Pages - Menu

1 Dec 2012

သွေးအားနည်းခြင်းနှင့်အစားအသောက်


ပုံမှန်အားဖြင့်လူတစ်ဦးတွင်ဟီမိုကလိုဘင်ပမာဏ၇၀၊၈၀ရှိသင့်ပြီး၊ 
ဟီမိုကလိုဘင်ခေါ် သွေးအားမပြည့်ခြင်းကြောင့်ဦးနှောက်၊ ကျောက်ကပ်၊နှလုံးနှင့်အဆုတ်စသည့်
အင်္ဂါများပုံမှန်လည်ပတ်မှုကိုထိခိုက်စေနိုင်ကာအသိဉာဏ်ထုံထိုင်းခြင်းနှင့်မောပန်းလွယ်ခြင်းများ အပြင်အသက်သေဆုံးသည်အထိဖြစ်ပွားစေသောကြောင့်သေချာစွာစစ်ဆေးကုသမှုခံယူသင့်ကြောင်း
အထွေထွေရောဂါကုဆရာဝန်များကပြောသည်။

 သံဓာတ်နှင့်ပရိုတင်းဓာတ်တစ်မျိုးတို့ပူးပေါင်း၍ဖြစ်ပေါ်ပြီး၊သွေးနီဥများတွင်ရှိသည့်

ဟီမိုကလိုဘင်ပမာဏချို့တဲ့ပါကသွေးအားနည်းရောဂါမှသွေးကင်ဆာရောဂါအထိဖြစ်ပွားစေနိုင်ကြောင်း
ဟံသာရိပ်မွန်အတွင်းဆေးခန်းဖွင့်လှစ်ထားသည့်အထွေထွေရောဂါကုဆရာဝန်တစ်ဦးကပြောသည်။

    အမျိုးသမီးများ လစဉ်သွေးဆုံးရှုံးမှုကြောင့် သွေးအားနည်းမှုပိုမိုအဖြစ်များကာ မွေးရာပါသွေးအားနည်းရောဂါမှာ အမျိုးသမီးရော၊ အမျိုးသားပါဖြစ်ပွားနိုင်သည်။

   “ထူးခြားချက်တစ်ခုကကရင်လူမျိုးအများစုမှာမွေးရာပါသွေးအားနည်းရောဂါပါတတ်ကြတယ်။

သွေးအားနည်းရောဂါကဖြစ်နိုင်တဲ့အ ကြောင်းအရာအများကြီးရှိတဲ့အတွက်သေချာစစ်ပြီးကုသင့်ပါတယ်။
တိုက်ဖွိုက်ရောဂါနဲ့သွေးတိုးရောဂါသမားတွေဆေးစားတဲ့အခါ သွေးအားနည်းရောဂါဖြစ်စေနိုင်တယ်။
ပြီးတော့ကင်ဆာဆေးတွေကလည်းသွေးအားနည်းစေပါတယ်”ဟု
အထွေထွေရောဂါကုဆရာဝန် ဒေါက်တာသိန်းထွန်းကပြောသည်။

                          သွေးအားနည်းရောဂါသည် ခန္ဓာကိုယ်တွင်းရှိ သွေးနီဥနည်းခြင်းကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး၊ သွေးပေါင်ကျခြင်းနှင့် မသက်ဆိုင်ပေ။ 

 သွေးအားနည်းခြင်းအဓိကဖြစ်ပွားရခြင်းမှာအရိုးထဲမှသွေးနီဥထုတ်လွှတ်မှုနည်းပါးခြင်း၊
ထုတ်ထားသောသွေးနီဥများအချိန်မတိုင်ခင်ပြိုကွဲ ခြင်း၊သွေးနီဥများအပြင်ထွက်ခြင်း
(ဓမ္မတာလာခြင်း၊သွေးထွက်ခြင်း)၊သွေးနီဥများသက်တမ်းမပြည့်သေးဘဲသရက်ရွက်မှဖျက်ဆီးခြင်းများ
 ကြောင့်ဖြစ်ပြီး၊ထိုမှတစ်ဆင့်သွေးအားနည်းရောဂါဖြစ်ပွားလာတတ်သည်။

