Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

25 Jan 2013

စွမ်းအင်အဆင့် မြင့်တက်စေမည့် သဘာဝနည်း ငါးသွယ်

မောပန်းပြီး နွမ်းနယ်တာကြောင့် စွမ်းအင်တွေ လျော့ပါးနေရင် အချိန်တို အတွင်း စွမ်းအင် အဆင့် မြင့်တက်လာစေ ဖို့ အောက်ပါ သဘာဝနည်းတွေကို လိုက်နာသင့်ပါတယ်။


(၁) သင်နေထိုင်တဲ့ နေရာအဝန်း အဝိုင်းမှာ လိမ္မော်ရောင်၊ အဝါရောင်နဲ့ ခရမ်း ရောင်တို့လို တောက်ပတဲ့ အရောင်တွေ ရှိနေပါစေ။ ဒီအရောင်တွေ က စိတ်ခံစားမှုကို မြင့်တက်စေပါတယ်။

(၂) တစ်နေ့ ၁၅ မိနစ်ခန့် နံနက်ခင်း နေခြည်နုနုကို ခံယူပါ။ ဒီလို နေခြည်နုနုခံ ယူတာကြောင့် သင့်ခန္ဓာကိုယ်မှာ ဗီတာ မင်ဒီနဲ့ ဆီရိုတိုနင်အထွက်တိုးစေပါတယ်။

(၃) လီမွန်သီး၊ လိမ္မော်သီးစတဲ့ အသီးရနံ့ တွေ၊ ပက်ပါးမင့် ပူရှိန်းရနံ့တွေက သင်ရဲ့ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက် တွေကို တိုးမြင့်စေနိုင်ပါတယ်။ သင့်လက် ကောက်ဝတ်မှာ ဒီမရှိမဖြစ်အဆီကို တစ် စက်-နှစ်စက် ဆွတ်ပေးပါ။

(၄) ချဉ်ပြီး အေးမြတဲ့ အနံ့အရသာက သင့်ခံတွင်း၊ လည်ချောင်းနဲ့ နှာခေါင်း တစ်လျှောက်ရှိ နာ့ဗ်ကြောတွေကို လှုံ့ဆော် ပေးပြီး
ဦးနှောက်ရဲ့ လုပ်ဆောင် မှုတွေကို ကောင်းမွန်စေပါတယ်။

(၅) ပီကေဝါးတာက ကြွက်သားတင်းအားကို ပြေလျော့စေပြီး သင့်ကို တက်ကြွမှုရှိစေကာ နာ့ဗ်ကြောစနစ်ကို လှုံ့ဆော် ပေးနိုင်စွမ်း ရှိပါတယ်။

ကြယ်စင်
Ref>>Good Health

ခြောက်သွေ့ပျက်စီးနေသော ဆံကေသာကို သဘာဝနည်းဖြင့် ထိန်းသိမ်းနည်း

သင့်ဆံပင်သားကို ဖြောင့်လိုက်၊ ကောက်လိုက် မကြာခဏ ပြုလုပ်တာ ကြောင့်ရော၊ သဘာဝ နေပူဒဏ်နဲ့ ထိ တွေ့မှုကြောင့်ပါ ဆံပင်သား ပျက်စီးထိ ခိုက်နေရင် သင့်အိမ်မီးဖိုချောင်ရှိ အိမ်သုံးပစ္စည်းတွေ ကို သုံးပြီး အောက်ပါအတိုင်း ထိန်းသိမ်းပြုပြင် ပေးနိုင်ပါတယ်။


သံလွင်ဆီသုံးပြီး ဆံကေသာကို ပုံမှန်ထိန်းသိမ်းနည်း

ခေါင်းလျှော်ခါနီးတိုင်း လုပ်ဆောင် နိုင်တဲ့နည်း ဖြစ်ပါတယ်။ အမြဲပုံမှန်ပြု လုပ်သွားမယ်ဆိုရင်
ဆံကေသာ တောက် ပြောင်သန်စွမ်းနေပါလိမ့်မယ်။
(၁) ဆံပင်သားအနှံ့ သံလွင်ဆီလိမ်းကာ ဦးရေပြားကို နှိပ်နယ်ပေးပါ။
(၂) သင့်ဦးခေါင်းကို ခေါင်းစွပ်(Shower Cap)နဲ့ မိနစ် ၉၀ ခန့် ဖုံးအုပ်ထားပါ။ ဒါဆိုရင် သင့်ဦးခေါင်းက အပူတွေ ဖျာ ထွက်မှု မရှိဘဲ ဆံပင်သားကို နက်နက်နဲနဲ ချောမွေ့စေမှာ ဖြစ်ပါတယ်။ ပင်လယ် ကမ်းခြေမှာ ဒီနည်းလမ်းကို လိုက်နာလုပ် ဆောင်မယ်ဆိုရင် နေရောင်ခြည်က အပူတွေဟာ သင့်ဆံကေသာကို သံလွင်ဆီကနေ အာဟာရ ဓာတ်တွေ စုပ်ယူနိုင်အောင် ကူညီပါလိမ့်မယ်။
(၃) ပြီးရင် သံလွင်ဆီတွေ ကင်းစင်သွား အောင် ခေါင်းလျှော်ပေးပါ။

ဆံကေသာကို ပေါင်းတင်နည်း

ထိခိုက်ပျက်စီးနေတဲ့ သင့်ဆံပင်သားတွေ နူးညံ့ချောမွေ့နေစေဖို့ တစ်ပတ်တစ်ကြိမ် ပြုလုပ်နိုင်တဲ့ ပေါင်းတင်နည်း ဖြစ်ပါတယ်။

လိုအပ်သော ပစ္စည်းများ- ပျားရည်၊ သံလွင်ဆီ၊ ကြက်ဥ/ဘဲဥအနှစ်

(၁) ကြက်ဥ/ဘဲဥအနှစ်တစ်လုံး၊ သံလွင် ဆီ ထမင်းစားဇွန်း သုံးဇွန်းနဲ့ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းတို့ကို သမအောင် ရောမွှေပြီး ဦးရေပြားအနှံ့ သုတ်လိမ်းပေး ပါ။
(၂) ပျားရည်ဟာ ရေဓာတ်ကို ထိန်းထား နိုင်စွမ်း ရှိတာကြောင့် ဆံကေသာကို စို ပြည်စေပါတယ်။
(၃) ပြီးရင် ခေါင်းစွပ်(Shower Cap) စွပ်ထားပြီး မိနစ် ၃၀ ခန့် ကြာမှ ရေနဲ့ ဆေးကြောပေးပါ။ ဆံကေသာ ပျော့ပျောင်း သန်စွမ်းသွားတာကို တွေ့ရပါလိမ့်မယ်။

ဆံကေသာ ထူထဲလှပစေရန်

ထိန်းသိမ်းနည်း သံလွင်ဆီက ဆံပင်သား နူးညံ့ပျော့ ပျောင်းစေတဲ့ အဆီဖြစ်ပြီး ဘီယာကတော့ ဆံပင်သား ထူထဲ သန်စွမ်းစေတဲ့ အာနိသင်ရှိပါတယ်။

လိုအပ်သော ပစ္စည်းများ- ဘီယာတစ်ခွက်၊ သံလွင်ဆီထမင်းစားဇွန်း တစ်ဇွန်း

(၁) ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေလိုက်ပါ။ အဝကျယ်တဲ့ ခွက်တစ် ခုထဲထည့်ပြီး မွှေတာက ပိုကောင်းပါတယ်။
(၂) ဆံပင်သားအနှံ့ လောင်းချကာ နှိပ် နယ်ပေးပါ။ ဦးရေပြားကို အနည်းဆုံး အချိန် ငါးမိနစ်ခန့် နှိပ်နယ်ပေးရမှာ ဖြစ်ပါ တယ်။
(၃) ဆံပင်သားအားလုံး သန့်စင်သွားတဲ့ အထိ ရေနဲ့ဆေးကြောပေးပါ။

ဆံကေသာ သန့်စင်ပြီး ဗောက်ကင်းစင်စေရန် ထိန်းသိမ်းနည်း

ဗောက်ထနေတဲ့ ဆံပင်သားကို သန့်စင်သွားအောင် လုပ်နိုင်တဲ့နည်း ဖြစ် ပါတယ်။

လိုအပ်သော ပစ္စည်းများ- ဆော်ဒါမှုန့်နှင့် ရေ

(၁) ဆော်ဒါမှုန့် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ ရေနှစ်ခွက်ကို ရောမွှေလိုက်ပါ။
(၂) ဒီအရောအနှောကို ဆံပင်သားအနှံ့ သုတ်လိမ်းရင်း လောင်းချပေးပါ။
(၃) သမအောင် လိမ်းကာ နှိပ်နယ်ပြီးရင် ရေနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို မကြာခဏ ပြုလုပ်ပေး ရင် ဆံပင်သား သန့်ရှင်းစင်ကြယ်နေပါ လိမ့်မယ်။
Ref>>Good Health

လေးညှင်းပွင့် ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

လေးညှင်းကို ဟင်းလျာတွေထဲမှာ ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ရှိပါ တယ်။ စူးရှတဲ့ ရနံ့ကို ပေးနိုင်တဲ့ လေး ညှင်းမှာ ထူးကဲတဲ့ အာဟာရတန်ဖိုးနဲ့ ဆေးဖက်ဝင်အာနိသင်တို့ ရှိကြပါတယ်။ လေးညှင်းမှာ ပရိုတင်း၊ သံဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက် ဒရိုကလိုရစ်အက်စစ်စတာတွေ အများအ ပြားပါဝင်နေပြီး ဗီတာမင်အေ၊ ဗီတာမင် စီ၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့လည်း ပါဝင် နေပါတယ်။


(၁) အကိုက်အခဲပျောက်စေသော အစွမ်းရှိခြင်း

လေးညှင်းမှာ ပါဝင်တဲ့ ယူဂျီနော အဆီကြောင့် အကိုက်အခဲ သက်သာ စေတဲ့ အစွမ်းရှိကာ သွားကိုက်တာလို ဝေဒနာ တွေကုသရာမှာ အသုံးဝင်ပါတယ်။ လေးညှင်းဆီထဲကို ဝါဂွမ်းလုံးနှစ်ပြီး သွားကိုက် တဲ့နေရာပေါ် ဖိအုပ်ပေးပါ။ လေးညှင်းဆီ မှာပါဝင်တဲ့ ယူဂျီနောအဆီမှာ ဘက်တီး ရီးယားပိုးတွေကို တားဆီးဆန့်ကျင်ပေး တဲ့ အစွမ်းရှိတာကြောင့် ခံတွင်းထဲက ပိုး မွှားတွေ ကင်းစင်စေဖို့ သွားတိုက်ဆေး၊ ပလုတ်ကျင်းဆေးရည်နဲ့ လည်ချောင်းဖျန်း စပရေးစတာတွေထဲ ထည့်သုံးကြလေ့ရှိ ပါတယ်။ လေးညှင်းဆီက သွားဖုံးနာကျင် မှုကိုလည်း သက်သာစေပါတယ်။

(၂) ရောင်ရမ်းမှု လျော့ကျစေသော အာနိသင်ရှိခြင်း

လေးညှင်းဆီမှာ ဖလေဗိုးနွိုက်ပမာ ဏပါဝင်မှု မြင့်မားတာကြောင့် ရောင်ရမ်း မှုလျော့ကျစေတဲ့ အစွမ်းရှိပါတယ်။ ရနံ့ ကုထုံးသုံးသူတွေက အဆစ်ရောင်ရမ်းနာ နဲ့ ရိုးဆစ်ရောင်ရမ်းမှု ဝေဒနာတွေကို ကု သနိုင်ဖို့ လေးညှင်းဆီအစစ်ကို သုံးကြပါ တယ်။ လေးညှင်းဆီကို ရှူလိုက်တဲ့အခါ အအေးမိတာ၊ ချောင်းဆိုးတာ၊ ပန်းနာရင် ကျပ်တာ၊ လြွေပန်ရောင်တာ၊ နှာခေါင်း ပိတ်တာစတဲ့ အသက်ရှူလမ်းကြောင်း ဝေ ဒနာတွေကို သက်သာစေပါတယ်။

