Pages - Menu

2 Aug 2014

THEOBROMA "CACAO" - အပိုင်း ၂

၁၆ ရာစုနှစ်ဦးပိုင်းမှာ ရေကြောင်းပညာရှင် Christopher Columbus ဟာ စတုတ္ထအကြိမ်မြောက် ရွက်လွှင့်ခရီးထွက်ခဲ့ပြန်တယ်။ လမ်းခရီးတစ်နေရာမှာ ကိုကိုးပင်တွေ ပေါက်ရောက်နေတာကို တအံ့တသြ ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီခေတ်တုန်းက အပင်တစ်မျိုးရဲ့သစ်စေ့ (ကိုကိုးစေ့) ဟာ "ပိုက်ဆံ" ဖြစ်ခဲ့တယ်။

ကျွန်တစ်ယောက်ရဲ့တန်ဖိုးက ကိုကိုးစေ့ (၂၁ဝဝ) စေ့ဖြစ်တယ်။ ဥာဏ်ပညာရှိ ကိုလံဘတ်က ဒေသခံ အင်းဒီးယန်းလူမျိုးတွေဆီကနေ ကိုကိုးစေ့တချို့ လှဲလှယ်ခဲ့ပြီး စပိန်ကို ယူဆောင်လာခဲ့တယ်။ အဲဒီခေတ်တုန်းက ဥရောပလူမျိုးတွေဟာ ကိုကိုးကို သိပ်စိတ်မဝင်စားသေးတဲ့ ကာလဖြစ်တယ်။ ကိုကိုးဟာ တစ်ခါတလေမှာ သူတို့စိတ်ကို နိုးကြွစေတယ်၊ ဒါမှမဟုတ် ဆီးနဲ့ပတ်သက်တဲ့ရောဂါအတွက် ကိုကိုးကိုသုံးတယ် ဆိုတာလောက်ပဲ ဥရောပတွေကသိထားခဲ့တယ်။ (ချောကလက်မဖြစ်ခင်တောင် အတော်လေး အရေးပါခဲ့တယ်)

The Spaniards: The conquest of cacao
Although probable that in 1508 Christopher Columbus was the first European to see cacao seeds off the coast of present day Honduras, it wasn't until Hernán Cortés conquered Tenochtitlan (today Mexico City) in 1521 that the Spanish began to learn about the delicious flavour of chocolate. Contact between Spaniards and Aztecs opened a gateway for the exchange of ideas and technology - and a new European market for foods, including cacao.

1521 - 1600 Mesoamerica - Spain
Spain's monopoly on cacao coming from Aztec and Maya lands in Central America lasted the entire 16th century.

၁၅၁၉ ခုနှစ်မှာ စပိန်က စူးစမ်းလေ့လာပညာရှင် Hernán Cortés ဟာ ပထမဦးဆုံးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့ပြီး မက်ဆီကိုဒေသကို ဝင်ရောက်ခဲ့တယ်။ အဖွဲ့ဝင်တွေက ကန္တာရ၊ ရွံ့နွံ့၊ တောနက် စတာတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီး ကုန်းပြင်မြင့်တစ်နေရာကို ရောက်လာခဲ့တယ်။ ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်တဲ့ အဖွဲ့ဝင်တွေဟာ ကုန်းမြင့်ပေါ် လဲလှောင်း အနားယူခဲ့ကြတယ်။ အဲဒီအချိန်မှာ အင်းဒီးယန်းအဖွဲ့တစ်ဖွဲ့ ရောက်လာခဲ့တယ်။ အင်အားကုန်မဲ့နေတဲ့ Cortés ရဲ့ လူတွေကိုတွေ့တော့ သူတို့မှာပါတဲ့ ကိုကိုးစေ့တွေကို အမှုန်ကြိတ်ပြီး ဗူးထဲ ရေနဲ့ရောပြီး ကျိုလိုက်ကြတယ်။ ရေဆူလာချိန်မှ ငရုတ်ကောင်းမှုန့်၊ သစ်စေး၊ သစ်ရည်တချို့နဲ့ ရောစပ်လိုက်တယ်ဆိုရင်ပဲ မွှေးကြိုင်သင်းပျံ့တဲ့ ရနံ့က လေနဲ့အတူ လွှင့်ပြန့်လာခဲ့တယ်။

