Pages - Menu

23 Mar 2013

မိုင်လေးရဲ့ ကြက်သောက်ဆမ်း

ပါဝင်ပစ္စည်းများ
-----------------
၁။ ကြက်သား -၅၀သား(၅ယောက်စာ)
၂။ ကြက်သွန်နီ-၄ ဥခန့်
၃။ ဥတစ်လုံးကြက်သွန်ဖြူ - ၅ ဥ ခန့်
၎။ ရှောက်သီး -အနည်းငယ်
၅။ ရခိုင်ငါးပိစိမ်းစား-ကွမ်းသီးလုံးခန့်
၆။ နနွင်း-အနည်းငယ်
၇။ ဆီ -တစ်ကျပ်သားခန့်
၈။ ငရုတ်သီးစိမ်း-၅တောင့်(၂ခြမ်းခြမ်းပါ)
၉။ ငံပြာရည် -အနည်းငယ်
၁၀။ ရေ(ရေချိုးခွက်ကြီး) -၂ခွက်(သို့)၃ခွက်ခန့်
၁၁။ ငရုတ်ကောင်း-၂၀ စေ့(ထောင်းထားရန်)
၁၂။ အရသာမှုန့် - အနည်းငယ်
၁၃။ ဆား - အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း
------------------------
၁။ ကြက်သားကို အနေတော်အတုံးလေးများတုံးကာ ဒန်အိုးထဲထည့်ပြီး အရသာမှုန့်၊ဆား၊နနွင်းမှုန့်၊ငံပြာရည်၊
ရှောက်သီး (အရည်ညှစ်ပါ)တို့ကိုရောပြီးနယ်ပါ။
(ရှောက်သီးကို အရည်ညှစ်ပြီးထည့်တဲ့အတွက်
စားတဲ့အခါမှာ ကြက်သားက နူးအိပြီး၊ အရသာပိုပေါ်လွင်စေပါတယ်။)
ထို့နောက် ရခိုင်ငါးပိစိမ်းစား ကွမ်းသီးလုံးလောက်ထည့်ပါ။
ဥတစ်လုံးကြက်သွန်အဖြူ ၅ ဥ လောက်၊ ကြက်သွန်နီ ၄ ဥလောက်ကို ရောထောင်းပြီး ကြက်သားထဲထည့်ပါ။

၂။ ထို့နောက် အစပ်အရသာပေါ်လွင်ပြီးသောက်လို့ကောင်းအောင် ငရုတ်သီးစိမ်း၅တောင့်ကို ၂ခြမ်းခြမ်းထည့်ပြီးတော့ နယ်ပါ။
ဆီအနည်းငယ်ထည့်ပါ။

 ပြီးလျှင် ရေထည့်ပြီး ဆူအောင်တည်ထားပေးပါ။
 ရေဆူလို့ ကြက်သားနူးပြီဆိုရင် အရသာအပေါ့အငန်မြည်းကြည့်ပြီး လိုအပ်တာများထည့်ပါ။

၃။ ဟင်းအိုးချခါနီး ရင်တော့ ငရုတ်ကောင်းကို ထည့်ခတ်ပြီးပါက သုံးဆောင်လို့ရပါပြီ။

Twitter Delicious Facebook Digg Stumbleupon Favorites More