Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

23 Sept 2014

ဆေးဖက်ဝင်တဲ့ သပြေသီးမှည့်လေးများ

“ ၀ါဆိုဝါခေါင် ရေတွေကြီးလို့…သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက …မျှော့နက် မည်းကြီး တွယ်တတ်တယ်။ မျှော့ နက်ဆိုတာ ချိုနဲ့လားကွဲ့…မြွေနဂါးေ တာင် ကြောက်ဖူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့… အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ်…သွားကွယ် ”
မိုးတွင်းကာလ သပြေသီးမှည့်ပေါ်ချိန်ရောက်တဲ့အခါတိုင်း ဆရာကြီးမင်းသုဝဏ်ရေးသားခဲ့ပါေ သာ ငယ်ငယ်တုန်းကကျောင်းမှာ သံပြိုင် ဆိုခဲ့ဖူးတဲ့ကဗျာလေးကို အောက်မေ့သတိယမိပါ တယ်။ တစ်နှစ် မှတစ်ကြိမ်သာ အသီးသီးတဲ့သပြေကြီးပင်တို့ ဟာ အရိပ်ရ နှစ်ရှည်ပင် အမျိုး အစားဖြစ်ြ က ပါတယ်။ ပင်စည်ရဲ့ အသားဟာ ရေဒဏ်ခံနိုင်တာကြောင့် လည်း ရှေးအခါ က မြန် မာ နှင့် အိန္ဒိယနိုင်ငံ တွေရဲ့  မီး ရထားစလီဖားတုံးတွေ၊ မော်တာစက်ထိုင်ခုံတွေ၊ အိမ်ေ ထာင်ပရိဘောဂ အိမ်ဆောက်ပစ္စည်းတွေ၊ လယ်ယာသုံးပစ္စည်း တွေမှာ သပြေပင်များရဲ့ ပင် စည်ေ တွကို အသုံးပြုလေ့ရှိပါတယ်။ ကြက်သွေးရ င့်ေ ရာင် ဆန်ဆန် နက်မှောင်သော သပြေ သီး မှည့်၏ အရသာမှာ ချို၍၊ အတန်ငယ်ချဉ်ဖန်ပြီး လျှာပေါ်မှာ ခရမ်းရောင်စွဲထင်ကျန်ရစ် ခဲ့ပါ တယ်။ အသီးထဲမှာ အဖြူရောင်အစေ့ တစ်လုံး ပါရှိပြီး၊ ထိုအစေ့ကနေ အပင်စိုက်ပျိုးနိုင် ပါ တယ်။(သပြေကြီးအမျိုးအစားဖြစ်ကာ၊ အရိပ်အာဝါသ ကောင်းတာကြောင့် ကျေးဌက် သာလိ ကာ တို့ ပျော်မွေ့ ကြပြီး၊ ရွက်ညှာနုများကလည်း ၄င်းသတ္တ၀ါလေးတွေအတွက် ၀မ်းစာအာဟာ ရ ဖြစ်စေပါတယ်) ထို သပြေကြီးပင်တွေကို အာရှတိုက်၏ မြန်မာနိုင်ငံနဲ့  အိန္ဒိယနိုင်ငံ တို့ မှာ အ မ်ားအျ ပားေ တြ ့ရျပီး၊ အနောက်နိင်ငံမှာတော့ အမေရိ ကန်ပြည်ထောင်စု၏ ဖလော်ရီဒါ နဲ့ ဟာဝိုင်အီတို့ မှာေ တွ့ ရ တတ်ပါတယ်။ မြန်မာပြည်မှာ ရာသီစာသီးနှံအဖြစ်စားလေ့ရှိပြီး၊ အိန္ဒိယ နဲ့ အမေရိကန်ပြည်ေ ထာင်စုများမှာတော့ အသီးကိုအချဉ်ဖောက်ကာ ၀ိုင်၊ ရှာလ ကာ ရည်များချက်လုပ်ခြင်း၊ ယို၊ ဂျယ်လီ စသည် ဖြင့် စားသောက်ကြပါတယ်။ အသီးသာမက၊ အစေ့၊ အရွက်၊ ပင်စည်နှင့် အခေါက်တို့ က လည်း လွန်စွာဆေးဘက်ဝင်လှရာ၊ ရှေးမြန်မာကြီးများက “အိမ်ရှေ့မှာ သပြေကြီးပင် တစ်ပင်စိုက်ထား ရုံဖြင့် ကျက်သရေမင်္ဂလာပြည့်ဝစေတဲ့အြ ပင်ေ ဆးဆရာတစ်ဦး အိမ်သို့ပင့်ထားလေသည်” ဟု ဆိုရိုးရှိခဲ့ပါတယ်။

နိုင်ငံတကာဆေးသိပ္ပံပညာရှင်များ၏ လက်တွေ့ စမ်းသပ်ချက်များအရ၊ သပြေသီးမှည့် ၁၀၀ ဂရမ် ထဲမှာ လူသားတို့  ကျမ္မာရေးကို အထောက်အကူပြုစေ၍ ချေဖျက်လွယ်သော အမျှင်ဓာတ် ၀.၆ ဂရမ်၊ ကစီဓာတ် ၁၄ ဂရမ်၊ ခွန်အား ၆၀ ကယ်လိုရီ၊ အဆီဓာတ် ၀.၂၃ ဂရမ်၊ ပရိုတင်း ၀.၉၉၅ ဂရမ်၊ ရေဓာတ် ၈၄.၇၅ ဂရမ်၊ ကယ်လ်စီယမ် ၁၁.၆၅ မီလီဂရမ်၊ သံဓာတ် ၁.၄၁ မီလီ ဂရမ်၊ မဂ္ဂနီစီယမ် ၃၅ မီလီဂရမ်၊ နီအာစင်း (ခေါ်) ဗီတာမင်ဘီ(၃) ၀.၂၄၅ မီလီဂရမ်၊ မီးစုန်း ၁၅.၆ မီလီဂရမ်၊ ပိုတက်စီယမ် ၅၅ မီလီဂရမ်၊ ရီဘိုဖလာဗင် (ခေါ်) ဗီတာမင်ဘီ(၂) ၀.၀၀၉ မီလီဂရမ်၊ ဆိုဒီယမ် ၂၆.၂ မီလီဂရမ်၊ သီအာမင် (ခေါ်) ဗီတာမင်ဘီ(၁) ၀.၀၁၉ မီလီဂရမ်၊ ဗီတာမင်ဘီ(၆) ၀.၀၃၈ မီလီ ဂရမ် နှင့် ဗီတာမင်စီ ၁၁.၈၅ မီလီဂရမ်တို့ အသီးသီး ပါရှိနေပါတယ်တဲ့။

အပြေသီး နှင့် ကျမ္မာရေး။ (သပြေသီးမှည့်အရသာက ချိုအေး၍၊ မဆိုသလောက်ဖန်ပါတယ်)

(၁) သပြေသီးမှည့်ထဲရှိ သဘာဝဓာတ်တိုးဆန့် ကျင်ပစ္စည်းများ နဲ့  anthocyanin ဓာတ်တို့ က ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင်၊ ရင်သားကင်ဆာဝေဒနာသည်များ စားသုံးပေးခြင်းဖြင့် ကင်ဆာဆဲလ်များ ဆက်လက်ပြန့် မပွားနိုင် အောင် သပြေသီးမှည့်တွေက ဟန့် တားပေးနိုင်ကြောင်း ၂၀၀၇ ခုနှစ်က အိန္ဒိယနိုင်ငံ၏ Journal of Physiology and Pharmacology(ခေါ်)ဆေးပညာဂျာနယ်မှာ အကျယ်တ၀င့် ရေးသားဖော်ပြထားပါတယ်။ ဒါတင်မကသေးပါဘူး။ ၂၀၀၉ ခုနှစ်က အမေရိကန်ပြည်ထောင်စုရှိ University of Rhode Island(ခေါ်)ဆေးဝါးတက္ကသိုလ်မှာ သပြေသီးမှည့်တွေကို ဓာတ်ခွဲစမ်းသပ် ခဲ့ရာ၊ ရင်သားကင်ဆာဖြစ်မလာအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့  အဖြေထွက်ရှိခဲ့ပါတယ်။ (၂) ၂၀၀၉ ခုနှစ် က အိန္ဒိနိုင်ငံမှာ သပြေသီးမှည့်ဖြင့် ကြွက်များကိုဆေးသုတေသနပြုခဲ့ရာ၊ သွေးထဲရှိဂလူးကို့ စ်ပမာဏကို ကျစေရုံ မျှမက၊ အစာ အိမ်အက်ဆစ်အထွက်များခြင်းတို့ ကိုပါ ကာကွယ်ပေးနိုင်တယ်လို့ အိန္ဒိယဆေးဂျာနယ်များမှာ မှတ်တမ်းတင်ဖော်ပြ ထားပါတယ်။ (၃) အစာမကျေ ရင်ပြည့်ခြင်းအတွက် သပြေသီးကို ဆားအနည်းငယ်တို့ ၍စားပေးပါ။ (၄) သပြေသီးမှည့်များဟာ ခန္ဓာကိုယ်အ တွက် မရှိမဖြစ်လိုအပ်နေတဲ့ အင်ဆူလင်ထုတ်ပေးနိုင်သော ပန်ကရိယကို အားကောင်းစေပါတယ်။ အဲဒီလို ပန်ကရိယကို ကျန်း မာစေနိုင်တာကြောင့် ဆီးချိုရောဂါကို သက်သာစေနိုင်တဲ့အတွက် ဆီးချိုရောဂါဝဒနာ သည်များ သပြေသီးမှည့်ကို မကြာခဏ စားသုံးပေးသင့်ပါတယ်။ (၅) လိပ်ခေါင်းသွေးယိုစီးသူများအနေဖြင့် နံက်စောစော သပြေသီးမှည့်ကို ပျားရည်ဖြင့်စားပေးခြင်းဖြင့် လွန်စွာ ဆေးစွမ်းထက်စေပါတယ်။ (၆) သပြေသီးထဲရှိ အင်ဇိုင်းဓာတ်များက အသည်းကိုကျန်းမာစေပြီး၊ အသည်းကြီးခြင်းမှ လည်း ကာကွယ်ပေးပါတယ်။ (၇) ဦးရေပြားနှင့် အရေပြားယားနာမှိုစွဲခြင်းတို့ အတွက် သပြေသီးသတ္တုရည်ကို ယုံကြည်စိတ်ချစွာ လိမ်းပေးပါ။ (၈) သပြေသီးရဲ့ သဘာဝချိုအေးဓာတ်က လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ (၉) ၀မ်းဗိုက် အတွင်းထဲသို့  မတော်တဆ ဆံပင်/ဆံစများ နဲ့ သံမှုံ/သံစများဝင်သွားတဲ့အခါ၊ သပြေသီးစားပေးခြင်းဖြင့် ၄င်းတို့ ကို သူ့ အလိုလို ကျေပျက်သွားစေကြောင်း မြန်မာ့ဆေးကျမ်းများမှာ ညွှန်းဆိုထားပါတယ်။ (၁၀) သပြေသီးမှည့်သတ္တုရည်ကို အ၀တ်ဖြင့်စစ်၍ ပုလင်းတွင်ထည့်ပြီး ၅-ရက်ခန့်  ကြာတဲ့အခါမှာ အချဉ်ပေါက်လာပါတယ်။ ၄င်းကို သပြေသီးပုန်းရည်လို့ ခေါ်ပါတယ်။ ထိုသပြေ သီးပုန်းရည်ကို လေထိုးလေအောင့်၊ သရက်ရွက်ကြီးခြင်း နှင့် ကာလ၀မ်း ရောဂါတို့ အတွက် သောက်သုံးပေးနိုင်ပါတယ်။ (၁၁) သပြေသီးမှည့် ၅-လုံး ကို နံက်တိုင်း ၁၅-ရက်တိတိ စားပေးရင်း၊ သပြေပင်စည် အခေါက်မှုန့်တစ်ကျပ်သားကို နေ့စဉ် ရေအေးဖြင့် သောက်ပေးပါ။ အဲဒီလို အသီးရော၊ ပင်စည်အခေါက်မှုန့် တို့ ကိုပါ နေ့ စဉ်တွဲစာပေးခြင်းဖြင့် ဆီးချိုရောဂါကို အမြစ်ပြတ် ပျောက် ကင်းစေနိုင်ပါတယ်။

