို ရုပ်ဆိုးစေပါတယ်
သွားကျဲတာကို ပြန်လည် ကုသပေးဖို့အတွက် သွားထိန်းကြိုးတွေ တပ်ထားပြီး ပြန်လည် ပြုပြင်ပေးလို့ ရပါတယ်။ ဒီလိုပြုပြင်မှုကို ကလေးငယ်တွေအတွက် မပြုလုပ်သင့်ပါဘူး။ သွားတွေအားလုံကို စုပြီးညီညာအောင် ပြုလုပ်ထားတာမျိုးပါ။ အဲဒီ့ ကိရိယာက တပ်ထားစဉ်မှာတော့ သင့်ကို ကြည့်ရဆိုးနေစေမှာပါ။ ကိရိယာ တပ်ဆင်ထားစဉ်မှာ ဆောင်သင့် ရှောင်သင်တဲ့ အစားအစာတွေကို သွားဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။ ကိရိယာ တပ်ဆင်ထားချိန်က ခြောက်လကနေ တစ်နှစ်လောက် ကြာပါတယ်။
ကုသမှု မှန်ကန်ပါစေ
သင့်အပြုံးဟာ သင့်သွားပုံစံနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတာ သိသင့်ပါတယ်။ သွားကျန်းမာရေးအတွက် တိုင်ပင်ချိန်မှာ အမှန်တကယ် နားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပြီး၊ မှန်ကန်တဲ့ အကြံကိုလည်း ယူသင့်ပါတယ်။
သွားကြားညပ်တာကို ဂရုစိုက်ပါ
အစာစားပြီးချိန်မှာ သွားကြားမှာ ငရုတ်သီးဖတ်နဲ့ အစားအသောက်တွေ ကပ်နေတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ချောကလက်လို အစားအစာတွေ စားပြီးချိန်မှာ သွားကြားမှာ အမည်းရောင်တွေ စွန်းထင်း ကပ်ငြိနေတတ်ပါတယ်။ ဒါဟာ သင့်အပြုံးကို အကျည်းတန်စေတဲ့ အချက်တွေပါပဲ။ အစာစားပြီးတိုင်း ခံတွင်းသန့်ရှင်းမှုကို အလေးပေးပြီး ပြုလုပ်ပေးပါ။
လမင်းလေး
Ref:Good Health
Source: http://news.yatanarpon.com.mm/ news/news-64956
http://www.facebook.com/notes/ ရွှေမြန်မာများအတွက်-shwebeauty/

Source: http://news.yatanarpon.com.mm/
http://www.facebook.com/notes/