အင်းဒီးယန်းခေါင်းဆောင်က လက်ဟန်ခြေဟန်နဲ့ Cortés ကို စကားတွေ ပြောနေခဲ့တယ်။ နောက်ဆုံးမှာ Cortés သဘောပေါက်တာက ဗူးထဲက မည်းညစ်ညစ် ကိုကိုးဖျော်ရည်တွေကို သောက်စေလိုတယ်ဆိုတာဖြစ်တယ်။ အင်းဒီးယန်းတွေရဲ့ ဓလေ့ထုံးစံကို အနည်းငယ်နားလည်တဲ့ Cortés က သူ့အဖွဲ့သားတွေကို ကိုကိုးဖျော်ရည်တွေ တစ်ယောက်နည်းနည်းစီ သောက်စေခဲ့တယ်။ သောက်ပြီး တခဏအတွင်းမှာ မျက်လှည့်ပြသလိုပဲ အဖွဲ့သားတွေရဲ့ ကုန်ဆုံးသွားတဲ့အင်အားတွေဟာ ချက်ချင်းတိုးပွါးလာပြီး ပင်ပန်းမှုတွေလည်း ပျောက်ဆုံးကုန်ခဲ့တယ်။ Cortésလည်း တအံ့တသြနဲ့ အင်းဒီးယန်းတွေကို ကိုကိုးစေ့နဲ့ ကိုကိုးဖျော်ရည်အကြောင်းကို မေးခဲ့တယ်။ အင်းဒီးယန်းတွေကက "ဒါဟာ နတ်ဘုရားအချိုရည်ဖြစ်တယ်" လို့ ဖြေခဲ့တယ်။

၁၅၂၈ ခုနှစ်မှာ Cortés ဟာ စပိန်ကို ပြန်ရောက်လာခဲ့ပြီး King Charles V ကို "နတ်ဘုရား အချိုရည်" (ကိုကိုးဖျော်ရည်) ဆက်ကပ်ခဲ့တယ်။ မဆက်ကပ်ခင် စပိန်လူမျိုးတို့ရဲ့ ဓလေ့အစားအစာအတိုင်း Cortés ဟာ ကိုကိုးကိုဖျော်ရာမှာ သစ်ရည်နဲ့ ငရုတ်ကောင်းမှုန့်အစား ပျားရည်ကို အသုံးပြုဖျော်စပ်ခဲ့တယ်။

ချာကလက်ကို ရာစု ၆၀ ခုနှစ်လောက်ရောက်တော့ စပိန်ကိုတွေ့ရှိခဲ့တဲ့ Hernando Cortez က စပိန် အရောက်သယ်ဆောင်လာခဲ့တယ်။ စပိန်လူမျိုးတွေက အရသာရှိအောင် သကြားတို့ ဗနီလာအစရှိတဲ့ အရာတွေကိုရောပြီး ချိုအောင်ပြုလုပ်ခဲ့ကြတယ်။

The first recorded evidence of chocolate as a food product goes back to Pre-Columbian Mexico.

The Spaniards liked it hot
The Spaniards made no significant changes in the transformation of raw cacao into chocolate, but a wooden stirring stick, the molinillo, made the job of whipping chocolate into a smooth foam easier and more consistent. In this period, chocolate started to be consumed as a hot (warm) drink, the Spanish didn't like the drink's bitter flavour, so they sweetened it with cane sugar. Other spices were added to the beverage such as cinnamon, anise seed and black pepper.

