Pages - Menu

14 Dec 2012

ထောပတ်သီးရဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူး

ထောပတ်သီးဟာ အားဖြစ်စေရုံသာမက နှလုံးကို အားကောင်းစေပြီး ကင်ဆာကို တိုက် ထုတ်ချေမှုန်းတဲ့ အသီးတစ်မျိုး ဖြစ်ပါ တယ်။ ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ထောပတ်သီးမှာ အာဟာရဓာတ်များစွာနဲ့  ဖိုင်ဘာမျှင် ပြည့်ဝစွာ ပါဝင်ပါတယ်။

 ဗီိတာမင် အီးနဲ့  မိုနို ပြည့်ဝ အဆီ ကြွယ်ဝစွာ ပါဝင်တဲ့ အရင်းအမြစ် တစ်ခုလည်း ဖြစ်ပါတယ်။ မိုနို ပြည့်ဝ အဆီ (Mono saturated fat) ဆိုတာ အဆီကောင်း တစ်မျိုးဖြစ်ပြီး နှလုံးရောဂါ ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ 
 အမျိုးသမီးများအပေါ် ပြုလုပ်ထားတဲ့ လေ့လာချက်များက ဗီတာမင်အီးက ကိုလက်စထရော ‘ဆိုး’ (သို့ ) LDL (low density lipoprotein) အား ဖရီးရယ်ဒီကယ် များ၏ ဓာတ်တိုးခြင်းမှ ကာကွယ်ပေးကြောင်း ပြသထားချက်ရှိတယ်။

 ဓာတ်တိုးခံရတဲ့ LDL များက သွေးလွှတ်ကြော နံရံများမှာ ချေးချိုး (plaque) ဖြစ်ပေါ်စေရာမှာ အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်ပါတယ်။ 

 ထောပတ်သီး စားသုံးမှုကြောင့် ဆီးချို ဝေဒနာရှင်များ {အထူးသဖြင့် ဆီးချို အမျိုးအစား (၂)} မှာ နှလုံးရောဂါ ကျရောက်မှု အန္တရာယ်ကို လျော့ပါးစေပါတယ်။

 ကင်ဆာတိုက်ဖျက်ရေး သုတေသနအရ ထောပတ်သီးနှင့် သံလွင်သီးလို ကောင်းတဲ့ အဆီ မြင့်မားစွာ ပါဝင်တဲ့ အစားအစာက ကင်ဆာ အဖုအကျိတ်များကို ဖယ်ရှားနိုင်ပါတယ်။

 ထောပတ်သီးက ရိုးဆက် ယိုယွင်း ရောင်ရမ်းနာ (osteoarthritis) ရဲ့ ဆိုးရွားမှုကို သက်သာစေကြောင်း နောက်ထပ် လေ့လာမှု တစ်ရပ်က တွေ့ ရှိခဲ့ပါတယ်။ ထောပတ်သီး (သို့ ) ထောပတ်သီး အဆီ ပါတဲ့ ဆေးတောင့်ပျော့ကို ပဲပိစပ်ဆီနဲ့ ရောပြီး နေ့ စဉ် စားသုံးခြင်းအားဖြင့် ရိုးဆက် ရောင်ရမ်းနာ ဖြစ်နေတဲ့ ဒူးများနဲ့  တင်ပါးဆုံများကို ပိုမို ချောမွတ်စေပါတယ်။ ဒါကြောင့် ဝေဒနာရှင်များက အရိုးအဆက် လှုပ်ရှားမှု ပိုလုပ်နိုင်ပြီး နာကျင် ခံစားရမှု ပိုနည်းစေ ပါတယ်။ 

F/W Mail - မူရင်းရေးသားသူအမည်မသိပါ 

Twitter Delicious Facebook Digg Stumbleupon Favorites More