သပြေသီးအစေ့ နှင့်ကျမ္မာရေး။ (သပြေသီးအစေ့က အတန်ငယ်ချိုဖန်သောအရသာရှိပါတယ်။ သပြေတစ်ပင်လုံး၏ ဆေးဘက် အ၀င်ဆုံး အစိပ်အပိုင်းဟာ သပြေသီးအစေ့ဖြစ်ကြောင်း မြန်မာ့ဆေးကျမ်းများတွင်သာမက၊ အရှေ့ တောင်အာရှဆေးကျမ်းများနှင့် နိုင်ငံတကာ သိပ္ပံဆေးသု တေသီများက အကြံပြုထားကြပါတယ်။ ဒါကြောင့် သပြေသီးစားတဲ့အခါတိုင်း အစေ့ကိုပါ ၀ါးစားသင့် ပါတယ်)

(၁) ၀မ်းပျက်၊ ၀မ်းသွားခြင်း၊ မီးယပ်ဝမ်း၊ သွေးဝမ်းစတဲ့ ၀မ်းရောဂါအမျိုးမျိုးအတွက် သပြေသီးအစေ့၊ သရက်စေ့၊ ကြစုသီးတို့ကို ဆတူရောလှော်၍ အမှုန့် ကြိတ်ချေကာ တစ်နေ့  ၂-ကြိမ်သောက်ပေးပါ။ (၂) သွေးဝမ်းသွားခြင်းအတွက် သပြေသီးအစေ့ ခြောက် မှုန့်နှင့် သကြားဆတူရော၍ တစ်နေ့  ၂-ကြိမ်သောက်ပေးပါ။ (၃) အရေပြားပေါ်ရှိထိခိုက်ဒဏ်ရာများနှင့် ခွဲစိပ်နာများတော်တော် နှင့် မကျက်ပါက သပြေသီးအစေ့ကို ရေဖြင့်ကြိတ်၍လိမ်းပေးပါ။ (၄) သပြေသီးအစေ့ခြောက်ကို အမှုန့်ပြုကာ၊ ရေကျက်အေးဖြင့် နေ့ စဉ်သောက်ပေးခြင်းဖြင့် ဆီးချိုရောဂါကို ဒိဌပျောက်ကင်းစေ ပါတယ်။ ဒါ့ပြင် ဆီးချိုကြောင့် အာခံတွင်းခြောက် ၍ရေငတ်ခြင်း မှလည်း သက်သာလာစေပါတယ်။ (၅) သပြေစေ့ခြောက်မှုန့်  ကို တစ်နေ့  ၂-ကြိမ်ကျ ၂-ဂရမ်စီ သောက်ပေးခြင်းဖြင့် ကိုလက်စ ထရော နဲ့ အဆီများကို ကျစေပါတယ်။ နိုင်ငံတကာဆေးသုတေသီများကလည်း သပြေသီးစေ့ဟာ ကိုလက်စထရော ကျစေတဲ့ အခြားပဋိဇီဝဆေးများနှင့်အပြိုင် အစွမ်းထက်မြက်လှကြောင်း အကြံပြုထားကြပါတယ်။ (၆) ဆီးလွန်ရောဂါ၊ အစာအိမ်အက်ဆစ် စိမ့် ထွက်လွန်၍ အစာအိမ်လမ်းကြောင်းပြည်တည်နာများအတွက် သပြေသီးအစေ့ ခြောက်မှုန့် ကို တရုပ်တိုင်းရင်းဆေးများမှာ အသုံးပြုလေ့ရှိပါတယ်။

သပြေပင်အရွက် နှင့် ကျမ္မာရေး။ (သပြေရွက်၏ အရသာဓာတ်က အေးမြစေပါတယ်)
(၁) အပူကြောင့်ဖြစ်သော လျှာနဲ့ လည်ချောင်းကွဲခြင်းတို့ အတွက် အပြေရွက်နုလတ်လတ်ဆတ်ဆတ်ကို ရေနဲ့ ရောကြိတ်ပြီး အာ ခံတွင်းထဲ ငုံထားပေးပါ။ (၂) မြင်းသရိုက်နာများအတွက် သပြေရွက်နုသတ္တုရည်ကို နွားနို့ ရော၍့ ၇-ရက်ဆက်တိုက် သောက်သုံး ပေးပါ။ (၃) ကင်းကိုက်ခံရတဲ့အခါ၊ သပြေရွက်သတ္တုရည်လိမ်းပေးခြင်းဖြင့် ကင်းဆိပ်ကျစေပါတယ်။ (၄) မှက်-ခြင်များကိုက်ခြင်းမှ ကြိုတင်ကာကွယ်တဲ့အနေဖြင့် သပြေရွက်ကိုကျိတ်ခြေ၍ ရလာတဲ့သတ္တုရည်ကို ခြေ-လက်များမှာ လိမ်းကျံပေးပါ။ (၅) အိန္ဒိနိုင်ငံ ဆေးကျမ်းများမှာ အသည်းအားဆေးအဖြစ် သပြေရွက်ပြုတ်ရည်ကို တိုက်ကျွေးလေ့ရှိပါတယ်။

သပြေပင်စည်အခေါက် နှင့် ကျမ္မာရေး။ (သပြေခေါက်အရသာက ဖန်ချိုသည့်အတွက် နှုတ်ြ မိန်စေ ပါတယ်)
(၁) ဆီးချိုရောဂါသည်များအတွက် ပင်စည်အတွင်းသားခေါက်ကို မီးမြှိုက်ပြာချ၍ နံက်-နေ့ -ည အစာစားပြီးတိုင်း ရေဖြင့်သောက် ပါ။ (၂) သပြေခေါက်ကိုပြုတ်၍ ငုံဆေးအဖြစ်ငုံပေးခြင်းဖြင့် ခံတွင်းထဲရှိ အပူဖု-အပူနာများပျောက်ကင်းကာ သွားများပါခိုင်မာလာ ပါလိမ့်မယ်။ (၃) အပူလွန်၍ဖောက်ပြန်ခြင်း နှင့် မီးယပ်ဖြူဆင်းခြင်းတို့ အတွက် သပြေခေါက်ကို ၃-ခွက် ၂-ခွက်တင်ကြို၍ ထော ပတ်၊ ပျားရည်၊ သကြားရောကာ တစ်နေ့  ၂-ကြိမ်သောက်ပါ။ (၄) သပြေခေါက်ကို နွားနို့ နှင့်ရောပြုတ်၍ တစ်နေ့ ၂-ကြိမ် သောက်ပြီးတိုင်း ထောပတ်စားပေးပါ။ သည်းခြေဖောက်ပြန်သောေ ရာဂါအတွက် အကောင်းဆုံးဆေးဖြစ်ပါတယ်။

သတိပြုရန်။

(က) သပြေသီးမှည့်ကို ကြိုက်တိုင်းအလွန်အကျွံမစားပါနှင့် ချွဲသလိပ်ထ၍ လေချုပ်စေပါတယ်။ (ခ) ကိုယ်ဝန်ဆောင်သည်များ မစားသင့်ပါဘူး။ ဓာတ်မတည့်၍ ကိုယ်ဝန်ပျက်ကျစေတတ်လို့ ပါ။ (ဂ) သပြေသီးစားပြီး အီလည်လည်ခံစားရတဲ့အခါ၊ ဂျင်းစား ပေးပါ။ (ဃ) အမှည့်လွန်အသီးများစားမိပါက အစာအိမ်အချဉ်ပေါက်စေတတ်ပါတယ်။ အချဉ်ပေါက်တဲ့အခါ၊ ဇီယာမှုန့် ကို ဆား ပုတ်နှင့် ရောလှော်၍သောက်ပေးပါ။ (င) သပြေသီး နှင့် ပီလောပီနံ တို့ ကို တွဲမစားသင့်ပါဘူး အဆိပ်ဖြစ်စေပါတယ်။ (စ) မကြာ ခဏ အစာမကျေဝမ်းကြောတင်းသူများအဖို့  သပြေရွက်နှင့် (လုံးဝ)မတည့်ပါဘူး။


(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)

