(၁) အဆီပြန်ခြင်းအတွက် မျက်နှာပေါင်းတင်နည်း
ကြက်ဥ အနံ့ပျောက်အောင် ကြိုက်နှစ်သက်ရာ မျက်နှာသစ်ဆေးရည် နဲ့ တစ်ထပ်ပြန်ဆေးနိုင်ပါတယ်။
ဒီ မျက်နှာပေါင်းတင်နည်း ဟာ အဆီပြန်တဲ့ အသားအရေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ကိုယ့်အသားအရေက နွေမှာ အဆီပြန်တတ်တယ်ဆိုရင်လည်း နွေမှာ ဒီ နည်းလေးနဲ့ အများဆုံး တစ်ပတ်တစ်ခါ ပေါင်းတင်လို့ရပါတယ်။
ခြောက်သွေ့တဲ့ အသားအရေတွေအတွက် တော့ ဒီနည်းဟာ မသင့်တော်ပါဘူး ။
(၂) အသားအရေ ခြောက်သွေ့ခြင်း အတွက် မျက်နှာ ပေါင်းတင်နည်း
ခရမ်းချဉ်သီးအမည့်ကို ကန့်လန့်ဖြတ် ပုံစံ အကွင်းပြားလေး မထူမပါး လှီးဖြတ်ပါ။
သကြားကို ပန်းကန်အပြန့်ပေါ် လက်ဖက်ရည်စွန်းတစ်စွန်း ခပ်ထည့်ပါ။
ခရမ်းချဉ်သီးအပြား ကို သကြားနှင့်လူးပြီး မျက်နှာပေါ် အနှံ့ ခရမ်းချဉ်သီးအရည် အကုန်ကြေသည်အထိ သုတ်လိမ်းပါ။
သုတ်လိမ်းပြီးပါက ၁၀ မိနစ်ခန့် ထားပြီး ဆေးကြောသန့်စင်နိုင်ပါပြီ။
ဒီမျက်နှာပေါင်းတင်နည်း ဟာ ခြောက်သွေ့တဲ့ အသားအရေအတွက် အထူးသင့်လျော်တဲ့ ရေဓာတ်ဖြည့်ပေးတဲ့နည်းဖြစ်ပါတယ်
(၃) မည်သည့်အသားအရေမဆို သုံးလို့ရတဲ့ တိုနာ အစားထိုး မျက်နှာဆေးနည်း
လက်ဖက်ခြောက် အထုပ် ဖြစ်ဖြစ် အမှုန့်ဖြင့်ဖြင့် တစ်ခွက်ကို ရေနွေးဖြင့်ဖျော်ပြီး လက်ဖက် အရောင်ကျပြီး နောက်တဲ့ အထိထားပါ
လက်ဖက်ခြောက်ရည်ထဲကို ဗီတာမင် E အဆီလေးပါ ထည့်မွှေပေးပါ (ဒီအဆင့်က မထည့်လည်းရပါတယ်။ ထည့်ရင်တော့ ပိုကောင်းပါတယ်။)
အရောင်ကျနေတဲ့ လက်ဖက်ရည်ကြမ်းကို မွှေပြီး ရေခဲတုံးပြုလုပ်တဲ့ ခွက်အကန့်လေးထဲသို့ လောင်းထည့်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲထည့်ပြီး နောက်တစ်နေ့ ရေခဲတုံးဖြစ်တဲ့ အထိစောင့်ပါ။
နောက်တစ်နေ့ ရေခဲသေတ္တာထဲကနေ လက်ဖက်ခြောက် ရေခဲတုံးလေးတွေကို တစ်နေ့တစ်တုံး ထုတ်ပြီး မျက်နှာသစ်ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ပြီး တဲ့ မျက်နှာပေါ်မှာ နေရာအနှံ့ကို ပွတ်တိုက်နိုင်ပါပြီ။
ဒီနည်းဟာ မျက်နှာပေါ်က ချွေးပေါက်တွေကိုကျဉ်းစေနိုင်တဲ
ကိုယ့်အသားအရေ အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ နည်းနဲ့ ၀က်ခြံ မဲ့ခြောက်ရန်က ကင်းအောင် ကိုယ့်မျက်နှာလေးကို အိမ်မှာ ဂရုစိုက်ပေါင်းတင်နိုင်ကြပါစေ။
RefးးKABYAR(ရွှေBeauty)၏ Do It Yourself (DIY)ဆောင်းပါးမှကောက်နှုတ်ဖေါ်ြ
natureenergycare