Pages - Menu

8 Dec 2012

ငါးခြောက်ရိုး သီးစုံ ချဉ်ရည်ဟင်း

လိုအပ်တဲ့ပစ္စည်းတွေကို အရင်ပြောပြပါမယ်။ 
 ငါးခြောက်ရိုး၊ ဒန့်သလွန်သီး၊ ဘူးသီး၊ ပဲတောင့်ရှည်၊ အာလူး၊ ရုံးပတီသီး၊ နံနံပင်၊ ငါးပိစိမ်းစား၊ ဆား၊ အချိုမှုန့်အနည်းငယ်၊ ငံပြာရယ်အနည်းငယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအရောင်မှုန့်အနည်းငယ်၊ ဆီအနည်းငယ်၊ နံနံပင်အနည်းငယ်တို့ပါနော်။

 (ဟင်းသီးဟင်းရွက်ကို ကိုယ်နှစ်သက်ရာတွေကိုလည်း ထည့်လို့ရပါတယ်)

ငါးခြောက်ရိုးက သိပ်ခြောက်နေရင် ဆယ်မိနစ်လောက် ရေစိမ်ထားပြီးတော့မှ ခုတ်ထစ်ထားပါ။ 


 ဒန့်သလွန်သီးကို အခွံနွှာ၊ခပ်ရှည်ရှည်လေးတွေ ဖြတ်ပြီး ရေဆေးပြီး ရေစစ်ထားပါ။ 

ဘူးသီးကိုလည်း အခွံနွှာ၊ ရေဆေးပြီးတော့ အရွယ်တော် အတုံးလေးတွေဖြစ်အောင်တုံးထားပေးပါ။ 

ပဲတောင့်ရှည်ကိုလည်း ရေဆေးပြီး တစ်လက်မခွဲအရှည်လောက်လေးတွေဖြစ်အောင် ဖြတ်ထားပေးပါ။ 

အာလူးကို အခွံနွှာ၊ ရေဆေးပြီး အတုံးလေးတွေတုံးပြီး ဆားနဲ့နယ်ထားပေးပါ။ 

အာလူးကို အဲ့ဒီလို ဆားနဲ့နယ်ပေးလိုက်ရင် ပအာတာတွေ ပျောက်သွားပြီး အရသာကောင်းစေပါတယ်။ 
ရုံးပတီသီးကိုလည်း ရေဆေးပြီး အမြီးနဲ့ခေါင်းကိုဖြတ်ပြီး သုံးပိုင်းလောက်စီ ပိုင်းပေးပါ။

 နံနံပင်ကို အမြစ်ဖြတ်ပြီး ရေဆေးထားပေးပါ။

 ကြက်သွန်ဖြူနီတို့ကို အခွံနွှာပြီးတော့ ငရုတ်သီးအရောင်မှုန့်နဲ့ ရောထောင်းထားပေးပါ။ 

ငါးပိစိမ်းစားကိုလည်း ရေလေးနဲ့ ဖျော်ပေးထားပါ။ 

မန်ကျည်းသီးကို အနှစ်ရလွယ်အောင် ရေနွေးနဲ့ စိမ်ထားပေးပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် အိုးတင်၊ ဆီလေးနည်းနည်းထည့်၊ နနွင်းမှုန့်လေးနည်းနည်းခပ်ပြီးတော့ ထောင်းထားတဲ့ ကြက်သွန်ဖြူနီငရုတ်သီးကိုထည့်ပြီး ဆီသတ်၊ မွှေးလာပြီဆိုရင် ငါးခြောက်ကိုထည့်ပြီး မွှေပေးပါ။ 


ငါးခြောက်ရိုးက နည်းနည်းမာရင် ရေလေးနည်းနည်းထည့်ပြီး အိုးအဖုံးလေးခဏအုပ်ပြီး တည်ပေးပါ။

 ပြီးရင်တော ငါးပိစိမ်းစားအရည်ဖျော်ကိုထည့်၊ တစ်လက်စတည်း နူးဖို့ အချိန်နည်းနည်းပိုယူရမယ့် အာလူး၊ ဒန့်သလွန်သီး၊ ဗူးသီးတို့ကို ထည့်ပြီး မွှေပေး၊ အဖုံးအုပ်ပြီး တည်ပေးပါ။

 ၃ မိနစ်လောက်နေပြီဆိုရင် အဖုံးပြန်ဖွင့်ပြီး ကျန်တဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပဲတောင့်ရှည်နဲ့ ရုံးပတီသီးထည့်ပြီး ဆား၊ ငံပြာရည်နဲ့ အချိုမှုန့်လေးပါထည့်ပြီး မွှေပေး၊ အဖုံးအုပ်ပြီး ဆူအောင်တည်ပေးပါ။ 

ဆူပြီဆိုရင်တော့ မန်ကျည်းရည်ထည့်ပြီး ဟင်းအိုးပွက်အောင် ပြန်တည်ပေးပါ။ 

ဟင်းအိုးပွက်လာပြီဆိုရင်တော့ အပေါ့အငံကိုမြည်းပြီး ကိုယ်နှစ်သက်မယ့် အရသာဖြစ်အောင် လိုတဲ့အရသာကို ထည့်၊ နံနံပင်လေးအုပ်ပြီးတော့ ဟင်းအိုးချလိုက်ရုံပါပဲနော်။

 အဲ့ဒါဆိုရင်တော့ ငါးခြောက်နဲ့ မွှေးမွှေးလေးနဲ့ သီးစုံချဉ်ရည်ဟင်းလေးရပါပြီ။ အားပေးကြပါဦးနော်။

Twitter Delicious Facebook Digg Stumbleupon Favorites More