Pages - Menu

9 Nov 2012

အစိမ်းရောင်မပျက် အသီးအရွက်ကြော်မယ်

ရသာကောင်းမွန်ပြီး အစိမ်းရောင်မပျက် နူးအိနေသော အသီးအရွက်ကြော် တစ်ခွက်အတွက် ပြင်ဆင်ကြမယ်နော်။
ပါဝင်သော ပစ္စည်းများ
၁ ။ မုန်ညှင်းရွက် တစ်စည်း (မိမိနှစ်သက်ရာ အစိမ်းရောင်အရွက်များ အသုံးပြုနိုင်သည်။ ဒီနေ့တော့ မုန်းညှင်းရွက်ကြော်လို့)

၂။ ခရုဆီ စားပွဲတင်ဇွန်း (၂)ဇွန်း

၃။ တရုတ်ဟင်းလျှာ ချက်ပြုတ်ရာတွင်သုံးသည့် ဝိုင်းအပျော့စား စားပွဲတင်ဇွန်း (၂)ဇွန်း (မနှစ်သက်ပါက ချန်ထား၍လည်းရပါသည်)

၎။ ပဲငံပြာရည်အကြည် (စားပွဲတင်ဇွန်း (၂)ဇွန်း

၅။sweet sauce (သို့) သကြားအနည်းငယ် (သကြားညိုဆို ပို၍ကောင်းသည်)

၆။ ဂျင်း လက်တစ်ဆစ်ခန့်

၇။နှမ်းဆီမွှေး စားပွဲတင်ဇွန်း (၁)ဇွန်း

ပြုပြင်ပြင်ဆင်မည်
၁။ အရွက်များကို ရေဆေးပြီး မိမိစိတ်ကြိုက်အနေအထား ပိုင်းဖြတ်ပါ။ အရွက်များ ဆေးကြောရာတွင် ရေများများနှင့် (၂)ကြိမ်မှ (၃)ကြိမ် ဆေးကြောပေးပါ။ အရွက်များမှ ပါလာသော သဲများ ၊သုံးထားသော ဓာတ်မြေဩဇာ ၊ပိုသတ်ဆေးများ ၊ ကြာရှည်သိုလှောင်ထားမှုခံနိုင်စေရန် သုံးထားသော ဆေးများ စင်ကြယ်စေရန် ရေများများနှင့်အကြိမ်များစွာ ဆေးကြောစေလိုပါသည်။
၂။အရွက်များ ဆေးကြောနေချိန် ရေနွေးတစ်အိုးတည်ထားပါ။ ဆူလာသော ရေထဲတွင် မိမိကြော်လိုသည် အရွက်များ ထည့်၍ အဖုံးမဖုံးအုပ်ပဲ ပြုတ်ပါ။ (ရေများများ သုံးပါ)


၃။ အရွက်များကျက်၍ နူးလာလျှင် ထိုအရွက်များကို ရေအေးနှင့် ချက်ချင်းဆေးကြောပါ။ ရေခဲရေ အသုံးပြုနိုင်သည်။ ရေခဲရေမရှိက ရိုးရိုးရေနှင့် ထိုအရွက်များ အပူချိန်လုံးဝ မရှိတော့သည် အထိ ဆေးကြောပေးရပါမည်။
 အေးသွားသည်အထိ ဆေးကြောထားပြီးသော အရွက်များကို ရေစစ်ထားပြီး အသင့်ပြင်ထားပါ။
၎။ ပန်ကန်းလုံးတစ်လုံးထဲတွင် ကျန်ရှိနေသေးသော
နှမ်းဆီ၊ပဲငံပြာရည်အကြည်၊သကြား၊ခရုဆီ ၊ဂျင်း( သေးသေးလေးတွေ လှီးထားသော) ၊ဝိုင် (သင်ထည့်ဝင်ပါက)
အားလုံးကို ရောမွေထားပြီးအသင့်ပြင်ထားပါ။




 ၅။ ဒယ်အိုးကို မီးဖိုပေါ်သို့တင်၍ ဒယ်အိုးပူလာလျှင် ထိုရောမွှေထားသော အရည်ကို လောင်းထည့် အရည်ဆူလာလျှင် ဒယ်အိုးကို မီးဖိုပေါ်မှ ဖယ်၍ အရွက်ကို ထည့်ပြီး မွှေလိုက်လျှင် စားချင်စဖွယ် အရွက်စိမ်းစိမ်း အရွက်ကြော်လေး ရရှိသွားပါပြီ။ (အရွက်ကို နောက်ထပ် မီးအပူမပေးရပါ)