(၃) ပိုးသတ်အာနိသင် ရှိခြင်း

လေးညှင်းနဲ့ လေးညှင်းဆီမှာ ပိုး သတ်အာနိသင်ရှိတာကြောင့် အရေပြား ပြတ်ရှရာ၊ ဖန်းဂတ်စ်မှိုပိုးဝင်တာ၊ မီးပူ လောင်တာ၊ အနာဖြစ်တာ၊ ခြေသည်းဝဲ စွဲတာနဲ့ ပွန်းရှရာစတဲ့ အရေပြားအနာ တွေကို သက်သာစေပါတယ်။ အရေပြား ပေါ်ကို တိုက်ရိုက်လိမ်းတဲ့အခါ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။ လေးညှင်း ဆီမှာြွကက်သားတောင့်တင်းမှုကို ပြေ လျော့စေတဲ့ အစွမ်းလည်း ရှိပါတယ်။

(၄) အစာကြေစေခြင်း

လေးညှင်းဟာ အစာခြေစနစ် ပြဿနာများစွာကို ထိထိရောက်ရောက် ကုသပေးနိုင်စွမ်း ရှိပါတယ်။ လေပွတာ၊ အစာမကြေတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ စတဲ့ အစာခြေဝေဒနာတွေကို သက်သာ စေသလို ဝမ်းလျှောတာ၊ အန်တာနဲ့ ဗိုက် နာတာတွေကိုလည်း သက်သာစေပါတယ်။

(၅) ကင်ဆာကို ကာကွယ်နိုင်ခြင်း

လေးညှင်းဟာ အဆုတ်ကင်ဆာနဲ့ အရေပြားကင်ဆာတို့ကို ထိထိရောက် ရောက် ကာကွယ်နိုင်တယ်လို့ လေ့လာ သူတွေက ဆိုပါတယ်။ လေးညှင်းမှာပါ တဲ့ ယူဂျီနောဟာ အစာခြေစနစ်ကင်ဆာ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေကို လျှော့ချ ပေးနိုင်ပါတယ်။

(၆) ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်ခြင်း

လေးညှင်းနဲ့ လေးညှင်းဆီဟာ သွေး တွေကို သန့်စင်စေတာကြောင့် ကိုယ်ခံ စွမ်းအားစနစ်ကို ကောင်းမွန်စေကာ ရော ဂါမျိုးစုံကို တွန်းလှန်ပေးနိုင်ပါတယ်။

(၇) အခြားကျန်းမာရေး အကျိုးကျေးဇူးများ

လေးညှင်းဟာ ငှက်ဖျား၊ ကာလဝမ်း၊ ဝဲအမျိုးမျိုး စတဲ့ အာရှမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ လေးညှင်းဆီဟာ အစွမ်းထက် ခြင် နှိမ်နင်းဆေးအဖြစ် အသုံးဝင်ကာ ခြင် တွေကို ၄-၅နာရီခန့် တွန်းလှန်ပေးနိုင်ပါတယ်။ လေးညှင်းနဲ့ လေးညှင်းဆီကို မွေးကင်းစကလေးတွေနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း မသုံးခင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

ကြယ်စင်
Ref>>Good Health

ဆောင်းအအေးဒဏ်အံတုလို့ စားသောက်ရမဲ့ အစားအစာများ

ဆောင်းရဲ့ အအေးဓာတ်ဟာ ဒီရက်ပိုင်းအတွင်း သိသာထင်ရှားစပြူလာတဲ့အတွက် ဟေမာန်ကပေးတဲ့ အအေးလှိုင်းတွေအပေါ် ခန္ဓာကိုယ်က သိသိသာသာ တုံ့ ပြန်မှုရှိလာပါတော့မယ်။ အအေးဓာတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်က ခြေဖနောင့်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်းစတဲ့ အရေပြားဆိုင်ရာ ပြဿနာများဟာ ဟေမာန်ဆောင်းရဲ့ မရိုးအီတဲ့ အမွေဆိုးများပဲ ဖြစ်ပါတယ်။ အအေးဓာတ်လွှမ်းမိုးတဲ့ကာလမှာ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို ပျိုမေတို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်များကို ရွေးချယ်စိစစ်ပြီး စားသုံးနေထိုင်ကြမယ်ဆိုရင် အပေါ်ကဆိုခဲ့တဲ့ ပြဿနာများနဲ့ စည်းတစ်ဖက်ခြားနေပါလိမ့်မယ်။
ဒုတိယအဆင့်ဖြစ်တဲ့ဘယ်လိုဘယ်ပုံကုသရမယ်ဆိုတဲ့အဆင့်ရောက်တော့မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီတစ်ပတ်မှာ ဦးစွာ အစာလည်းဆေး၊ ဆေးလည်းအစာဆိုတာကိုဂရုသတိကပ်ပြီး အခုအသိရကာဆင်ခြင်ပြင်ဆင် နိုင်ကြစေဖို့ . ..။

၁။ ဆော်လမွန်ငါး

ဒီငါးဟာ ဦးနှောက်အတွက်အကျိုးပြုပေးတဲ့ အစားအစာဖြစ်ပါတယ်။ ဦးနှောက်ကို အကျိုးပြုပေးရုံမက စိတ်ခံစားမှုကိုလည်း အားပြုပေးပါတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းစေပါတယ်။ဦးနှောက်ကောင်း စွာအလုပ်လုပ်ဖို့အတွက် DHA ဆိုတာ လိုအပ်ပါတယ်။ DHA ဟာ
ဆော်လမွန်ငါးမှာ များစွာပါဝင်တဲ့အတွက် ဆော်လမွန်ငါးစားဖို့ တိုက်တွန်းရခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ ငါးစားတာ မကြိုက်ဘူး၊ ဆော်လမွန်ငါးစားဖို့ မလွယ်ကူနိုင်ဘူးဆိုရင် သစ်သီးဝလံကို စားပေးနိုင်ပါတယ်။

၂။ မုန်လာဥနီ

မုန်လာဥနီဟာ ကာရိုတင်းဓာတ်အများဆုံးပါဝင်ပါတယ်။ကိုယ်ခန္ဓာတွင်းမှာရှိတဲ့ဘော်ဒီဆဲလ်တွေပျက်စီးတာကို ရပ်တန့်အောင်၊ နှေးကွေးအောင်လုပ်ပေးပါတယ်။အမျှင်ဓာတ် ပေါကြွေယ်ဝတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ရုံမက ဗီတာမင်ဘီ၊ စီ၊ ဒီနဲ့အီးတို့ အများအပြားပါဝင်ပါတယ်။

၃။ ဂရိတ်ဖရု

ဗီတာမင်စီ၊ ဖော်လစ်အက်ဆစ်နဲ့ ပိုတက်စီယမ်ဓာတ်တို့ ပြေွါကယ်ဝတဲ့အသီးတစ်မျိုးဖြစ်တယ်။ တစ်နေ့ကို ခြောက်ခွက်လောက်သောက် သုံးပေးမယ်ဆိုလျှင် ကင်ဆာ အမျိုးမျိုးမှ ကာကွယ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ဂရိတ်ဖရုကိုတချိုဆေးဝါးတွေနဲ့အတူသုံးစွဲမယ်ဆိုရင်ဘေးအန္တရယ်တစ်ချို့ ရှိတဲ့အတွက်
သတိပြုစေချင်ပါတယ်။

၎။ မှို

သွေးဖြုဥတွေကို ထောက်ပံ့ကူညီပေးတယ်။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးတယ်။ အမျှင်ဓာတ်ပေါကြွယ်ဝပြီး ကိုလက်စထရောမြင့်မားခြင်းကို တားဆီးပေးပါတယ်။ဆီးချိုနဲ့  နှလုံးရောဂါတို့ကိုလည်းကာကွယ်ပေးပါတယ်။

၅။ ကန်စွန်းဥ

ကန်စွန်းဥပူပူလေးကို ဆောင်းဥတုကာလမှာ သုံးဆောင်သင့်ပါတယ်။ ဗီတာမင်ဓာတ်အမျိုးမျိုး ပါဝင်ပြီး အမျှင်ဓာတ်လည်းပါဝင်ပါတယ်။ သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်တို့လည်းပါဝင်ပါတယ်။

၆။ စွပ်ပြုတ်

စွပ်ပြုတ်ဟာ ဆောင်းဥတုကာလမှာ စားသုံးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။စွပ်ပြုတ်ထဲ ခရမ်းချဉ်သီး၊ အမဲသား၊ဟင်းသီးဟင်းရွက်တို့ ရောနှောပြီးစားသုံးနိုင်ပါတယ်။

၇။ ရွှေဖရုံသီး

ဗီတာမင်ဘီဝမ်း၊ စီနဲ့ ဖော်လစ်အက်ဆစ်တို့ ပါဝင်တယ်။ ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်တယ်။

၈။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ဆောင်းရာသီမှာ အများဆုံးစားသုံးသင့်တဲ့ဥတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်ကမလိုအပ်တဲ့ အဆီတွေကိုလည်းဖယ်ရှားပေးတယ်။ ဘက်တီးရီးယားတွေကိုလည်း နှိမ်နင်းပေးတယ်။ သွေးထုံးတာကိုလည်း ကာကွယ်ပေးနိုင်တယ်။ လေ့လာတွေ့ ရှိချက်များအရ ကြက်သွန်ဖြူဟာ နှလုံးရာဂါနဲ့  ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ ရှိရတယ်။

၉။ လိမ္မော်သီး

ခရစ္စမတ်ကာလမှာစားသုံးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်စီ ပေါကြွယ်ဝတဲ့ အသီးဖြစ်ပြီးဆောင်းရာသီမှာ ပျိုမေတိုင်း အထူးသုံးဆောင်သင့်တဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ အရမ်းအေးတဲ့အချိန်တွေမှာ လိမ္မော်သီးကိုစားပေးပါ။ ဟင်းသီးဟင်းရွက်တွေထဲ ချက်ပြုတ်တဲ့အခါ လိမ္မော်သီးရည်တစ်စက်နှစ်စက် ထည့်ပေးပါ။ ငါးကြော်တွေ၊ ငါးကင်တွေထဲမှာလည်း လိမ္မော်ရည် တစ်စက်နှစ်စက်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

၁ဝ။ ဂေါ်ဖီထုပ်

ဗီတာမင်စီပြေွါကယ်ဝတဲ့ဟင်းသီးဟင်းရွက်ထဲမှာ မပါပေမယ့်သဘာဝအမျှင်ဓာတ်တွေ အများဆုံးပါဝင်တဲ့ ဟင်းသီးဟင်းရွက်ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်က ကယ်လိုရီတွေဟာ ရရှိတဲ့ရာခိုင်နှုန်းထက်ဆုံးရှုံးတဲ့ရာခိုင်နှုန်းက ပိုများနေတဲ့အတွက်ဂေါ်ဖီထုပ်ကို စားသုံးပေးသင့်ပါတယ်။ဆောင်ရမယ့်အချက်များဗီတာမင်စီပေါကြွယ်ဝတဲ့ အစားအစာများဟာ ဆောင်းတွင်းမှာကိုယ်စိတ်ကျန်းမာရေးကို ကောင်းစွာအထောက် အကူဖြစ်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို အအေးဒဏ်မှ ကာကွယ်ပေးပြီးနွေးထွေးမှုလည်း ဖြစ်စေပါတယ်။ အစပ်အစားအစာတွေဟာလည်း ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုမြန်ဆန်စေပြီး အအေးဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။ကြော်လှော်ချက်ထားတဲ့ အစားအစာတွေကိုလည်း စားသင့်ပါတယ်။

ရှောင်ကြဉ်ရမယ့်အချက်များ

၁။ အအေးတွေ၊ ရေခဲမုန့်တွေကို မစားသောက်ပါနဲ့။
၂။ အစားအစာတွေကို စားသောက်တဲ့အခါမှာ အစိမ်းလိုက်မစားပါနဲ့။
၃။ အဆာမခံပါနဲ့ ။ အနီးအနားမှာ သွားရည်စာမုန့်တွေကို သိမ်းထားပါ။ အလုပ်များလို့ ထမင်းမစားနိုင်တဲ့အခါ မှီဝဲလို့ ရအောင်ဖြစ်ပါတယ်။
မေဝသာန်
Ref : 8 Days Journal

