၁။ သင့်ရဲ့ လက်ပေါ်က အရေပြားဟာ ပါးလွှာပြီးနူးညံ့ပါတယ်။ ဒါကြောင့် လက်တွေကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
၂။ လက်အသားအရေ စိုပြည်စေဖို့ တစ်နေ့ကို အနည်းဆုံး လေးကြိမ် moisturizer လိမ်းပေးပါ။
၃။ မျက်နှာပေါင်းတဲ့အခါ သုံးတဲ့ mask ကို သင့်လက်တွေအတွက်တစ်ပတ် တစ်ကြိမ် သုံးပေးပါ။ ဒါဟာ သင့်ရဲ့လက်ပေါ်မှာရှိတဲ့ ခြောက်သွေ့နေတဲ့ ဆဲလ်တွေကို ဖယ်ရှားပစ်ဖို့ပါ။
၎။ သင်ဟာ အိပ်ရာမဝင်ခင် မျက်နှာမှာ အသုံးပြုတဲ့ ခရင်မ်ကို ညအိပ်ရာဝင်ခါနီးတိုင်း သင်ရဲ့လက်တွေကို လိမ်းပေးပါ။ လက်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ခရင်မ်ကိုလည်း အသုံးပြုနိုင်ပါတယ်။
၅။ ခြောက်သွေ့တဲ့ လက်တွေအတွက်ဆပ်ပြာနဲ့ လက်ဆေးပြီး ရေခွက်ထဲမှာ လက်ကို နှစ်ကာဆားကိုအပေါ်မှ ဖြူးလိုက်ပါ။ အဲဒီနောက် ရေထဲမှာ လက်နှစ်ဖက်ကို အချင်းချင်းညင်သာစွာပွတ်ပေးပါ။ ပြီးရင်တော့ လက်ကိုခြောက်သွေ့အောင်လုပ်ပြီး moisturizer လိမ်းပေးပါ။
၆။ အဆီပြန်တဲ့လက်တွေအနေနဲ့ကတော့ ပြောင်းမှုန့်သုံးပြီး လက်ကိုပွတ်ပေးပါ။
၇။ သင့်ရဲ့အိမ်မှာ ဒါမှမဟုတ် ဥယျာဉ်ထဲမှာ အလုပ်လုပ်တိုင်း ရော်ဘာလက်အိတ်အသုံးပြုပါ။
၈။ သင့်လက်တွေ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မလာစေဖို့နဲ့ အသက်အရွယ် အရဖြစ်ပေါ်တတ်တဲ့ အရေးကြောင်းတွေ ပေါ်မလာအောင် ကြိုတင်ကာကွယ်ပါ။
၉။ ရာသီဥတု အကူးအပြောင်းမှာ ဖြစ်ပေါ်တတ်တဲ့ အသားအရေပျက်စီးမှုမှ ကာကွယ်ပါ။
၁၀။ နေပူထဲ အလုပ်လုပ်တိုင်း သင့်ရဲ့လက်တွေကို နေလောင်ခြင်းမှ ကာကွယ်ဖို့ sunscreen လိမ်းထားပါ။
၁၁။ သင့်ရဲ့လက်တွေကို ဂရုစိုက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ နေ့စဉ်လုပ်နေကျ အလုပ်တွေလုပ်တဲ့အခါ ကာကွယ်ထားဖို့ပါပဲ။
Hands
လက်တွေက အလုပ်ပေါင်းစုံလုပ်ရတယ်၊ ပစ္စည်းတွေအများကြီးနဲ့ ထိတွေ့ရတယ်။ အဲဒီတော့ အထူးသဖြင့် ခြောက်သွေ့တဲ့ အသားအရေရှိတဲ့သူတွေ၊ ရေကိုင်များတဲ့သူ ဆပ်ပြာတွေနဲ့ ထိတွေ့မှုများတဲ့သူတွေမှာ လက်ဖ၀ါးတွေ ကြမ်းတမ်းခြောက်သွေ့နေတတ်တယ်လေ။ စိတ်ညစ်ရတာပေါ့နော့။ အဲဒီတော့ လက်လေးနှုးညံ့အိစက်နေအောင် လုပ်ရမယ့်နည်းလေးတွေကို ပြောပြပေးမယ်နော်။
- ရေကိုင်ရင် ပန်ကန်ဆေး၊ အ၀တ်လျှော်ရင် ရာဘာလက်အိတ်စွပ်ထားပါ။
- နေ့ဘက်တွေမှာ Hand Cream ( သို့ ) Body Lotion ( သို့ ) သံလွင်ဆီ ( သို့ ) Vit E လိမ်းပေးပါ။ ရေစိုလို့ ပျက်သွားရင် ပြန်လိမ်းပါ။
