Pages - Menu

7 Dec 2012

ရခိုင်မုန့်တီ (အာပူလျှာပူ)ချက်နည်း

အရင်ဆုံး မြောင်းမြဒေါ်ချို ရဲ့ မုန့်ဖတ်ကို ရေစိမ်လိုက်ပါတယ်။
 မုန့်ဖတ်ပျော့ပြီးဆိုလျင် အိုးထဲမှာ ရေထည့်ပြီး ဆူအောင် တည်လိုက်ပါတယ်။
 ရေဆူမှ မုန့်ဖတ်ထည့်ပါတယ်။

နောက်အိုး၁လုံးဖြင့် ငါးခူကို ငံပြာရည်၊ အချိုမှုန့်နယ်ပြီး စပါးလင်ထည့်ပြုတ် ပါတယ်။
 အနံမွေးအောင်လို့ပါ။
 ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတောင့်ကို ညက်နေအောင် ထောင်းပါ။

နောက်အိုး၁လုံးဖြင့် ရေထည့်ပြီး ဆူအောင်တည်ပါ။
 ရေဆူပြီဆိုလျင် ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ထောင်းထားတာတွေကို ထည့်ပါ။
 စိမ်းစားငပိ အနည်းငယ်ထည့်ပါ။
အနံပျောက်ပြီဆိုလျင် မီးခဏပိတ်ထားပါ။

ငါးခူတည်ထားသောအိုးမှ ငါးခူနှုးပြီဆိုလျင် ငါးခူချည်းပဲဆယ်ပြီး အအေးခံထားပါ။
 ငါးခူ ပြုတ်ထားသောအိုးထဲမှ အရည်အားလုံးကို ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းထောင်းထားသော အိုးထဲသို့ လောင်းထည့်လိုက်ပါ။
ငါးခူကို အသားချည်းပဲနွင်ပါ။
လက်ဖြင့်ငါးခူ ကိုကြေအောင်လုပ်ပါ။
 ပြီးရင်အိုးထဲသို့ ငါးခူအသားများထည့်လိုက်ပါ။
ဆား၊ အချိုမှုန့်၊ ငံပြာရည် ထည့်ပါ။
 အပေါ့အငန်မြည်းပြီလျင် ချလို့ရပါပြီ။

ရခိုင်မုန့်တီကို မန်ကျည်းမှည့်ဖျော်ထားသောအရည်၊ နံနံပင်၊ ဆီချက်၊ ပဲကြော်တို့ဖြင့်ထည့်ပြီးစားနိုင်ပါတယ်။
ပဲကြော် နှင့်ငါးဖယ်များထည့်ပြီး တွဲဖက်စားသုံးနိုင်ပါတယ်။

****************

ရခိုင်မုန့်တီချက်မယ်ဆို ငါးကိုပြုတ်ရင် ဆနွင်းမထည့်ဘဲ ဆား /အချို့မှုန့် တို့အပြင် ငါးပိလေး နည်းနည်းထည့်ပြိး ရေနည်းနည်းနဲ့ရေခမ်းတဲ့အထိပြုတ်ပေးရပါတယ် ။

 ငါးပြုတ်အိုးကျက်ပြီဆိုရင် အိုးတစ်လုံးနဲ့ ရေနွေးကို ပွတ်ပွတ်ဆူအောင်တည် ရေနွေးတည်ထားတုန်းမှာ
ခုနက ပြုတ်ထားတဲ့ ငါးကိုအရိုးထွင်ထားပါတယ် ။

ရနွေးအိုးဆူရင်တော့ ငါးပိ ရေဖျော်ထားတာလေးကို စကာလေးနဲ့ စစ်ပြီးထည့်ရပါတယ်
ပြီးရင်တော့ အိုးအဖုံးကို ပိတ်လို့ ပွတ်ပွတ်ဆူအောင်တည်ထားပါ
ပွတ်ပွတ်ဆူအောင်တည်ထားတဲ့အိုးက ငါးပိအနံ့လေး ပျောက်ပြီဆိုရင်
ခုနကထွင်ထားတဲ့ ငါးတွေကိုထည့်လိုက်ပြီး အပေါ့အငံအနေတော်ပြင်ပါတယ်

 ပြီးရင်တော့ ဟင်းရည်အိုးကို နောက်တဖန်ပွတ်ပွတ်ဆူအောင်တည်ရပါတယ် ။

 ဟင်းရည်အိုးက ပွတ်ပွတ်ဆူလာပြီဆိုရင်တော့ ကြက်သွန်ဖြူတစ်ဆယ်သားခန့်ဓါးပြားရိုက်ထားတာနဲ့ ငရုတ်ကောင်းမှုန်ကိုထည့်လိုက်ပါ

ရခိုင်မုန့်တီမှာ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းက အရေးကြီးလို့ ဂရုစိုက်ပြီး ဟင်းရည်အိုးပွတ်ပွတ်ဆူမှထည့်ရပါတယ် မဟုတ်ရင်
ငရုတ်ကောင်းအနံ့က မမွှေးတော့ဘဲ ဟင်းရည်အေးသွားရင် ညှီတက်ပါတယ် ။

ဟင်းရည်အိုးကျက်သွားတဲ့ အချိန်မှာတော့ ရခိုင်သုပ်လို့ခေါ်တဲ့ မုန့်ဖတ်သုပ်စားဖို့အတွက် ငါးငရုတ်သီးချက်ကို ချက်ပါတယ် ။

ခုနက အရိုးထွင်ထားတဲ့ အထဲက ငါးနည်းနည်းကို ငါးပိ ငရုတ်ကောင်း ၊ ငရုတ်သီးစိမ်းတို့နဲ့ချက်တာပါ ။

ငါးငရုတ်သီးချက် ချက်မယ်ဆို ငရုတ်သီးကို အရင်ပြုတ်ပြီးထောင်းပါ ပြီးရင် ငါးပိကို အရည်ဖျော်ပြီး မီးဖိုပေါ်တွင် ဆူပွက်အောင်တည်ပါ ။

ထို့နောက် ငါးထွင်ထားတာကိုထည့်ပါ
မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူထည့်ပြီး အချိုမှုန့် / ဆား လိုအပ်သလိုထည့်ပါ

ငါးငရုတ်သီးချက်အိုးဆူပွက်လာပြီဆိုရင်တော့ငရုတ်ကောင်းမှုန့်လေး အနည်းငယ်ဖြူးပေးလိုက်ယုံပါပဲ ။

Twitter Delicious Facebook Digg Stumbleupon Favorites More