   “ကျွန်မကမွေးရာပါသွေးအားနည်းရောဂါရှိတာမဟုတ်ဘူး။

သွေးအားနည်းရောဂါရှိမှန်းလည်းအစကမသိခဲ့ပါဘူး။ကိုးတန်းနှစ်ရောက်မှာမူးလဲသွားလို့
 သွေးပေါင်ချိန်တော့ သွေးပေါင်ချိန်က ၅၀၊ ၅၀ ပဲရှိတယ်။ တစ်ကိုယ်လုံးဖြူဖွေးပြီး အမြဲတမ်းခေါင်းမူးမူးနေတယ်။ မသက်သာလို့ တစ်လလောက်ကြာမှ သွေးစစ်ကြည့်တော့မှ သွေးအားနည်းရောဂါရှိမှန်းသိတာ၊ အခုဆိုရင် သွေးခဏခဏသွင်းရတယ်။ အဲဒီရောဂါက ပျောက်ဖို့ခက်တယ်။ နားနားနေနေနေထိုင်ပြီး၊ အစားအသောက်နဲ့ ဆေးရောပေါင်းပြီး ကုရတာဖြစ်ပေမယ့် ကျွန်မက သိပ်ဂရုမစိုက်ခဲ့တဲ့အတွက် ပိုမိုပြီးဖြစ်လာတယ်” ဟု ကိုယ်တိုင်သွေးအားနည်းရောဂါခံစားနေရသူ အသက် ၂၃ နှစ်ဝန်းကျင် အမျိုး သမီးတစ်ဦးကသူမ၏အတွေ့အကြုံများကိုပြောသည်။

    အမျိုးသမီးများ သွေးအားနည်းရောဂါရှိပါက ကလေးမီးဖွားချိန်တွင် ကျန်းမာရေးဆိုင်ရာအခက်အခဲများရှိနိုင်ပြီး၊ အခန့်မသင့်ပါက ကလေးရောမိခင်ပါအသက်ဆုံးရှုံးသည်အထိဖြစ်ပွားစေနိုင်ကြောင်းဒေါက်တာသိန်းထွန်းကရှင်းပြသည်။

    “မွေးရာပါ သွေးအားနည်းရောဂါသည်တွေက ခန္ဓာကိုယ်ထဲမှာ သွေးအားနည်းရင် တစ်ကိုယ်လုံးဖြူဆွတ်ပြီး ခွေလဲသွားတတ်တယ်။ လိုအပ်တဲ့သွေးပမာဏပြန်သွင်းမှသာ လှုပ်ရှားနိုင်ပါတယ်။ သွေးအားနည်းရောဂါအတွက်က တော့ နွားနို့သောက်စရာမလိုပါဘူး။

 နွားနို့မှာ သံဓာတ်မရှိတဲ့အတွက်မဆိုင်ပါဘူး။ကန်စွန်းနဲ့ဟင်းနုနယ်လိုအရွက်တွေစားပေးရတယ်
ဟုအထက်ပါအထွေထွေရောဂါကုဆရာဝန်က ဆက်ပြောသည်။

    ဟီမိုကလိုဘင်မပြည့်ခြင်းသည် ရောဂါဖြစ်ပွားနေခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်တွင်းလိုအပ်သည့် သံဓာတ်ပြည့်ဝစွာမရှိခြင်း၊ကိုယ်ခန္ဓာမှသံဓာတ်ဆုံးရှုံးမှုများပြားခြင်းစသည်တို့ကြောင့်ဖြစ်ကာ၊

သံဓာတ်ကြွယ်ဝသောအစားအစာများကိုနေ့စဉ်စားသုံးခြင်း၊ပြည့်ဝစွာအိပ်စက်အနားယူခြင်း၊
သံဓာတ်စုပ်ယူမှုကိုတားဆီးစေသောအချက်များကိုရှောင်ကျဉ်ခြင်းဖြင့်ထိရောက်စွာ
ကာကွယ်နိုင်သည်။

