Pages - Menu

13 May 2014

ကော်ဖီက ဆီးချိုရောဂါအမှတ်(၂)ကို ကာကွယ်

*** နေ့ စဉ်ကော်ဖီသောက်ခြင်းက ဆီးချိုရောဂါအမှတ်(၂)ကို ကာကွယ်ရာရောက် ***

ကော်ဖီကြိုက်သူများအတွက် သတင်းကောင်းလေးပါ။

“ကော်ဖီကို ရံဖန်ရံခါမှသောက်သူတွေထက်စာရင်၊ ကော်ဖီကို နေ့ စဉ်ပုံမှန်သောက် သူများ ဟာ ဆီးချိုရောဂါ အမှတ်(၂) ဖြစ်နိုင် ခြေအလားအလာ နည်းပါးနိုင်တယ် ”လို့  ပြင်သစ်နိုင်ငံ အခြေစိုက် AFP သတင်းဌာနမှ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့  မှာ သတင်းထုတ်ပြန် သွားခဲ့ပါတယ်။
ဆီးချိုရောဂါအမှတ်(၂) ဆိုတာ၊ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ကို တုံ့ပြန်နိုင်အား ကျဆင်း လာတဲ့ အတွက် အင်ဆူလင် မလိုအပ်ဘဲ အင်ဆူလင်ကို တုံ့ပြန်ပေးနိုင်စွမ်းသော ဆေးဝါးများလို အပ်ခြင်းေ ကြာင့် ဖြစ်တဲ့ရောဂါတစ်မျိုးပါ။ ပျမ်းမျှ အသက် ၃၅ အထက်မှာ စဖြစ်လေ့ရှိပြီး၊ သွေးတိုး၊ နှလုံးရောဂါ တို့ နဲ့ ဆက်စပ်နေပါတယ်။ သက်ကြီးပိုင်း ဖြစ်လေ့ရှိတဲ့ ဆီးချိုရောဂါ၏ ၉၀% ခန့် က ထို ဆီးချိုေ ရာဂါ အမှတ်(၂)ဘဲ ဖြစ်ပါတယ်။

ယခုလို ကော်ဖီ နှင့် ဆီးချိုရောဂါ ဆက်စပ်မှုသုတေသနကို Diabetologia အသင်းအဖွဲ့ မှ စေတနာ့ ရှင် ကျန်းမာရေးဝန်ထမ်းဦးရေ ၁၂၀၀၀၀ ကျော်နှင့် လေ့လာစမ်းစစ်ခဲ့ ပါတယ်တဲ့။ ၄-နှစ်ကြာမျှ
ကော်ဖီစွဲသောက်လာခဲ့ကြသူများဖြစ်ကြသော ထိုကျန်းမာရေး ၀န်ထမ်းများကို အုပ်စု(၂)စုခွဲ ၍ လေ့လာကြည့်တဲ့အခါမှာ (က) တစ်နေ့ ကို ကော်ဖီ ပျမ်းမျှ ၁-ခွက်(သို့ မဟုတ်)၁-ခွက် ခွဲ သောက် လေ့ရှိသူဟာ ဆီးချိုရောဂါ အမှတ်(၂) ဖြစ်နိုင်ခြေအလားအလာ ၁၁ ရာခိုင်နှုန်းနည်း ပါးကြောင်း (ခ) တချို့ နေ့ တွေမှာ ပုံမှန်သောက် နေကျ ၁-ခွက် ထက်ပို၍ ၂-ခွက်တိ တိ သောက်တတ်သူများဟာ ဆီးချိုရောဂါ အမှတ်(၂) ဖြစ်နိုင်ခြေအလားအလာ ၁၈ ရာခိုင်နှုန်းထိ
နည်းပါးသွားကြောင်း၊ (ဂ) ဘော့စတွန်နိုင်ငံရှိ the Harvard School of Public Health မှ Shilpa Bhupathiraju ဆိုသူက ထိုသုတေသနကို ဦးဆောင်းသူဖြစ်ကြောင်း the European Association for the Study of Diabetes(ခေါ်) ဆီးချိုရောဂါ လေ့လာစောင့်ရှောက်ရေး ကျန်းမာရေးဂျာ နယ်တစ်စောင်မှာ ယခုလို အကျယ်တ၀င့် ဖော်ပြထား ပါတယ်။

၎င်းရဲ့ အဆိုကို the Science Media Centre မှ ကျွမ်းကျင်သူများကလည်း အတည်ပြု ထောက်ခံ ထားကြပြီး၊ ကော်ဖီ ၁-ခွက် နေ့  စဉ် သောက်သင့်ပြီး တချို့ နေ့ တွေမှာ ၂-ခွက်သောက်ခြင်းဖြင့် ဆီးချိုရောဂါဖြစ်မလာအောင် ထိန်းထားနိုင်တယ်လို့ ထပ်လောင်း အကြံပြုထားပါတယ်။

သို့ သော် အထက်ပါသုတေသနပြုချက်ထဲမှာတော့ လ္ဘက်ရည် နှင့် decaffeinated coffee (ခေါ်)ကဖိန်းဓာတ်မပါတဲ့ ကော်ဖီ အမျိုးအစားတွေကို မဆိုလိုပါဘူးတဲ့။ အကယ်၍ လ္ဘက်ရည် နှင့် decaffeinated coffee တို့ ကို စွဲသောက်တဲ့ အခါမှာတော့ သွေးထဲမှာ သကြားဓာတ်တွေ များလာ၍ ဆီးချို(အမှတ်-၂)ဖြစ်စေတဲ့အပြင် အ၀လွန်ရောဂါပါ ဖြစ်လာစေနိုင်တယ်လို့ ဆိုပါ တယ်။


(ဆောင်းပါးရှင်…တင်ထက်ထက်ဇော်.. မျှဝေသည်)
(ကိုးကား။ Medical Observer@ Diabetes Research: Good News for Caffeine Addicts?)

Twitter Delicious Facebook Digg Stumbleupon Favorites More