ဆေးဖက်ဝင်သော ကြက်သွန်နီ

ကြက်သွန်နီဆိုသည်မှာ အနံ့စူးရှ၍ ဟင်းခတ်ဥပင် တစ်မျိုးပင် ဖြစ်ပါသည်။ကြက်သွန်နီသည် အစေ့ကို ပျိုးထောင်၍ စိုက်သော ကြက်သွန်နှင့် ကြက်သွန်ဥ သေးများကို မြေတွင်ချစိုက်သော အမြိတ်ထောင် ကြက်သွန်ဟူ၍ နှစ်မျိုးရှိပါသည်။ အစေ့ကိုပျိုးထောင်၍ စိုက်ပျိုးသော ကြက်သွန်နီဥမှာ တာရှည်အထားခံ သော်လည်း ကြက်သွန်နီဥသေးကို စိုက်သော အမြိတ် ထောင်ကြက် သွန်နီဥမှာမူ တာရှည် အထားမခံပေ။ အစေ့ပျိုးထောင် စိုက်ပျိုးသော ကြက်သွန်နီဥ မပေါ်ခင် စပ်ကြားတွင် အစားထိုးစားသုံးသော ဥပင်လျှင်ဖြစ် ပါသည်။


အဆိုပါ ကြက်သွန်နီဥ ၂ မျိုး စလုံး ဆေးဖက်ဝင် ပါသည်။ သို့သော် အစေ့ပျိုးထောင်၍ စိုက်ပျိုးသော ကြက်သွန်နီဥမှာ ပိုမို၍ ဆေးစွမ်း ထက်မြက်ကြောင်း ဆိုကြပါသည်။ ကြက်သွန်နီသည် ... လေသလိပ်၊ အဖျား၊ ချောင်း ဆိုးတို့ကို နိုင်၏။ ဆီးရွှင်စေ၏။ နှုတ် မမြိန်၊ အော့အန်ခြင်းတို့ကို ပျောက် ကင်းစေ၏။ ခွန်အားကို ပြုတတ်၏။ သုက်အားကို အလွန်ပွားစေတတ်၏။ ကာမသတ္တိကို ဖြစ်စေတတ်၏ ဟူ၍ ဆေးကျမ်းများက ဖွင့်ဆိုထားကြပါ သည်။ ကြက်သွန်နီဥကို အမောအပန်း ခံနိုင်စေရန်၊ ခွန်အားရှိစေရန်နှင့် ဆီးရောဂါများ ကင်းရှင်းစေရန်အတွက် ထမင်းစားသည့်အခါ အစိမ်းလိုက် စားကြသလို၊ အချဉ်တည်၍လည်း နေ့စဉ်စားသုံးကြလေ့ရှိပါသည်။ အချို့ဆီး မထိန်းနိုင်သော သူများ ဆီးတစ်စက်စက် ကျသောသူများ၊ ဆီးပူ ညောင်းကျဖြစ်သူများသည် ကြက်သွန်နီဥ ပြုတ်ရည်ကို သောက်သုံးပါက ပျောက်ကင်းနိုင်ပါသည်။

(အချို့နေပူထဲမှ ပြန်လာပါက ဆီးပူ ဆီးအောင့်မဖြစ်စေရန် ကြိုတင် ကာကွယ်သည့် အနေဖြင့် သောက်သုံး ကြပါသည်။)
ဆီးချုပ်တတ်သော ကလေးလူ ကြီးများသည် ကြက်သွန်နီဥ အနေတော်ကို မီးဖုတ်၍ ဓားဖြင့် ထက်ခြမ်းခွဲကာ ထိုကြက်သွန်နီဥ အခြမ်း ပူပူနွေးနွေးကို ဆီးအိမ်ပေါ်၌ တင်(ကပ်) ပေးပါက ချက်ချင်းပျောက်ကင်းစေပါ သည်။ ချမ်းတုန်နေသောသူများအား ကြက်သွန်နီဥအနေတော်ကို ထက် ပေးခြင်း၊ နားကိုက်၊ နားပြည်ယိုများ ကို နားအတွင်းသို့ ထည့်ပေးခြင်းအားဖြင့် ပျောက်ကင်းစေ ပါသည်။ ထို့ပြင် ကြက်သွန်နီဥ၊ ထန်းဖို ထန်းလျက် (ထန်းဖိုထန်းလျက်မှာ ဆေးဖက်ဝင်ပြီး၊ ထန်းမ ထန်းလျက်မှာ ဆေးဖက်မဝင်ပါ)၊ မန်ကျည်းမှည့်၊ ဆားနှင့် စမုန်တို့ကို ရောကြိတ်၍ ထောပတ်နှင့်နယ်ကာ ဖန်ပုလင်းထဲ တွင် ထည့်၍ ဝမ်းချုပ်၊ လေဆန်၊ လေပူ၊ ရင်အောင့်၊ ခါးအောင့်၊ အကြောတက်ရောဂါများအတွက် တေဆေးအဖြစ် နေ့စဉ်စားသုံးနိုင်ပါ သည်။ သွေးပါသော လိပ်ခေါင်းရောဂါ ဝေဒနာရှင်များအတွက် ကြက်သွန်နီ ဥအရည်ကို သကြားအနည်းငယ်နှင့် ရော၍ တစ်နေ့တစ်ကြိမ် သောက်သုံးပါက ပျောက်ကင်းစေ ပါသည်။

ထို့အပြင် အဆိပ်ရှိသော သတ္တ ဝါများ ကိုက်လျှင် ကြက်သွန်နီဥ၏ လတ်ဆတ်သော အစေးကို ကွမ်းစား ပွတ်ခြင်း၊ ကြက်သွန်နီဥ အရည်ကို သုတ်လိမ်းပေးခြင်းဖြင့် အဆိပ်မတက် ဟုဆိုကြပါသည်။ မြန်မာအမျိုးသမီးများသည် ဟင်းချက်သည့်အခါ ဖြစ်စေ၊ဟင်းရွက်၊ အသားသုပ်သည့်အခါဖြစ်စေ စား ကောင်း၍ အာဟာရဖြစ်စေရန်နှင့် ကျန်းမာရေးနှင့်ပြည့်စုံ ဆေးဖက်ဝင် စေရန်အတွက် ထည့်သွင်းကြလျက် ရှိကြပါသည်။ ကြက်သွန်နီသည် လူအများ အတွက်သာ ဆေးဖက်ဝင်သည် မဟုတ်ပေ။ ကျွဲ၊ နွား၊ မြင်းအတွက် လည်း ဆေးဖက်ဝင်ပါသည်။ ဝဲရောဂါ၊ ဆီးချုပ်၊ ဝမ်းချုပ်၊ အကျိတ်ရောင် ရောဂါများအတွက် မျက်စဉ်းဆေး အဖြစ် အသုံးပြု၍ ရသလို၊ ခွာနာများ အတွက်လည်း အင်တွဲ၊ ဒုတ္ထာတို့ကို ရောကြိတ်၍ အုန်းဆီနှင့် ဖျော်လိမ်း ပေးပါက လျင်မြန်စွာ ပျောက်ကင်း စေပါသည်။ ဆိုရလျှင် ကြက်သွန်နီဥသည် သာမန်စားသုံးသည့် ဥမဟုတ်ဘဲ လွန်စွာအဖိုးထိုက်တန်လှသော ဆေးဖက်ဝင် ကြက်သွန်နီ ဥဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

မောင်မောင်ချစ်ဦး(မုံရွာ)
Ref>>Health Digest

16 Jan 2013

ဇာတိပ္ဖိုလ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


ဇာတိပ္ဖိုလ်သီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို သိနိုင်အောင် ရေးသားလိုက်ရပါတယ်။








(၁)ဝက်ခြံအဖုအပိမ့်တွေကိုသက်သာစေပါတယ်
ဇာတိပ္ဖိုလ်သီးအမှုန့်ကို နွားနို့အနည်းငယ်နဲ့ စေးပျစ်တဲ့ အရည်ရအောင်ဖျော်ပါ။ ပြီးရင် ဝက်ခြံအဖုအပိမ့်တွေပေါ်လိမ်းပါ။ ဇာတိပ္ဖိုလ်သီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဖုနီမြန်းမှုနဲ့ ဖောင်းအစ် ရောင်ရမ်းမှုကို လျော့ပါး သက်သာစေပါတယ်။

(၂) ဗိုက်အောင့်၊ ဗိုက်နာဝေဒနာကို သက်သာစေပါတယ်

နံနက်စာ ကွေကာထဲမှာ ဇာတိပ္ဖိုလ်သီး အနည်းငယ် ထည့်စားလိုက်ရင် အစာအိမ်အူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

(၃) နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်

ဇာတိပ္ဖိုလ်သီး အနည်းငယ်နဲ့ နွားနို့ပူပူတစ်ခွက်ကို သောက်လိုက်ရင် အိပ်ဆေးသောက်သလို အစွမ်းအာနိသင်ရှိကြောင်း ကျွမ်းကျင်သူ မီရှဲလ်က ဆိုပါတယ်။

(၄) သွားကိုက်ဝေဒနာကို သက်သာစေပါတယ်

သွားကိုက်နေရင် သွားဖုံးပေါ်ကို ဇာတိပ္ဖိုလ်သီးအဆီ လိမ်းပေးတာက သွားကိုက်ဝေဒနာနဲ့ သွားဖုံးနာကျင်မှုဝေဒနာကို သက်သာစေပါတယ်။

(၅) စိတ်ဆန္ဒကို မြင့်တက်စေပါတယ်

ဇာတိပ္ဖိုလ်သီးကို ချက်စားတာက အိမ်ထောင်သည်တွေမှာ ဆန္ဒကိုတိုးစေပြီး အိမ်ထောင်ရေး သာယာမှု ရှိစေကြောင်း သိရပါတယ်။

(၆) ဘက်တီးရီးယားကို တွန်းလှန်ပေးပါတယ်

ဇာတိပ္ဖိုလ်သီးမှာ ဘက်တီးရီးယားတွေကို ဟန့်တားပေးတဲ့ အစွမ်းရှိတာကြောင့် အန္တရာယ်ရှိတဲ့ ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဇာတိပ္ဖိုလ်သီး အမှုန့်ကို ဟင်းခတ် အမွှေးအကြိုင်အဖြစ် ဟင်းလျာတွေထဲ ထည့်စားရင် လေပွတာ မဖြစ်အောင် ကာကွယ်ပေးပြီး အစာကြေစေပါတယ်။ ကြွက်သားတွေကို တောင့်တင်းမှု ပြေလျော့စေပါတယ်။

(၇) ဆီးလမ်းကြောင်းကို ကျန်းမာစေပါတယ်

ဇာတိပ္ဖိုလ်သီးအဆီဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် အဆစ်နဲ့ ကြွက်သားနာကျင်မှု မဖြစ်အောင် ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် ပိုးဝင်ကူးစက်မှုကို သက်သာစေကာ ဆီးကျောက်ကို ကြေစေတာကြောင့် ဆီးလမ်းကြောင်း ကျန်းမာရေးအတွက် သင့်တော်တဲ့ ဆေးဖက်ဝင် အစာတစ်မျိုးလည်း ဖြစ်ပါတယ်။

ကြယ်စင်
Ref:Good Health
Source: http://www.yatanarpon.com.mm/cp/goodhealth/news-73886

ဟေမိုဂလိုဘင် အားကောင်းစေရန်

အရွယ်ရောက်တဲ့ အမျိုးသမီးတွေမှာ သွေး ၁၀၀ မီလီလီတာမှာ ဟေမိုဂလိုဘင် ၁၂-၁၆ ဂရမ် ပါရှိပါတယ်။  အမျိုးသားတွေမှာတော့ သွေး ၁၀၀ မီလီလီတာမှာ ဟေမိုဂလိုဘင် ၁၄-၁၈ ဂရမ် ပါရှိပါတယ်။ ဟေမိုဂလိုဘင် ပမာဏ လျော့နည်းနေတဲ့အချိန်မှာ ဟေမိုဂလိုဘင် ပမာဏ အားကောင်းစေဖို့ အစားအသောက်တွေနဲ့ ထိန်းချုပ်ဖို့ လိုပါတယ်။ စားသင့်တဲ့ အစားအသောက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။ အသား (အထူးသဖြင့် တိရစ္ဆာန်ကလီစာတွေ) ထဲမှာ သံဓာတ်နဲ့ ဗီတာမင် B12 တို့ များများပါဝင်နေပါတယ်။ ဒီအသားတွေကို ပုံမှန်စားပေးပါ။ ဆီကြော်စာတွေကို ရှောင်ပါ။ သံဓာတ်နဲ့ ဖောလစ်အက်စစ်တို့ ပေါများစွာ ပါဝင်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ အခွံမာသီးနဲ့ စပျစ်သီးခြောက်တွေကို စားပေးနိုင်ပါတယ်။

