Pages - Menu

7 Dec 2012

ရှမ်းခေါက်ဆွဲချက်နည်း

ရှမ်းခေါက်ဆွဲသည် ရှမ်းရိုးရာ အစားအစာတစ်မျိုးဖြစ်သည်။ ရှမ်းခေါက်ဆွဲတွင် ခေါက်ဆွဲဖတ်ကို မူတည်၍ အမျိုးအစားကွဲပြားသည်။ ဆန်စီး၊ ဆန်ဖွယ်(ရေစိမ်)၊ တို့ဟူးပျော့ ဟူ၍ကွဲပြားပြီး အသုပ်၊ အရည်ဖျော်ဟူ၍ ကြိုက်နှစ်သက်သလို သုံးဆောင်ကြသည်။ ရှမ်းခေါက်ဆွဲကို ကြက်သား၊ ၀က်သားနှင့် သားသတ်လွတ် အမျိုးမျိုး ပြုလုပ်စားသုံးကြသည်။

သားသတ်လွတ် ရှမ်းခေါက်ဆွဲ ပြုလုပ်နည်း
ပါဝင်သော ပစ္စည်းများမှာ ဆန်ခေါက်ဆွဲ (Kway Teow)၊ ပဲငပိ (Chilli bean sauce)၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ပဲပြားနှင့် ကြက်သွန်ဖြူဆီတို့ ဖြစ်သည်။

ကြက်သွန်ဖြူဆီ လုပ်ရန် ဆီပူတွင် ကြက်သွန်ဖြူ လှီးပြီးသား များကို ထည်.ကြော်၍ ကြက်သွန်ဖြူဆီချက် လုပ်ပါ။ ကြက်သွန်ဖြူ ရွှေဝါရောင် သန်းလာလျှင် မီးဖိုမှ ချပြီး ဆီထဲသို့ Black Pepper အမူန့် အနည်းငယ်ထည့်ထားပါ။



ခေါက်ဆွဲ အနှစ်ချက်နည်း

ဆီပူလာလျှင် လှီးထာတဲ. ကြက်သွန်နီ ကိုကြော်ပါ။ ကြက်သွန် နွမ်းသွားလျှင် ခရမ်းချဉ်သီး ထည့်ကြော်ပါ။ ပဲငပိ စတီဇွန်း ၂ဇွန်းလောက်၊ ဆား၊ အချိုမူန့်ထည့်ပြီး ရေအနည်းငယ် ရော၍ ခဏအဖုံးအုပ်ထားပါ။ ခရမ်းချဉ်သီး ကြေသွားလျှင် လှီးထားသော ပဲပြား အတုံးလေးများကို ရောလိုက်ပါ။ဆီပြန်လာလျှင်ရပ

ါသည်။


ခေါက်ဆွဲ ပြင်နည်း

ခေါက်ဆွဲ ကို တစ်ပွဲစာ ထည့်ပါ။ ဆား၊ အချိုမုန့်၊ ပဲငပြာရည်(ကြာညို့)အနည်းငယ် ထည့်ပါ။ ကြက်သွန်ဖြူဆီ ထည့်ပါ။ ခေါက်ဆွဲအနှစ် ထည့်ပါ။ နောက်ဆုံးတွင် ထောင်းထားသော မြေပဲဆံ ဖြူးပြီး နယ်စားနိုင်ပါသည်။ မုန့်ညှင်းချဉ် ထည့်၍ စားသုံးနိုင်ပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More