ထောပတ်သီးတွင် ဗိုက်တာမင်ဘီ၊ ဗိုက်တာမင်အီးနှင့် ဦးနှောက်ကိုအထောက်အပံ့ဖြစ်စေသည့် ကိုလင်း (cho-line) ဓါတ်တို့ပါဝင်သည်။
ကြေးနီ (copper) ၊ သွပ် (zinc) စသည့် သတ္တုဓါတ်များအပြင်ရောင်ရမ်းမှုဖြစ်စဉ်များကို ကာကွယ်သည့် ဓါတ်တိုးဆန့်ကျင် (antioxidant) ပစ္စည်းများစွာပါဝင်သည်။
- ဆိုးကျိုးဖြစ်စေသည့် ကိုလက်စထရော (LDL ) နည်းပါးပြီး အကျိုးပြု
ကိုလက်စထရော (HDL) ပေါများ သည့် ထောပတ်သီးသည် နှလုံးကျန်းမာရေးကိုအထောက်
အကူဖြစ်စေပြီး အားကစားသမားများအတွက် သက် လုံကောင်းစေသည့် အကျိုးကျေးဇူး
ရရှိစေသည်။
- လေ့လာမှုများအရ
ထောပတ်သီးမကြာခဏစားသုံးသူ များတွင် ခါးအတိုင်း (waist size)
လျော့နည်းလေ့ရှိပြီး ခန္ဓာကိုယ်အလေးချိန်နှင့်အရပ်အချိုး (body mass index )
လည်း အချိုးကျမျှတလေ့ရှိသည်ကိုတွေ့ရသည်။
-
ထောပတ်သီးတွင်ပါဝင်သော phenolic ဒြပ် ပေါင်းများက
သွေးကြောရောင်ရမ်းမှုဒဏ်ရာများနှင့် သွေးကြောကျဉ်းရောဂါများ မဖြစ်
အောင်ကာကွယ်ပေးနိုင် သည့် အတွက် နှလုံးသွေးကြော၊ ဦးနှောက် သွေးကြောများ
ရောင်ရမ်းခြင်း၊ သွေးကြောကျဉ်းခြင်းတို့မှကင်းဝေးစေ သည်။
- ဟင်းသီးဟင်းရွက်များမှ ရရှိသော polyphenol ဒြပ်ပေါင်းများနှင့်
carotene ဓါတ်များသည် အဆီ တွင်သာပျော်ဝင်နိုင်သည့်အရာများ ဖြစ်ကြသည်။
ထို့ ကြောင့်ခန္ဓာကိုယ်မှ ယင်းဓါတ်များကိုစုပ်ယူနိုင်ရန် အဆီ လိုအပ်သည်။
ဟင်းသီးဟင်းရွက်များကို ထောပတ်သီး ရောစပ်၍ စားသောက်ခြင်းဖြင့်
ဟင်းသီးဟင်းရွက်များက ပေးစွမ်းသည့် အာဟာရများအပြည့်အဝရရှိစေသည်။
ဇော်ကို
Source:Runners'World
credit to >>Health Updates Journal Vol.2, No.35
30 Sept 2013
အားကစားသမားများအတွက် ထောပတ်သီး
Monday, September 30, 2013
Taunzalat