သံဓာတ် ပေါကြွယ်ဝသော အစားအစာများ

ဟေမိုဂလိုဘင် အဆင့်မြင့်တက်စေဖို့ သံဓာတ် အများအပြားပါဝင်တဲ့ ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ ကြက်သား၊ ငါး၊ အစိမ်းရောင် ငရုတ်သီးတောင့်၊ မြေပဲ၊ ဂရိတ်ဖရုသီး၊ ကီဝီသီး၊ ပဲနီလေး၊ အဆီနည်းအမဲသား၊ နွယ်ချို၊ မုန်ညင်း၊ ဂျုံမှုန့်၊ လိမ္မော်သီး၊ ကမာကောင်၊ မြေပဲထောပတ်၊ အာလူး၊ ဆီးသီး၊ ဝက်သား၊ ပဲနီစေ့၊ စပျစ်သီးခြောက်၊ ဟင်းနုနယ်ရွက်၊ ပဲပိစပ်၊ ပုစွန်၊ စတော်ဘယ်ရီသီး၊ ဆာဒင်းငါး၊ ခရမ်းချဉ်သီး၊ တူနာငါး၊ ဖရဲသီးနဲ့ တိရစ္ဆာန် အသည်းအမြစ်စတာတွေ စားသင့်ပါတယ်။

ဟေမိုဂလိုဘင်ဆိုသည်မှာ

ဟေမိုဂလိုဘင်ဆိုတာ သွေးနီဥထဲမှာ တွေ့ရတဲ့ ရိုးစင်းတဲ့ ပရိုတင်းတစ်မျိုး ဖြစ်ပါတယ်။ ဟေမိုဂလိုဘင်က သံဓာတ်ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်း ''heme'' နဲ့ ပေါင်းပြီး သံဓာတ်ကို သယ်ဆောင်ပါတယ်။ ပြီးရင် အောက်ဆီဂျင်နဲ့ ပေါင်းပြီး အဆုတ်ထဲမှာ Oxygenation ဆိုတဲ့ ဖြစ်စဉ်ကို လုပ်ဆောင်ပါတယ်။ အောက်ဆီဂျင်နဲ့ ပေါင်းထားတဲ့ ဟေမိုဂလိုဘင် (Oxyhemoglobins) ဟာ အဆုတ်ကနေ ခန္ဓာကိုယ်တစ်သျှူးတွေဆီကို သယ်ဆောင်သွားပါတယ်။

ဟေမိုဂလိုဘင်၏ လုပ်ငန်းဆောင်တာများ

ဟေမိုဂလိုဘင်ရဲ့ လုပ်ငန်းဆောင်တာအမျိုးမျိုးအနက် အောက်ပါလုပ်ငန်းတွေကို အဓိက လုပ်ဆောင်ပါတယ်။ အဆုတ်ကနေ အောက်ဆီဂျင်ကို ယူဆောင်ပြီး ခန္ဓာကိုယ် တစ်သျှူးတွေဆီကို ပို့ဆောင်ပေးပါတယ်။ စွမ်းအင်နဲ့ သံဓာတ်ကို သယ်ဆောင်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ကို အဆုတ်ဆီ သယ်ဆောင်သွားပြီး အသက်ရှူထုတ်စေပါတယ်။

ဇွန်Ref: Good Health Source: http://www.yatanarpon.com.mm/news/news-48463

10 Jan 2013

ကင်ဆာကို ကာကွယ်နိုင်သည့် နည်းလမ်းများ

ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုထားသည့် နည်းလမ်းများ

သိပ္ပံပညာရှင်တွေက ကင်ဆာအများစုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မကြာခင်ကမှ ကြေညာ လိုက်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်း လုပ်တာနဲ့ ဆေးလိပ် မသောက်တာတွေဟာ ကင်ဆာ ကို ကာ ကွယ်ဖို့ အဓိက သော့ချက်တွေဖြစ်ပြီး အောက်ပါတွေကို ပြုလုပ် တာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချ နိုင်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

၁။ ရောင်ရမ်းမှုတွေ မရှိအောင် ရေသောက်ပါ
စိတ်ဖိစီးမှုတွေ တစ်ချိန်လုံး ဖြစ်နေတာကြောင့် ခန္ဓာကိုယ်မှ ကင်ဆာဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှု ထုတ်လုပ်မှု ၅၅ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ပါတယ်။

နေ့စဉ် ရေရှစ်ခွက်လောက် သောက်ပေးရင် ရောင်ရမ်းမှုကို ဖြေရှင်းနိုင်ပါတယ်။ ရေဟာ ရောင်ရမ်းမှုဖြစ်စေ

တဲ့ ဒြပ်ပေါင်းတွေကို (သူတို့က ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ဖျက်ဆီးမှု မပြုလုပ်နိုင်ခင်မှာပဲ) ဖယ်ရှားပေးနိုင်ပါတယ်။

ဒါ့အပြင် ဟာချီဆင် ကင်ဆာသုတေသန ဌာနမှ လေ့လာမှုအရ ရေဓာတ်ပြည့်ဝနေတာကြောင့် အူမကြီးကင်ဆာ၊ သားမြတ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို ၄၅ ရာခိုင်နှုန်းနဲ့အထက် လျှော့ချနိုင်ပါတယ်လို့ သိရပါတယ်။ 


၂။ သားမြတ်ကို ကာကွယ်နိုင်အောင် နေခြည်နုနု ခံယူပါ
နေရောင်ခြည်နဲ့ နေ့စဉ် မိနစ် ၂၀ ခန့် ထိတွေ့တာကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်အပြီးမှာ ဖော်ထုတ် လိုက်ပါတယ်။ နေရောင်ခြည် (UV Light) ဟာ ခန္ဓာကိုယ်မှ ကင်ဆာကို တိုက်ထုတ်နိုင်တဲ့ အာဟာရ ဗီတာမင်ဒီ ထုတ်လုပ်မှုကို မြင့်မားစေနိုင်ပါတယ်။ နံနက်ခင်းမှာ နေရောင်ခြည်ကို ခံယူရင် အရေပြားအနေနဲ့ ဆဲလ်ပျက်စီးမှုတွေကို ပြန်လည် ပြုပြင်နိုင်စွမ်း အမြင့်ဆုံး အချိန်ဖြစ်တာမို့ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း ငါးဆအထိ လျှော့ချ နိုင်ပါတယ်။

သွေးတွင်း သကြားဓာတ်ကို ထိန်းသိမ်းပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပါ

သွေးထဲမှာ သကြားဓာတ်တွေ မြင့်တက်နေတာဟာ ကင်ဆာကြီးထွားမှု အတွက် လောင်စာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်အောင် ထားရှိတာဟာ အကျိတ်ကြီးထွားမှုကို ရပ်တန့်စေနိုင်တဲ့အပြင် ခုခံအားစနစ်ကိုလည်း ကင်ဆာဆဲလ်တွေကို ဖျက်ဆီး နိုင်ချိန်ပေးဖို့ အဓိက သော့ချက်ပါလို့ ဆိုပါတယ်။ သွေးတွင်း သကြားဓာတ် တည်ငြိမ်မှုရှိအောင် -

၁။ နံနက်တိုင်း အမျှင်ဓာတ်မှီဝဲပြီး ခန္ဓာကိုယ်မှ သကြားစုပ်ယူမှုကို ပိတ်ပင်ပါ။

၂။ သကြားဓာတ် (ကာဗိုဟိုက်ဒရိတ်) စုပ်ယူမှု နှေးကွေးအောင် အစာစားတိုင်း ပရိုတင်း (အသား၊ ဥ၊ နို့၊ တိုဟူး) ပါဝင်အောင် စားပေးပါ။

နေရောင်ခြည်နဲ့ ထိတွေ့မှုမရှိတဲ့ နေရာရောက်နေရင် နေ့စဉ် ဗီတာမင်ဒီ ၂၀၀၀ IU မှီဝဲနိုင်ပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။

၃။ ကျန်းမာနေအောင် ဟင်းခတ် အမွှေးအကြိုင် အသုံးပြုပါ
ဇီရာစေ့အခြောက် လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ဒါမှမဟုတ် ဇီရာ စားပွဲဇွန်း တစ်ဇွန်းစာကို နေ့စဉ် အသုံးပြုတာကြောင့် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ခုခံဆဲလ်တွေ ထုတ်လုပ်နိုင်အောင် လှုံ့ဆော်မှုပေးပြီး ကင်ဆာဆဲလ် ကြီးထွားမှုကို ပိတ်ပင်နိုင်ပါတယ်။

ဒါ့အပြင် နေ့စဉ် ကြက်သွန်ဖြူတစ်ဥ စားသုံးတာကြောင့် အစာခြေစနစ်အတွင်း ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာကွန်ပေါင်းတွေက သင်ရဲ့ ခုခံအားစနစ်မှ မသင်္ကာစရာ ဆဲလ်တွေကို ဖျက်ဆီးနိုင်စွမ်းရည် မြှင့်တင်ပေးနိုင်လို့ပါလို့ ကယ်လီဖိုးနီးယားမှ သုတေသီတွေက ပြောပါတယ်။

အာလူးကြော်ကို ရှောင်ပါ
အာလူးလိုမျိုး ကစီများတဲ့ အစာကို အပူချိန်မြင့်မားစွာနဲ့ ကြော်လှော်ခဲ့ရင် ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ထွက်လာတာမို့ အာလူးကြော်လိုမျိုး အစာတွေကို ရှောင်ရမယ်လို့ WHO က သတိပေးထားပါတယ်။

၎။ ပျက်ပြယ်အောင် စတော်ဘယ်ရီသီး စားပါ
စတော်ဘယ်ရီသီးမှာ များစွာပါဝင်တဲ့ အပင်ဒြပ်ပေါင်း Ellagic Acid တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်း စနစ်ရဲ့ အမြှေးပါးအတွင်း ပျော်ဝင်နိုင်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းနဲ့ အဆိပ် အတောက်တွေကြောင့် ပျက်စီးနိုင်ခြေကို ၇၅ ရာခိုင်နှုန်းထိ ကာကွယ် နိုင်တယ်လို့ ကန်တက်ကီ တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။

၅။ လေထုသန့်စင်အောင် သန့်ရှင်းရေးသုံး ပစ္စည်းတွေကို သတိထားသုံးပါ
အနံ့အသက်ပါတဲ့ အဝတ်လျှော် ဆပ်ပြာမှုန့်တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်း နှစ်မျိုး ပါဝင်တယ်လို့ ဝါရှင်တန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အနံ့အသက် မပါဝင်တဲ့ သန့်ရှင်းရေးသုံး ပစ္စည်းတွေကို ပြောင်းသုံးတာကြောင့် ကင်ဆာဖြစ်နိုင်ခြေဟာလည်း အလိုအလျောက် ကျဆင်း သွားနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

၆။ ခုခံအားစနစ် မြင့်တက်အောင် မိတ်ဆွေ အပေါင်းအသင်းထားပါ
သင်ရဲ့မိတ်ဆွေရင်းတွေနဲ့ အချိန်ယူပြီး တွေ့ဆုံတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ ငါးဆထိ လျှော့ချ နိုင်တယ်လို့ သြစတြေးလျမှ သုတေသီတွေက ဆိုပါတယ်။ မိတ်ဆွေ ဒါမှမဟုတ် မိသားစုတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်သူတွေဟာ စိတ်ဖိစီးမှုတွေ ကျဆင်းတာကြောင့် ခုခံအားစနစ် သန်မာပြီး ကျန်းမာရေးလည်း ပိုကောင်းမွန်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး
By Good Health

From: shwemyanmarmediagroup

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်

ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလပ် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။

ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ဖြစ်ထွန်းစေပေမယ့် အချို့  သူများအတွက်က တော့ ဆိုးကျိုး ရှိပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဝမ်းနှင့်ဆက်စပ်ရောဂါ၊ နောက်ထပ် တစ်ခုကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။ ပုံမှန်ထက် အလွန် အကျွံ သောက်သူများ အဖြစ်များမယ့် ရောဂါ များ ဖြစ်ပါ တယ်။ ကျောက် ကပ်ရောဂါဖြစ်ပုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဆီးမကြာခဏ သွားခြင်း (Urinate more often)

ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ ကျောက်ကပ်ရဲ့  လုပ်ဆောင်ချက်ကို တွန်း အားပေးပြီး တစ်ကိုယ်လုံးမှ ရှိတဲ့ ရေဓာတ်ကို အလျင်အမြန် ဆုပ်ယူပါတယ်။ ဒါကြောင့် မကြာခဏ ဆီးသွားစေပါတယ်။

