Pages - Menu

9 Nov 2012

သီးစုံကြက်လီမွန်ဟင်း

ဒီတစ်ပတ် ဟင်းချက်ကဏ္ဍအတွက် ဖော်ပြမဲ့ ဟင်းလျာက ကြက်သားနဲ့ အသီးစုံကို လီမွန်ဖျော်ရည်လေးနဲ့ ချက်တဲ့ သီးစုံကြက်လီမွန်ဟင်းဖြစ်ပါတယ်.
အနံ့လေးက လီမွန်နံ့လေး မွှေးသလို အရသာကလည်း ချဉ်ချိုချိုလေးမို့ တကယ်ကို ကောင်းပါတယ်။
သီးစုံကြက်လီမွန်
ပထမဦးစွာ ကြက်လီမွန်ဟင်းချက်ဖို့ ကြက်ကို အသားချည်း သပ်သပ် ဖယ်ထုတ်ပါတယ်.. 




အဲဒီအသားတွေကို ဆား၊ အရက်အနည်းငယ်၊ ဟင်းခတ်မှုန့် ၊ ပဲငံပြာရည်တို့နဲ့ နယ်ထားလိုက်ပါတယ်..



ဒါက ကြက်သားနဲ့ကြော်မဲ့ အသီးစုံကို အရောင်စုံအောင် ပြင်ဆင်ထားတာပါ။
ပန်းကန်ပြားကြီးထဲမှာ ဥနီ၊ ပြောင်းဖူး၊ ငရုပ်ပွစိမ်း၊ ခရမ်းချဉ်သီး၊
 ပန်းကန်သေးမှာ ကြက်သွန်ဖြူ၊ချင်း၊ ကြက်သွန်နီ၊ ငရုပ်သီးတို့ကို
 ပြင်ဆင်ထားပါတယ်..
 ကြက်သွန်ဖြူ၊ ချင်း အရင်ထည့်ပြီး ကြက်သားကိုထည့်ကြော်ပါတယ်.
 ရေအနည်းငယ်ထည့်ပြီး ကြက်သားနူးအောင် ထားပါတယ်..
ရေခမ်းပြီး အသားကျက်ရင် ကြက်သွန်နီ၊ ငရုပ်သီးစိမ်းထည့်ကြော်ပါတယ်
 အသီးရောင်စုံ ထည့်ပါတယ်.. ဆား ပဲငံပြည်ရည် ၊ အသားမှုန့် ထည့်ပါတယ်.. ခရမ်းချဉ်သီးကိုတော့ နောက်ဆုံးမှ ထည့်ဖို့ချန်ထားလိုက်ပါတယ်..
 ဟင်းထဲထည့်ဖို့အတွက် အဆင်သင့် လီမွန်ဖျော်ရည်ပါ။ ရယ်ဒီမိတ် လီမွန်ဖျော်ရည်ကို သုံးထားပါတယ်..

ကော်မှုန့်ကို ဖျော်ထည့်၊ လီမွန်ဖျော်ရည်ကိုထည့်ပါတယ်..
လီမွန်ရည်ကို အိုးထဲလောင်းထည့်၊ ကောမှုန့်ကို ရေအေးနည်းနည်းနဲ့ အရည်ဖျော်ထည့်၊ 
ခရမ်းချဉ်သီး ကိုထည့် အတန်ကြာထားလို့ အသီးတွေ ကျက်ပြီ အသားလည်း နူးပြီဆို အပေါ့ 
အငံ မြည်းလို့ လိုတာထည့်ပြီး ချလို့ရပါပြီ။
 အရည်ခပ်ပျစ်ပျစ်လေးနဲ့ ရောင်စုံအသီးစုံ ကြက်လီမွန်ဟင်း တစ်ခွက်ရပါပြီ။

အပေါ်က ကြက်သွန်မြိတ်လေး ဖြူးထားတဲ့ သီးစုံ ကြက်လီမွန်ပါ။
ကြက်သားကို ဆီပြန်ချက်စားရတာ ရိုးအီနေပြီ ဆိုသူများအတွက် အရသာ တစ်မျိုး ဆန်းသစ်ပြီး  အပြောင်းအလဲအဖြစ် ချက်စားနိုင်ဖို့အတွက် ကြက်လီမွန်ဟင်းကို လက်ဆောင်ပေးလိုက်ပါတယ်နော် ။

Twitter Delicious Facebook Digg Stumbleupon Favorites More