Pages - Menu

25 Jan 2013

ခြောက်သွေ့ပျက်စီးနေသော ဆံကေသာကို သဘာဝနည်းဖြင့် ထိန်းသိမ်းနည်း

သင့်ဆံပင်သားကို ဖြောင့်လိုက်၊ ကောက်လိုက် မကြာခဏ ပြုလုပ်တာ ကြောင့်ရော၊ သဘာဝ နေပူဒဏ်နဲ့ ထိ တွေ့မှုကြောင့်ပါ ဆံပင်သား ပျက်စီးထိ ခိုက်နေရင် သင့်အိမ်မီးဖိုချောင်ရှိ အိမ်သုံးပစ္စည်းတွေ ကို သုံးပြီး အောက်ပါအတိုင်း ထိန်းသိမ်းပြုပြင် ပေးနိုင်ပါတယ်။


သံလွင်ဆီသုံးပြီး ဆံကေသာကို ပုံမှန်ထိန်းသိမ်းနည်း

ခေါင်းလျှော်ခါနီးတိုင်း လုပ်ဆောင် နိုင်တဲ့နည်း ဖြစ်ပါတယ်။ အမြဲပုံမှန်ပြု လုပ်သွားမယ်ဆိုရင်
ဆံကေသာ တောက် ပြောင်သန်စွမ်းနေပါလိမ့်မယ်။
(၁) ဆံပင်သားအနှံ့ သံလွင်ဆီလိမ်းကာ ဦးရေပြားကို နှိပ်နယ်ပေးပါ။
(၂) သင့်ဦးခေါင်းကို ခေါင်းစွပ်(Shower Cap)နဲ့ မိနစ် ၉၀ ခန့် ဖုံးအုပ်ထားပါ။ ဒါဆိုရင် သင့်ဦးခေါင်းက အပူတွေ ဖျာ ထွက်မှု မရှိဘဲ ဆံပင်သားကို နက်နက်နဲနဲ ချောမွေ့စေမှာ ဖြစ်ပါတယ်။ ပင်လယ် ကမ်းခြေမှာ ဒီနည်းလမ်းကို လိုက်နာလုပ် ဆောင်မယ်ဆိုရင် နေရောင်ခြည်က အပူတွေဟာ သင့်ဆံကေသာကို သံလွင်ဆီကနေ အာဟာရ ဓာတ်တွေ စုပ်ယူနိုင်အောင် ကူညီပါလိမ့်မယ်။
(၃) ပြီးရင် သံလွင်ဆီတွေ ကင်းစင်သွား အောင် ခေါင်းလျှော်ပေးပါ။

ဆံကေသာကို ပေါင်းတင်နည်း

ထိခိုက်ပျက်စီးနေတဲ့ သင့်ဆံပင်သားတွေ နူးညံ့ချောမွေ့နေစေဖို့ တစ်ပတ်တစ်ကြိမ် ပြုလုပ်နိုင်တဲ့ ပေါင်းတင်နည်း ဖြစ်ပါတယ်။

လိုအပ်သော ပစ္စည်းများ- ပျားရည်၊ သံလွင်ဆီ၊ ကြက်ဥ/ဘဲဥအနှစ်

(၁) ကြက်ဥ/ဘဲဥအနှစ်တစ်လုံး၊ သံလွင် ဆီ ထမင်းစားဇွန်း သုံးဇွန်းနဲ့ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းတို့ကို သမအောင် ရောမွှေပြီး ဦးရေပြားအနှံ့ သုတ်လိမ်းပေး ပါ။
(၂) ပျားရည်ဟာ ရေဓာတ်ကို ထိန်းထား နိုင်စွမ်း ရှိတာကြောင့် ဆံကေသာကို စို ပြည်စေပါတယ်။
(၃) ပြီးရင် ခေါင်းစွပ်(Shower Cap) စွပ်ထားပြီး မိနစ် ၃၀ ခန့် ကြာမှ ရေနဲ့ ဆေးကြောပေးပါ။ ဆံကေသာ ပျော့ပျောင်း သန်စွမ်းသွားတာကို တွေ့ရပါလိမ့်မယ်။

ဆံကေသာ ထူထဲလှပစေရန်

ထိန်းသိမ်းနည်း သံလွင်ဆီက ဆံပင်သား နူးညံ့ပျော့ ပျောင်းစေတဲ့ အဆီဖြစ်ပြီး ဘီယာကတော့ ဆံပင်သား ထူထဲ သန်စွမ်းစေတဲ့ အာနိသင်ရှိပါတယ်။

လိုအပ်သော ပစ္စည်းများ- ဘီယာတစ်ခွက်၊ သံလွင်ဆီထမင်းစားဇွန်း တစ်ဇွန်း

(၁) ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေလိုက်ပါ။ အဝကျယ်တဲ့ ခွက်တစ် ခုထဲထည့်ပြီး မွှေတာက ပိုကောင်းပါတယ်။
(၂) ဆံပင်သားအနှံ့ လောင်းချကာ နှိပ် နယ်ပေးပါ။ ဦးရေပြားကို အနည်းဆုံး အချိန် ငါးမိနစ်ခန့် နှိပ်နယ်ပေးရမှာ ဖြစ်ပါ တယ်။
(၃) ဆံပင်သားအားလုံး သန့်စင်သွားတဲ့ အထိ ရေနဲ့ဆေးကြောပေးပါ။

ဆံကေသာ သန့်စင်ပြီး ဗောက်ကင်းစင်စေရန် ထိန်းသိမ်းနည်း

ဗောက်ထနေတဲ့ ဆံပင်သားကို သန့်စင်သွားအောင် လုပ်နိုင်တဲ့နည်း ဖြစ် ပါတယ်။

လိုအပ်သော ပစ္စည်းများ- ဆော်ဒါမှုန့်နှင့် ရေ

(၁) ဆော်ဒါမှုန့် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ ရေနှစ်ခွက်ကို ရောမွှေလိုက်ပါ။
(၂) ဒီအရောအနှောကို ဆံပင်သားအနှံ့ သုတ်လိမ်းရင်း လောင်းချပေးပါ။
(၃) သမအောင် လိမ်းကာ နှိပ်နယ်ပြီးရင် ရေနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို မကြာခဏ ပြုလုပ်ပေး ရင် ဆံပင်သား သန့်ရှင်းစင်ကြယ်နေပါ လိမ့်မယ်။
Ref>>Good Health

Twitter Delicious Facebook Digg Stumbleupon Favorites More