 တရုတ်စတိုင် အစိမ်းရောင်မပျက် အရွက်ကြော် စိမ်းစိမ်းလေးရပါပြီ။  သူငယ်ချင်းတို့ အလိုရှိက စားသုံးနိုင်ပါသည်ရှင်။





 တစ်ဆက်ထဲမှာပဲ အသီးအရွက်စုံ ပါဝင်တဲ့ အစိမ်းကြော် လန်းလန်းလေးတစ်ပွဲပါ ကြော်ပေးလိုက်မယ်။ စားလို့ မလောင်ငှမှာ စိုးရိမ်လို့ပါ။







ပါဝင်သော ပစ္စည်းများ
၁ ။ ရွေပဲသီး ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ မုန်လာဥနီ ၊မုန်ညှင်းစသည်တို့ကို အနည်းငယ်စီပါဝင်ရောစပ်ပြီး မိမိစိတ်ကြိုက်အရွယ်အစား လှီးနိုင်ပါသည်။

၂။ ခရုဆီ

၃။ အကြော်မုန့် (ကော်မုန့်) စာပွဲတင်ဇွန်းတစ်ဇွန်း (ရေအေးနှင့် အဆင်သင့် ဖျော်ထားပါ)

၎။ကြက်သွန်နီဥကြီး တစ်ဥ

၅။ အရွက်ကြော်ရန်ဆီ

၆။ သကြားအနည်းငယ် (သို့) sweet sauce

၇။ ပဲငံပြာရည်အကြည် (သို့) ဆား

သီးစုံ အစိမ်းကြော်ကြော်ရာတွင် သတိပြုရမည် အချက်မှာ
မိမိကြော်လိုသည့် အသီးအရွက်များ မများပါစေနှင့်။
 တစ်ပန်းကန်စာလောက်ကိုသာ ကြော်ယူပါ။
 တစ်ခါထဲ များများကြော်လျှင် နူးလွန်တာမျိုးနှင့် အရသာမဲ့တတ်သည်။
မီးအပူချိန်ကို အမြင့်ဆုံးထားရမည်။ အပူချိန်ကောင်းကောင်းနှင့် ကြော်ရမည်။
 ကြော်သော ဒယ်အိုးအရွယ်အစားမှာ ကြီးမားလျှင် ပို၍ ကျက်မြန်ကာ အသီးအရွက်ကြော် လတ်ဆတ်သည်။

၁။ မီးဖိုပေါ်သို့ ဒယ်အိုးတင်၍ အိုးပူလာလျှင် ဆီထည့်ပါ။ဆီများ စံချိန်မှီပူလာလျှင် လေးစိပ် စိပ်ထားသောကြက်သွန်နီကို ရှဲ..ဆိုသည့် အသံမြည်သိထိ ထည့်ပါ(ထိုအသံသည် ဆီများ စံချိန်မှီ ပူသည့်အသံ)

၂။ကြက်သွန်နီ တစ်ချက်၊နှစ်ချက်မွှေပြီးသည်နှင့် မိမိထည့်ဝင်လိုသည့် အသီးအရွက်များ ထည့်ပါ။

၃. ထိုနောက် ရသာများ ထည့်၍ တစ်ချက် နှစ်ချက် မွှေပြီးလျှင် ရေဖျော်ထားသောကော်မုန့်ကို လောင်းထည့်ပြီးလျှင် ကော်မုန့်
ရည်ဆူလာသည်နှင့် စားသုံးရန် အသင့်ဖြစ်ပါပြီး။

အစိမ်းကြော် ကြော်ရာတွင် သုံးရမည့် အချိန်မှာ (၃)မိနစ် (၅) မိနစ်အတွင်းသာ။
ထိုထက်ပိုလွန်ပါက အရောင်များ ပြောင်းလဲကာ နူးအိနိုင်ပါသည်။ အစိမ်းကြော်ဖြစ်၍ အစိမ်းကြွတ်ကြွတ်လေးသာစားရသည်မှာ ခံတွင်းတွေ့ပါသည်။

ကြိုက်နှစ်သက်က ငရုတ်ကောင်းမုန့်လေး အနည်းငယ် ဖြူးနိုင်ပါသည်။
 မိမိစားသုံးပါက အချိုမုန့်ကိုလဲ ထည့်သွင်းနိုင်ပါသည်။ မေက အချိုမုန့်ကို စားသုံးသူ မဟုတ်၍ ဟင်းချက်နည်းရေးသည့်အခါတိုင်း ပါဝင်မည်မဟုတ်ကြောင့် ကြိုတင်၍ မေတ္တာရပ်ခံထားပါသည်ရှင်။

Twitter Delicious Facebook Digg Stumbleupon Favorites More