ရေဓာတ်ဆုံးရှုံးခြင်း (Dehydration)

ကဖင်းက ရေဓာတ်ဆုပ်ယူတဲ့အတွက် ရေအမြဲဆာတတ်ပါတယ်။ ဒါကြောင့် dehydration မဖြစ်အောင် ရေလည်း ပုံမှန်သောက်ဖို့ လိုအပ်ပါတယ်။ အကယ်၍ ရေသာ နည်းရင် ကျောက်ကပ် သန့်စင်ရေး လုပ်ဆောင်ချက် နှေးကွေးလာခြင်း ဆီးလမ်းကြောင်း စနစ်ကိုပါ ထိခိုက် စေပါတယ်။

ဆီးမသန့်ခြင်း (Urinary incontinence)

တစ်ရက်ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက် ပိုသောက်သုံးမိရင် ဆီး သန့်ဖို့ မသေချာတော့ပါဘူး။ ဆီးထဲမှာ အမှုန်များ ပါလာတာမျိုး ဖြစ် တတ်ပြီး ဆီးလမ်းကြောင်း ပိတ်တဲ့အထိတောင် ဖြစ်စေပါတယ်။

ကျောက်တည်ခြင်း (Kidney stones)

ကျော်တည်စေတဲ့ အကြောင်းတရားထဲမှာလည်း ကဖင်း သောက်သုံးမှု ပါဝင်တယ် ဆိုတာ သေချာနေပါပြီ။ calcium oxalate stones လို့ခေါ်တဲ့ ကျော်ဟာ ကျောက်ကပ်မှာ တည်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကြွယ်ဝတဲ့ ကော်ဖီကို ပိုမသောက်သုံးမိစေဖို့ လိုအပ်ပါတယ်။

ကျောက်ကပ် ရောဂါ (Kidney disease)

polycystic kidney disease ဆိုတဲ့ ကျောက်ကပ်ရောဂါ အမျိုးအစား တစ်ခု ဖြစ်စေပြီး ကျောက်အမှုန်အမွှားကနေ ကြီးကြီးမားမား အထိ ဖြစ် လာစေမှာ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့  လုပ်ဆောင်ချက် ဟာလည်း ပုံမှန်မဖြစ်တော့ပါဘူး။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း အညစ်အကြေး များကို စွန့်ထုတ် သန့်ရှင်းတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးပါတယ်။ သူသာ အလုပ်မလုပ်တော့ရင် ပိတ်သွားရင် နောက်ဆက်တွဲ ကတော့ သေဖို့ ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကဖင်းဓာတ်ကို တစ်ရက် ၄၀၀ မီလီဂရမ်ထက် ပိုမသောက်သုံးမိဖို့ မှာထားပါတယ်။ တစ်ရက် ကော်ဖီ တစ်ခွက် စွဲသောက်တဲ့ အကျင့်ရှိ ရင်တောင် ၁ ရက်ခြား သောက်တဲ့သူတွေထက် ကဖင်းဓာတ် ဆက်စပ်ရောဂါ ဖြစ်ဖို့ ပိုအလားအလာများတယ်ဆိုတာကို လေ့လာတွေ့ ရှိထားပါတယ်။

ဒါကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ကျောက်ကပ်အပြင် အခြား ရောဂါများ မဖြစ်စေဖို့ ကော်ဖီကို Limit နဲ့ သောက်ရန် မျှဝေ ရေးသား လိုက်ရပါတယ်။
--
Ref: medic-facts

http://www.innewsmyanmar.com/2013/01/blog-post_588.html

ဖလန်တောင်ဝှေး

ရုက္ခဗေဒအခေါ်အရ Costus speciosus Smith ဟု
ခေါ်ပြီး မျိုးနွယ်မှာ Zingiberaceae အုပ်စုဖြစ်၏။
ဟင်ဒီဘာသာဖြင့် keukand ၊ ဆင်ဟာလာ (သီရိ
လင်္ကာဘာသာ) ဖြင့် Thebu ဟုခေါ်ဆိုကြသည်။
Costaceae Family တွင်ပါဝင်သည်။ spiral ginger
ဟုလည်းခေါ်သည်။ ကမ္ဘာနှင့်အ၀ှမ်းတွင်မျိုးစိတ်ပေါင်း
(၄၅) ခုခန့် နှင့် မျိုးကွဲပေါင်း (၈၀) ခန့် တွေ့ ရှိရသည်။
ပုံမှန်အားဖြင့် အရိပ်ကိုကြိုက်နှစ်သက်ပြီး အချို့ မျိုးကွဲ
များမှာ နေရောင်ဒဏ်ကိုခံနိုင်ရည်ရှိသည်။

တွေ့ ရှိရာဒေသများ
--------------------
သီရိလင်္ကာ၊ အိန္ဒိယ၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖီဂျီကျွန်းစု၊
ဟာဝိုင်အီကျွန်းစု နှင့် နီကိုဘာကျွန်းစုတို့တွင် အနှံ့ 
အပြားပါက်ရောက်သည်။ မိုးဥတုတွင်များစွာဖြစ်ထွန်း
ပေါက်ရောက်သည်။ ငှက်တို့ မှ စားသုံး သယ်ဆောင်
ခြင်းကြောင့် ကမ္ဘာ့ Tropical ဒေသအနှံ့ အပြားတွင်
ပေါက်ရောက်ခြင်းဖြစ်သည်။

အသွင်အပြင်
-------------
အပင်သည် လှပတင့်တယ်သော သစ်ပင်ပျော့ဖြစ်
သည်။ ပင်စည်မှာ နီညိုရောင် ဖြစ်သည်။ ၄ ပေမှ
၁၀ ပေအထိ မြင့်သည်။ အရွက်မှာ ငှက်တောင်ပုံ
ဖြစ်ပြီး ထိပ်ချွန်သည်။ ၉ လက်မခန့် ရှည်သည်။
ပန်းခိုင်ထိပ်ဖျားမှထွက်၍ ကတော့ပုံသဏ္ဍာန်ပန်းခိုင်
ဖြစ်သည်။ ၃ လက်မခန့် ရှည်၍နီသောပွင့်ခံရွက်များ
ပါရှိသည်။ အပွင့်ပွင့်ရွက် အဖြူဆွတ်ဆွတ်ဖြစ်သည်။
နုနယ်၍ လှိုင်းတွန့်ကဲ့သို့ ဖြစ်သည်။ ကတော့ပုံဖြစ်
သည်။ အချင်း ၃ လက်မခွဲခန့်ရှိ၍ ၂ လက်မခန့်အ
ရှည်ရှိသည်။ (ပုံတွင်ကြည့်ပါ) သို့ သော်အချို့ သော
မျိုးကွဲများမှာ အဖြူနှင့်အစိမ်းကျား အရောင်ရှိသည်။

အမြစ်
------
နှာစေး၊ ချောင်းဆိုး၊ အဖျား၊ အစာမကြေ လေနာ၊
အရေပြား ရောဂါ၊ မြွေကိုက်ခြင်း တို့ကို ကုသရာ၌
အမြစ်ကို သုံးသည်။

ကုသခြင်းပျောက်ကင်းစေခြင်း နှင့် အသုံးဝင်ခြင်း
-------------------------------------------------
နားပြည်ယို၊ နားကိုက် ရောဂါကို ဖလံတောင်ဝှေး
အခွံ့နွှာ မီးကင်ပြီး အတန်ကြာ အေးစေ၍ ရည်
ညှစ်ယူ ၎င်းအရည်ကို နားအတွင်းသို့ ၃-၄ စက်
ခန့် မကြာမကြာထည့်ပေးရ၏။ ချောင်းဆိုးရောဂါ၊
သာမာန် နှလုံးတုန် ရောဂါ တို့ကို ဖလှံတောင်ဝှေး
ဟင်းချက်စားခြင်း၊ နှမ်းဆီ စစ်စစ်ဖြင့်ကြော်စားခြင်း
တို့ဖြင့် သက်သာစေနိုင်သည်။ ဒူလာရောဂါကို
ဖလှံတောင်ဝှေး သုံးခွက် တစ်ခွက်တင်ကိုသောက်
လျှင်ပျောက်၏။ ဖလှံတောင်ဝှေးဥကို အခြောက်ခံ
အမှုန့်ပြုလုပ်၍ ချင်း၊ သကြားနှင့် စပ်သောက်ပါက
ကျောက်ကပ်ရောဂါကို ပျောက်ကင်း၏။

ဖလံတောင်ဝှေးကိုငါးခူနှင့်ချက်စားပါက ကာမအား
ကို ဖြစ်စေသည်။ ငါးသိုင်းသားနှင့်ချက်စားက ပါက
သွေးဝမ်းသွားသောရောဂါကိုပျောက်ကင်းစေသည်။
ပုစွန်နှင့်ကြော်ချက်စားလျှင်လည်း သွေးဝမ်းရောဂါ
ကိုပျောက်စေသည်။ အမဲသားနှင့် ချက်စားပါက
ဆီးရွှင်ပြီး ကျောက်ကပ်ရောဂါကို ကာကွယ်စေနိုင်
ပါသည်။ ရေကြက်သားနှင့်ချက်စားလျှင် ဆီးအိမ်၌
ကျောက်တည်ခြင်း၊ ဆီးပူခြင်း၊ ဆီးအောင့်၊ ဆီးအား
နည်းခြင်း၊ ဆီးကျန်ခြင်း၊ ဆီးဝါခြင်းတို့ကို ပျောက်
ကင်းစေသည်။ ဖလှံတောင်ဝှေးကိုဓါးပြားနှင့်ရိုက်၍
ဟင်းချက်သောက်ပါက အမျိုးသမီးများနို့ မထွက်
ခြင်း၊ နို့ပူခြင်း၊ ယားယံခြင်း၊ နို့အနာပေါက်ခြင်း၊
နို့ချောင်း ပိတ်ခြင်း၊ သကျည်း ကိုက်ခြင်း တို့ကို
ပျောက်စေနိုင်သည်။

ဖလှံတောင်ဝှေးကိုအခြောက်လှန်း အမှုန့်ပြု၍
အုန်းဆီနှင့်ဖျော်ပြီး စအိုနှင့်ဆီးစပ်ကို လိမ်းထား
ပါကသားအိမ်လျှောကျခြင်း၊သားအိမ်အောင့်ခြင်း၊
ယောကျာ်းအူကျခြင်း၊ တိုနာဖြစ်ခြင်းတို့ကိုပျောက်
စေသည်။ ဖလှံတောင်ဝှေးပဉ္စငါးပါးကို ငရုတ်
ကောင်း၂ စေ့ထည့်၍ကျကျ ပြုတ်၍သောက်ပါက
ကျောက်ကပ်ရောင်၍ ဖောခြင်း၊ ခါးနာခြင်းတို့ကို
သက်သာပျောက်ကင်း စေသည်။ ဖလှံတောင်ဝှေး
ကို အမှုန့်ပြု၍ ပျားရည်၊ ထောပတ်နှင့်တေ၍
လက်ဖက်ရည်ဇွန်း တစ်ဇွန်း တစ်နေ့တစ်ကြိမ်
စားသုံးခြင်းခြင့် အားအင်ကုန်ခမ်းခြင်းကိုပြန်လည်
အားဖြည့်စေသည်။ အမျိုးသမီးများ ရင်သားတွင်
ဖြစ်ပေါ်တက်သော သာမာန်အကြိတ်များအား
ဖလှံတောင်ဝှေးကိုထုခြေ၍ အကျိတ်ပေါ်အုံပေးပြီး
အ၀တ်စည်းပေးခြင်းဖြင့်အကျိတ်ကိုကျေစေသည်။

Costus Speciosus တွင် Antidiabetic နှင့်
antilipidemic ဓါတ်ပြည့်ဝစွာပါဝင်သည့်အတွက်
ဖလှံတောင်ဝှေးဥကို အခြောက်ခံ အမှုန့်ပြုလုပ်၍
နေ့ စဉ်ပုံမှန်သောက်သုံးပါက ဆီးချိုရောဂါကို
ပျောက်ကင်းစေပြီး ခန္ဓာကိုယ်အတွင်းမှ မလိုအပ်
သော အဆီများကိုလည်း ချေဖျက်စေနိုင်သည်။
asthma ပန်းနာရင်ကြပ်ရောဂါကိုပျောက်ကင်းစေ
သည်။ ယားနာ rash၊ လည်ချောင်းနာ bronchitis
နှင့် intestinal worms အူလမ်းကြောင်းအတွင်းမှ
သံကောင် တုပ်ပိုးများကို သေစေနိုင်ပြီး သျှတြရ
ကျမ်းအဆိုအရ ကာမအားကိုတိုးစေနိုင်ကြောင်း
သိရှိရပါသည်။
------------------------------------------------