ဘုရင်က ကိုကိုးကို တစ်ငုံသောက်လိုက် ကောင်းတယ်လို့တစ်ခွန်း ချီးကျူးလိုက်နဲ့ ဝမ်းသာမဆုံးဖြစ်ခဲ့တယ်။ Cortés ကိုလည်း ရာထူးချီးမြှင့်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကိုကိုးဖျော်ရည်ဟာ စပိန်မှာရေပန်းစားခဲ့တယ်။ ဖျော်စပ်နည်းကို စပိန်လူမျိုးတွေက လုံးဝလျှို့ဝှက်ထားပြီး မပေါက်ကြားစေခဲ့ပါဘူး။ အဲဒီလိုနဲ့ နှစ်ပေါင်း ၇ဝ ကျော် ကြာမြင့်ပြီး ၁၆ဝ၆ ခုနှစ်ရောက်မှ အီတလီလူမျိုးတစ်ဦးဟာ ဖျော်ရည်ဖျော်စပ်နည်းကို ခိုးယူသွားခဲ့တယ်။ အဲဒီနောက် ဥရောပနေရာအနှံ့ထိ ကိုကိုးဖျော်ရည် ပြန့်နှံ့သွားတာဖြစ်တယ်။ ကိုကိုးဖျော်ရည်ဟာ ဥရောပမှာ လူကြိုက်များပြီး ကိုကိုးဆိုင်တွေ ဝင်ငွေကောင်းခဲ့တယ်။
History recounts that a Cistercian monk who travelled with Hernan Cortes to Mexico, Brother Jeronimo of Aguilar, sent the first cocoa beans ever seen in Europe to the Abbot at Monasterio de Piedra, Antonio de Alvaro, together with a recipe for chocolate. 

The monks at this monastery were therefore the first people in Europe to taste this delicacy, explaining the long tradition of chocolate-making in the Cistercian order. Some monasteries even have a small room over the cloisters known as the chocolate room, where chocolate was made and tasted.

Controversial in the Catholic ChurchPrince Philip of Spain first tasted chocolate from native people introduced by Dominican priests in Spain and chocolate became a fashionable trend in the Spanish court. As an expensive import, chocolate was a luxury only the wealthiest and most well-connected Spanish nobility could afford. Chocolate was recognized as a restorative and nutritive beverage (for its high caloric content and theobromine, a chemical similar to caffeine) and was used as a medicine. It was also at stake in Catholic debate, after which the church allowed people to drink it as a nutritional substitute during fasting periods.

ကိုကိုးဖျော်ရည်နဲ့ စပိန်က La Sike ဆိုသူလည်း ဝင်ငွေအများကြီးရခဲ့တယ်။

တစ်နေ့မှာ La Sike ဟာ ကိုကိုးကျိုနေတုန်း အတွေးနယ်ချဲ့မိတယ်။ သူတွေးမိတာက "ကိုကိုးကို နေ့တိုင်းကျိုရတာ အလုပ်ရှုပ်လွန်းတယ်။ ကိုကိုးကို အခဲလုပ်ပြီး သောက်ခါနီး တစ်ခဲယူပြီး ရေနဲ့ဖျော်လိုက်ရုံ။ ဒါမှမဟုတ် အခဲကို ဒီအတိုင်းစားလိုက်ရုံ၊ ဒီလိုဆို အချိန်ကုန်၊ အလုပ်ရှုပ်သက်သာတယ်" ဆိုပြီး La Sike ဟာ ကိုကိုးကို အရည်မှ အခဲဖြစ်အောင် ကြိုးစားတော့တယ်။ ပျားရည်တွေရောစပ်ပြီး အခြောက်ခံလိုက်၊ ဖုတ်လိုက်နဲ့ နောက်ဆုံး ကိုကိုးခဲတွေ ဖြစ်လာခဲ့တယ်။ ကိုကိုးဖျော်ရည်ကို မက်ဆီကိုက စတင်ခဲ့ပြီး မက်ဆီကိုရဲ့ တောစကား "ချောကလာထော်လု" လို့ခေါ်ခဲ့လို့ La Sike က ကိုကိုးခဲကို "ချောကလက်"လို့ ခေါ်ဆိုခဲ့တယ်။ ချောကလက်ရဲ့ ကနဦးအစက ဒီလိုဖြစ်လာခဲ့တာဖြစ်တယ်။