အရေပြား ကင်ဆာအတွက် ရှောက်သီးအခွံ

ရှောက်သီး၏ အခွံကို လူအတော်များများဟာ လွှတ်ပစ်လေ့ ရှိကြပါတယ်။
တကယ်တော့ ရှောက်ခွံမှာလည်း ဆေးဘက်ဝင် အာနိသင်တွေ ရှိပါတယ်။

ရှောက်ခွံကို ရှောက်ယို အဖြစ် ပြုလုပ်ပြီး စားနိုင် ယုံသာ မကဘဲ လက်ဖက်ရည်ထဲ
မှာ ထည့်ပြီးသောက်သုံးမယ် ဆိုရင် အရေပြားကင်ဆာ အတွက် ကောင်းမွန်
ပါတယ်။ ဒါကြောင့် အရေပြားကင်ဆာ အတွက် ရှောက်ခွံကို မှီဝဲ သင့်ပါတယ်။

နောင်တစ်ချိန် ရှောက်သီးဝယ်ရင် ရှောက်ခွံကို လွှတ်မပစ်ဘဲ လက်ဖက်ရည်ထဲမှာ
ထည့်ပြီး သောက်ပါလို့ အကြံပေးပါရစေနာ်။

Page ၀န်ဆောင်မှုပေးခြင်း မှ ပြန်လည်မျှဝေပါသည်။

Credit: ကျန်းမာရေးနှင့် အလှအပ သတင်းများ

15 Sept 2014

အညာပဲရေပွမွှမွှကြော်

ဒီဟင်းပွဲမျိုးကို စစ်ကိုင်းတိုင်းရွှေဘိုဖက်ကအစားများတယ်လို့ သိရပေမယ့်..တစ်ချို့ 
အညာဒေသသားတွေကတော့..သူတို့ ဆီမှာမရှိဘူးလို့ ပြောဆိုကြပါတယ်..။
ဘာပဲဖြစ်ဖြစ်..ရွှေဘိုဒေသဇာတိသူဖြစ်တဲ့အမေက..မြင်းခြံသားဖြစ်တဲ့အဖေ့
အတွက်စီစဉ်ပေးနေကျဟင်းတစ်ပွဲဆိုလည်းမမှားပါဘူး...။

ပဲရေပွပဲဆိုတာက..ပုဂံပဲဖြူ ဖြူ လိုပုံစံမျိုး လေးဖြစ်ပြီးအရောင်ကတော့မြေတောင့်ပဲ
ရောင်ဖြစ်ပါတယ်..။

ပဲ.....တစ်ခွက်( ကြိုက်နှစ်သက်ရာခွက်)
ကြက်သွန်ဖြူ ...၅ တက်
ဆီ....... ၂-၃ ဇွန်း( ထမင်းစားဇွန်း)
ဆား+ဟင်းခတ်မှုန့် ..အနည်းငယ်စီ

ပဲကိုသန့်စင်ပြီး..မြေအိုးထဲထည့်ကာ မီးအေးအေးမှာ မွှေးပြီး ရွှေနီရောင်ရအောင်
လှော်ပေးပါ။မီးမပြင်းစေဖို့ အထူးသတိထားရပါမယ်။

ပဲလှော်ချိန်ပြည့်ဝပြီဆို..လှော်တဲ့အိုးထဲမှာပဲရေထည့်ပြီး..ပြုတ်ပေးရပါမယ်..။

ပဲက၃ ပုံ ၂ပုံလောက်နှူးအိပြီဆိုရင်..ရေတွေကိုဇကာတစ်ခုနှင့်စစ်ထားပါ။

ဆီကိုအပူပေးပြီး အခွံပါရောပြီးဓါးပြားရိုက်ထားတဲ့ကြက်သွန်ဖြူ ကိုမွှေးအောင်ဆီ
သတ်ပြီး..စစ်ထားတဲ့ပဲတွေထည့်ကြော်လိုက်ရင်..အခွံတွေကွဲအက်ပြီး..
ကြွပ်ကြွပ်မွှမွှလေးဖြစ်ပေါ်လာပါမယ်..။

လိုအပ်တဲ့ဆား ၊ ဟင်းခတ်မှုန့် အရသာလေးဖြည့်စွက်ပြီးမကြာခင်အချိန်အတွင်းသုံးဆောင်ပါ
(အချိန်အနည်းငယ်ကြာပြီးအေးသွားတဲ့အခါမာဆတ်ဆတ်ဖြစ်သွားတတ်ပါတယ်)


credit ပာင်းချက်နည်းများ face book
 

စွန့်ပစ်လေ့ရှိသော စားစရာအစိတ်အပိုင်းများ ကျန်းမာရေးအတွက်အကျိုးရှိ

ပန်းဂေါ်ဖီစိမ်းအရွက်နှင့် ကြက်သွန်နီအခွံကဲ့သို့ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးအစိတ်အပိုင်းများတွင် ကျန်းမာရေးအတွက်အကျိုးရှိစေသောအရာများပါဝင်သည်ကိုမသိကြသဖြင့်မကြာခဏစွန့်ပစ်လေ့ရှိကြသည်။
ကြက်သွန်နီအခွံ
သွေးတိုးခြင်းကိုလျော့ကျစေနိုင်ပြီး သွေးကြောများအတွင်း သွေးခဲမှုကို ကာကွယ်နိုင်သည့် ဆေးဖက်ဝင်ဒြပ်ပေါင်းတစ်မျိုး ကြက်သွန်နီ အခွံများတွင် ပါဝင်သည်။ ယင်းဆေးဖက်ဝင်ဒြပ်ပေါင်းမှာ ဓာတ်မတည့်သောအစားအသောက်နှင့်တွေ့ပါက ဒုက္ခပေးတတ်သည့် ခန္ဓာကိုယ်ထဲရှိ ဒြပ်ပေါင်းတစ်မျိုးထုတ်လုပ်မှုနှင့် ထုတ်လွှတ်မှုနှစ်မျိုးစလုံးကို ထိန်းချုပ်တားဆီးပေးသည်။ ယင်းဆေးဖက်ဝင်ဒြပ်ပေါင်းမှာ အခြားသော ဓာတ်မတည့်မှုများနှင့် ရောင်ရမ်းမှုကို ကာကွယ်နိုင်သဖြင့် ပန်းဝတ်မှုန်ကြောင့်အဖျားရောဂါခံစားနေရသူများအတွက် အသုံးဝင်သည်။ အသားကင်များကဲ့သို့ အသားများကို အပူရှိန်ပြင်းပြင်းသုံး၍ ချက်ပြုတ်စဉ် ဖြစ်ပေါ်သည့် ကင်ဆာဖြစ်စေနိုင်သောအရာများ (carcinogen) ပမာဏကို အသားချက်ရာတွင် ကြက်သွန်နီထည့်ချက်ခြင်းဖြင့် လျော့ကျနိုင်ကြောင်း အထောက်အထားအချို့တွေ့ရှိထားသည်။ ကြက်သွန်နီ အခွံထည့်ချက်ထားသောအစားအသောက်ကိုမစားမီ ကြမ်းတမ်းသော ကြက်သွန်နီခွံများကို ဖယ်ပစ်ပါ။
ကြက်သွန်နီအခွံကို ငါး၊ အသားအရိုးပြုတ်၊ စွပ်ပြုတ်၊ ပြုတ်ချက်ချက်ရာတွင် ထည့်ချက်နိုင်ပြီး မစားမီအခွံကို ဖယ်ရှားပစ်ပါ။
ဖရဲသီးအခွံ (သို့မဟုတ်) သခွားမသီးအခွံ
ဖရဲသီးအခွံ (သို့မဟုတ်) သခွားမသီးအခွံများတွင် သွေးကြောများကို ကျယ်စေနိုင်ပြီး သွေးလည်ပတ်မှုကိုအားကောင်းစေသည့် အမိုင်နို အက်စစ်ကြွယ်ဝစွာပါဝင်သည်။ ဖရဲသီးအခွံ (သို့မဟုတ်)သခွားမသီးအခွံများကို လိင်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်မှု မမှန်ခြင်းနှင့် သွေးအားနည်း ရောဂါတို့ကဲ့သို့ ရောဂါများအတွက် အမျိုးမျိုးအသုံးပြုနိုင်သည်။
ဖရဲသီးအခွံ (သို့မဟုတ်) သခွားမသီးအခွံမှ အသားများကို ထုတ်ယူကာ မွှေစက်နှင့် ရောမွှေပြီး စားကောင်းအောင်ပြင်ဆင်၍ စားသုံးနိုင်သည်။
ပန်းဂေါ်ဖီစိမ်းအရွက်
ပန်းဂေါ်ဖီစိမ်းအရွက်များတွင် ဗီတာမင်အေ ၃၂၀ ရာခိုင်နှုန်းနှင့် ဗီတာမင်စီ ၁၅၅ ရာခိုင်နှုန်းပါဝင်သည်။
ပန်းဂေါ်ဖီစိမ်းအရွက်များကို ဂေါ်ဖီချက်ပြုတ်ကြော်လှော်သကဲ့သို့ ချက်ပြုတ်စားသောက်နိုင်သည်။
မုန်ညင်းရွက်ကဲ့သို့ ဟင်းရွက်စိမ်းအရိုးများတွင် ပရိုတိန်းတွင်ပါဝင်သော အမိုင်နိုအက်စစ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အဆိပ်ပြေစေသော ဒြပ်ပေါင်းတို့ပါဝင်သဖြင့် အရွက်များကို စားသကဲ့သို့ချက်ပြုတ်စား သုံးသင့်သည်။ ယင်းအရိုးများကို မလွင့်ပစ်ဘဲ ထည့်ချက်၍စားသုံးနိုင်သည်။
လိမ္မော်သီးခွံ
လိမ္မော်သီးခွံတွင် ဖိုက်ဘာဓာတ်ကြွယ်ဝပြီး အဆိပ်ပြယ်စေသော ဒြပ်ပေါင်းနှင့် ဗီတာမင်များပါဝင်သည်။ လိမ္မော်သီးခွံများစားပေးခြင်း ကြောင့် ရင်ပူရင်ဆာဖြစ်ခြင်းနှင့် အစာမကြေဖြစ်ခြင်းကို လျော့ကျစေသည်။ လိမ္မော်သီးခွံတွင်ပါဝင်သော ဗီတာမင်စီက ကိုယ်ခံအားမြင့်တက်စေနိုင်ပြီး အသက်ရှူလမ်းကြောင်းသို့ ရောဂါကူးစက်မှုကို ကာကွယ်နိုင်သည်။
လိမ္မော်သီးအခွံ၏ အဆီများကို ဘက်တီးရီးယားကာကွယ်နိုင်သော သန့်ရှင်းရေးပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်ကာ အင်းဆက်ပိုးမွှားများကို မောင်းနှင်ရာ၌လည်း အသုံးပြုနိုင်သည်။ သွားများဖြူဖွေးစေရန်လည်း လိမ္မော်သီးခွံကို အသုံးပြုနိုင်သည်။ လိမ္မော်သီးအခွံအောက်ဘက်ရှိ အဖြူ ရောင်ဖော့သားများတွင် သကြားနှင့်တူသော ဓာတ်တစ်မျိုးနှင့် အခြားဖိုက်ဘာဓာတ်များပါဝင်သည်။ လိမ္မော်သီးခွံစားပေးခြင်းဖြင့် ဆာလောင်မှုကိုလျှော့ချနိုင်ကာ လေးနာရီအထိ အစာမစားဘဲနေနိုင်သည်။
ဖော့သား၊ အူတိုင်တို့အပါအဝင် လိမ္မော်သီးတစ်လုံးလုံးကို အရသာရှိအောင်ပြင်ဆင်စားသုံးနိုင်သည်။

