အပြင်ထွက်တာ ခဏရှိသေး၊ ဆိုးထားတာက နှုတ်ခမ်းပေါ်မှာ မရှိချင်တော့ဘူး။ ဒီတော့ နှုတ်ခမ်းနီဆိုးဖို့ နေရာရှာရပြန်ပြီပေါ့။ အဲလို ထုတ်ထုတ်ဆိုးရတာ စိတ်မရှည်လှတဲ့ ပျိုမေတွေအတွက်၊ နှုတ်ခမ်းနီ နှုတ်ခမ်းသားမှာ တစ်နေကုန် စွဲနေမယ့် နည်းလမ်းလေး ဖော်ပြပေးလိုက်ပါတယ်နော်။ 1) အရင်ဆုံး ကိုယ်ဆိုးချင်တဲ့ နှုတ်ခမ်းနီ ကို ဆိုးလိုက်ပါ။
2) Tissue paper ကို အောက် နှုတ်ခမ်းပေါ်မှာ တင်ပြီး အပေါ်နှုတ်ခမ်းနဲ့ အသာဖိကိုက်ပေးပါ။ ဒါဆို နှုတ်ခမ်းနီမှာရှိတဲ့ အဆီတချို့ပါသွားပါပြီ။
3) မျက်နှာလိမ်းပေါင်ဒါ ကို အပေါ်ကနေ နည်းနည်းရိုက်ပေးပါ။ ကျန်နေတဲ့ အဆီကို ပေါင်ဒါမှုန့်လေးတွေက စုပ်ယူပေးပါလိမ့်မယ်။
4) ပထမဆိုးခဲ့တဲ့အရောင်ကို ထပ်ဆိုးလိုက်ရင် တနေကုန် အလှမပျက်တဲ့ နှုတ်ခမ်းလေး တစ်စုံကို ရပါပြီ။
အပေါ်က lip gloss ထပ်မယ်ဆိုလည်း ခုန နည်း အတိုင်းပြန်ကျော့ပြီး ထပ်လို့ရပါတယ်ရှင်။
လွယ်တယ်ဟုတ်?
ဒီဆောင်းပါးလေးကို သရဖူ မဂ္ဂဇင်းမှာ ဖတ်မိတာပါ။ နောက်အတိုအထွာလေးတွေကို သတိရရင် ရသလို တင်ပေးပါဦးမယ်နော်။
အလှတွေပိုနိုင်ကြပါစေရှင်