သင့်ရဲ့ ရေခဲ သေတ္တာ ထဲမှာတင် အလွယ် တကူ ရရှိနိုင်တဲ့ ပစ္စည်းများ နဲ့ အဆီပြန်တဲ့ အသား အရေ ပိုင်ရှင်များ အတွက် ပိုမိုကောင်းမွန်တဲ့ မျက်နှာ ပေါင်းတင်ဆေးApple Cucumber Facial Mask ကို ဖော်ပြလိုက်ရပါ တယ်။
ပါဝင်ပစ္စည်းများ
သခွားသီးစိမ်း - ၁ ခြမ်း
ကြက်ဥအကာ - ၁ လုံး
သံပရာရည် - ကော်ဖီဇွန်း1/2ဇွန်း
လိမ္မော်အဆီ - ၁ စက်
ပြုလုပ်ပုံ
သခွားသီး၊ ကြက်ဥအကာ၊ သံပ ရာရည်တို့ကို အသီးမွှေစက်Blender ထဲမှာထည့်မွှေပါ။
ထိုအရာများ ကြေမွ ပြီး ရောနှောသွားပြီဆိုလျှင် လိမ္မော်ဆီ ၁ စက်ကိုထည့်ပြီး ထပ်မံရောမွှေပါ။
ပြီးလျှင် ရေခဲသေတ္တာထဲမှာ ၁ဝ မိနစ်-၁၅ မိနစ်ခန့်ထားပါ။
မျက်နှာကို သေချာစွာ သန့်စင် ဆေးကြောပါ။
ရေခဲသေတ္တာထဲမှ ပေါင်းတင်ဆေးကို ထုတ်ယူပြီး မျက်နှာ ပေါ်မှာ လိမ်းကာ မိနစ် ၂ဝ ခန့်ထား ပါ။
ထို့နောက် ရေနွေးနွေးလေးနှင့် ဆေးကြောပါ။
သံပရာရည်က ချွေးပေါက် ကျဉ်းဆေးအနေနှင့် ဆောင်ရွက်ပေးပြီး အဆီပြန်သူများအတွက်အထူးသင့်တော် ကာ မျက်နှာကို လန်းဆန်းစေပါတယ်။ သေချာလုပ်ကြည့်ပါ တကယ်အကျိုးရှိပါတယ်