—Ref: Internet
 http://www.7daydaily.com/story/12337#.VBap8HaZETt



ဟင်းထုတ်လုပ်နည်း

လုပ်နည်းအမျိုးမျိုးရှိကြပေမဲ့ အိမ်ကလုပ်နည်း
ဟင်းထုတ် အထုတ် ၁၀၀ အတွက်
- ကြက်သွန်ဖြူမြိတ် ၁ ကီလို
- ဆန်မှုန့်  ၅၀၀ ဂရမ် ၃ ထုတ်
- ဆား ထမင်းစားဇွန်း ၄ ဇွန်း
- ဆီ 200 ml
- ရေ ၁၈၀၀ ml
- ငှက်ပျောဖက် ပျော့ပြောင်းသွားအောင် ရေဆေး ပြီး နေလှန်း (သို့ ) မီးကင်ပြီး သန့် ရှင်းအောင် အဝတ်နဲ့ သုတ်ထားပါ
၁) ကြက်သွန်မြိတ်ကို ရေဆေးပြီး ရိတ်ရိတ် လှီးထားပါ
၂) ဆန်မှုန့် ကို ကြက်သွန်မြိတ်နဲ့ ရောပြီး ဆားပါထည့်ပြီး သမအောင်မွှေပါ
၃) ရေကို ဖြည်းဖြည်းချင်း ထည့်လိုက် မွှေလိုက် လုပ်ပါ
၎) အားလုံး သမသွားရင် ဆီထည့်ပြီးမွှေပေးပါ
၅) အားလုံးသမရင် ဖက်ထဲ ဇွန်းကြီးနဲ့  တဇွန်းဆီထည့်ပြီး ထုတ်ပါ
၆) ရေနွေး ဆူဆူမှာ မိနစ် ၂၀ နာရီဝက်ခန့်  ပေါင်းရင် သက်သတ်လွတ် ဟင်းထုတ်ရပါပြီ။

တချို့ က အသားနဲ့  ကြိုက်တော့ များသောအားဖြင့် ဝက်သားနဲ့ လုပ်ကြပါတယ်
အသားနဲ့  လုပ်ချင်ရင် ဝက်သား သုံးထပ်သား ကို ဆားဆနွင်း နယ်ပြီး ဒယ်အိုးတလုံးမှာ ဆီရယ် ရေရယ် အနေတော်ထည့်ပြီး အမြှောင်းလိုက် ပဲ ပြုတ်ကြော်လုပ်ပါတယ်
ပြီးရင် ကျက်ပြီးသား အသားကို ခပ်ပါးပါးလှီးပြီး ဟင်းထုတ်ထုတ်တဲ့အခါ တထုတ်ကို ၁ ဖတ် ၂ ဖတ် ထည့်ထုတ်ပါတယ်
အသားပြုတ်ကြော်ကထွက်တဲ့ ဆီကျန်ရေကျန်လေးကို ဆန်မှုန့် နှစ်ထဲ ရောထည့်ရင် အနံ့ လေးမွှေးပြီး အရသာလည်းကောင်းတယ် ။

သက်သတ်လွတ်မဟုတ်ရင် မှုန့် နှစ်ထဲကြက်သားမှုန့်  နဲနဲ ထည့်ရင် အရသာပိုကောင်းပါတယ်။

ဝက်သားမစားရင် ကြက်သားကို ပြုတ်ကြော်လုပ်ပြီး အသားနွှင် ထည့်ပါတယ်

ဟင်းထုတ်လုပ်တိုင်း စိတ်မှန်းနဲ့ သာချိန်တွယ်ထည့်တာမို့  လုပ်နည်းတောင်းရင် ဂွကျလို့  ဒီတခေါက်တော့ စလုပ်ကတည်းက အားလုံး အတိအကျ ချိန်တွယ်ထည့်ပြီး မှတ်ထားပါတယ်
ဘုန်းကြီးကျောင်းရဆွမ်းအတွက်ပါ အထုတ် ၁၀၀ လုပ်မှာမို့  အခု ချိန်တွယ်ထားတာက အထုတ်၁၀၀ စာဖြစ်နေပါတယ်
အိမ်မှာနဲနဲလုပ်စားဖို့ ကို မနက်ဖြန် မှိုဟင်းထုတ်လုပ်တဲ့အခါ ပြန်လည်မှတ်သားပြီးရပြန်ရေးပေးပါ့မယ်
ဒီနေ့ က သမီးကြီးအတွက် အသားနဲ့ လုပ်ပေးပြီး ကျန်လူများကတော့ သက်သတ်လွတ် သမားတွေမို့  သက်သတ်လွတ် ပါ။

ဟင်းထုတ်စားရင် မပါမဖြစ်ကတော့ ငြုတ်သီးဆီချက်ပါ
ကြက်သွန်ဖြူထောင်း ဆီချက်ချက်ပြီး ကြက်သွန်ဖြူ ရွှေရောင်သန်းရင် မီးပိတ်ပြီး ငြုတ်သီးမှုန့် ထည့်ပါတယ်
တချက် နှစ်ချက်မွှေပြီး ဆားနဲနဲထည့်တယ်
အဲလို ငြုတ်သီးဆီချက် မွှေးမွှေးစပ်စပ်လေးနဲ့ မှ ဟင်းထုတ်က ကောင်းတာ ..






ပေါင်မုန့်အသားကပ်ကြော်

ကြက်သား ၂၅သား
ပုစွန် ၁၀သား
ပုစွန်ခြောက် ၂ဇွန်း
ဆား အနည်းငယ်
သကြား ။
ငရုတ်ကောင်း ။
နံနံပင် ၅ပင်ခန့်
ကြက်သွန်ုဖြူ ၃မွှာ
ကြက်ဥ ၁လုံး
ပေါင်မုန့်

ပေါင်မုန့်ကို ဘေးသားလှီးထုတ်ပါ။
ပုစွန်ခြောက်ကို ထောင်းပါ။နံနံပင်ကို နုတ်နုတ်စင်းထားပါ။
ပုစွန်နှင့်ကြက်သားကိုလဲ နုတ်နုတ်စင်းပါ။ပြီးရင် အားလုံးရော
၍ တစ်သားတည်းဖြစ်အောင်နုတ်နုတ်စင်းပါ။(သို့)ကြိတ်စက်
ဖြင့်ကြိတ်ပါ။ကြက်သွန်ဖြူ ရောထောင်းထည့်မွှေပါ။
ကြက်ဥ ဆား သကြား ငရုတ်ကောင်း ထည့်မွှေထားပါ။
ပေါင်မုန့်ချပ်ပေါ်တွင် အသားများ ကို ကပ်၍ ၂ခြမ်း(သို့)၄ခြမ်းလှီးပါ။
ဆီများများထည့်၍ ပူလာလျှင် မီးအနေတော်ဖြင့် ၄/၅ ခု တစ်ခါ ထည့်ကြော်ပါ။
အရောင်ပြောင်း၍ ရွှေရောင် သန်းလာလျှင် ဆီစစ်ဇကာထဲစစ်ထားပါ။

ကြိုက်နှစ်သက်ရာ ဆောစ့် တစ်မျိုးမျိုးနှင့် မရိုးနေစ့် ရောမွှေ၍ စားသုံးပါနော်။

credit -  Moe Thandar Htay

7 Sept 2014

လိမ္မော်သီး ဖျော်ရည်ကို မှီဝဲမယ်ဆိုရင်

(၁) ကင်ဆာရောဂါကို ကာကွယ်ပေး နိုင်ပါသည်။

(၂) ကိုလက်စရော ဓာတ်ကို လျော့ချပေး နိုင်ပါသည်။

(၃) သွေးတိုးရောဂါ အတွက် ကောင်းမွန်ပါသည်။

(၄) အဆုပ်ကိုလည်း သန့်ရှင်းပေး နိုင်ပါသည်။

(၅) အသားအရည်ကိုလည်း လှပစေနိုင်ပါသည်။

(၆) ရောဂါများ ကိုလည်း ဖယ်ရှားပေးနိုင် ပါသည်။

(၇) မျက်လုံး အတွက်လည်း ကောင်းမွန်ပါသည်။

(၈) ခန္ဓာကိုယ်ကိုယ်လည်း စွမ်းအားဖြစ်စေ နိုင်ပါသည်။

(၉) မောပန်းချိန်တွေ သောက်ပါက အမောပြေစေ နိုင်ပါသည်။

ဘီပိုး စီပိုး ပျောက်တဲ့ ကြက်သွန်နီ

ဘီပိုး စီပိုး ပျောက်တဲ့ ဆေးနည်းကောင်းလေးပါ ။
 ကြက်သွန်နီတစ်ဥ အခွံခွါ အလုံးလိုက်ရေဆေး ( စိတ်ပြီးမှမဆေးရ) လေးစိတ် စိတ် သကြားနဲ့တို့စားပါ ။ နံက် တစ်လုံး နေ့ တစ်လုံး ညတစ်လုံး တစ်နေ့ သုံးကြိမ် ပုံမှန် စားပေးပါက လပိုင်းအတွင်း ဘီပိုးစီပိုး သိသာစွာ ပျောက်ကင်း ကြောင်း ၀၉၉၁၀၃၅၆၆၉ သို့ ဖုန်းဆက် မေးမြန်းနိုင် ပါသည် ။
 Myawady health