စစချင်းမှာ လူတွေဟာ ချောကလက်ကို စိမ်းနေခဲ့ကြတယ်။ ပြင်သစ်မှာ ချောကလက်ကို "အဖိုးတန်တဲ့ ဆေးစွမ်းတစ်လက်" လို့ တင်စားကြတယ်။ ဒီလိုတင်စားရခြင်းကလည်း ပြင်သစ်ဘုရင် Louis XIII နဲ့ ပတ်သက်နေတာဖြစ်တယ်။ Louis XIII ရဲ့ မိဖုရားက စပိန်နိုင်ငံရဲ့ အိမ်ရှေ့မင်းသမီးဖြစ်တယ်။

၁၆၁၂ ခုနှစ်မှာ မိဖုရားဟာ ခမည်းတော်အိမ်ကနေ စပိန်နိုင်ငံလုပ် ချောကလက်တွေ ပြင်သစ်ကိုသယ်လာခဲ့တယ်။ အဲဒီအချိန်တုန်းက ဘုရာမင်းမြတ် မကျန်းမာတဲ့အချိန် ဖြစ်တယ်။ ခန္ဓာကိုယ်နုံးချိနေတဲ့ ဘုရင်က မိဖုရားယူလာတဲ့ ချောကလက်တစ်ခဲကို စားလိုက်ပြီးတာနဲ့ တစ်ပြိုက်နက် နုံးချိနေတာတွေ ယူပစ်သလို ပျောက်သွားခဲ့ပြီး ကျန်းမာလာခဲ့တယ်။ ဒါကြောင့် ဘုရင်က ချောကလက်ကို "အဖိုးတန်တဲ့ ဆေးစွမ်းတစ်လက်" လို့ တင်စားခဲ့ပြီး ချောကလက်တွေကို သမားတော်တွေဆီ အပ်နှံပြီး သေချာသိမ်းထားစေခဲ့တယ်။ နန်းတော်တွင်းက တစ်ဦးတစ်ယောက် မကျန်းမာမှ ထုတ်သုံးဖို့လည်း မှာခဲ့တယ်။

အဲဒီလို ချောကလက်ဟာ ပြင်သစ်ဘက်ကို ချောကလက်ချစ်တဲ့ စပိန်မင်းသမီး Anna နဲ့ Louis XIII တို့ လက်ဆက်ခဲ့ကြပြီး၊ ၁၇ ရာစုနောက်ပိုင်းမှာ ဥရောပတခွင် ပြန့်နှံ့စ ပြုခဲ့တယ်။ ချောကလက်ရဲ့ ကျော်ဇောမှုဟာ နောက်ပိုင်း Europe နဲ့ America ဘက်တွေကိုပါ ရောက်ရှိသွားပါတယ်။ အဲဒီအချိန် အာရှဘက်မှာ ချောကလက်ကို မွေးစားနိုင်တဲ့ တစ်ခုတည်းသောနိုင်ငံကတော့ ဖိလစ်ပိုင်ဖြစ်ပါတယ်။ သူက ၁၆ ရာစုလောက်က invaded စပိန်လက်အောက်ကို ရောက်ရှိခဲ့လို့ မွေးစားနိုင်ခဲ့ခြင်းဖြစ်တယ်။

ဘုရင် Louis XIV နန်းတက်တော့မှ အဘိုးအဘွားအိမ်ကလူတွေ ချောကလက်အမြောက်အများ ယူလာပြီး ဘုရင်ကို ဂုဏ်ပြုချီးမြှင့်ကြတယ်။ အဲဒီအခါမှ ပြင်သစ်လူမျိုးတွေက ချောကလက်ဆိုတာ စားစရာတစ်မျိုးမှန်း သိသွားခဲ့တယ်။
Entrance of Cortez into Mexico Lithograph notes and queries.
Where's the chocolate? Cortez meets Montezuma in Mexico.
Photograph: Bettmann/CORBIS

Organized pillage of the Americas
The history of cacao took a bloody turn during the conquest of the Americas. In 1521, Cortés assaulted and defeated the Aztec emperor Montezuma in Tenochtitlan (today Mexico City) and his soldiers required that Aztec nobles hand over their treasures, among them cacao beans, or be killed. They were carried home on sail boats (the first official shipment of cacao beans arrived in Seville in 1585). In order to meet the growing demand in Spain for this new treasure (and sugar, cotton, tobacco, indigo, gold, silver...), slavery was implemented. When mistreatment and European diseases almost exterminated the native population in the first decades following the conquest, African slaves were brought to the Americas to alleviate the shortage of labour.

