Pages - Menu

31 Jan 2014

Omega 3 fatty acid ရဲ့အသုံးဝင်ပုံ

ငါး၊ ဟင်းသီးဟင်းရွက် တွေနဲ့ အစေ့ဆံ တွေမှာ ပါတဲ့ Omega 3 fatty acid ရဲ့အသုံးဝင်ပုံ Omega 3 fatty acid ဆိုတာ ခန္ဓာကိုယ်မှာ မရှိမဖြစ် လိုအပ်တဲ့ အဆီဓာတ် တစ်မျိုး (essential fatty acid) ဖြစ်ပါတယ်။ Omega 3 fatty acid ကိုလူတွေရဲ့ ကိုယ်ခန္ဓာကနေ မထုတ်လုပ် နိုင်ပါဘူး။
 ငါး၊ အသီးအရွက်နဲ့ အစေ့ဆံတွေ စားသုံးခြင်းဖြင့် ရရှိ နိုင်ပါတယ်။ 
 လူကြီးသူမများ ပြောတာ ကြားဖူးပါတယ် ဂျပန်မှာ နေတဲ့သူနဲ့  ဂျပန်ဖိုး၊ ဖွားတွေ အသက်ရှည်ကြတယ် ဘာလို့လဲ ဆိုတော့ ဆော်လ်မွန်ငါးတို့ တူနာငါးတို့ကို စားသုံးလို့ အသက်ရှည် နုပျိုတယ်လို့ ပြောကြပါတယ်။ တကယ်လည်းပဲ Omega 3 fatty acid ဟာ ကောင်းကျိုးတွေ အများကြီးရှိပြီး အသုံးဝင် ပါတယ်။ 

Omega 3 fatty acidကို eicosapentanoic acid (EPA)နဲ့ docosahexanoic acid (DHA) တို့ ပေါင်းထား တာပါ။ Omega 3 fatty acid က လူ့ ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ ကိုလက်စ်တော (cholesterol)နဲ့ မကောင်းတဲ့အဆီ (very low density lipoprotein) တို့ကို လျော့ကျ စေပါတယ်။

 ဦးနှောက် မှတ်ဥာဏ်နဲ့ လုပ်ဆောင်ချက်ကို အားဖြည့် ပေးပါတယ်။

 သွေးလည်ပတ်မှု အားကောင်း စေပါတယ်။ နှလုံးရဲ့ လုပ်ဆောင်ချက်ကို အားပေး ကူညီပါတယ်။ သွေးပေါင်ချိန် (blood pressure)ကို ထိန်းညှိရာမှာ ကူညီလို့ သွေးတိုးသမားတွေ အတွက် သင့်လျော်ပါတယ်။

 အရိုးအဆစ်နဲ့ သွားများကို သန်မာစေတဲ့ အတွက် အရိုးအဆစ် ရောင်ရမ်း သူများနဲ့ လေးဖက်နာ သမားများအတွက် နာကျင်မှုကို သက်သာ စေပါတယ်။

 မိခင်ဆီမှ Omega 3 fatty acid လုံလောက်စွာ မရရှိခဲ့တဲ့ ကလေးတွေ ဟာလည်း အမြင်နဲ့ အာရုံကြော တွေမှာ ပြဿနာ ဖြစ်နိုင်ချေ အလားအလာ ရှိတယ်လို့ ဖတ်ဖူးပါတယ်။

 မြန်မာနိုင်ငံ ဈေးကွက် ထဲမှာတော့ Mega 3 နဲ့  Marina ဆိုတဲ့ နာမည် (Trade) နဲ့ ရရှိ နိုင်ပါတယ်။ 

ဒါကြောင့် Omega 3 fatty acids are responsible for many important functions in the human လို့ ဆိုပါတယ်။
 Aye Chan Mon
# Credit To :မြ၀တီ> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Twitter Delicious Facebook Digg Stumbleupon Favorites More