ကြက်ဟင်းခါးသီးအကြောင်းသိကောင်းစရာ

ကြက်ဟင်းခါးသီးဆိုသည့်အတိုင်း နာမည်နှင့်လိုက်ဖက်အောင် သူ၏အရသာမှာ အတော် အ တန် ခါးတာကို စားဖူးသူတိုင်း သိကြမှာပါ။ ကြက်ဟင်းခါးပင်တို့ ဟာ ခြောက်သွေ့စိုစွတ်ေ သာ ရာသီဥတုကိုကြိုက်နှစ်သက်တဲ့အတွက်ကြောင့် အရှေ တော့င် အာရှနိုင်ငံ၏ ဟင်းသီး ဟင်းရွက် အဖြစ် လူသိများပါတယ်။ တောင်အမေရိကတိုက်တွင်လဲ တွေ့ ရတတ်ပါတယ်။ ကြက်ဟင်းခါး ပင်၏ အလွန်သေးငယ်သော ပင်စည်များက နွယ်ပင်နှာမောင်းများဖြင့် တွားသွား၍ ပေါက်ေ ရာက်ရှင်သန်ကြပြီး၊ နွယ်တက်ရန် စင်ခံ၍စိုက်ပျိုးပေးပါက၊ ကောင်းစွာဖြစ်ထွန်း၏။
သဘာဝအလျောက် အသီး၏အပြင်ဘက်တွင် အဖုအထစ်များဖြင့် ရုပ်ဆိုးသည် ဟု ဆိုနိုင်ပါ သည်။ ထိုအဖုအထစ်များ စိပ်လျှင်အရသာမှာ ပိုခါး၍၊ အဖုအထစ်ကျဲပါက အခါးသက်သာပါ သည်။ ယေဘုယျ အားဖြင့် ကြက်ဟင်းခါးသီးအမျိုးအစား(၂)မျိုးရှိပါသည်။ (၁)၂၀-စင်တီမီတာထိ ရှည်လျားသော အရှည်သီးမျိုးသည် အစိမ်းရောင် ဖျာ့ကာ၊ အရသာမှာအခါးလျော့ပါသည်။ (၂) နောက်တစ်မျိုးမှာ ၁၀-စင်တီမီတာ ခန့် သာရှည်ပြီး အစိမ်းပုပ်ရောင် ဖြစ်ကာ အောက်ခြေတွင် ဘဲဥပုံသဏ္ဍာန်ရှိပါသည်။ ထိုအသေးမျိုးသည် အကြီးမျိုးထက် အရသာ ပိုခါးပါသည်။
ကြက်ဟင်းခါးသီးတို့ သည် မှည့်သွားသောအခါ ၀ါလိမ္မော်ရောင်ပြောင်းသွားပြီး၊ အခါးဓာတ်လဲ ပိုလာပါတတ်လို့  အသီးမမှည့်ခင် အပင်မှခူးဆွတ်ပေးရပါမယ်။ ကြက်ဟင်းခါးသီးထဲတွင် အချွန် အတက်များဖြင့် အတန်ငယ်မာကျောသော အဖြူရောင် အစေ့များပါရှိပါတယ်။ ဘူးသီးစေ့ နှင့် ခပ်ဆင်ဆင်တူပါသည်။ အသီးမှည့်သွားတဲ့အခါ၊ အထဲတွင်ရှိသော အစေ့သည် အနီရောင် သို့  ပြောင်းသွားကြပါတယ်။ အခါး ဓာတ်ပြေပျောက်စေရန်အတွက် မချက်ပြုတ်မီ လိုအပ်သည့် ပုံစံလှီးဖြတ်ပြီး၊ ဆားရည်ထဲတွင် နာရီဝက် ခန့် ကြိုတင်၍ စိမ်ပေးထားရပါမယ်။ ကြက်ဟင်းခါးသီး ကို ပုစွန်ခြာက်မှုန့်  ဖြင့်ကြော်စားသြသလို၊ မြေပဲထောင်းဖြင့်လည်း သက်သက်လွတ် ကြော် စားနိုင် ပါသည်။ ၀က်သားနုပ်နုပ်စင်းကာ ကြက်ဟင်းခါးသီးအစာသွပ်အဖြစ် နှပ်စား၍ေ သာ် လည်းကောင်း၊ ရေလုံပြုတ် (သို့  မဟုတ်)မီးအုံ၍သော်လည်းကောင်း ငပိရည်အတို့ အမြုံ့  အဖြစ် စားနိုင်ပါတယ်။ ထိုအရသာခါးခါးလေးကဘဲ ခံတွင်းမြိန်စေပါတယ်။

*** ကြက်ဟင်းခါးသီးနှင့်ကျန်းမာရေး ***
ကြက်ဟင်းခါးသီးသည် လူသားတို့အတွက် သဘာဝတရားကပေးအပ်နှင်းသည့် ဆေးဘက်ဝင် အသီးဖြစ်ပါသည်။ ရိုးရာကုထုံး များတွင် “ အမျိုးသားတို့ အတွက်ဆေးကောင်းတစ်လက် ” ဟု လည်း အဆိုရှိလေ၏။ ကြက်ဟင်းခါးသီးထဲတွင် ကယ်လိုရီပါဝင်မှု အလွန် နဲပါးသော်လဲဘဲ၊ တန်ဘိုးကြီးမားတဲ့ အာဟာရဓာတ်များမြောက်များစွာပါရှိကြပါတယ်။

 လူသားတို့ အတွက် မရှိ မဖြစ် လိုအပ်တဲ့ ဗီတာမင်နှင့်သတ္တုဓာတ်များဖြစ်ကြသော Vitamin A, B1, B2, B3, Vitamin C, Iron, Calcium, Phosphorous, Copper, Potassium, Manganese တို့ စုဝေးရာ အရင်းအမြစ်လဲဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါရှိတဲ့အ့ပြင်၊ Insulin ဓာတ်ပေါင်း တစ်မျိုးဖြစ်တဲ့ Polypeptide P ဓာတ်လဲ ပါရှိပါသည်။ ကြက်ဟင်းခါးသီးထဲတွင်ပါရှိသော....
• Beta-Carotene သည် ပန်းဂေါ်ဖီစိမ်းတွင် ပါရှိမှုထက်(၂)ဆ ပိုပါရှိ၏။
• Calcium သည် ဟင်းနုနယ်တွင် ပါရှိမှုထက် (၂)ဆ ပိုပါရှိ၏။
• Potassium သည် ဌက်ပျောသီးတွင် ပါရှိမှုထက် (၂)ဆ ပိုပါရှိ၏။

(၁) သွေးကိုသန့် စင်စေပါတယ်။ သွေးအဆိပ်တက်၍ အသားများယားယံသောအခါများတွင် ကြက် ဟင်းခါးသီးသတ္တုရည် နှင့် သံပုရာရည်တို့ ကို ဆတူရောကာ ရေဆာတိုင်းသောက်သုံးပေး သင့်ပါတယ်။

(၂) ကာလ၀မ်းရောဂါဖြစ်သောအခါ၊ ကြက်ဟင်းခါးပင်၏အရွက် သတ္တုရည် (၂)ဇွန်း၊ ကြက်သွန်နီ သတ္တုရည်(၂)ဇွန်း၊ သံပုရာရည် (၁)ဇွန်း တို့ ရောစပ်၍ ရောဂါမပျောက်မချင်းသောက်သုံးပေးနို င် ပါတယ်။

(၃) ကြက်ဟင်းခါးသီးထဲတွင် insulin ဓာတ်အပြည့်အ၀ပါရှိသောကြောင့် သွေးနှင့်ဆီးထဲရှိ ဂလူးကို့ စ် ပမာဏကို ချပေးပါတယ်။ အခါးကြောက်သော သွေးချိုရောဂါဝေဒနာရှင်များသည် နံက်တိုင်း ကြက်ဟင်းခါးသီးသတ္တုရည်ကို ပျားရည် (သို့ မဟုတ်) မုန်လာဥနီ (သို့ မဟုတ်) ပန်း သီးဖျော်ရည်တို့ ဖြင့် ရောစပ်၍ သောက်ပေးသင့်ပါတယ်။ ဆီးချိုရောဂါဝေဒနာသည် များသည် နံက်တိုင်း ကြက်ဟင်းခါးသီး သတ္တုရည်ကို ပန်းသီးစိမ်းဖျော်ရည်ဖြင့် သောက်သုံးပေးခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိစေမှာ အမှန်ပါ။

(၄) ကြက်ဟင်းခါးသီးကိုမှန်မှန်စာေးပးခြင်းဖြင့် ခွန်အားကိုတိုးပွားစေပြီး၊ သက်လုံကိုလဲကော င်းစေ ပါတယ်။

(၅) ဟင်းသီးဟင်းရွက်ထဲတွင်ပါရှိသော သဘာဝဓာတ်တစ်မျိုးဖြစ်တဲ့ အမျှင်ဓာတ်တို့ ပေါကြွယ် ၀စွာ ပါရှိခြင်းကြောင့် ၀မ်းချုပ် ခြင်းမှ ကာကွယ်ပေးပါတယ်။ ရိုးရားပရဆေးများတွင်ကြက်ဟင်းခါး သီးကို ၀မ်းနှုတ်ဆေးအဖြစ် ဖော်စပ်လေ့ရှိကြတာပါ။

(၆) ကြက်ဟင်းခါးသီးသည် အစာချေရည်ထွက်ရှိမှုကိုအားပေး၏။ ထို့ ကြောင့် ရင်ပြည့်ရင်ကယ် သူ များနှင့် အစာမကျေသော သူများ စားသုံးပေးသင့်ပါတယ်။

(ရ) Beta-carotene ဓာတ်မြင့်မားစွာပါရှိသောကြောင့် အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေ ပါတယ်။