ရွှေမင်းသား ချောကလက်က ကျော်ဇောလာတော့ cocoa အပင်ကိုစိုက်ချင်တဲ့လူတွေကလည်း ခပ်များများပေါ့။ အာဖရိကဘက်က အခိုင်းအစေတွေကို အမေရိကန်တွေက ၀ယ်ယူခဲ့တဲ့ အကြောင်းရင်းကလည်း cocoa အပင်တွေ စိုက်ဖို့ဖြစ်နေတယ်။ နောက်ဆုံးတော့ cacao သစ်ပင်တွေဟာ အာဖရိကမှာ စိုက်ဖို့အတွက် မျိုးယူသွားခြင်း ခံရတော့ တယ်။ ဒီနေ့ခေတ်မှာတော့ အာဖရိကမှာ cacao စိုက်ပျိုးရေးဟာ တစ်ကမ္ဘာလုံးရဲ့ ၇၀ ရာခိုင်းနှုန်းနီးပါး ရှိတယ်လို့ဆိုပါတယ်။

The origin of the word "chocolate"
The word "chocolate" is a neologism invented by the Spaniards. There exist several theories for its origin, including:
1. "Cacahuatl" (the name Aztecs gave to their drink), was turned into "chocolatl", because "caca" was vulgar in Spanish
2. Derivation from the Nahuatl "xocoatl" ("xoco": bitter, "atl": water)
3. Derivation from the Yucatec words "chocol": hot and "haa": water
4. Mix between the Yucatec "chocol": hot and the Nahuatl "atl": water
5. Derivation from the Quiché "chokola'j": drink chocolate together

ချောကလက်မှာ ဒီလိုသမိုင်းကြောင်းရှည်ရှိတယ်ဆိုတာ တွေ့ရတယ်။ ဒါက ချောကလက် သမိုင်းကြောင်းဖြစ်တယ်။ အခုကျွန်တော်တို့ စားနေကြတဲ့ ချောကလက်တစ်ခုမှာ လူတွေသိတဲ့ chemical အခု သုံးရာကျော်ပါတယ်။ အဲဒီဓာတ်တွေထဲမှာ လူသားရဲ့ ဦးဏှောက်ကို လှုံ့ဆော်ပေးတဲ့ ကော်ဖီမှာလဲ ပါဝင်သော ကာဖိန်းဓာတ် (caffeine) လည်း ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချောကလက် စားသုံးတဲ့လူဟာ ကမ္ဘာမှာ တစ်နှစ်ကို တန်ချိန်ပေါင်း ၆ မီလီယန် ရှိတယ်။ အဲဒီ တန်ချိန် ၆ မီလီယန်ဟာ ချောကလက် ကီလိုဂရမ် ၆ ဘီလီယန်နီးနီးပဲလို့ဆိုထားတယ်။ (ဘယ်တုန်းကကောက်ယူထားတဲ့ကိန်းဂဏာန်းလဲတော့မသိ) ချောကလက် စားခြင်းဟာ လူကိုစိတ်ကျေနပ်စေတယ်။ ကောင်းမွန်တဲ့ စိတ်ခံစားမှုတွေရစေတယ်။ တစ်ချို့ အစားအသောက်တွေကို လေ့လာတွေ့ရှိချက်အရ စိတ်ဖိစီးမှုကိုလျော့ကျစေတာကိုတွေ့ရတယ်။


https://www.facebook.com/notes/mung-khat/theobroma-cacao


THEOBROMA "CACAO" - အပိုင်း ၃


Twitter Delicious Facebook Digg Stumbleupon Favorites More