Post Script: ယူအက်စ်၊ ကနေဒါ၊ နှင့် ယူရော့ပ်
တွင်ရောက်ရှိနေသော မြန်မာလူမျိုးများအတွက်၊
နွေရာသီတွင် - Summer Plant ရောင်းသော
ဆိုင်များတွင် ၀ယ်ယူ၍ရရှိနိုင်ပါကြောင်း။
------------------------------------------------
မေတ္တာဖြင့် -

အရှင်ဇတိလ
......နှင့်.....
လှိုင်ဘွား/၈၈ (Carleton University)

***ခွင့်တောင်းစရာမလိုပဲ Share နိုင်ပါသည်။

Related references:
----------------------
http://www.sciencedirect.com/science/article/pii/S0009279709003275

https://www.jstage.jst.go.jp/article/bpb/25/4/25_4_477/_article

http://www.flickr.com/photos/rekhaeipe/3886516147/

http://www.flickr.com/photos/vrocampo/3459110789/

http://www.inriodulce.com/links/costus.html
==========================

သင်္ဘောသီးကို ဆေးအဖြစ် စားသုံးခြင်း

နံနက် ၈ နာရီ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါသည်။
နံနက် ၉ နာရီ စားသုံးလျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင် စေသည်။

နံနက် ၁၀ နာရီ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေသည်။

နံနက် ၁၁ နာရီ စားသုံးလျှင် - အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေသည်။

မွန်းလွဲ ၁ နာရီ စားသုံးလျှင် - နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။

မွန်းလွဲ ၂ နာရီ စားသုံးလျှင် - ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေသည်။

မွန်းလွဲ ၃ နာရီ စားသုံးလျှင် - အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်သည်။

ညနေ ၄ နာရီ စားသုံးလျှင် - ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေသည်။ (ကလေးမစားရ)...


တရုတ် တိုင်းရင်းဆေး ဓာတ်စာ
http://www.myawady.com.mm/health/knowledge/item/3504-2013-01-03-11-44-09

အသည်းကျန်းမာရေးကို အထောက်အကူပြုသည့်ကညွတ်ပင်

ကညွတ်ပင်(asparagus) သည် အသည်းဆဲလ်များ၏ အဆိပ် (toxin) ဖယ်ရှားနိုင်မှုကို ကူညီပေး နိုင်ကြောင်း လေ့လာမှုတစ်ရပ်အရ သိရှိရသည်။
 ထို့ပြင်ကညွတ်ပင်သည်အရက်အလွန် အကျွံသောက်ပြီး နောက်ဖြစ်ပွားသည့် မအီမသာဖြစ်ခြင်း(့hangover)ကိုလည်း သက်သာစေသည်ဟုဆိုထားပါသည်။

တောင်ကိုရီးယားနိုင်ငံ၊ ဂျေဂျူး အမျိုးသားတက္ကသိုလ်နှင့် ဆေးသိပ္ပံ ပညာဌာန၏ ပူးပေါင်းလေ့လာချက် အရမအီမသာဖြစ်မှုကို သက်သာစေရ သည်မှာကညွတ်တွင်ပါဝင်သောအမိုင် နိုအက်စစ်နှင့် ဓာတ်သတ္တု (minerals) များကြောင့်ဖြစ်သည်ကို ဖော် ထုတ်နိုင်ခဲ့သည်၊ ယင်းသုတေသီ များက ကညွတ်ပင်၏ပင်စည်နှင့်အရွက်များ တွင်ပါဝင်သောဇီဝဓာတု အာနိသင်က လူသားများနှင့် ကြွက်များ၏ အသည်း ဆဲလ်အပေါ် သက်ရောက်နိုင်မှု ကိုလေ့ လာနိုင်ခဲ့သည်။


လေ့လာမှုခေါင်းဆောင် ဂျေဂျူး အမျိုးသားတက္ကသိုလ်မှ သုတေသီ Dr.BY Kim က ယမကာကိုနှစ်ရှည် သောက်သုံးသူများတွင် အသည်း အပေါ်ဓာတ်တိုးအာနိသင်များဖြစ်စေကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ မအီမသာ ဖြစ်မှုကိုလည်းခံစားရကြောင်း၊ ဆဲလ် အဆိပ်အတောက်(cellutor toxicities) များအသည်းအပေါ်တွင်စုပုံလာ ကြောင်းရှင်းပြခဲ့ပါသည်။ယခုလေ့လာ ခဲ့မှုအရကညွတ်ပင်၏ အရွက်များတွင် အများဆုံးပါဝင်သောအမိုင်နိုအက်စစ် နှင့်ဓာတ်သတ္တုအချို့အထက်ပါမအီမသာဖြစ်မှုများကို သက်သာစေပြီးအသည်း ဆဲလ်၏ကျန်းမာရေးကို အထောက်အကူ ပြုကြောင်းဖော်ထုတ်နိုင် ခဲ့သည်။


ကညွတ်ပင်ကို ကမ္ဘာတစ်ဝှမ်း တွင် တိုင်းရင်းဆေးအဖြစ်၊ ဟင်းလျာ အဖြစ်သုံးစွဲနေကြပြီး ကင်ဆာရော ဂါကိုသက်သာစေသောတိုင်းရင်းဆေး အဖြစ် လူသိများသည်။ ယင်း တွင်ဆီး ရွှင်စေသော ၊ရောင်ရမ်းမှု ကိုသက်သာ စေသောအရေပြားမှိုစွဲကပ်ခြင်းကိုကာ ကွယ်ပေးသော အာနိသင် များလည်းရှိ သည်။ ယခုလေ့လာမှုကို Journal of Food Science တွင် ပုံနှိပ်ဖော်ပြထား ခြင်းဖြစ်သည်။

ငြိမ်းအေး
Ref: PTI

Vol-2,No-2

အေးချမ်းမွန်မှ Health Updates Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်


နံနံပင်က ဘာတွေ ကာကွယ်နိုင်လဲ



နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်။

 ဒါက အိန္ဒိယ ကနေအာရှ အထိပျံနှံ့လာတဲ့သဘာဝ ဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေး ပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစမှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူစဖြစ် ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။



ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ 

ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ်လာပါတယ်။

ခွဲစိတ် ကုသစရိတ် စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။

အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။

ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါတယ်။ 

သို့ပေမယ့် နိုင်ငံတကာ မှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက် သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေ လိုက်ရပါတယ်။

Ref: medic-fact, wiki
မြ၀တီ

PISTACHIO ၏ ကျန်းမာရေး စွမ်းပကား

City Mart ဆိုင်တွေမှာ ရရှိနိုင်တဲ့ Pistachio အခွံမာ အစေ့အဆန်က အရသာရှိသလို အသင့်အတင့် စားပေးရင် အောက်ပါ အကျိုးကျေးဇူး တွေကို ရရှိစေပါတယ်။

နှလုံးကျန်းမာခြင်း

Pistachio ကို ပုံမှန်စားပြီးတဲ့အခါ မကောင်းတဲ့ ကိုလက်စထရော (LDL) ကို လျော့ကျစေပြီး ကောင်းတဲ့ ကိုလက် စထရော(LDL)ကို မြင့်တက်စေတယ် လို့ လေ့လာတွေ့ရှိရပါတယ်။ ဗီတာမင် အေနဲ့ အီးလို အင်တီအောက်ဆီးဒင့် ပါဝင်မှု များတာကြောင့် ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ပြီး သွေးကြော တွေကို ကာကွယ်ပေးကာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ Pistachio ကို အသင့်အတင့် စားပေးတာတောင် အင်တီအောက်ဆီးဒင့် လူတင်ပမာဏကို တိုးစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ဆီးချိုရောဂါသက်သာစေခြင်း

Pistachio ကိုစားတာက အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ် အောင် ကာကွယ် ပေးနိုင်ပါတယ်။ တစ်နေ့ Pistachio တစ်ခွက်စာပမာဏကို စားပေးရုံနဲ့ တစ်နေ့တာ လိုအပ်တဲ့ ဖော့စ်ဖရပ်စ် ၆၀ ရာခိုင်နှုန်းကို ရရှိစေပါ တယ်။ ဖော့စ်ဖရပ်စ်က ဂလူးကို့စ် ခံနိုင်ရည်ရှိမှုကို ကူညီပေး တာကြောင့် ဆီးချိုရောဂါ ကို သက်သာစေပါတယ်။

သွေးအားကောင်းစေခြင်း

Pistachioမှာ ဗီတာမင် B6 အများအပြား ပါဝင်ပါတယ်။ ဒီဗီတာမင်က ဟေမိုဂလိုဘင် ပြုလုပ်ရေး အတွက် အရေးပါ တာကြောင့် သွေးကြောက တစ်ဆင့် ဆဲလ်တွေဆီကို အောက်ဆီဂျင် သယ်ပို့ ရေးမှာ အရေးပါပြီး သွေးထဲက အောက်ဆီဂျင် ပမာဏကို တိုးစေပါတယ်။

နာ့ဗ်ကြောစနစ် ကျန်းမာခြင်း

Pistachio မှာပါတဲ့ ဗီတာမင် B6 ဟာ နာ့ဗ်ကြောစနစ်ကို ကျန်းမာစေပါတယ်။ ဒီဗီတာမင်က နာ့ဗ်အမျှင်တစ်ဝိုက်ရှိ အကာ myelin ဖြစ်ပေါ်မှုမှာ အရေးပါပြီး ဆီရိုတိုနင်၊ မယ်လတိုနင်၊ အက်ပီနက်ဖရင်နဲ့ GABA ဖြစ်ပေါ်မှုမှာ ပါဝင်ကူညီ ပါတယ်။

မျက်စိကျန်းမာခြင်း

Pistachio မှာ အခွံမာသီး အများစုမှာ မတွေ့ရတဲ့ ကာရိုတီးနွိုက် နှစ်မျိုး ပါဝင်ပါ တယ်။ လူတင်နဲ့ ဇီဇန်သင်းဆိုတဲ့ ကာရိုတီးနွိုက်တွေက အင်တီ အောက်ဆီးဒင့်ရဲ့ လုပ်ငန်း ဆောင်တာတွေ လုပ်ဆောင်ပေးပြီး တစ်သျှူး တွေကို ကာကွယ်ပေးပါတယ်။ Pistachio ဟာ မက်ကူလာ ယိုယွင်းမှု ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။

ကိုယ်ခံစွမ်းအားစနစ် ကောင်းခြင်း

Pistachio မှာပါတဲ့ ဗီတာမင် B6 ဟာ ကိုယ်ခံစွမ်းအားနစ်ကို ကျန်းမာစေပါတယ်။ ဗီတာမင် B6 ဟာ သွေးနီဥကို ဖြစ် ပေါ်စေရုံသာမက သိုင်းမတ်စ်၊ သရက် ရွက်နဲ့ သားနံရည်အကျိတ်တွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အတွက် သွေးဖြူဥ ထုတ်လုပ်မှု ကိုလည်း ကောင်းမွန် စေပါတယ်။

အရေပြားကို ကျန်းမာစေခြင်း

Pistachio မှာ ဗီတာမင်အီး အများအပြား ပါဝင်တာကြောင့် ဆဲလ်နံရံတွေရဲ့ တင်းအားကို ကောင်းမွန်စေပြီး အသားအရေကို ကျန်းမာလှပစေ ပါတယ်။ ဗီတာမင်အီးဟာ အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပြီး အရွယ်မတိုင်ခင် အိုမင်းမှုနဲ့ အရေပြား ကင်ဆာတို့ မဖြစ်အောင် နေ့စဉ် ကာကွယ် ပေးနိုင်ပါတယ်။

မြဝတီ ကျန်းမာရေး

အရေပြားပေါ်က အပြစ်အနာအဆာကို ကုသမှုပေးနိုင်မည့် မီးဖိုချောင်သုံး ပစ္စည်းကိုးမျိုး


မျက်နှာအသားအရေ နီမြန်းတာ၊ အစက်အပြောက်တွေ ပေါ်လာတာ၊ ဆံပင်နဲ့ အသားအရေ ကြမ်းတမ်းနေတာတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသူတွေအတွက် အလွယ်သုံးနိုင်မယ့် နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) လက်ဖက်စိမ်း လက်ဖက်ရည်