(၈) ကြက်ဟင်းခါးသီးသတ္တုရည်ဟာ အရက်သေစာမူးယစ်ထုံထိုင်းမှုကို ဖြေလျော့ပေးနိုင်စွမ်းရှိ သည့်ပြင်၊ အသည်းကိုလဲ သန့်  စင်ပေးတာကြောင့် အရက်နာကျသူများ ကို ကောင်းကျိုးပြု ပါတယ်။

(၉) လိပ်ခေါင်းသွေးကျလူနာများသည် ကြက်ဟင်းခါးသီးသတ္တုရည်ကို ထောပတ်နှင့်ရောဖျော် ကာ နံက် အိပ်ယာထ တိုင်း ၁-လ တိတိ မှန်မှန်သောက်ပေးပါက အကျိုးထူးများစွာကို ခံစား ရမှာ်ပါ။ ဒါ့အပြင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို ကြေညက်အောင် ထောင်းထုပြီး လိပ်ခေါင်းသွေး ကျနာပေါ်သို့ အုံပေးပါက၊ အနာကျက်စေပါတယ်။

(၁၀) အသားအရည်များကြမ်းတမ်းကာ အနီပိန့် များထွက်လာခြင်း၊ အင်ပြင်ထခြင်း၊ မှိုရောဂါ တမျိုးကြောင့် ပွေး၊ နှင်းခူနာများ ဖြစ်ပေါ်ခြင်း၊ မျက်နှာပေါ်တွင် အမည်းကွက်များပေါ်ခြင်း၊ ၀က်ခြံေ ပါ က်ခြင်းများအတွက် ကြက်ဟင်းခါးသီးက များစွာကောင်းကျိုး ပြုပါတယ်။

(၁၁) အသားဝါရောဂါသည်များလည်း စားသုံးပေးသင့်ပါတယ်။

(၁၂) ကြက်ဟင်းခါးသီးသည် ခန္ဓာကိုယ်ထဲရှိ ပိုလျှံသော ကယ်လိုရီများကို လောင်ကျွမ်းစေပြီး၊ ၀မ်းဗိုက်မှ အဆီပိုများကိုလဲကျစေ တာကြောင့် ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းလိုသူများအနြေ ဖင့် ကြက် ဟင်း ခါးသီး သတ္တုရည်ကိုမှန်မှန်သောက်သုံးပေးသင့် ပါတယ်။

(၁၃) ဆေးသုတေသနပြုချက်များအရ ကြက်ဟင်းခါးသီးသည် ရောဂါများကိုပြီးစေနိုင်သည့်အစွမ်း သတ္တများရှိခြင်းကြောင့် ကင်ဆာရောဂါ ဝေဒနာသည်များ အားထားသင့်သော ဆေးတစ်ခွက်ြ ဖစ်ြေ ကာင်း အတည်ပြုထောက်ခံထားကြပါတယ်။ ထို့ ပြင် HIV ပိုးကို တိုက်ထုတ်နိုင်သည်ဟု ဆို၏။

(၁၄) ချောင်းဆိုးရင်ကျပ်နာများ၊ ပန်းနာရောဂါများ နှင့် လည်ချောင်းနာ/အာသီးရောင်နာ သူများ သည် ပျားရည် ၁၀-စက် ထဲသို့  ကြက်ဟင်းခါးသီးသတ္တုရည် ၁-ဆ၊ ရေ ၄-ဆ ရော၍ သောက် သုံးေ ပးခြင်းဖြင့် အသက်ရှုလမ်းကြောင်းပြသနာများကို လျှင်မြန်စွာ ပြေပျောက်စေနိုင်ပါတယ်။
< သတိပြုရန် >
ကြက်ဟင်းခါးသီသည် ၀မ်းသက်စေသောကြောင့်၊ ၀မ်းသွားနေသောသူများ နှင့် ကိုယ်ဝန်ေ ဆာင်သည်များ အထူးရှောင်ရှား ရပါမည်။
++++++++++++++++++++++++++++++++++++
ကျွန်မတို့ နေထိုင်ရာ ဒီကမ္ဘာမြေကြီးပေါ်တွင် လူသားတို့ အတွက် ဆေးဘက်ဝင်စေသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများစွာ ကို သဘာဝတရားကြီးက အဆင်သင့် ဖန်တီးပေးထားပါတယ်။ သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့ ထိုအရသာခါးခါး ကပင် လူသားတို့ ကျန်းမာရေးကိုများစွာ အထောက်အကူပေးတာကြောင့် ဘေးထွက်ဆိုးကျိုးနဲလှသည့်
ကြက်ဟင်းခါးသီးကို အလေ့အကျင့်လုပ်၍ စားသုံးပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
Ref : encyclopedia<Health Benefits of Bitter gourd>

ကျန်းမာရေးအတွက် ဒိန်ချဉ်တစ်ခွက်

အင်္ဂလိပ်အက္ခရာ Yogurt သည် တူရဂီဘာသားစကား Yoghurmak မှ ဆင်းသက်ကာ၊ တူရဂီလို "ပျစ်ခဲခဲ" ဟုအဓိပ္ပါယ်ရသည်။ သမိုင်း ရာဇ၀င်များအရ၊ အရှေ့ အလယ်ပိုင်းဒေသတွင် ၁၃ရာစုနှစ် မှ ၍ ဒိန်ချဉ်စတင်သောက်သုံးလာခဲ့ကြောင်းဖော်ပြထားသော်လဲ၊ မျက်မှောက် ကာလတွင် လူမျိုး ဘာသာမရွေး၊ ကျား/မ မရွေး နှစ်ခြိုက်စွာ စားသုံးလျှက်ရှိကြသည်။

 နွားနို့ကိုအတန်ငယ် ပျစ်ေ အာင်ကျိုချက် အအေးခံ ထားပြီး၊ အဝကျယ်မြေအိုးသန့်သန့်တစ်လုံးထဲထည့်၍ တဆေး (yeast) အနည်းငယ်ထည့်ခြင်း (သို့ မဟုတ်) ဒိန်ချဉ်နှစ်ဇွန်းခန့်ကိုမြေအိုး ထဲထည့်ပြီး၊ ကျိုချက် အအေး ခံထားသောနွားနို့ကိုလောင်းထည့်ခြင်း (သို့ မဟုတ်) နွားနို့ဆူဆူအား ဒိန်ချဉ်လုပ်မ ည့် မြေ အိုးထဲလောင်း ထည့်ပြီး ခပ်နွေးနွေးအနေအထားတွင် ထိုနို့အိုးထဲသို့ သံပုရာရည်နှ စ်စက် ထည့်ခြင်း စသည့်နည်းတို့ ဖြင့် ဒိန်ချဉ်ပြုလုပ်နိုင်သည်။

 နွားနို့ / ကျွဲနို့ /ဆိတ်နို့ /ပဲနို့ တို့ ဖြင့် ဒိန်ချဉ်ြ ပုလုပ်နိုင်ပြီး၊ မြန်မာပြည်တွင် နွားနို့ နှင့် ကျွဲနို့ တို့ ဖြင့်သာ ဒိန်ချဉ်လုပ်လေ့ရှိသည်။ နွားနို့ ဒိန်ချဉ် သည် အရောင်ဝါဖန့် ဖန့် ဖြစ်၍အသားပျော့ပြီး၊ ကျွဲနို့ ဒိန်ချဉ်သည်ဖြူဖွေးကာ၊ အတန်ငယ်အသားေ တာင့်တင်းသည်။ ဒိန်ချဉ်ကို ဆားနဲနဲ ခတ်ကာ၊ ထန်းလျက်ရည်(သို့ )သကြား(သို့ )ပျားရည်တို့ နှင့် အတူ မိမိနှစ်သက်ရာ ပန်းသီး၊ စတော်ဘယ်ရီ၊ စပျစ်၊ ဖရဲ၊ သင်္ဘော၊ ဌက်ပျော၊ ထောပတ် သီး တို့ ဖြင့် ဖျော်စားနိုင်ပါသည်။

WHFoods ၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ ၂၄၅ ဂရမ်ရှိသော ဒိန်ချဉ်တခွက်စာထဲတွင် ကယ် လိုရီ ၁၅၄.၃၅၊ အိုင်အိုဒင်း ၈၇.၂၂ မိုက် ကရိုဂရမ်၊ ကယ်လ်စီယမ် ၄၄၈.၃၅ မီလီဂရမ်၊ ဖော့စ ဖရက် ၃၅၂.၈၀ မီလီဂရမ်၊ ဗီတာမင်(ဘီတူး) ၀.၅၂ မီလီဂရမ်၊ ပရိုတင်း ၁၂.၈၆ ဂရမ်၊ ဗီတာမင်( ဘီ12) ၁.၃၇မိုက်ကရိုဂရမ်၊ tryptophan ၀.၀၇ ဂရမ်၊ ပိုတက်စီယမ် ၅၇၃.၃၀ မီလီဂရမ်၊ molybdenum ၁၁.၂၇ မိုက်က ရိုဂရမ်၊ ဇင့် ၂.၁၈ မီလီဂရမ် နှင့် ဗီတာမင်(ဘီ5) ၁.၄၅ မီလီဂရမ် တို့  အသီးသီးပါရှိကြသည်။

ဒိန်ချဉ်ထဲတွင် ဗီတာမင်နှင့် သတ္တုဓာတ်များကြွယ်ဝသည့်ပြင်၊ Probiotic (ခေါ်) ခန္ဓာကိုယ်အကျိုြး ပု ဘက်တီး ရီးများပါရှိ၍့ နေ့ စဉ် ဒိန်ချဉ် ၁၀၀-ဂရမ် သောက်သုံးပေးခြင်းဖြင့်၊ ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေ၏။
 အိန္ဒိယနိုင်ငံတွင် လူပေါင်း ၁၆၂ ယောက်ကို ရက်သတ္တတစ်ပတ် လျှင် ၃ကြိမ်နှုန်းဖြင့် ဒိန်ချဉ် ၅နှစ်တာစားစေပြီးစမ်းသပ်ကြည့်ရာ၊ ပြင်ပရောဂါများကူးစက်ခြင်းမှ ကာကွယ်ပေးပြီး၊ သက်ရှည်ကျန်းမာစေကြာင်း အိန္ဒိယဆေးကျမ်းများတွင် ဖော်ပြထားသည်။