    “ကျွန်မကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားနေလို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာများလို့ အိပ်ရေးမ၀တာ ၄ နှစ်ရှိပြီ။ မနှစ်က နယ်ကနေ ရန်ကုန်တက်လာပြီး ပုဂ္ဂလိကအထူးကုဆေးခန်းကြီးတစ်ခုမှာ သွားပြတယ်။ ဆရာဝန် ကြီးကလည်း နာမည်ကြီးပဲ။ ကိုယ့်ကိုယ်ကို ဘာဖြစ်နေမှန်းမသိဘူး။ ဆရာဝန်ကြီးက သွေး၊ ဆီး၊ ဓာတ်မှန်၊ CP ၊ အထရာစောင်း အားလုံးစစ်ခိုင်းလို့စစ်ကြည့်တယ်။ ကျွန်မရလာတဲ့အဖြေတွေကိုကြည့်ပြီးဘာရောဂါမှမရှိဘူးလို့ပြောတယ်။

ဒါပေမယ့်အခုနှစ်ပြနေတဲ့ဆရာဝန်ကအရင်ရခဲ့တဲ့အဖြေစာရွက် တွေကိုကြည့်ပြီးသွေးအားနည်းရောဂါ
အဖြေကပါပြီးသားပဲလို့ပြောတယ်။

  အဓိကကတော့အထူးကုဆေးခန်းကြီးတွေမှာထိုင်တဲ့ဆရာဝန်ကြီးတွေဟာလူနာတစ်ယောက်ကို

၂မိနစ်လောက်ပဲအချိန်ပေးကြတဲ့အတွက်လို့ထင်တယ်။အဲဒီတုန်းကကျွန်မရဲ့သွေးစစ်ထားတဲ့အဖြေကို
အဲဒီဆရာဝန်ကြီးကသေသေချာချာမကြည့်ခဲ့ဘူး”ဟုသွေးအားနည်း ရောဂါပျောက်ဆေးဝါးများ မှီဝဲနေရသူအမျိုးသမီးတစ်ဦးကပြောသည်။

သွေးအားနည်းလျှင်


သွေးအားနည်းခြင်းဆိုသည်မှာသွေးအတွင်းဟေမိုဂလိုဘင်ရှိသင့်သည့်ပမာဏထက်နည်းနေခြင်း
ကိုဆိုလိုပါသည်။

 သွေးအားနည်းစေနိုင်သော အကြောင်းများ အမျိုးမျိုး ရှိနိုင်ပါသည်။
ဥပမာ - လုံလောက်သော အာဟာရပြည့်ဝစွာ မစားခြင်း၊ အမျိုးသမီးများတွင် ရာသီသွေး များခြင်း၊ ကိုင်းသမား၊ လယ်သမားတွင် သန်ချိတ်ကောင် (Hook worm) ရှိနေခြင်း၊ သွေးမကြာခဏ ထွက်တတ်သော လိပ်ခေါင်းရှိသူ စသဖြင့် အကြောင်းများစွာ ဖြစ်နိုင် ပါသည်။

သွေးအားနည်းပါက အချို့သောသူများတွင် အစပိုင်း၌ ရောဂါလက္ခဏာ မပြသော်လည်း အောက်ပါလက္ခဏာများ ရှိခဲ့သော် သွေးအားနည်းခြင်း ရှိ၊ မရှိကို သိရန် သွေးစစ်ဆေး သင့်ပါသည်။

လက္ခဏာများမှာ
- အလွယ်တကူ ပင်ပန်းလွယ်ခြင်း
- မောပန်းနွမ်းနယ်ခြင်း (တိကျသော အကြောင်းတစ်စုံတစ်ရာမရှိဘဲ)
- အသားအရေ ဖြူဖျော့လာခြင်း
- ရင်တုန်ခြင်း
- အသက်ရှုမဝခြင်း
- မူးဝေခြင်းအပြင် ဆံပင်ပိုမိုကျွတ်လာခြင်း၊ နေထိုင်ရသည်မှာ မကောင်းခြင်းနှင့် နှလုံးရောဂါ ရှိသူများရောဂါအခြေအနေ ပိုဆိုးရွားလာခြင်းတို့ ဖြစ်ပါသည်။            

  Ref : Good Health

Twitter Delicious Facebook Digg Stumbleupon Favorites More