အင်တီအောက်ဆီးဒင့် အများအပြားပါဝင်တဲ့ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ မျက်နှာ အသားအရေ နီမြန်းမှုကို လျော့ကျစေပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ အေးမြနေတဲ့ လက်ဖက်စိမ်း လက်ဖက်ရည်နဲ့ မျက်နှာပြင်ပေါ်ကို ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။

(၂) ထောပတ်သီး

အကောင်းဆုံး အစိုဓာတ်ထိန်းခရင်မ်လို့ နာမည်ကြီးတဲ့ ထောပတ်သီးကို မျက်နှာပေါင်းတင်ပစ္စည်းအဖြစ် လည်းကောင်း၊ ဆံပင်ပေါင်းတင်ပစ္စည်းအဖြစ် လည်းကောင်း သုံးနိုင်ပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ ထောပတ်သီးအနှစ်ကို ကြေညက်တဲ့အထိ ကြိတ်ချေပြီး မျက်နှာ အရေပြားပေါ်နဲ့ ဆံပင်သားတွေပေါ်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ မျက်နှာ အသားအရေနဲ့ ဆံကေသာကို စိုပြည်တောက်ပစေပါတယ်။

(၃) ဂျုံမှုန့်

ဂျုံမှုန့်မှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ရှိပါတယ်။ ရေထဲကို ဂျုံမှုန့် အနည်းငယ်ထည့်ပေးပြီး မျက်နှာကို သစ်ပေးတာ ဒါမှမဟုတ် မျက်နှာကို အရည်ဖျော်ထားတဲ့ ဂျုံမှုန့်ရေနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးတာ စတဲ့ နည်းတွေကို သုံးနိုင်ပါတယ်။

(၄) သင်္ဘောသီး

အရေပြား ချွေးပေါက်တွေ ကျယ်နေလို့ စိတ်ညစ်နေရင် သင်္ဘောသီးကို ပါးပါးလှီးပြီး မျက်နှာအသားအရေပေါ် ကပ်ပေးတာ ဒါမှမဟုတ် သင်္ဘောသီးအနှစ်ကို မျက်နှာပေါ် လိမ်းပေးတာတို့ကို လုပ်ဆောင်ပေးပါ။ သင်္ဘောသီးမှာပါတဲ့ ပက်ပိန်းဆိုတဲ့ အင်ဇိုင်းက မျက်နှာအသားအရေအတွက် အကောင်းဆုံး အင်ဇိုင်းတစ်မျိုး ဖြစ်ပါတယ်။

(၅) သံပရာသီး၊ ရှောက်သီး

သံပရာသီး၊ ရှောက်သီးထဲမှာပါတဲ့ အက်စစ်ဟာ ဆံပင်သားကို သဘာဝကျကျ တောက်ပစေတဲ့ အစွမ်းရှိပါတယ်။

(၆) ကြက်ဥ၊ ဘဲဥအကာ

ကြက်ဥအကာ၊ ဘဲဥအကာတွေကို မျက်နှာအရေပြားပေါ် လိမ်းပေးရင် အသားအရေကို တင်းရင်းစေပါတယ်။

(၇) သံလွင်ဆီ

သံလွင်ဆီဟာ ဆံကေသာကို စိုပြည်စေပြီး အရေပြားပေါ်က အမည်းစက်တွေကို လျော့ပါးစေပါတယ်။

(၈) သကြား

သဘာဝ ကြေးချွတ်ပစ္စည်းဖြစ်တဲ့ သကြားကို သံလွင်ဆီနဲ့ ရောပြီး နှုတ်ခမ်းသားနဲ့ ခန္ဓာကိုယ် အရေပြားမှာ ကြေးချွတ်ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။

(၉) ပျားရည်

ပျားရည်မှာ သဘာဝ ပိုးသတ်အာနိသင်ရှိပြီး အသားအရေကို အစိုဓာတ် ရှိနေစေပါတယ်။ ပျားရည်ဟာ မျက်နှာပြင်ပေါ်က အစက်အပြောက်တွေကို သက်သာစေပါတယ်။   

ဇွန်
Ref: Good Health
ource: http://www.yatanarpon.com.mm/cp/goodhealth/news-56439

7 Jan 2013

အစာစားခြင်းနှင့် ကျန်းမာရေး

သင်သည် --
အစားသောက်စားတော့မည်ဆိုပါက မစားမိ ရေကို အနည်းငယ်လေး သောက်ပြီးမှ စတင် စားပေးပါ ။

အဆီအဆိမ့်များသော အစားအစာများပါပါက ချဉ်သောဟင်းရည် ၊ အချဉ်ရည်ဖြင့် စားပေးပါ ။

အတက်စာများသော အစားသောက်များဖြစ်ပါက ကြက်သွန်နီ အဖြု ၊ ဂျင်း ၊ ငရုတ်သီး  အနည်းငယ်စားပေးပါ ။

ဝမ်းကိုပုတ်စေသော အစားသောက်များပါပါက ခရမ်းချဉ်သီး ပါအောင် စားပေးပါ ။

ဒန်ပေါက် ၊ အုန်းထမင်း ၊ ထမင်းကြော် မာသော အစားသောက်စားပါက အချဉ်အနည်းငယ် ၊ ပူစီနံ များများ စားပေးပါ ။

စားသည့်အခါတိုင်းတွင် အသီးအနှံတစ်ပွဲလောက်တော့ ပါဝင်အောင် စားပေးပါ ။

အကင်ဟင်းလျာများတွင် မဲတူးနေသော အသားစ များလုံးဝ မစားဘဲ ဖယ်ရှာစားပေးပါ ။

စားဟင်းပွဲ စုံစုံလင်လင်စားတော့မည်ဆိုလျှင် ကန်စွန်းရွက် မဖြစ်မနေ စားပေးပါ ။

လက်လုပ်အချဉ်များစားပါက ကြက်သွန်ဖြူကြော် များများ စားပေးပါ ။

အဆီအဆိမ့်များသော အစားသောက် စားပြီးတိုင်း အေးသောရေ ၊ အေးသောအချိုရည်များ ချက်ခြင်းသောက်ခြင်းကို လုံးဝရှောင်ပြီး ရေနွေးကိုသောက်ပေးပါ ။

5 Jan 2013

အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက်များ

သင့်ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက်များ
ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကင်းဝေးစေဖို့ လေ့ကျင့်ခန်း လုပ်တာ၊ အရက်ကို ရှောင်တာ၊ အခွံချွတ်ထားတဲ့ သကြားဖြူတွေကို မစားတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားတာ စတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။  ဒီလိုနည်းလမ်းတွေ အပြင် ကိုယ်တွင်း သဘာဝကျကျ သန့်စင်စေတဲ့ အစွမ်းရရှိစေဖို့ အောက်ပါ အစားအသောက်တွေကို သင်စားတဲ့ အစာထဲ ထည့်စားပေးသင့်ပါတယ်။



(၁) တောင်ကြာကလေးရွက်


တောင်ကြာကလေးရွက်ဟာ သင့်ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တွေထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်လ်တွေကို ကင်းဝေးစေပြီး အသည်းထဲရှိ သန့်စင်ပေးတဲ့ အင်ဇိုင်းတွေကို စွမ်းအားဖြည့်ပေးပါတယ်။ ဒါ့အပြင် သဘာဝ ဆီးသွားစေတဲ့ အာနိသင် ရှိပါတယ်။

(၂) သံပရာရည်

သံပရာရည်မှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေကို ချေဖျက်ပေးနိုင်စွမ်းရှိကာ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ နံနက်တိုင်း သံပရာရည်ကို သောက်ပေးရင် အစာကြေညက်စေတယ်လို့ ဒေါက်တာဖရန့်က ဆိုပါတယ်။
  (၃) အစိမ်းရင့် ဟင်းသီးဟင်းရွက်များ

သင်စားတဲ့ အစာထဲ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ထည့်စားပါ။ စားသင့်တဲ့နည်းက အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပြုတ်ပြီး သံလွင်ဆီဆမ်းကာ စားပေးရမှာ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေက အစာခြေလမ်းကြောင်းထဲမှာ ကလိုရိုဖီးလ် ပမာဏကို တိုးစေပြီး မီးခိုးနဲ့ ပိုးသတ်ဆေးတွေလို ပတ်ဝန်းကျင် အဆိပ်တွေကို ခန္ဓာကိုယ်ထဲမှ ထွက်ရှိစေပါတယ်။
  (၄) လတ်ဆတ်သော သစ်သီး  

သင်ဗိုက်ဆာနေရင် စားသင့်တာကတော့ သစ်သီးပါပဲ။ ဗီတာမင်၊ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်စတဲ့ အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်နေတာကြောင့် သစ်သီးတွေကို စားပေးရင် ခန္ဓာကိုယ်ထဲမှ အဆိပ်တွေ ပြေစေပါတယ်။

(၅) ဂေါ်ဖီထုပ်

 ဂေါ်ဖီထုပ်မှာ အသည်းထဲက အဆိပ်တွေကို သန့်စင်စေတဲ့ အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

(၆) မုန်လာဥ (Beet)


  သည်းခြေအိတ် ပြဿနာရှိနေတဲ့ သူတွေကို မုန်လာဥ (Beet) များများစားဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ မုန်လာဥထဲမှာပါတဲ့ အမျှင်ဓာတ်ဟာ အင်တီအောက်ဆီးဒင့်အင်ဇိုင်း ထုတ်လုပ်မှုကို တိုးစေတာကြောင့် အသည်းနဲ့ သည်းခြေအိတ်ထဲမှ ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်စေတဲ့ အရာတွေကို ထွက်သွားစေပါတယ်။

  (၇) ချင်းနှင့် ကြက်သွန်ဖြူ

ချင်းနဲ့ ကြက်သွန်ဖြူတွေက အသည်းကျန်းမာရေးအတွက် ကောင်းတဲ့အစာတွေ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီအစာတွေဟာ ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးနိုင်တာကြောင့်ပါ။

(၈) အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံစာကို ရွေးစားပါက အာဟာရဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တို့ အပြည့်အဝ ပါဝင်တဲ့အပြင် မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်လည်း ပါဝင်တဲ့အတွက် ဗိုက်ပြည့်စေပါတယ်။ သင့်ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ထွက်စေနိုင်တဲ့အပြင် လေပွတာနဲ့ ဝမ်းချုပ်တာကိုလည်း မဖြစ်စေနိုင်ပါဘူး။

  (၉) လက်ဖက်စိမ်း လက်ဖက်ရည်

အခုအချိန်မှာ အရည်တွေ အများကြီးကို မသောက်ချင်ဘူးဆိုရင်တောင် လက်ဖက်စိမ်း (Green Tea) တစ်ခွက်လောက်တော့ သောက်သင့်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်မှာ ဖလေဗိုးနွိုက်ကတ်တီချင် ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို အားကောင်းစေပြီး အဆိပ်ချေဖျက်ပေးတဲ့ အင်ဇိုင်းတွေရဲ့ ထွက်နှုန်းကို တိုးစေပါတယ်။


ကြယ်စင်Ref:  Good HealthSource: http://www.yatanarpon.com.mm/cp/goodhealth/news-55018

ဆေးဖက်ဝင် ကြက်သွန်နီ ငရုတ်သီး နံနံပင်

ယခုခေတ် ဆေးကုသရာတွင် ဆက်လက်အသုံးပြုနေသော ရှေးခေတ်မှ ဆေးဖက်ဝင်  အသီးအရွက်များ


ကြက်သွန်နီ
ရှေးထုံးစဉ်လာ အယူအဆအရ ကြက်သွန်နီဟာ ၉၆ ပါးဝေဒနာကို ပျောက်ကင်းစေတယ်ဆိုပြီး နိုင်ငံအနှံ့မှာ အသုံးပြုကြပါတယ်။ အရှေ့အလယ်ပိုင်း တိုင်းရင်းဆေး ဆရာတွေက ကြက်သွန်နီကို ဆီးချိုရောဂါ ကုသရာမှာ အသုံး ပြုကြပါတယ်။ ၂၀ ရာစုနှစ် အစောပိုင်း ကာလတွေ မှာလည်း အမေရိကန်မှ ဆရာဝန် Willian Boericke က ကြက်သွန်နီကို အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေမှာ အသုံးပြုခဲ့ပါတယ်။

