Pages - Menu

8 Dec 2012

ကြာဇံချက်

လိုအပ်တဲ့ ပစ္စည်းတွေကတော့
လူဦးရေပေါ်မူတည်ပြီး အတိုင်းအတာက ကွာမှာပေါ့နော်။ ကျွန်မ ဒီတစ်ခါမှာ စာရင်းကိုပဲ ဦးစားပေးပြီး ပမာဏကို မပြောတော့ဘူးနော့့် 
ကြာဇံ၊
ကြက်သား၊ ကြက်ရိုး၊
 ကြွက်နားရွက်မှို၊
ပဲပြားလိပ်၊
 မှိုခြောက်၊ ပန်းခြောက်၊
 ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊
ချင်း၊ ကြက်သွန်မြိတ်၊ နံနံပင်၊
 ငရုတ်သီးအကျက်မှုန့်၊ ငရုတ်ကောင်းမှုန့်၊
 ငံပြာရည်၊ သံပုရာသီး၊ ဆား၊ သကြား၊ ကြက်သားမှုန့် (အချိုမှုန့်) တို့ပဲ ဖြစ်ပါတယ်။

ငါးဖယ်ရှိရင်ထည့်ပါ။ မရှိခဲ့ရင် ကြက်သားကို နိုင်နိုင်လေး ထည့်လိုက်တာပေါ့  ။

စစချင်း ရေနွေးအိုးပြင်ပြီး အဲ့ဒီထဲမှာ ကြက်ရိုးတွေ ထည့်ပြုတ်ပါတယ်။

 အဲ့ဒီထဲမှာ ဂျင်းလေးတွေ ခြစ်ပြီး အရည်ညှစ်ထည့် လိုက်ပါတယ်။

 ဆား၊ သကြား၊ ငံပြာရည်နဲ့ ကြက်သားမှုန့် အနည်းငယ်ထည့်လိုက်ပါတယ်။

 ကြာဇံကို ရေစိမ်ပါတယ်။

 မှိုခြောက်ပန်းခြောက်နဲ့ ကြွက်နားရွက်မှိုကို တူတူရေစိမ်တယ်။

ပဲပြားလိပ်ခြောက်ကိုတော့ သီးသန့်ရေစိမ်ထားပါတယ်။
 ကြွက်နားရွက်မှိုကို သတိထားပြီး သေချာသန့်အောင် ဆေးပါနော်။
ကြာဇံရေစိမ်ထားတာကို ၁၀ မိနစ်လောက်ထားပြီး နောက်ပိုင်းမှာ ရေထဲက ဆယ်ပြီး ကတ်ကြေး လေးနဲ့ ၄ လက်မ အရှည်လောက်လေးတွေ ဖြတ်ထားပါ။

မှိုခြောက်နဲ့ ကြွက်နားရွက်မှိုခြောက်ကို ရေထဲက ဆယ်ပြီး အရွယ်တော် လေးတွေ ဖြတ်ထားပါ။

 ပန်းခြောက်ကို အထုံးလေးတွေ လုပ်ရင်လုပ်၊ မလုပ်ရင်လဲ သူ့ကိုလဲ အရွယ်တော်လေးဖြတ်လိုက်နော်။

ပဲပြားလိပ်ကိုလဲ ဆယ်ထားလိုက်နော်။

 ကြက်သားကို အသားတုံးလေးတွေ အနေတော်လေး တွေ တုံးပြီး ဆား၊ သကြား၊ ငံပြာရည်တို့နဲ့ သေချာနယ်ထားလိုက်ပါတယ်။

ဆီကို ငရုတ်ရောင်မထည့်ဘဲ အဖြူထည်လေးအတိုင်းပဲ ကြက်သားတွေနဲ့ ကြက်သွန်ဖြူဂျင်းတို့နဲ့ ဆီသတ်ပါတယ်။ ပြီးတော့ ကြက်သွန်နီ ဘလော့ခ်တုံးလေးတွေကိုပါ ဆီသတ်တဲ့အထဲ ထည့်လိုက်ပါတယ်။

အဲ့ဒီအချိန်မှာ ကြက်ရိုးဟင်းရည်အိုးကလဲ တော်တော်လေးကို ဆူလာပါပြီ။

ကျွန်မကတော့ ကြက်ရိုးတွေကို ဖယ်လိုက်ပါတယ်။ အိမ်မှာဆိုရင်တော့ မဖယ်ပါဘူး။

 ပြီးတော့ ဆီသတ်ထားတဲ့ ကြက်သားကို ဟင်းအိုးထဲ ထည့်လိုက်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။

