Pages - Menu

21 Nov 2012

ဗီတာမင်ဓာတ်များ ရဲ့စွမ်းဆောင်မူ့နဲ့စားရမဲ့အစားအစာများ

အသားအရေနုပျိုလှပ ကျန်းမာစေရန် အတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင် ဓာတ်များနှင့် ပရိုတိန်းများ ပြည့်စုံ ကုံလုံ နေရန် လိုအပ်သည်။ ကိုယ်တွင်းအင်္ဂါများ သန်စွမ်းမှသာ အသားအရေသည်လည်း ဆက်စပ်လျက်ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပေရာ အသားအရေအတွက် သာမက၊ ခန္ဓာကိုယ်အတွက်ပါ လိုအပ်သော ဗီတာမင် ဓာတ်များကို ဖော်ပြလိုက်ရပေသည်။


ဗီတာမင်အေစွမ်းဆောင်ချက်

 -အသားအရေ သွေးသစ် လောင်းရန်၊ ဖွံ့ဖြိုးရန် မရှိမဖြစ် လိုအပ်သော ဗီတာမင်ဓာတ် တစ်မျိုးဖြစ်သည်။ အသား အရေဆဲလ်များ ပြန်လည်မွေးဖွားပေးခြင်း၊ အသားအရေတစ်သျှူးများအား ကောင်းမွန်စွာ ထိန်းသိမ်းပေးခြင်း၊ သွေးနီဥဆဲလ်များနှင့် ကိုယ်တွင်း အင်္ဂါကျန်းမာစေရန် စွမ်းဆောင် ပေးသည်။
ယင်းအပြင် အသားအရေကို ညီညာချောမွေ့စေခြင်း၊ နူးညံ့စေကာ ပိုပြီး ပျော့ပျောင်း စေခြင်းတို့ အစွမ်းလည်းရှိသည်။

ရရှိနိုင်သည့် နေရာများ
- ကြက်ဥအနှစ်၊ နွားနို့နှင့် တခြားနို့ထွက်ပစ္စည်းများ၊ ငါးကြီးဆီနှင့် အသည်းအမြစ်တို့၌ ဗီတာမင်အေကို ရရှိနိုင်သည်။

ဗီတာမင်ဘီစွမ်းဆောင်ချက်
- ဇီဝကမ္မဖြစ်စဉ်များအတွက်၊ သွေးနီဥဆဲလ်များ ဖြစ်တည်ဖို့ အတွက်၊ ဟော်မုန်းများ ညီညွတ်ပုံမှန် ဖြစ်စေဖို့အတွက် လိုအပ်သည့်ဓာတ် ဖြစ်သည်။ ချွေးပေါက် အတွင်းရှိ အဆီဓာတ် ထုတ်လုပ်မှုကို သင့်တင့်မျှတစေပြီးမှဲ့ခြောက်များ ဖြစ်ပေါ်မှုကို တားဆီးပေးသည်။

ရရှိနိုင်သည့် နေရာများ
- ကြက်၊ ဝက်၊ ဘဲ၊ ငါး၊ ဂျုံ၊ ငှက်ပျောသီး၊ အသား၊ နို့ထွက် ပစ္စည်းများနှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များတွင် ဗီတာမင်ကို ရရှိ စားသုံးနိုင်သည်။

ဗီတာမင်စီစွမ်းဆောင်ချက်
- collagen ထုတ်လုပ်မှုတွင် မရှိမဖြစ်လိုအပ်သော ဗီတာမင်ဖြစ်သည်။ အမာရွတ် တစ်သျှူးများအား ကုသပေးပြီး ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာတို့ ဖြစ်လျှင် အမာရွတ်မထင်အောင်၊ မကျန်ရစ်အောင် ဗီတာမင်စီများ ဖြည့်တင်းထားရန် လိုအပ်သည်။

ရရှိနိုင်သည့်နေရာများ
 
-ရှောက်သီး၊ သံပရာသီး၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ဘယ်ရီသီးများ၊ ဖရဲသီးများ၊ ငရုတ်ကောင်းနှင့် အာလူးတို့တွင် ဗီတာမင်စီကို ရရှိနိုင်သည်။