ကြက်သွန်နီဟာ အားကစားသမားတွေကို လုပ်ဆောင်ချက် ကောင်းအောင်ကူညီ နိုင်တယ်လို့လည်း ယုံကြည်ကြပြီး ရှေးခေတ်ဂရိအိုလံပစ် ကစားသမားတွေဟာ အားကစားပြိုင်ပွဲ မယှဉ်ပြိုင်ခင် အချိန်မှာ ကြက်သွန်နီကို ခန္ဓာကိုယ်မှာ သုတ်လိမ်းပြီး ကြက်သွန်နီအရည်ကို သောက်သွားကြပါတယ်။ သုတေသနပြုသူတွေက လေ့လာမှု အသစ်တွေ အများအပြားပြုလုပ်ပြီး ရှေးခေတ်က ကြက်သွန်နီ အသုံးပြုတာကို ထောက်ခံမှုပေး ကြပါတယ်။
ကြက်သွန်နီမှ အနံ့ထွက်စေတဲ့ Thiosulfinates တွေဟာ ဆီးချိုရောဂါ လက္ခဏာကို သက်သာစေပြီး နှလုံးကြော ရောဂါမှ ကာကွယ်နိုင်ပါတယ်။ ကြက်သွန်နီမှာ ပါဝင်တဲ့ Flavonoid Quercetin ဟာလည်း ဓာတ်မတည့်မှုနဲ့ ပတ်သက်တဲ့ ရောင်ရမ်းမှုတွေကို ကာကွယ်နိုင်ပြီး အစာအိမ်၊ အူမကြီး၊ အစာမျိုပြွန်နဲ့ သားမြတ်ကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ၂၀၀၉ ခုနှစ် International Journal of Sports Nutrition အရ အနှစ်ဟာ ခံနိုင်ရည်ရှိမှု မြင့်မားတယ်လို့ သိရပါတယ်။
အကျိုးကျေးဇူးရအောင်
ကြက်သွန်နီဟာ ပန်းသီးထက်ကို ဆရာဝန်တွေ ခေါ်ဖို့ မလိုအပ်အောင် အစွမ်း ထက်ပါတယ်။ သင့်ခန္ဓာကိုယ်က ကြက်သွန်နီမှာ ပါဝင်တဲ့ quercetin ကို ပန်းသီးမှ ရတဲ့ quercetin ထက် သုံးဆပိုပြီး စုပ်ယူနိုင်ပါတယ်။ Thiosulfinates အများဆုံး ရရှိအောင် အနီအောင် ဒါမှမဟုတ် အဝါရောင် ကြက်သွန်နီကို ရွေးချယ်ပါ။ အရောင်စုံလေ ပိုကောင်းလေပါ။

“အပူချိန်ကြောင့် Thiosulfinates တွေလျော့နည်းသွားနိုင်တာမို့ ကြက်သွန်နီကို အစိမ်းလိုက်စားပါ။ ဒါမှမဟုတ် မကျက်တကျက်စားပါ။ ကြက်သွန်နီ အမျိုးအစား များစွာရှိပြီး ချက်ပြုတ်နည်းတွေလည်း ကွဲပြားတာမို့ ဘယ်လောက်စားရမလဲ ဆိုတာ ပြောရခက်ပါတယ်။ နေ့စဉ်စားနေကျ အစာအဖြစ် ပုံမှန်စားသင့်တယ်” လို့ သုတေသနပြု သူတွေက ဆိုပါတယ်။

ငရုတ်သီး
ရှေးလူကြီးတွေက columbus ဟာ ငရုတ်သီး ကုန်ကူးရာမှာ နာမည်ကျော်သူလို့ ဆိုပါတယ်။ ငရုတ်သီးဟာ စိုက်ပျိုးရ လွယ်ကူတဲ့ အတွက် ကမ္ဘာတစ်ဝန်း ဆေးကုသရာမှာ အသုံးပြုကြပါတယ်။ ရှေးလူကြီးတွေဟာ ငရုတ်သီးကို နာကျင်မှု ဝေဒနာ သက်သာအောင်မှ အစပြုပြီး ကာမရာဂ နိုးကြွစေတဲ့ ဆေးအဖြစ် ရောဂါ အားလုံး အတွက် အသုံးပြုကြပါတယ်။

သုတေသနပြုသူတွေက ငရုတ်သီးမှာ ပါဝင်တဲ့ ပူစပ်တဲ့ အရသာရှိတဲ့ capsaicin ဟာနာကျင်မှု သက်သာစေတာကြောင့် ကြွက်သား နာကျင်တာ၊ ခွဲစိတ်အပြီး နာကျင်တာနဲ့ အဆစ်ရောင် ရောဂါတွေ သက်သာ စေတာကို ယနေ့အထိ လူသိများနေဆဲလို့ ဆိုပါတယ်။
လေ့လာမှုတွေ အရ ငရုတ်သီးဟာ ဦးနှောက်အတွင်း နာကျင်မှုဝေဒနာကို သယ်ဆောင် ပေးတဲ့ chemical messages တွေကို တားဆီးနိုင်တယ်လို့ သိရပါတယ်။ နောက်ဆုံး လေ့လာမှုအရ ငရုတ်သီးဟာ ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ ကူညီနိုင်တယ်လို့ သိရပါတယ်။ ၂၀၀၉ ခုနှစ် American Journal of Clinical nutrition မှာ Caspsaicin နဲ့ ဆက်စပ်နေတဲ့ ဒြပ်ပေါင်းတွေဟာ ဝမ်းဗိုက် အဆီလျော့ကျအောင် ကူညီနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ငရုတ်သီးဟာ သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ ငရုတ်သီးပါဝင်တဲ့ နေ့လယ်စာ စားသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ ဟော်မုန်း (Insulin) မြင့်တက်နေပြီး အစာဆာလောင်စိတ်များတဲ့ ဟော်မုန်း (Ghrelin)ကျဆင်းနေတာကို တွေ့ရှိရပါတယ်လို့ သုတေသနပြုသူတွေက ဆိုပါတယ်။
အကျိုးကျေးဇူးရအောင်
နာကျင်မှု ဝေဒနာ သက်သာအောင် Capsaicin ointment နဲ့ Cream ကို လိမ်းပေးပါ။ ကိုယ်အလေးချိန် ထိန်းဖို့ ငရုတ်သီးဆေးတောင့် မပေါ်သေးပါဘူး။ သင့်ရဲ့ အစားအစာထဲမှာ ငရုတ်သီးအစိမ်း လိုက်ထည့်စားတာ ဒါမှမဟုတ် အသုပ်တွေထဲမှာ ငရုတ်သီးမှုန့် ထည့်စားတာ၊ ငရုတ်သီးမှုန့်နဲ့ ဟင်းချက်ပြီး စားတာတွေ လုပ်ပါ။ 




နံနံပင်
ရှေးလူကြီးတွေက နံနံပင်အမြစ်ကို ဆီးလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေ ကုသရာမှာ အသုံးပြုကြပါတယ်။ ၁၆၂၉ ခုနှစ်ကတည်းက အင်္ဂလန်ဘုရင်မအတွက် အသုံးပြုခဲ့ကြပါတယ်။ ၁၈ ရာစု အလယ်မှ စပြီး ၁၉ ရာစု အစောပိုင်းကာလ အထိ အမေရိကန်မှ ဆရာဝန်တွေက နံနံပင်ကို အသုံးပြုရာမှာ နာမည်ကျော်ကြား ကြပါတယ်။

ကြက်သွန်နီကြောင့် အနံ့နံတာကို နံနံပင် စားတာနဲ့ ဖြေဖျောက်နိုင်တယ်လို့လည်း ဆိုပါတယ်။ ၂၀၀၂ ခုနှစ်က ဆီးလမ်းကြောင်း ဆိုင်ရာ ဂျာနယ်လေ့လာမှု အများအပြားကို စိစစ်ပြီး ဖော်ပြထားချက် အရ နံနံပင်အမြစ်ဟာ ဆီးထွက်အားကောင်း စေတယ်လို့ သိရပါတယ်။ နံနံပင်ကို ဆီးအိမ်ရောင်ရမ်းခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ အသုံးပြုနိုင်တယ်လို့ သုတေသန ပြုသူတွေက ထောက်ခံကြပါတယ်။
အကျိုးကျေးဇူးရအောင်
ဆီးလမ်းကြောင်း ပြဿနာဖြစ်နေရင် နံနံပင် နှစ်ဂရမ်စီနဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကို တစ်နေ့သုံးခွက်သောက်ပေးပါ။

Ref: Good Health

ဆံပင်ကျွတ်ခြင်းအတွက် ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ

ဆံပင်ကျွတ်ခြင်းအတွက် ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ဘေးထွက်ဆိုးကျိုး မရှိနိုင်သော သဘာဝဆေးဖက်ဝင် အပင်များအဖြစ် အသုံးပြုနိုင်ပါသည်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူသည် အဆိပ်အတောက်များကို ဖယ်ရှားပျက်စီးစေပြီး သွေးလည်ပတ်မှုကို ကောင်းစေကာ ဆံပင်များရှည်လျား စေသည့် အပြင် ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။ ကြက်သွန်ဖြူမှာ ထုတ်နုတ်ထားသော ပစ္စည်းများပါသည့် ခေါင်းလျှော်ရည်များသည် ဆံပင်ကို သန်စွမ်းစေကာ ဆံပင်ကျွတ်ခြင်းနှင့် ကျိုးကြေခြင်း တို့ကို ကာကွယ်ပေးသည့်အပြင် ဆံကေသာကို တောက်ပြောင်လှပလာစေသည်။ ဆံပင်ခြောက်သွေ့နေသူများနှင့် ဦးရေပြားယားယံတတ်သူများလည်း ကြက်သွန်ဖြူကို ယားယံမှုများမှ သက်သာစေရန် အသုံးပြုနိုင်သည်။
ဆံပင်ကျွတ်ခြင်းအတွက် ညအိပ်ရာမဝင်မီ တစ်နာခန့်အလိုတွင် ကြက်သွန်ဖြူတစ်မြွှာအား အလွှာလိုက်လှီးကာ ဆံပင်ကျွတ်နေသောနေရာတွင် ပွတ်လိမ်းပေးပါ။ တစ်နာရီခန့် စောင့်ပြီးနောက် ဦးရေပြားအား သံလွင်ဆီနှင့် နှိပ်နယ်ပေးပါ။ ထို့နောက် ခေါင်းစွပ်ကိုစွပ်၍ အိပ်ရာဝင်ပါ။ မနက်တွင် ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပါ။ ရက်သတ္တပတ် အနည်းငယ်ကြာ ဆက်တိုက်လုပ်ပေးပါက ဆံပင်ကျွတ်ခြင်း ရပ်တန့်၍ ဆံပင်ပြန်ပေါက်လာစေပါသည်။

ကြက်သွန်နီ
ကြက်သွန်နီတွင် အရေးကြီးသော ဗီတာမင်နှင့် သတ္တုဓာတ်များဖြစ်သည့် ဗီတာမင်စီ၊ ဘီစစ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နှင့် ဂျာမေနီယမ်တို့ ပါဝင်ပါတယ်။ ဆာလ်ဖာပါဝင်မှုလည်း မြင့်မားသည်။ ဆာလ်ဖာသည် ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းတွင် ပါရှိပြီး၊ ဆံပင်၊ အရေပြားနှင့် လက်သည်းများတွင် ပါဝင်မှု အများဆုံးဖြစ်သည်။
ဆံပင်ကျွတ်ခြင်းအတွက် လတ်လတ်ဆတ်ဆတ်ညှစ်ထားသော ကြက်သွန်နီအရည်ကို ဦးရေပြားပေါ်တွင် တိုက်ရိုက်လိမ်းလိုက်ပါ။ ထို့နောက် ဆံပင်အရင်းအထိ စိမ့်ဝင်နိုင်အောင် ဦးရေပြားအား နှိပ်နယ်ပေးပါ။ နာရီဝက်ခန့်ကြာက ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပါ။ နေ့စဉ်ဆက်တိုက်လုပ်ပေးပါက လအနည်းငယ်အတွင်း ဆံကေသာ သန်စွမ်းလာစေ နိုင်ပါသည်။
Ref: Good Health

Twitter Delicious Facebook Digg Stumbleupon Favorites More