ဟင်းအိုးဆူပြီဆိုရင်တော့ မှိုခြောက်ပန်းခြောက်တွေကို အရင်ထည့်လိုက်ပါ။

မှိုခြောက်ပန်းခြောက်ထည့်ပြီးရင် ဟင်းအိုးကို မီးလျော့ပြီး ပေးဆူပါ။
ဟင်းအိုးနည်းနည်းကျအောင်ရော မှိုခြောက်ပန်းခြောက်ပွပြီး နူးလာမယ့်အချိန်ထိ အချိန်နည်းနည်း ကြာအောင်ထားလိုက်ပါ။

 အဲ့ဒီအချိန်မှာ ကြက်သွန်နီကို ပါးပါးလှီးပါ၊ ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။ သံပုရာသီးလေးတွေ အနေတော်လေးတွေ စိပ်ထားပါ။

မှိုခြောက်ပန်းခြောက်နူးလာပြီဆိုရင်တော့ ပဲပြားခြောက်နဲ့ ကြာဇံကို ထည့်လိုက်ပါ။

မီးအသင့်အတင့်နဲ့ ဟင်းအိုးကို ဖြေးဖြေးချင်းပေးဆူပါ။

ဟင်းအိုးဆူလာပြီဆိုရင်တော့ အရသာ အပေါ့အငန်ကို မြည်းပြီး နောက်ဆုံးမှာ ငရုပ်ကောင်းမှုန့် ခပ်ပါ။

 ဟင်းသိပ်ပူသိပ်စပ်မှာစိုးရင်တော့ စားမယ့်သူအကြိုက် သူတို့ပန်းကန်ထဲမှာပဲ ငရုတ်ကောင်းမှုန့်ကို စိတ်ကြိုက်ထည့်စားပါစေ။

 ပြီးရင် မီးပိတ်ပြီး ဟင်းအိုးကို အသာလေးလှပ်ထားလိုက်ပါ။
ကဲ့  အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ကြာဇံချက် ရပါပြီ။
ပန်းကန်လုံးလေးထဲ ကြာဇံဟင်းလေး ခပ်ထည့်၊ အပေါ်ကနေ ကြက်သွန်စိမ်းလေးရယ်၊ ကြက်သွန်မြိတ်လေးရယ် ဖြူးလိုက်ပါဦ့း့
အချိုပဲကြိုက်တတ်ရင်တော့ ဒီအတိုင်းပဲ စားပေါ့နော်။
ချဉ်ငံစပ်ကြိုက်တတ်ရင်တော့ ငံပြာရည်လေးရယ်၊ သံပုရာရည်လေးရယ်၊ ငရုတ်သီးအကျက်မှုန့်လေးရယ်၊ ငရုတ်ကောင်းမှုန့်လေးရယ် ထည့်စားနော့့် 

 ကြာဆံချက်ပူပူလေးပါ။ နေ့လယ်အဆာပြေပဲဖြစ်ဖြစ်၊
ထမင်းနဲ့ တွဲဖက်ဟင်းချိုအဖြစ်လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်။
ချက်ရလွယ်ပြီး စားလို့လည်း ကောင်းသည်မို့ ခုပဲ
ကြာဆံချက် ပူပူလေးကို တူတူချက်ကြည့်ရအောင် . . . ။

ပါဝင်ပစ္စည်းများ
-----------------
၁။ ပဲကြာဆံ - ၁၅ကျပ်သား (၂၄၀ ဂရမ်)
၂။ ကြက်ရိုး - ၃၀ကျပ်သား(၄၈၀ ဂရမ်)
၃။ ငါးဖယ် - ၁၀ ကျပ်သား (၁၆၀ ဂရမ်) ဥစအငသညေူ
၎။ မှိုခြောက် - ၂ကျပ်သား (၃၂ ဂရမ်)
၅။ ပဲခြောက် - ၂ကျပ်သား (၃၂ ဂရမ်)
၆။ ပန်းခြောက် - ၂ကျပ်သား (၃၂ ဂရမ်)
၇။ ငုံးဥ - ၁၀လုံး (ရေဖြင့် ကျက်အောင် ပြုတ်ပြီး အခွံနွှာထားပေးပါ)
၈။ ကြက်သွန်နီ - ၃မြွှာ (နုပ်နုပ်စဉ်းပါ)
၉။ ကြက်သွန်ဖြူ - ၃မြွှာ (နုပ်နုပ်စဉ်းပါ)
၁၀။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
၁၁။ ငရုတ်သီး အရောင်မှုန့် - စားပွဲဇွန်း ၁ဇွန်း
၁၂။ ဆား - စားပွဲဇွန်း ၁ဇွန်း
၁၃။ ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၄။ ငါးငံပြာရည် - စားပွဲဇွန်း ၄ဇွန်း
၁၅။ သကြား - စားပွဲဇွန်း ၁ဇွန်း
၁၆။ ဆီ -စားပွဲဇွန်း ၅ဇွန်း

ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ
---------------------------
၁။ ကြက်သွန်နီ - ၅လုံး (ပါးပါးလှီးပါ)
၂။ နံနံပင် - စည်းဝက် (ပါးပါးလှီးပါ)
၃။ သံပရာသီး - ၄လုံး (၄စိတ်စိတ်ပါ)
၎။ ငါးငံပြာရည်

ပြင်ဆင်နည်း
-------------
၁။ အရင်ဆုံး ပဲကြာဆံ၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲခြောက်တို့ကို ရေဖြင့်စိမ်ထားပေးပါ။

၂။ ဒယ်အိုးထဲ ရေ(၄လီတာ)ထည့်ပြီး ကြက်ရိုးများကို ပြုတ်ထားပါ။

၃။ ရေ၃လီတာလောက်ကျန်လျှင် ကြက်ရိုးပြုတ်အိုးကို
မီးပိတ်လိုက်ပြီး ကြက်ရိုးများကို ပြန်ဆယ်ကာ
အအေးခံပြီး ကြက်ရိုးမှ အသားများ နွှင်ပေးပါ။

၎။ ငါးဖယ်ကို (ဆား-လက်ဖက်ရည်ဇွန်း ၁ဇွန်း၊
ခနောကြက်သားမှုန့်-လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ငရုတ်သီးမှုန့် -လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ဖြင့် သမအောင် နယ်ပြီး
ငါးဖယ်ကို အပြားလေးများလုပ်ပေးကာ
ဆီများများဖြင့်ကြော်ပေးပြီး ပါးပါးလှီးပေးပါ။

၅။ ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာမှ
ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ပေးပါ။

၆။ ထို့နောက် နနွင်းမှုန့်၊ အရောင်တင်မှုန့်တို့ကို ထည့်ပြီး
အသားနွှင်ထားသော ကြက်သားများကို ထည့်ပေးပါ။

၇။ အရသာအတွက် (ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီး
ဆီပြန်လျှင် မီးပိတ်လိုက်ပါ။

၈။ ပန်းကန်ပြားတစ်ခုထဲ ပန်းခြောက်၊ မှိုခြောက်၊
ပဲခြောက်၊ ငုံးဥ၊ ကြက်သားချက်၊ ငါးဖယ် တို့ကို
ကြာဆံချက် ချက်ရန် အသင့်ပြင်ထားပါ။

ချက်ပြုတ်နည်း
---------------
၁။ ကြက်ပြုတ်ရည်ကို ဆူအောင် ပြန်တည်ထားပါ။

၂။ ဆူလာလျှင် ကြက်သား၊ မှိုခြောက်၊ ပန်းခြောက်၊
ပဲခြောက်၊ ငါးဖယ်၊ ငုံးဥ တို့ကို ထည့်ပြီး ၅မိန်ခန့် အဖုံးအုပ်ထားပါ။

၃။ အရသာအတွက် ငါးငံပြာရည်၊ ဆား၊
ခနောကြက်သားမှုန့်၊ သကြားတို့ကို ထည့်ပြီး ရောမွှေလိုက်ပါ။
အရသာ အနေတော်လျှင် မီးပိတ်လိုက်ပါ။

၎။ ဇောက်ပန်းကန်တစ်ခုထဲ ကြာဆံချက်လောင်းထည့်ပြီး
အပေါ်မှ ကြက်သွန်နီ၊ နံနံပင်၊ သံပရာသီး ညှစ်ထည့်ကာ
ကြာဆံချက် ပူပူလေးကို သုံးဆောင်လို့ရပါပြီ။

မှတ်ချက် - ကြာဆံချက်ကို ချက်ချင်း မသုံးဆောင်သေးလျှင် ကြာဆံကိုချက်တဲ့အခါ ထည့်မချက်ဘဲ သက်သက်အိုးဖြင့်
ပြုတ်ပြီး ဆယ်ထားပါ။

** စားခါနီးမှ ပန်းကန်ထဲ ကြာဆံကိုထည့်ပြီးကြာဆံချက်အရည်ဖြင့် တွဲဖက်သုံးဆောင်ပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More