- လက်ဆေးဆပ်ပြာမှာ Moisturiser ပါတဲ့ဆပ်ပြာတွေကို သုံးပေးပါ။ ဆပ်ပြာရည်၊ ဂျယ်လ်တွေက ပိုကောင်းပါတယ်။
- ညဘက်မှာလည်း လိမ်းအိပ်ဖို့ မမေ့နဲ့နော်။
- တစ်ပတ်ကို တစ်ကြိမ်လောက် ညဘက်မှာ လက်ကိုပေါင်းတင်ပေးရင် လက်လေးတွေမှာ အရမ်းကို နှုးညံ့စိုပြေသွားမယ့်အပြင် ချောမွေ့စေတယ်လေ။ ပေါင်းမတင်ခင်မှာ လက်အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးရမယ်နော်။ Body Scrub သုံးရင်လည်း ရပါတယ်။ သဘာဝနည်းကို သုံးချင်ရင်တော့ သံလွင်ဆီနဲ့
သကြားကို ရောလိုက်ပါ။ တကယ်လို့ အရမ်းခြောက်သွေ့တဲ့အသားအရေပိုင်
- တကယ်လို့ လက်တွေက အရမ်းကြမ်းနေတယ်ဆိုရင် သကြားနဲ့သံပုရာရည် စားပွဲတင်ဇွန်းတစ်ဇွန်းစာစီကို ရောပြီး လက်တွေကိုပွတ်ပေးပါ။ ပြီးတော့ ၁၅ မိနစ်လောက်နေရင် ရေဆေးချပြီး သံလွင်ဆီလိမ်းပေးပါ။
အပေါ်က နည်းတွေကို ခြေထောက်တွေအတွက်လည်းသုံးနိုင်
- ခြေထောက်တွေက ကြမ်းတမ်းပြီး ဖနောင့်ကွဲနေတဲ့သူတွေ၊ အသားမာရှိတဲ့သူတွေ ရေချိုးတိုင်း ဂျီးတွန်းကျောက်တုန်းလေးနဲ့ ခြေထောက်တွေကို သေချာတိုက်ပေးပါ။ အထူးသဖြင့် ခြေမျက်စိ၊ ခြေဖနောင့်နဲ့ အသားမာနေရာတွေကိုပါ၊ ရေချိုးပြီးရင် သေချာခြောက်အောင်သုတ်ပြီး Body Lotion လိမ်းပေးနော်။
- ဖနောင့်ကွဲနေတဲ့သူတွေ ( သို့ ) ခြေထောက်တွေကို ပိုပြီးနူးညံ့ချောမွေ့စေချင်ရင် ခြေထောက်တွေကို မိနစ် ၂၀ လောက် ညအိပ်ယာမ၀င်ခင်မှာ ရေနွေးထဲမှာ ခြေထောက်တွေကို မိနစ် ၂၀ လောက် စိမ်ပြီး နှိပ်နယ်ပေးပါ။ ပြီးတော့ Petrdeum Jelly ကိုလိမ်းပြီး ခြေအိတ်ဝတ်ပြီး အိပ်လိုက်ပါ။ မနက်အိပ်ယာနိုးတဲ့အခါ ခြေထောက်ကို သေချာဆေးလိုက်ရုံပါပဲ။
- ဖနောင့်ကွဲတဲ့သူတွေက ညတိုင်းအိပ်ယာမ၀င်ခင် ခြေထောက်ကို ဆေးကြောပြီး Petroleum Jelly လိမ်း
ခြေအိတ်စွတ်ပြီး လိမ်းရင် သိသိသာသာသက်သာသွားမှာပါ။ ဖနောင့်ကွဲမရှိဘဲ ရိုးရိုးခြေထောက်ကို နှုးညံချောမွေ့စေလိုသူတွေကတော့ Petroleum Jelly အစား Vit E , သံလွင်ဆီ , Body Lotion တို့ကိုသုံးနိုင်ပါတယ်။
အပေါ်ကနည်းတွေအတိုင်း နေ့တိုင်းလုပ်ပေး ဂရုစိုက်ပေးရမှာနော်။ အော်.. အပြင်သွားရင်လည်း လက်တွေ ၊ ခြေထောက်တွေကို Suncream တွေကိုလိမ်းပေးဖို့ မမေ့ပါနဲ့။ နူးညံ့ချောမွေ့လှပတဲ့ ခြေလက်တို့ရဲ့ အလှတရားနဲ့ အလှပိုနိုင်ကြပါစေ။
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်