Pages - Menu

8 Dec 2012

ကြံမဆိုင်ကြက်ရိုးဟင်းရည်

ကြံမဆိုင်ကို ဘယ်လိုချက်ချက်နှစ်သက်တဲ့သူတွေအတွက်ပါ။
ရန်ကုန်ပြန်တိုင်း ဆိုင်မှာထမင်းစားရင် ကြံမဆိုင်ဟင်းချိုအမြဲမှာတယ်.. ကျွန်မအတွက် မပါမဖြစ် အရည်သောက်တစ်ခွက်ပေါ့။
ကြံမဆိုင် လုပ်နည်း
ကိုတော့ မမလု ဘလော့မှာ အသေးစိတ်သေသေချာချာရေးပြ ရှင်းပြထားပါတယ်။ 
ကူးကူးကတော့ ကိုယ်တိုင်လုပ်ဖို့ သိမ်းထားဖို့အဆင်မပြေတာရယ်.. ကိုယ်တိုင် အမြဲမချက်စားဖြစ်တာကြောင့် Ruby Mart ကနေ ဒီလိုအထုပ်လေးတွေ ၀ယ်လာခဲ့တယ်။


  ရေခဲသေတ္တာထဲထည့်ထား အကြာကြီးခံတယ်.. အရမ်းလဲ လတ်ဆတ်တယ်။
ကြံမဆိုင်ကြက်ရိုးဟင်းချိုအတွက်..

ကြက်ရင်အုံသား အရိုးအသားပါ (Native chicken)

ကြက်သွန်ဖြူ၊နီ၊ဂျင်း၊

ဆားအနည်းငယ်

မှိုအမှုန့်

နံနံပင်

ငရုတ်သီးအနီတောင့်
  1. ကြက်ရင်အုံသားကိုရေစင်စင်ဆေးပြီးအရိုးအသားပါ ငံပြာရည်လေးနဲနဲထည့်ပြီး ကျက်အောင်ပြုပ်ပါမယ်။ 
  2. ညက်အောင်ထောင်းထားတဲ့ကြက်သွန်ဖြူ၊နီ၊ဂျင်းနဲ့ငရုတ်သီးအနီတောင့်ကို ထည့်ပီး ပွက်ပွက်ဆူအောင်ဆက်တည်ပါ။ 
  3. ဆားအနည်းငယ်ထည့်ပါ။ 
  4. ကြံမဆိုင်ကိုအထုတ်ထဲကဖောက်ပီး ရေလေးတစ်ခေါက်ဆေးလိုက်ပါ။ ပြီးရင်တော့ အနေတော်လှီးဖြတ်ပီး ဟင်းရည်အိုးထဲထည့်ပါ.. 
  5. မီးမျှင်းမျှင်းနဲ့ အချိန်ယူပီးဆက်တည်ပါ...   ကြက်အရိုးသားအရသာရယ်.. ဟင်းရည်အရသာရယ်.. ကြံမဆိုင်က စိမ့်ထွက်လာတဲ့အရသာရယ်..အကုန်ရောစပ်ပီ ဆိုရင်တော့ မှိုမှုန့်အနည်းငယ်ကို ထည့်ပါမယ်..   နံနံပင်အုပ်ပါမယ်။ 
ဒါဆိုရင်တော့ ချဉ်စိမ့်စိမ့်လေးနဲ့ စပ်စပ်လေး ... ကြံမဆိုင်ကြက်ရိုးဟင်းရည်တစ်ခွက် ရပါပီ။

ကြံမဆိုင်နဲ့ ဆက်စပ်ဟင်းလျာများ

 

Twitter Delicious Facebook Digg Stumbleupon Favorites More