(၁) အမေရိကန်ပြည်ထောင်စုတွင်စမ်းသပ်ချက်များအရ၊ အမျိုးသမီးများအစာအစားပြီးတိုင်း ဒိန်ချဉ်တစ်ခွက်သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိ parathyroid ဟိုမုန်းစိမ့်ထွက်စေကာ၊ ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သောအဆီဓာတ်များ လောင်ကျွမ်းကာဗိုက် ချပ်စေကြောင်း၊ မကော င်းသော LDL ကိုလက်စထရောကိုကျစေပြီး၊ ကောင်းသော HDL ကိုလက်စထရော ကို မြှင့်တ င်ပေး ကြောင်း၊ ဒိန်ချဉ်ထဲတွင်ပါရှိသော ဘက်တီရီးယားများသည် အမျိုးသမီးများယောနိကို သန့်  စင်ပေးပြီး၊ ယောနိအင်္ဂါမှုစွဲခြင်း/အဖြူ ဆင်း၍ယားယံခြင်းမှလည်းကာကွယ်ပေးကြောင်း၊ ထို့ ပြင် အမျိုးသမီးများ ဓမ္မတာလာစဉ် ဒိန်ချဉ်သောက်ခြင်းဖြင့် ကိုက်ခဲနာကျင် မှုဝေဒနာများသက်သာေ စကြောင်း၊ ပဋိသန္ဓေတားဆေးမှီဝဲသောအမျိုးသမီးများဟိုမုန်းထွက်ရှိမှုမျှတစေကြောင်း Yale ဆေး တက္က သိုလ်ရှိ သားဖွားနှင့်မီးယပ်ပါမောက္ခ Mary Jane Minkin မှ အကြံပြုထားသည်။

(၂) ၂၀၁၂ ခုနှစ်တွင် လေ့လာစမ်းစစ်ချက်များအရ၊ အ၀လွန်သူများကို အဆီထုတ်ထားသောဒိန် ချဉ် ၆-အောင်စ ပမာဏဖြင့် တစ်နေ့  ၃ကြိမ်စားစေပြီး ကယ်လိုရီလျော့ခဲ့ရာ၊ များမကြာမီအတွင်း ကိုယ်အလေးချိန် ၂၂%လျော့ကျခဲ့ပြီး ဝမ်းဗိုက်အဆီ ၆၁%ထိ လျော့ ကျသွားကြောင်း တွေ့  ရှိရ သည်။

(၃) ဒိန်ချဉ်ထဲတွင်ပါရှိသော လက်တစ်အက်ဆစ်သည် ခံတွင်းထဲရှိဘက်တီရီးယားပိုးမွှားများကိုေ သစေ၍၊ ခံတွင်းရနံ့ ဆိုးများပြေပျောက် စေသည့်ပြင် သွားနှင့်သွားဖုံးတို့ ကိုကျန်းမာစေကြောင်း၊ တစ်ပတ်လျှင် အနည်းဆုံးဒိန်ချဉ်လေးကြိမ်သောက်ခြင်းဖြင့် သွားပိုးစား ခြင်းကို ၂၅%လျော့ ကျြေ ကာင်း၊ တိုကျိုမြို့ ရှိ ဖုခုအိုဒါတက္ကသိုလ် နှင့် သြစတြေးလျနိုင်ငံရှိ ဆေးသုတေသီများက အကြံပြု ထား သည်။ အသက် ၃-နှစ်အရွယ်ကလေးငယ်များကို ဒိန်ချဉ်တိုက်ကျွေးခြင်းဖြင့် သွားများပေါ် တွင်အလွှာတထပ်ဖုံးစေကာ၊ သွားပိုးစား မှုသက်သာ၍ ခိုင်ခန့် လာကြောင်း ဗြိတိန်နိုင်ငံ ရှိ ဆေး သုတေသီများက အကြံပြုထားသည်။

(၄) လူတစ်ယောက်၏ တစ်နေ့ တာလိုအပ်ချက် ပရိုတင်း၂၀%ကို ဒိန်ချဉ်တခွက်စာပမာဏထဲ တွင် ရရှိနိုင်၏။ ထို့ ကြောင့် ရာသက်ပန် သက်သက်လွတ်စားသူများသည် ခန္ဓာကိုယ်အတွက် ပရိုတင်းအားဖြည့်စာအဖြစ် ဒိန်ချဉ်စားပေးသင့်သည်။

(၅) ဒိန်ချဉ်ထဲတွင်ပါရှိသော အကျိုးပြုဘက်တီးရီးယားများသည် နို့ ထက်ပိုမို၍ အစာချေစံနစ်ကို တိုးတက်ကောင်းမွန်စေပြီး၊ အဆာ မကြေ၊ လေပွ၊ ဝမ်းချုပ်၊ ဝမ်းလျှော၊ ဝမ်းပျက်ခြင်းတို့ ကို ကု သေ ပးနိုင်ကြောင်း၊ ဆာလောင်မွန်သိပ်မှုကိုပြေပျောက်စေကြောင်း၊ အစာအိမ်နှင့် အူကိုကောင်း ကျိုးပြု၍ ဒိန်ချဉ်သောက်သုံးခြင်းဖြင့်ဝမ်းမသွားစေကြောင်း၊ မစင်ထဲတွင်ချွဲပါခြင်းသည် မှိုပိုး ၀င်ေ ရာက် ခြင်းဖြစ်၍ ဒိန်ချဉ်စားခြင်းဖြင့်သက်သာစေကြောင်း၊ မလိုင်ပြည့်ဒိန်ချဉ်သောက်သုံးခြင်းဖြင့် ဖက်ခွက်နာ၊ ပြည်တည်နာစသည့် ကိုယ် တွင်း/ကိုယ်ပအနာများပျောက်ကင်းကာ၊ အူမကြီးကင် ဆာဖြစ်နိုင်ချေအလားအလာ ၇၅%နည်းပါးစေကြောင်း the American Journal of Clinical Nutrition ဂျာနယ်တွင်ဖော်ပြထားသည်။

(၆) ဒိန်ချဉ်ထဲတွင်ပါရှိသော probiotic ဘက်တီးရီးယားများသည် အဆစ်အမြစ်ရောင်ရမ်းနာ ကျင်ခြင်းဝေ ဒနာများကို ထိထိရောက် ရောက်ကုသပေးနိုင်သည့်ပြင်၊ အဆီနည်းသော ဒိန်ချဉ်ေ သာက်သုံးပေးခြင်းဖြင့် ဂေါက်ရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေကြောင်း အစ္စရေးနိုင်ငံ၏ ကျန်းမာရေးဂျာနယ်တွင်ဖော်ပြထားသည်။

(၇) အရက်အလွန်အကျွံသောက်သူများသည် ဒိန်ချဉ်ကိုတွဲဖက်သောက်သုံးပေးခြင်းဖြင့် ခန္ဓာ ကိုယ်၏ချေဖျက်အင်ဇိုင်း အားကောင်း စေကာ အသည်းထိခိုက်မှုကိုလျော့နည်းစေကြောင်း၊ အ ဆုတ်ကိုကျန်းမာစေသဖြင့် ဆေးလိပ်သောက်သူများလည်း ဒိန်ချဉ်စား ပေးသင့်ကြောင်း ရုရှားနို င်ငံဆေးပညာရှင်များက အကြံပြုထားသည်။

(၈) ရာသီဥတုအပြောင်းအလဲကြောင့် ဓာတ်မတည့်ခြင်း၊ လည်ချောင်းနာခြင်းနှင့် အအေးမိနှာေ စးခြင်း များသက်သာစေကြောင်း၊ ည ဘက်နှစ်ခြိုက်စွာအိပ်ပျော်စေကြောင်း၊ ငယ်စဉ်ကတည်းက ဒိန်ချဉ်ကိုစွဲစွဲမြဲမြဲသောက်သုံးသူသည် သက်ကြီးပိုင်းသွေးတိုးရောဂါ မဖြစ်စေကြောင်း၊ ဗြိတိန်နိုင် ငံဆေးသုတေသီများက အကြံပြုထားသည်။

(၉) သိုင်းရွိုက်ဝေဒနာသည်များ အိုင်အိုဒင်းအားဖြည့်ဓာတ်စာအဖြစ် စားပေးသင့်သည်။

(၁၀) the Massachusetts Institute of Technology မှ ဆေးသုတေသီများသည် ကြွက်များဖြင့် စမ်းသပ်ကြည့်ရာ သွေးလည်ပတ်မှု အားကောင်းစေ၍၊ ကပ္ပါယ်အိတ်ကြီးထွားကာ၊ အရည်ေ သွးမှီသုက်ရည်များထွက်ရှိပြီး၊ အိမ်ထောင်ရေးသုခပြည့်ဝစေနိုင်ကြောင်း လေ့လာတွေ့ ရှိရသည်။

(၁၁) နို့ တိုက်မိခင်များ အဆီနည်းသော ဒိန်ချဉ်သောက်သင့်ကြောင်း၊ အသက် ၁၀နှစ်မှ ၁၂ အရွယ် ကြီးထွာဖွံ့ ဖြိုးဆဲ အမျိုးသမီး ငယ် များ အရိုးအားကောင်းစေရန် ကယ်လ်စီယမ်ဖြည့်စွ က်စာ အဖြစ်ဒိန်ချဉ်စားသုံးပေးသင့်ကြောင်း၊ အရိုးကြီးထွားမှုလျှင်မြန်ပြီး၊ အရိုး သိပ်သည်းဆ အားေ ကာင်းကာ သန်မာစေကြောင်း၊ ဒိန်ချဉ်ထဲတွင် lactoferrin ဓာတ်ပါရှိခြင်းကြောင့်၊ အရိုးေ ပျာ့ရောဂါမှ ကာ ကွယ်ပေးကြောင်း၊ သက်ကြီးပိုင်း အရိုးပါး/ပွရောဂါ မဖြစ်စေကြောင်း၊ ထို့ ပြင် ကယ်လ်စီယမ်ကြွယ်ဝ၍့ အားကစားသမားများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကြွက်တက်ြ ခင်း မှ သက်သာစေကြောင်း စင်ကာပူနိုင်ငံ၊ ဂျန်ဂီအထွေထွေရောဂါကုဆေးရုံကြီးမှ အာဟာ ရ ဗေဒပညာရှင်အကြီးအကဲ Mrs Magdalin Cheong မှ အကြံပြုထားသည်။