ဗီတာမင်ဒီစွမ်းဆောင်ချက်-

အရေပြားဆဲလ်များ၏ တိုးတက်ဖွံ့ဖြိုးမှု အတွက် မရှိမဖြစ်သော ဗီတာမင်ဖြစ်သည်။ ကယ်လ်စီယမ်ဓာတ် စုပ်ယူနိုင်စွမ်းအား တိုးမြင့်ပေးနိုင်စွမ်းသည့် သတ္တိရှိသည်။ အသားအရေကို စိုပြည်ရွှန်းလဲ့စေပြီး တစ်သျှူးများ၏ လုပ်ဆောင်မှုအား တိုးတက်ကောင်းမွန်စေသည်။

ရရှိနိုင်သည့်နေရာများ
-ကြက်ဥအနှစ်၊ ဆော်လမွန်ငါး၊ အသည်းအမြစ်များတို့တွင် ဗီတာမင်ဒီကို ရရှိနိုင်သည်။

ဗီတာမင်အီးစွမ်းဆောင်ချက်-
တစ်သျှူးများ၏ ဖွံ့ထွားမှုအတွက် မရှိမဖြစ် လိုအပ်သည်။ အသား အရေကို စိုပြည်စေပြီး အဆီဓာတ်ခြောက်ခမ်းခြင်းမှ ကာကွယ်ပေးသည်။ နေလောင် ဒဏ်လည်း ကာကွယ်ပေးပြီး အသားရည်နီရဲခြင်း၊ ယားယံခြင်းတို့ကိုလည်း တားဆီးပေးသည်။

ရရှိနိုင်သည့် နေရာများ-
အခွံမာသီးများ၊ ဟင်းသီးဟင်းရွက်ဆီ၊ အစိမ်းရောင် ဟင်းသီး ဟင်းရွက်များ နှင့် ဂျုံတို့တွင် ရရှိနိုင်သည်။


ဗီတာမင်အက်ဖ်စွမ်းဆောင်ချက်
- အရေပြားအား အစိုဓာတ်မခြောက်ခမ်းစေရန် စွမ်းဆောင်ပေးပြီး ဝက်ခြံထွက်မှုကို တားဆီးပေးသည်။ ကုသပေးသည့် ဗီတာမင် ဖြစ်သည်။ ဗီတာမင်အက်ဖ် ချို့တဲ့လျှင်ကား ဆံပင်ကျွတ်ခြင်း၊ ယားနာရောဂါများ ဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။ ထို့ပြင် ကျောက်ကပ်၊ အသည်းနှင့် နှလုံးကိုလည်း ဘေးဥပါဒ်များ ဖြစ်ပွားစေနိုင်သည်။

ရရှိနိုင်သည့် နေရာများ
- ဟင်းသီးဟင်းရွက်များ၊ အဆီများ၊ သစ်စေ့ဆီများမှ ရရှိနိုင်သည်။


အိုမီဂါ - ၃ ဖက်တီအက်ဆစ်စွမ်းဆောင်ချက်
- ဝက်ခြံအား ကုသပေးသည်။

ရရှိနိုင်သည့် နေရာများ
- ငါးကြီးဆီ၊ ဇင့်တို့မှ ရရှိနိုင်သည်။

ဇင့်စွမ်းဆောင်ချက်-
အမျိုးသား သိပ္ပံစာကြည့်တိုက်မှ ဝက်ခြံအားကုသရာတွင် ထိရောက်မှု ရှိသော ဓာတ်တစ်မျိုး ဖြစ်သည်ဟု အသိအမှတ် ပြုထားသည်။

ရရှိသည့်နေရာများ-
အမဲသားတွင် အများဆုံးရရှိနိုင်သည်။ သိုးသား၊ ဝက်သား၊ ကြက်ဆင်သား၊ ကြက်သားနှင့် ဆော်လမွန်ငါး တို့တွင်လည်း ရရှိနိုင်သည်။ သက်သက်လွတ် သမားဖြစ်ပါက နို့ထွက်ပစ္စည်းများ၊ ပဲ၊ ဂျုံ၊ အာလူးတို့ကို စားသုံး နိုင်သည်။ ကျောက်ဖရုံသီးတွင်လည်း ဇင့်ဓာတ်ပါဝင်သည်။
Ref: 8 Days


Twitter Delicious Facebook Digg Stumbleupon Favorites More