(၁၂) ၀က်ခြံပျောက်၍ အသားအရေ၀င်းမွတ်စိုပြေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ ဆံနွယ်အားေ ကာင်း ၍ ဆံပင်ကျွတ်ခြင်းမှသက်သာခြင်း၊ ဓာတ်ကြီး ၄-ပါးမှန်ကန်စေခြင်း၊ သွေးဆုံးပြီး အမျိုး သမီး များတွင် သွေးသားပြောင်းလဲမှုကြောင့် အသားအရေပြောင်းလဲမှုမှ သက် သာစေခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။

(မှတ်ချက်)
 ဒိန်ချဉ်ကို ထန်းသီးမုန့် နှင့်တွဲဖက်၍မစားပါနှင့် ၀မ်းပျက်စေသည်။ ၀မ်းနှုတ်ဆေး စားထားသူများ ဒိန်ချဉ်မစားသင့်ပါ။
+++++++++++++++++++++++++++++++++++++++++++++++
ကမ္ဘာ့အကောင်းဆုံးအစားအစာ ၁၀-မျိုးစာရင်းထဲတွင် ဒိန်ချဉ်လည်း တစ်ခုအပါအ၀င်ဖြစ်ေ ကြာင်း WHFoods မှ ဖော်ပြထားသည်။ ထို့  ကြောင့် လူသားတို့ ကျန်းမာရေးအတွက် ကောင်း ကျိုးပြု သည့်ဒိန်ချဉ်ကို ကျား/မ အရွယ်(၃)ပါးမရွေး သင့်တင်မျှတရုံစားသုံးသော အလေ့ ကျင့် ကောင်းများ မွေးမြူနိုင်ကြပါစေကြောင်း......သတင်းကောင်း။


(ဆောင်းပါးရှင်…ပေါက်ပေါက် ...မျှဝေသည်)
ကိုးကား (WHFoods'w World's Healthiest Food-Yogurt)

ဝိတ်ချလိုသူများအတွက် အကောင်းဆုံး ကီဝီသီးဖျော်ရည်

ကီဝီသီးဟာ ခန္ဓာကိုယ်အတွင်းမှ အဆီများကို လျှော့ချပေးနိုင်သော သဘာဝဆေးဖက်ဝင် အသီးတစ်မျိုးဖြစ်ပါတယ်။
ကီဝီသီးထဲမျာ ပါဝင်တဲ့ ဓါတ်တစ်မျိုးဟာ လူတို့၏ခန္ဓာကိုယ်အတွင်းမှ ပိုလျှံနေတဲ့ အဆီဓါတ်များကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။

သဘာဝကီဝီသီးဖျော်ရည်၏ ကောင်းကျိုးများမှာ

(၁) ဗိုက်ခေါက်ကအဆီတွေကို တဖြည်းဖြည်းကျလာပြီး ဗိုက်သားကျစ်လာစေပါတယ်။
(၂) မျက်နှာမှာရှိတဲ့ တင်းတိတ်တွေ မျက်နှာအစ်နေတာတွေ အသားအရေ ပွနေတာတွေအား လုံးကျစ်လစ်ကြည်လင်လာတယ် ၀က်ခြံ တင်းတိတ်တွေရှိရင် လုံးဝပျောက်ကင်းစေပါတယ်။
(၃) ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးပြီး အာဟာရစုပ်ယူမှုကောင်းခြင်းကြောင့် ဆီးမှန် ၀မ်းမှန်စေကာ ကျန်းမာဖွံ့ ဖြိုး အလှတိုးလာစေပါတယ်။
(၄) သွေးထဲကအဆီဓါတ်တွေစုပ်ယူပေးခြင်း၊ ၀မ်းမှန်ခြင်းတို့ကို ရရှိစေပါမယ်။
(၅) ၀မ်းမှန်လာသည့်အတွက် လိပ်ခေါင်းရောဂါကိုလည်း ကာကွယ်ပေးပြီး အူမကြီးကင်ဆာ မဖြစ်အောင် အဆိပ်အတောက်များကို ကာကွယ်ပေးပါတယ်။
ကီဝီသီးအနံ့ဟာ မွှေးမွှေးလေးနဲ့မို့ သောက်ရတာ စိတ်ချမ်းသာပြီး အရသာလည်း ကောင်းပါတယ်။
ကီဝီသီးကို အာဟာရအဖြစ် စားသုံးပေးနိုင်သလို ဆေးအဖြစ်ကိုလည်း စားသုံးပေးနိုင်ပါတယ်။ ဖျော်ရည်လုပ်ပြီး သောက်သုံးနိုင်သလို ကီဝီသီးဖြင့် ပြုလုပ်ထားသော အသင့်ဖျော်သောက်နိုင်မည့် ဖျော်ရည်မျိုးစုံ၊ ဆေးမျိုးစုံတို့လည်း အသင့်ရှိနေပြီးဖြစ်ပါတယ်။
ခန္ဓာကိုယ် ၀ိတ်ချဖို့အတွက် တကယ်ထိရောက်အောင် လုပ်ချင်တယ်ဆိုရင် အသင့်တော်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်စေမည့် PHYTOVY (ဆိုင်တိုဗီ) ဆိုတဲ့ ကီဝီသီးဆေးဖျော်ရည်ကို ညွန်ပေးလိုက်ပါတယ်။ ကိုယ်တိုင်သောက်ကြည့်ပြီး တကယ်ထိရောက်စွာ အကျိုးရှိခဲ့လို့ ကိုယ်တွေ့လေးကို ပြန်လည်မျှဝေပေးသည့် သဘောဖြစ်ပါတယ်။
ဒါ့ကြောင့် မိမိက တကယ်ကို ၀ိတ်ချချင်တယ်ဆိုရင် ဆေးပညာရှင် ပါရဂူကြီးများမှ သေချာစွာဓါတ်ခွဲစမ်းသပ်ပြီး နှစ်ပေါင်းများစွာ လေ့လာကာ
အောင်မြင်စွာ ဖော်စပ်ထားတဲ့ PHYTOVY (ဆိုင်တိုဗီ) ကီဝီသီးဆေးရည်ကို သောက်သုံးတာဟာ အသင့်တော်ဆုံးလို့ အကြံပြုချင်ပါတယ်။
အဲဒီဆေးဗူးထဲမှာဆိုရင် သောက်သုံးရမည့် အချိန်အဆ၊ အတိုင်းအတာ၊ ရှောင်ရန်၊ ဆောင်ရန် စသည်တို့ကိုပါ အတိအကျ ညွန်းထားသည့်အတွက် ထိရောက်မှု ပိုမိုရရှိကာ ဘေးထွက်ဆိုးကျိုးလည်း မရှိသည့်အတွက် စိုးရိမ်စရာမလိုပဲ ယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။
PHYTOVY (ဆိုင်တိုဗီ) ဆေးဟာ ထိုင်းနိုင်ငံ ဘုရင့်ဆေးရုံမှ ဒေါက်တာဆစ်ဒ၀ီကိုယ်တိုင် သဘာဝအသီးတွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတာဖြစ်သည့်တယ်လို့ သိရပါတယ်။
၎င်းဆေးကို တစ်ဗူးသောက်ယုံနဲ့ ၅ ပေါင်အထိ ကျနိုင်ပါတယ်။ ဆေးညွန်းအတိုင်း ဆက်ပြီး သောက်သွားပါက ပေါင် ၂၀ အထိ ကျနိုင်ပါတယ်။ မျက်နှာပေါ်မှ အစက်အပြောက်များနှင့် ၀က်ခြံများကို ကင်းဝေးစေပြီး မြင်သူတကာ ငေးမောယူရတဲ့ အလှပိုင်ရှင်လေးများအဖြစ် သိသာစွာ ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။
(ဆေးသောက်ရမည့် အချိန်အဆ၊ အတိုင်းအတာနှင့် ရှောင်ရန်၊ ဆောင်ရန်များကို
ဆေးဗူးထဲမှာ အညွန်းများအပြည့်အစုံ ပါရှိထားသည့်အတွက် ဖတ်ကြည့်နိုင်ပါတယ်။
မိမိကတော့ အကြံပြုရုံသက်သက်မျှသာ ဖြစ်ပါတယ်။ )
၎င်းဆေးကို မှာယူလိုပါက ဆေးကမ္ပဏီမှ ရန်ကုန်မြို့တွင်း အခမဲ့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတယ်လို့ သိရပါတယ်။ အသေးစိပ် မေးမြန်းလိုပါက 09420021954 ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။
မိမိသည် ၀ိတ်ချဆေးအမျိုးမျိုးစားပြီး လေ့ကျင့်ခန်းကို ကြာရှည်စွာ လုပ်ခဲ့သော်လည်း လူပင်ပန်းပြီး အချိန်သာ ကုန်သွားခဲ့ပါတယ်။ အခု ဒီဆေးကို သောက်ကြည့်လိုက်တော့မှ ဆေးတစ်ဗူးတည်းနှင့် သိသာစွာ ၀ိတ်ကျလာခဲ့သလို လေ့ကျင့်ခန်းလည်း အရင်လို အပြင်းအထန်လုပ်စရာ မလိုတော့ပဲ နေ့စဉ် ပုံမှန်လမ်းလျှောက်ပေးရုံနှင့် ၀ိတ်ကျသွားပြီး အသားအရည်လည်း စိုပြေလာပါတယ်။
တကယ်လက်တွေ့ကောင်းမွန်တဲ့ ဆေးလေးမို့ အများသိအောင် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။
ကီဝီသီးဟာ မြန်မာပြည်မှာ ပေါပေါများများမရှိသော်လည်း ရန်ကုန်နှင့် မန္တလေးတို့လို စူပါမားကက်ရှိသည့်နေရာများမှာ ရရှိနိုင်ပါတယ်။
ခန္ဓာကိုယ်မှာ ပိုလျှံနေသော အဆီများကို လျှော့ချပြီး ကျစ်လစ်သွယ်လျသော ခန္ဓာကိုယ်င်များကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit to သက်ရှည်ကျန်းမာ

Twitter Delicious Facebook Digg Stumbleupon Favorites More